Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 5,041–5,060 of 34,671 words

    ဂ

    ဂန့်ဂေါ်

    [ɡàɴ့ɡɔ̀]
    ခါးရေ အရရာဟိရေ့ မြီဝပ်ပင်တမျိုး
    ခါးသော အရသာရှိသည့် မြေဝပ်ပင်တစ်မျိုး
    bitterness plant
    နာမ်

    ဂန်တကောက်နွယ်

    [ɡàɴtkɔ́ɛʔnwɛ̀]
    ချိုင်နှောင်ရာမာ အသုံးပြုရေ ညိတ်ပေါင်းသည့် အငယ်စား နွယ်တမျိုး
    ချည်နှောင်ရာတွင် အသုံးပြုသော ပျော့ပျောင်းသည့် အငယ်စား နွယ်တစ်မျိုး
    kind of vine
    နာမ်

    ဂန်တီနွယ်

    [ɡàɴtínwɛ̀]
    လက်သန်း လောက်ခန့်ဟိ ညိတ်ပေါင်းရေ နွယ်တမျိုး
    လက်သန်း လောက်ခန့်ရှိ ပျော့ပျောင်းသော နွယ်တစ်မျိုး
    vine
    နာမ်

    ဂန်တု

    [ɡàɴtoʊ]
    ယောက်ျားဖြစ်ဗျာယ် မမာ့၏ စိတ်ထားစိတ်နီ အမူအရာ စွဲဝင်နီသူ။ မယူမ
    ယောက်ျားဖြစ်လျက် မိန်းမ၏ စိတ်ထားစိတ်နေ အမူအရာ စွဲဝင်နေသူ။ မိန်းမလျာ
    sissy
    နာမ်

    ဂန့်ဒရံ

    [ɡàɴ့dɹံ]
    ချောင်းနားမာ ပေါက်သော ဟင်းစားရရေ ဟင်းပင်တမျိုး
    ချောင်းနားတွင် ပေါက်သော ဟင်းစားရသည့် ဟင်းပင်တစ်မျိုး
    a brook curry
    နာမ်

    ဂန့်ဒရယ်

    [ɡàɴ့dɹɛ̀]
    ချောင်းနားမာ ပေါက်သော ဟင်းစားရရေ ဟင်းပင်တမျိုး
    ချောင်းနားတွင် ပေါက်သော ဟင်းစားရသည့် ဟင်းပင်တစ်မျိုး
    a brook curry
    နာမ်

    ဂန်းဒူး

    [ɡáɴdùး]
    ၁၊ မစဉ်းမစား။ မိုးရီသရီ။ မထိန်းမသိမ်း။ တဇူးကန်း။ တရှူးယင်းး။ ၂၊ အဆုတ်အဆိုင်း မဟိဘဲ။ ယင်းးကန်း ပြုလုပ်ဗျာယ်
    ၁၊ မစဉ်းမစား။ မဆင်မခြင်။ မထိန်းမသိမ်း။ တဇောက်ကန်း။ တရှူးထိုး။ ၂၊ အဆုတ်အဆိုင်း မရှိပဲ။ တဇွတ်ထိုး ပြုလုပ်လျက်
    hothead
    ကြိယာဝိသေသန

    ဂန်းဒူး၂

    [ɡáɴdùး၂]
    မိုက်ကန်းကန်း။ အဆင်ခြင်ဉာဏ် ကင်းမဲ့ရိုင်းပျစွာ။ အသိဉာဏ် ခေါင်းပါးခြင်းကြောင့် ယုတ်မာ ကြမ်းကြုတ် ခြူစွာ။ မောဟတတ်ကျူး၊ မာန်ဟူးဟူးဖြင့်၊ ဂန်းဒူးဆတ်ဆတ်၊ လန့်ဆန်တတ်ဧ့ (ရက္ခိုင်ကာ)
    မိုက်ကန်းကန်း။ အဆင်ခြင်ဉာဏ် ကင်းမဲ့ရိုင်းပျစွာ။ အသိဉာဏ် ခေါင်းပါးခြင်းကြောင့် ယုတ်မာ ကြမ်းကြုတ် ရမ်းကားစွာ။ မောဟတတ်ကျူး၊ မာန်ဟူးဟူးဖြင့်၊ ဂန်းဒူးဆတ်ဆတ်၊ ငြင်းဆန်တတ်၏ (ရခိုင်ကာ)
    hothead
    ကြိယာဝိသေသန

    ဂန်းဒူး၃

    [ɡáɴdùး၃]
    ၁၊ ဆင်ခြင်ဉာဏ် ကင်းမဲ့ရိုင်းပျသော။ တွီဝေမိုက်မဲသော သဖောဟိသော။ ၂၊ ဆိုဆုံးမ ခက်သော။ မာနခက်ထန်သော။ အသိဉာဏ် ခေါင်းပါးခြင်းကြောင့် ယုတ်မာ ကြမ်းကြုတ်သော
    ၁၊ ဆင်ခြင်ဉာဏ် ကင်းမဲ့ရိုင်းပျသော။ တွေဝေမိုက်မဲသော သဘောရှိသော။ ၂၊ ဆိုဆုံးမ ခက်သော။ မာနခက်ထန်သော။ အသိဉာဏ် ခေါင်းပါးခြင်းကြောင့် ယုတ်မာ ကြမ်းကြုတ်သော
    irrationality
    နာမဝိသေသန

    ဂမူးရှုးထိုး

    [ɡmùးʃoʊးtʰó]
    ၁၊ မိုးရီသရီပဲ။ အဆုတ်အဆိုင်း မဟိဘဲ။ ယင်းးကန်း။ ၂၊ မစဉ်းမစား။ မထိန်းမသိမ်း။ မိုးရီသရီ။ တဇူးကန်း
    ၁၊ မဆင်မခြင်ပဲ။ အဆုတ်အဆိုင်း မရှိပဲ။ တဇွတ်ထိုး။ ၂၊ မစဉ်းမစား။ မထိန်းမသိမ်း။ မဆင်မခြင်။ တဇောက်ကန်း
    careless
    ကြိယာဝိသေသန

    ဂယက်

    [ɡjɛʔ]
    လှိုင်းကြောင့် ဖြစ်စီ၊ ဝဲကြောင့် ဖြစ်စီ မငြိမ်မသက် ဆက်ကာဆက်ကာ ရေ၏ လှုပ်ယှားနီရေ၏ အဘာြစ်။ လှိုင်းဂယက်ကေ၊ ညံသောသောနှင့် (ဓမ္မသာ)။ လှိုင်းဂယက်ကေ၊ ယက်တက်သံနှင့် (၄င်း)
    လှိုင်းကြောင့် ဖြစ်စေ၊ ဝဲကြောင့် ဖြစ်စေ မငြိမ်မသက် ဆက်ကာဆက်ကာ ရေ၏ လှုပ်ရှားနေသည်၏ အဖြစ်။ လှိုင်းဂယက်ကေ၊ ညံသောသောနှင့် (ဓမ္မသာ)။ လှိုင်းဂယက်ကေ၊ ယက်တက်သံနှင့် (၄င်း)
    small waves or ripples
    နာမ်

    ဂယက်ကြောင်း

    [ɡjɛʔt͡ɕáʊɴ]
    လောင်း၊ သင်းဖိုးအစဟိရေ လားလှာရာမာ နောက်ဘက်ရေ ပြင်၌ ထင်၍ကျန်ခသော ရီစီး
    လှေ၊ သင်္ဘောစသည် သွားလာရာတွင် နောက်ဘက်ရေ ပြင်၌ ထင်၍ကျန်ခဲ့သော ရေစီး
    (of sea) be choppy
    နာမ်

    ဂယက်ရိုက်

    [ɡjɛʔɹaɪʔ]
    ၁၊ လှိုင်းတိ ကမ်းထောင်းသို့ ထိခိုက် ရိုက်ပုတ်ရေ။ ၂၊ လူတိ သသောင်းကြီးရိုက် ယောက်ယက်ခတ် ဖြစ်တေ။ ၃၊ မငြိမ်မသက် ယောက်ယက်ခတ် ဖြစ်တေ
    ၁၊ လှိုင်းများ ကမ်းပါးသို့ ထိခိုက် ရိုက်ပုတ်သည်။ ၂၊ လူများ ဆူဆူညံညံ လှုပ်လှုပ်ရှားရှား ဖြစ်သည်။ ၃၊ မငြိမ်မသက် လှုပ်လှုပ်ရှားရှား ဖြစ်သည်
    (of sea) be choppy
    ကြိယာ

    ဂယိုင်သီး

    [ɡjàɪɴθï]
    ဂေါ်ယိုင်သီး
    မာလကာသီး
    guava fruit
    နာမ်

    ဂရက်

    [ɡɹɛʔ]
    ငြင်းခုံမှု။ ခိုက်ရန် ဖြစ်ပွားမှုဖြစ်ခြင်း
    ငြင်းခုံမှု။ ခိုက်ရန် ဖြစ်ပွားမှုဖြစ်ခြင်း
    quarrel
    နာမ်

    ဂရက်၂

    [ɡɹɛʔ၂]
    ၁၊ လှုပ်ယှား ဆူပူရေ။ ၂၊ မငြိမ်မသက် ဖြစ်တေ
    ၁၊ လှုပ်ရှား ဆူပူသည်။ ၂၊ မငြိမ်မသက် ဖြစ်သည်
    brawling
    ကြိယာ

    ဂရင်သီး

    [ɡɹɪ̀ɴθï]
    အလုံး ပပိန်ချေ ရှည်လျားပြီး အခွံဝါ၍ အနံ့ကြိုင်သော နုပျောသီး တမျိုး။ သီးမွှီးနှပျိုး
    အလုံး သေးသွယ် ရှည်လျားပြီး အခွံဝါ၍ အနံ့ကြိုင်သော ငှက်ပျောသီး တစ်မျိုး။ သီးမွှေးငှက်ပျော
    banana
    နာမ်

    ဂရု

    [ɡɹoʊ]
    အရီး ဗွေယူရေ
    အရေး အလေးထားသည်
    careful
    ကြိယာ

    ဂရုစိုက်

    [ɡɹoʊsaɪʔ]
    ၁၊ သတိမူရေ။ ပခက်ချေထားရေ။ ၂၊ အရီးစိုက်တေ
    ၁၊ သတိမူသည်။ လေးထားသည်။ ၂၊ အရေးစိုက်သည်
    careful
    ကြိယာ

    ဂရုတ်ဂရက်

    [ɡɹoʊʔɡɹɛʔ]
    ၁၊ ရုန့်ရင်း ဆန်ခတ်ဖြစ်ဗျာယ်။ တဖက်နှင့် တဖက် ပရမ်းတာ လုံးထွီး သတ်ပုတ်ဗျာယ်။ ၂၊ အန္တရာယ် တခုခုကြောင့် လူတိ ထိတ်လန့် ဒုံဇောက်ချားအတွက်နန့် ဗလဗွီသတ် လှုပ်ယှားဗျာယ်
    ၁၊ ရုန့်ရင်း ဆန်ခတ်ဖြစ်လျက်။ တစ်ဘက်နှင့် တစ်ဘက် ပရမ်းတာ လုံးထွေး သတ်ပုတ်လျက်။ ၂၊ အန္တရာယ် တစ်ခုခုကြောင့် လူအများ ထိတ်လန့် ချောက်ချားစွာဖြင့် ရှုပ်ထွေး လှုပ်ရှားလျက်
    fight-squabble
    ကြိယာ