Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 3,761–3,780 of 34,671 words

    ခ

    ခေါတင်

    [kʰèàtɪ̀ɴ]
    အပင်ခွပ်လှဲရာမာ နောက်တပင်၏ခွမာ တင်ပနာလဲသောသစ်
    သစ်ပင်ခုတ်လှဲရာတွင် နောက်တစ်ပင်၏ခွတွင် တင်၍လဲသောသစ်
    type of chop log
    နာမ်

    ခေါပစာ

    [kʰèàpsà]
    မသတီ မကြိုက်ပဲ စားရရေ အစားအစာ။ သေသူ့ပါး ပီးပို့သော အစားအစာ
    မကြည်ဖြူ မနှစ်သက်ပဲ စားရသော အစားအစာ။ သေသူထံ ပေးပို့သော အစားအစာ
    spirit food
    နာမ်

    ခေါပစာထမင်း

    [kʰèàpsàtʰmɪ́ɴ]
    လူသီအတွက် ချက်ယူရရေ ထမင်း။ မသဒ္ဒေလောက်ရာ ကျွေးမွီးသော ထမင်း။ မသဒ္ဒေလောက်ရာ စားရရေ ထမင်း
    လူသေအတွက် ချက်ယူရသော ထမင်း။ မသဒ္ဒါပဲ ကျွေးမွေးသော ထမင်း။ မသဒ္ဒါပဲ စားရသော ထမင်း
    spirit food
    နာမ်

    ခေါပတာ

    [kʰèàptà]
    မသက်ဆိုင်သူတိ ရှောင်လေ၊ ဖယ်လီ၊ လွဲစီဟု ဟန့်တားမြစ်သနန့်။
    မသက်ဆိုင်သူတွေ ရှောင်လေ၊ ဖယ်လေ၊ လွဲစေဟု ဟန့်တားမြစ်သဖြင့်။
    ကြိ
    ကြိယာဝိသေသန

    ခေါ်

    [kʰɔ̀]
    တယောက်တလီသော သူ၏ အမည်ကို ထုတ်ဖေါ်ရေ။ လူကို တတူပါအောင် ယူထားရေ။ သာဓုအစဟိစွာ မြွက်ဟရေ။ သမုတ်ရေ။ မာရေ။ အမည်မှည့်သည်
    တစ်စုံတစ်ယောက်သော သူ၏ အမည်ကို ထုတ်ဖေါ်သည်။ လူကို အတူပါအောင် ယူထားသည်။ သာဓုစသည် မြွက်ဟသည်။ သမုတ်သည်။ တွင်သည်။ အမည်မှည့်သည်
    name
    ကြိယာ

    ခေါ်ခေါ်ရော်ရော်

    [kʰɔ̀kʰɔ̀ɹɔ̀ɹɔ̀]
    မာကျောခက်ထန်ရေ။ ရုတ်ရင်းခက်ထန်ရေ။ ကြမ်းတမ်းသည်
    မာကျောခက်ထန်သည်။ ရုတ်ရင်းခက်ထန်သည်။ ကြမ်းတမ်းသည်
    rude
    ကြိယာ

    ခေါ်ခေါ်ရော်ရော်၂

    [kʰɔ̀kʰɔ̀ɹɔ̀ɹɔ̀၂]
    နူးညံ့ချောမွိ့ခြင်း ကင်းသော
    နူးညံ့ချောမွေ့ခြင်း ကင်းသော
    rude
    နာမဝိသေသန

    ခေါ်ခေါ်ဝေါ်ဝေါ်

    [kʰɔ̀kʰɔ̀wɔ̀wɔ̀]
    သင့်သင့်မြတ်မြတ်။ ချစ်ချစ်ခင်ခင်။ ဖေါ်ရွေပျူငှာစွာ။ ပဇာယန ကျေသော အပြုအမူဖြင့်
    သင့်သင့်မြတ်မြတ်။ ချစ်ချစ်ခင်ခင်။ ဖေါ်ရွေပျူငှာစွာ။ လောကဝတ် ကျေသော အပြုအမူဖြင့်
    affabililty
    ကြိယာဝိသေသန

    ခေါ်ဆို

    [kʰɔ̀sʰÒ]
    အမည်နာမ(ခေါ်)မာ စီရေ
    အမည်နာမ(ခေါ်)တွင် စေသည်
    call name
    ကြိယာ

    ခေါ်ဆောင်

    [kʰɔ̀sʰàʊɴ]
    တပါးတည်း ဆောင်ကြဉ်းယူလာရေ
    တစ်ပါးတည်း ဆောင်ကြဉ်းယူလာသည်
    bring
    ကြိယာ

    ခေါ်တော

    [kʰɔ̀tɔ́]
    မူစလင်ဘာသာဝင် ကျေးလက်ကျွန်းရွာမာ နီထိုင်သော ဘင်္ဂလီ(ကုလား) ကိုခေါ်သော စကားလုံး
    မူစလင်ဘာသာဝင် ကျေးလက်တောရွာတွင် နေထိုင်သော ဘင်္ဂလီ(ကုလား) ကိုခေါ်သော စကားလုံး
    bengali
    နာမ်

    ခေါ်တောင်း

    [kʰɔ̀táʊɴ]
    နိူင်းပြိုင်အားစမ်းရန် ဖိတ်ခေါ်ရေ။ ခေါ်တောင်းရေ။ တယောက်တလီသော သူ့ပါးမှ တခုတရီသော ဝန်ကိုတောင်းယူရေ
    ယှဉ်ပြိုင်အားစမ်းရန် ဖိတ်ခေါ်သည်။ စိန်ခေါ်သည်။ တစ်စုံတစ်ယောက်သော သူထံမှ တစ်စုံတစ်ခုသော ပစ္စည်းကိုတောင်းယူသည်
    challenge
    ကြိယာ

    ခေါ်တွင်

    [kʰɔ̀twɪ̀ɴ]
    အမည်နာမပြုသည်
    အမည်နာမပြုသည်
    name
    ကြိယာ

    ခေါ်ပုံ

    [kʰɔ̀pòʊɴ]
    (တယောက်တလီအား ခေါ်ကေ ကြမ်းတမ်းစွာ မခေါ်ပဲ) သာယာ နာပျော်ဖွယ်ရာ၊ သနား ချစ်ခင်ဖွယ်ရာ အမူအရာဖြင့် ခေါ်ဝေါ်ရန် နည်းစနစ်
    (တစ်စုံတစ်ယောက်အား ခေါ်လျှင် ကြမ်းတမ်းစွာ မခေါ်ပဲ) သာယာ နာပျော်ဖွယ်ရာ၊ သနား ချစ်ခင်ဖွယ်ရာ အမူအရာဖြင့် ခေါ်ဝေါ်ရန် နည်းစနစ်
    polite word
    နာမ်

    ခေါ်လို့ဝေါ်လို့

    [kʰɔ̀lo̰wɔ̀lo̰]
    ကြည်သထာဖြူ။ ချစ်ခင်နှစ်သက်စွာ။ ပျူငှာသော ပဇာယနဖြင့်။ သင့်သင့်မြတ်မြတ်
    ကြည်ကြည်ဖြူဖြူ။ ချစ်ခင်နှစ်သက်စွာ။ ပျူငှာသော လောကဝတ်ဖြင့်။ သင့်သင့်မြတ်မြတ်
    be proper-be on good terms
    ကြိယာဝိသေသန

    ခေါ်ဝေါ်

    [kʰɔ̀wɔ̀]
    ပညတ်ရေ။ အမည်မှည့်သည်
    ပညတ်သည်။ အမည်မှည့်သည်
    name
    ကြိယာ

    ခေါ်ဝေါ်မကျီ

    [kʰɔ̀wɔ̀mt͡ɕí]
    ပျူငှာသော ပဇာယနဖြင့်။ မပြတ်မလတ် အဆက်အသွယ် ပြုဗျာယ်
    ပျူငှာသော လောကဝတ်ဖြင့်။ မပြတ်မလတ် အဆက်အသွယ် ပြုလျက်
    be proper-be on good terms
    ကြိယာဝိသေသန

    ခဲ

    [kʰɛ]
    မကန်မဝှန်။ ပျစ်ဗျာယ်
    အများအပြား။ ပြွတ်သိပ်လျက်
    many-be teeming with
    ကြိယာဝိသေသန

    ခဲ၂

    [kʰɛ၂]
    မလွယ်ကူ၊ ခက်သည်၊ ပေါင်းစည်းရေ။ အခံရခက်သော ဝေဒနာတမျိုး ခံစားရရေ။ ကိုက်သည်
    မလွယ်ကူ၊ ခက်သည်၊ ပေါင်းစည်းသည်။ အခံရခက်သော ဝေဒနာတစ်မျိုး ခံစားရသည်။ ကိုက်သည်
    Hard-bite
    ကြိယာ

    ခဲ၃

    [kʰɛ၃]
    ထိုင်းမှိုင်း၍ ပျော့ပျောင်းရေ သတ္တုတမျိုး။ အစိုင်အတုံး။ မြေစိုင်မြေတုံး
    လေးလံ၍ ပျော့ပျောင်းသော သတ္တုတစ်မျိုး။ အစိုင်အတုံး။ မြေစိုင်မြေတုံး
    stone
    နာမ်