Dictionary Entries
Showing 3,721–3,740 of 34,671 words
ခ
ခေါင်ခိုက်
[kʰèàɪ̀ɴkʰaɪʔ]
Arakanese:
ကြွီးမြီးအစဟိစွာရို့ များပြားလွန်သည်
Burmese:
ကြွေးမြီးစသည်တို့ များပြားလွန်သည်
English:
credits
Grammar Note:
ကြိယာ
ခေါင်ချိုးကစပ်တမ်း
[kʰèàɪ̀ɴɕóksaʔtáɴ]
Arakanese:
န-ဂေါင်းဖြတ်ကစပ်တမ်း
Burmese:
န-ဂေါင်းဖြတ်ကစပ်တမ်း
English:
none
Grammar Note:
နာမ်
ခေါင်ချုပ်
[kʰèàɪ̀ɴɕoʊʔ]
Arakanese:
အိမ် အမိုးခေါင်အရပ်ကို မိုးလုံနီအောင် အုပ်ဖုံးထားရေ
Burmese:
အိမ် အမိုးခေါင်အရပ်ကို မိုးလုံနေအောင် အုပ်ဖုံးထားသည်
English:
roof
Grammar Note:
ကြိယာ
ခေါင်ချုပ်၂
[kʰèàɪ̀ɴɕoʊʔ၂]
Arakanese:
ရပ်ရွာမာ အကြီးအကဲရပ်ရွာကို အုပ်ချုပ်သူ
Burmese:
ရပ်ရွာတွင် အကြီးအကဲရပ်ရွာကို အုပ်ချုပ်သူ
English:
administrator
Grammar Note:
နာမ်
ခေါင်စင်းအိမ်
[kʰèàɪ̀ɴsɪ́ɴʔèɪɴ]
Arakanese:
ဝဲယာနှစ်ဘက် တောင်ပံချပနာ ဆောက်ထားရေ အိမ်။ လှိုင်တန်းပိုင် (ရိုးရိုး) ဆောက်ထားရေအိမ်
Burmese:
ဝဲယာနှစ်ဘက် တောင်ပံချ၍ ဆောက်ထားသော အိမ်။ တန်းလျားကဲ့သို့ (ရိုးရိုး) ဆောက်ထားသောအိမ်
English:
line
Grammar Note:
နာမ်
ခေါင်းစဉ်
[kʰèàɪ́ɴsɪ̀ɴ]
Arakanese:
အဓိကအရီးကြီးရေ အကြောင်းအရာကို စီစိုင်ထားရေ အရာ။ စာရင်း
Burmese:
အဓိကအရေးကြီးသော အကြောင်းအရာကို စီစဉ်ထားသော အရာ။ စာရင်း
English:
title
Grammar Note:
နာမ်
ခေါင်းစပ်
[kʰèàɪ́ɴsaʔ]
Arakanese:
လူသီ အလောင်းကောင်ထည့်ရန် သစ်သားဖြင့် ဆောင်းဒူ ပြုလုပ်ရေ
Burmese:
လူသေ အလောင်းကောင်ထည့်ရန် သစ်သားဖြင့် သေတ္တာ ပြုလုပ်သည်
English:
coffin
Grammar Note:
ကြိယာ
ခေါင်းစီး
[kʰèàɪ́ɴsï]
Arakanese:
စာရီးသားရာမာ အဓိကအချုပ် သဘောအခြီအရဲကို ပြသောအမည်
Burmese:
စာရေးသားရာ၌ အဓိကအချုပ် သဘောအခြေအနေကို ပြသောအမည်
English:
title
Grammar Note:
နာမ်
ခေါင်စီးရိုး
[kʰèàɪ̀ɴsïɹó]
Arakanese:
ခေါင်တိုင်ရို့၏ ထိပ်မာ အလျားလိုက်ထည့်သော အပေါ်ခေါင်တန်း။ (ခေါင်လျောက်တန်းလည်း ခေါ်ရေ။
Burmese:
ခေါင်တိုင်တို့၏ ထိပ်တွင် အလျားလိုက်ထည့်သော အပေါ်ခေါင်တန်း။ (ခေါင်လျောက်တန်းလည်း ခေါ်သည်။
English:
ridge pole
Grammar Note:
နာမ်
ခေါင်စီးဝါး
[kʰèàɪ̀ɴsïwàး]
Arakanese:
အုန်းမိုးအိမ်မာ ကြွက်လျှောက်တန်းကို အထက်ကစီးပနာ သီတွဲသောဝါး
Burmese:
ဓနိမိုးအိမ်တွင် အခြင်ဝါးကို အပေါ်ကစီး၍ သီတွဲသောဝါး
English:
bamboo
Grammar Note:
နာမ်
ခေါင်စောက်
[kʰèàɪ̀ɴsɔ́ɛʔ]
Arakanese:
ဗေါင်းဇောက် ပြုလုပ်ထားရေ အိမ်၏ ခေါင်မိုး
Burmese:
မတ်စောက် ပြုလုပ်ထားသော အိမ်၏ ခေါင်မိုး
English:
roof
Grammar Note:
နာမ်
ခေါင်ဆိုက်
[kʰèàɪ̀ɴsʰaɪʔ]
Arakanese:
ကြွီးမြီးအစဟိစွာရို့ များပြားလွန်သည်
Burmese:
ကြွေးမြီးစသည်တို့ များပြားလွန်သည်
English:
credits
Grammar Note:
ကြိယာ
ခေါင်းဆောင်
[kʰèàɪ́ɴsʰàʊɴ]
Arakanese:
ရှေ့ဆောင်လမ်းပြ၊ ဦးစီးနာယက။ အကြီးအမှုး
Burmese:
ရှေ့ဆောင်လမ်းပြ၊ ဦးစီးနာယက။ အကြီးအမှုး
English:
leader
Grammar Note:
နာမ်
ခေါင်းတကာ
[kʰèàɪ́ɴtkà]
Arakanese:
ကုလားကုလားမသိတ်မာ အမြဲတမ်းကျွီး၍ ဝတ်ပြူသူ။ မော်လဝီ။ ဟာဂျီ။ မော်လဗီ
Burmese:
ကုလားဗလီတွင် အမြဲတမ်းအော်ဟစ်၍ ဝတ်ပြူသူ။ ဗလီဆရာ။ ဟာဂျီ။ မော်လဗီ
English:
mosque
Grammar Note:
နာမ်
ခေါင်းတလာ
[kʰèàɪ́ɴtlà]
Arakanese:
မိုးကျောက်ကျ ထွန်ချရေ နိမှစပြီးကေ စပါးရိတ်သိမ်းပြီး သင်္ကြန်ကျရေ ထိတောင် လယ်အလုပ် လုပ်ဆောင်ပီးရသူ။ (နှစ်ပတ်လည် ကုန်းလို့လေ့ ဆိုရေ)
Burmese:
မိုးဦးကျ လယ်ထွန်သည့် နေ့မှစ၍ စပါးရိတ်သိမ်းပြီး သင်္ကြန်ကျသည့် တိုင်အောင် လယ်အလုပ် လုပ်ဆောင်ပေးရသူ။ (နှစ်ပတ်လည် ကုန်းဟုလည်း ဆိုသည်)
English:
work as a tenant farmer
Grammar Note:
နာမ်
ခေါင်းတလာ၂
[kʰèàɪ́ɴtlà၂]
Arakanese:
ယင်းပိုင် လယ်အလုပ် လုပ်ဆောင်ပီးရရေ
Burmese:
ယင်းကဲ့သို့ လယ်အလုပ် လုပ်ဆောင်ပေးရသည်
English:
work as a tenant farmer
Grammar Note:
ကြိယာ
ခေါင်းတာ
[kʰèàɪ́ɴtà]
Arakanese:
တတောင်ခန့်ရှည် အနံခြောက်လက်မခန့်ဟိ သံပြားထူကို သစ်သားရိုး တပ်ပြီး မြီတူးရရေ ကိရိယာ
Burmese:
တစ်တောင်ခန့်ရှည် အနံခြောက်လက်မခန့်ရှိ သံပြားထူကို သစ်သားရိုး တပ်ပြီး မြေတူးရသော ကိရိယာ
English:
mattock
Grammar Note:
နာမ်
ခေါင်တိုင်
[kʰèàɪ̀ɴtàɪɴ]
Arakanese:
အိမ် ကျောင်းရို့မာ အမြင့်ဆုံးသောတိုင်။ တိုင်သုံးတိုင်မာ အလယ်ကျသောတိုင်
Burmese:
အိမ် ကျောင်းတို့တွင် အမြင့်ဆုံးသောတိုင်။ တိုင်သုံးတိုင်တွင် အလယ်ကျသောတိုင်
English:
middle pillar
Grammar Note:
နာမ်
ခေါင်ပိတ်
[kʰèàɪ̀ɴpeɪʔ]
Arakanese:
ရပ်ရွာ ကျွန်းကမ်း၏ အကြီးအကဲ။ အုပ်ချုပ်သူ။ (ဥပစာ) ရပ်ရွာမာ ရုပ်ရည် အလှဆုံးသော မမာ့
Burmese:
ရပ်ရွာ ကျွန်းကမ်း၏ အကြီးအကဲ။ အုပ်ချုပ်သူ။ (ဥပစာ) ရပ်ရွာတွင် ရုပ်ရည် အလှဆုံးသော မိန်းမ
English:
leader
Grammar Note:
နာမ်
ခေါင်ပုပ်
[kʰèàɪ̀ɴpoʊʔ]
Arakanese:
သိမ်းငှက်ပိုင်ယှောင် ငှက်တမျိုး။ ခင်ပုပ်ငှက်
Burmese:
သိမ်းငှက်ကဲ့သို့သော ငှက်တစ်မျိုး။ ခင်ပုပ်ငှက်
English:
brown hawk-owl
Grammar Note:
နာမ်