Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 3,661–3,680 of 34,671 words

    ခ

    ခေတ်

    [kʰèaʔ]
    သတ္တဝါရို့၏ တည်နီရာ။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဆိုရေ ကာလသုံးပါး၏ အပိုင်းအရာ
    သတ္တဝါတို့၏ တည်နေရာ။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဟူသော ကာလသုံးပါး၏ အပိုင်းအခြား
    age
    နာမ်

    ခေတ်၂

    [kʰèaʔ၂]
    အဂု လက်ဟိကာလနန့် ပက်သတ်သီာ
    ယခု မျက်မှောက်ကာလနှင့် ပက်သတ်သော
    present
    နာမဝိသေသန

    ခေတ်ကာလ

    [kʰèaʔkàl]
    ကာလသုံးပါး၏ အပိုင်းအရာ။ အချိန်အခါ
    ကာလသုံးပါး၏ အပိုင်းအခြား။ အချိန်အခါ
    age
    နာမ်

    ခေတ်ကုန်

    [kʰèaʔkòʊɴ]
    အကျိုးပီးသောကာလ လွန်မြောက်လားရေ
    အကျိုးပေးသောကာလ လွန်မြောက်သွားသည်
    Out of date
    ကြိယာ

    ခေတ်ကောင်း

    [kʰèaʔkáʊɴ]
    အီးချမ်း ငြိမ်သက်သီာကာလ အပိုင်းအရာ
    အေးချမ်း ငြိမ်သက်သောကာလ အပိုင်းအခြား
    good age
    နာမ်

    ခေတ်ကြို

    [kʰèaʔt͡ɕÒ]
    တခုတရီ အရီးအကြောင်း မဖြစ်ပေါ်မီကာလ
    တစ်စုံတစ်ခု အရေးအကြောင်း မဖြစ်ပေါ်မီကာလ
    preliminary period
    နာမ်

    ခေတ်စား

    [kʰèaʔsá]
    လူအသုံးတိစွာ။ မာကျယ်သည်
    လူအသုံးများသည်။ တွင်ကျယ်သည်
    popular
    ကြိယာ

    ခေတ်ဆန်

    [kʰèaʔsʰàɴ]
    အဂု လက်ဟိကာလ ထူးခြားစွာ ပြုလုပ်ရေ
    ယခု မျက်မှောက်ကာလ ထူးခြားစွာ ပြုလုပ်သည်
    modern
    ကြိယာ

    ခေတ်ဆိုးခေတ်ယုတ်

    [kʰèaʔsʰókʰèaʔjoʊʔ]
    ဆင်းရဲ ဒုက္ခနန့် တွိကြုံရရေ ကာလ။ အလွန်ညံ့ဖျင်း ဆိုးရွားသော ကာလ
    ဆင်းရဲ ဒုက္ခနှင့် တွေ့ကြုံရသော ကာလ။ အလွန်ညံ့ဖျင်း ဆိုးရွားသော ကာလ
    bad time
    နာမ်

    ခေတ်နောက်ကျ

    [kʰèaʔnɔ́ɛʔt͡ɕ]
    ခေတ်မမှီ ဖြစ်တေ
    ခေတ်မမှီ ဖြစ်သည်
    Out of date
    ကြိယာ

    ခေတ်နှောင်း

    [kʰèaʔn̥áʊɴ]
    တခုသောနှစ်၏ နောက်ဆုံးပိုင်းကာလ
    တစ်ခုသောနှစ်၏ နောက်ဆုံးပိုင်းကာလ
    neolithic
    နာမ်

    ခေတ်ပေါ်

    [kʰèaʔpɔ̀]
    လက်ဟိကာလ ထူးခြားစွာ ဖြစ်ပေါ်လှာသော
    မျက်မှောက်ကာလ ထူးခြားစွာ ဖြစ်ပေါ်လာသော
    modern
    နာမဝိသေသန

    ခေတ်ပျက်

    [kʰèaʔprɛʔ]
    စစ်မက်ရီးရာ အစဟိစွာရို့ကြောင့် တိုင်းပြည် မငြိမ်မသက်ဖြစ်တေ။ အုပ်ချုပ်သူမဟိ မင်းမဲ့စိုးမဲ့ ဖြစ်တေ
    စစ်မက်ရေးရာ စသည်တို့ကြောင့် တိုင်းပြည် မငြိမ်မသက်ဖြစ်သည်။ အုပ်ချုပ်သူမရှိ မင်းမဲ့စိုးမဲ့ ဖြစ်သည်
    bad time
    ကြိယာ

    ခေတ်ပြိုင်

    [kʰèaʔpɹàɪɴ]
    တမင်းနန့်တမင်း ပေါ်ပေါက်ချိန် တူညီရေ
    တစ်မင်းနှင့်တစ်မင်း ပေါ်ပေါက်ချိန် တူညီသည်
    contemporary
    ကြိယာ

    ခေတ်ပြောင်း

    [kʰèaʔpɹáʊɴ]
    မင်းဟောင်း ကွယ်ပျောက်၍ မင်းသစ် ရောက်ရေ။ အုပ်ချုပ်ရီးပုံစံ (ပြောင်းလဲ)လားရေ
    မင်းဟောင်း ကွယ်ပျောက်၍ မင်းသစ် ရောက်သည်။ အုပ်ချုပ်ရေးပုံစံ (ပြောင်းလဲ)သွားသည်
    change
    ကြိယာ

    ခေတ်မီ

    [kʰèaʔmí]
    လက်ဟိကာလ၏ အလိုဆန္ဒအတိုင်း ဖြစ်စီရေ။ လိုက်လျော့ ကိုက်ညီရေ
    မျက်မှောက်ကာလ၏ အလိုဆန္ဒအတိုင်း ဖြစ်စေသည်။ လိုက်လျော့ ကိုက်ညီသည်
    modern
    ကြိယာ

    ခေတ်လယ်

    [kʰèaʔlɛ̀]
    တခုသော ခေတ်၏ အလယ်ပိုင်း ကာလ
    တစ်ခုသော ခေတ်၏ အလယ်ပိုင်း ကာလ
    middle period of era
    နာမ်

    ခေတ်သစ်

    [kʰèaʔθɪʔ]
    အထူးအဆန်း ဖြစ်ပေါ်လှာသော ကာလ
    အထူးအဆန်း ဖြစ်ပေါ်လာသော ကာလ
    new era
    နာမ်

    ခေတ်သုဉ်း

    [kʰèaʔθoʊɪ́ɴ]
    ဆိတ်သုဉ်းရေ။ ယွင်းယိုပျက်စီးရေ။ တိမ်ကောရေ။ ကင်းမဲ့သည်
    ဆိတ်သုဉ်းသည်။ ယွင်းယိုပျက်စီးသည်။ တိမ်ကောသည်။ ကင်းမဲ့သည်
    degenerate
    ကြိယာ

    ခေတ်ဟောင်း

    [kʰèaʔháʊɴ]
    ကုန်လွန်ပြီးရေ ကာလ အပိုင်းအရာ
    ကုန်လွန်ပြီးသော ကာလ အပိုင်းအခြား
    Out of date
    နာမ်