Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 101–120 of 34,671 words

    က

    ကင်းပုန်းသမား

    [kɪ́ɴpóʊɴθmá]
    ရန်သူလာမည့် လမ်းတနီရာရာက လျှို့ဝှက်စွာ စောင့်နီသူ
    ရန်သူလာမည့် လမ်းတစ်နေရာရာက လျှို့ဝှက်စွာ စောင့်နေသူ
    reconnoiter
    နာမ်

    ကင်ပေါင်း

    [kɪ̀ɴpèàɪ́ɴ]
    အထဲမာ အစာသွပ်၍ ကြော်ချက်ထားရေ အစားအစာ တမျိုး
    အထဲတွင် အစာသွပ်၍ ကြော်ချက်ထားသော အစားအစာ တစ်မျိုး
    patty
    နာမ်

    ကင်ပေါင်းခြည်

    [kɪ̀ɴpèàɪ́ɴkʰɹɛ]
    အစရှာမရယောင် အလွန်သပွတ်အူလိုက် ခြည်ခင်
    အစရှာမရအောင် အလွန်ရှုပ်ထွေးသော ချည်ခင်
    clew
    နာမ်

    ကင်ပေါင်းခြည်၂

    [kɪ̀ɴpèàɪ́ɴkʰɹɛ၂]
    အမျိုးမျိုး အထွီထွီ စုံလင်ရောနှောသော။ ပြဿနာ အမျိုးမျိုး ရောနှော ပတ်သက်သည်
    အမျိုးမျိုး အထွေထွေ စုံလင်ရောနှောသော။ ပြဿနာ အမျိုးမျိုး ရောနှော ပတ်သက်သည်
    troubles
    နာမဝိသေသန

    ကင်ပေါင်းခြည်၃

    [kɪ̀ɴpèàɪ́ɴkʰɹɛ၃]
    ရော၀င် နှောက်ယှက်ဗျာယ်။ ဗလဗွီသတ်အောင် ဖန်တီးရေ
    ရော၀င် နှောက်ယှက်လျက်။ ရှုပ်ထွေးအောင် ဖန်တီးသည်
    complicated
    ကြိယာ

    ကင်းပါး

    [kɪ́ɴpàး]
    အရိပ်အခြည်။ အခြီအရဲကို အယင့်ယင် အရိပ်ချ နှိုင်ရေ။ နားလည် လွယ်ရေ
    အရိပ်အခြည်။ အခြေအနေကို လျင်မြန်စွာ အကဲခတ် နိုင်သည်။ နားလည် လွယ်သည်
    realize
    ကြိယာ

    ကင်းပါး၂

    [kɪ́ɴpàး၂]
    အရိပ်အခြည်၊ အခြီအရဲကို အရိပ်ချနိုင်သူ နားလည်လွယ်သူ
    အရိပ်အခြည်၊ အခြေအနေကို အကဲခတ်နိုင်သူ နားလည်လွယ်သူ
    Open-book
    နာမ်

    ကင်ပျစ်

    [kɪ̀ɴprɪʔ]
    အကြားအလပ်မာ ကျပ်တည်းစွာ တည်ဟိယောင်လုပ်ရေ
    အကြားအလပ်တွင် ကျပ်တည်းစွာ တည်ရှိအောင်လုပ်သည်
    have back to the wall
    နာမ်

    ကင်ပျစ်၂

    [kɪ̀ɴprɪʔ၂]
    သား၊ ငါး စစွာကိုကင်ရန်နှီးနန့် ခကြကြား လေးထောင့် ရက်လုပ်ထားရေ ကိရိယာ။ ကင်ညှပ်
    သား၊ ငါး စသည်ကိုကင်ရန်နှီးဖြင့် ခပ်ကျဲကျဲ လေးထောင့် ရက်လုပ်ထားသော ကိရိယာ။ ကင်ညှပ်
    grilles
    နာမ်

    ကင်းပွန်း

    [kɪ́ɴpʊ́ɴ]
    အရွက်ကို ဟင်းချက်၍ အသီးကို ခေါင်းလျှော်ပနာရရေ စူးနွယ်ဟိရေ အပင်
    အရွက်ကို ဟင်းချက်၍ အသီးကို ခေါင်းလျှော်၍ရသော ဆူးနွယ်ရှိသော အပင်
    soap acacia Acacia concinna
    နာမ်

    ကင်းပွန်းကိုင်

    [kɪ́ɴpʊ́ɴkàɪɴ]
    မကောင်းရေ အရာတိကို ပြေပျက်အောင် လုပ်ရေ
    မကောင်းသော အရာများကို ပြေပျက်အောင် လုပ်သည်
    shrive
    ကြိယာ

    ကင်းပွန်းချဉ်

    [kɪ́ɴpʊ́ɴɕɪ̀ɴ]
    အရွက်ကို ဟင်းချက်၍ အသီးကို ခေါင်းလျှော်ပနာရရေ စူးနွယ်ဟိရေ အပင်
    အရွက်ကို ဟင်းချက်၍ အသီးကို ခေါင်းလျှော်၍ရသော ဆူးနွယ်ရှိသော အပင်
    soap acacia Acacia concinna
    နာမ်

    ကင်းပွန်းတပ်

    [kɪ́ɴpʊ́ɴtaʔ]
    အချေကို နာမည်ပီးရန် တစုံ တခုသော အမည်နာမည် ခေါ်ဝေါ်ခြင်းကို ပြုသည်
    ကလေးကို နာမည်ပေးရန် တစ်စုံ တစ်ခုသော အမည်နာမည် ခေါ်ဝေါ်ခြင်းကို ပြုသည်
    give a child its name - christen -kamun:da'-n naming ceremony
    ကြိယာ

    ကင်းပွန်းတိုက်

    [kɪ́ɴpʊ́ɴtaɪʔ]
    လက်ဖွဲ့။ ခါးလှည့် အဆောင် အစဟိစွာရို့ ဂုဏ်၊ တန်ခိုး၊ ကျက်သရေနှင့် ပြည့်စုံရန် ပင်ဖြစ်ဖြစ်၊ အစွမ်းသတ္တိ ထက်မြက် စီရန်သော် ပင်ဖြစ်ဖြစ်၊ ဂါထာ မန္တန်ရို့နန့် စုတ်ပနာ သိန္ဓိ အမွှမ်း တင်သည်
    လက်ဖွဲ့။ ခါးလှည့် အဆောင် စသည်တို့ ဂုဏ်၊ တန်ခိုး၊ ကျက်သရေနှင့် ပြည့်စုံရန် လည်းကောင်း၊ အစွမ်းသတ္တိ ထက်မြက် စေရန်သော် လည်းကောင်း၊ ဂါထာ မန္တန်တို့ဖြင့် စုတ်၍ သိန္ဓိ အမွှမ်း တင်သည်
    Recite the mantra
    ကြိယာ

    ကင်းပွန်းပီး

    [kɪ́ɴpʊ́ɴpï]
    အချေ မွီးဖွားပြီး ခုနှစ်ရက် လည်ပနာ မီးနီအိမ်က ထွက်မည့် နိမာ မိခင်ရော အချေပါ ကင်ပွန်းရည် အစဟိစွာနန့် ခေါင်းဆီး မင်္ဂလာပြုပနာ ဧည့်ခံ ကျွေးမွီးသည်
    ကလေး မွေးဖွားပြီး ခုနှစ်ရက် လည်၍ မီးနေအိမ်မှ ထွက်မည့် နေ့တွင် မိခင်ရော ကလေးပါ ကင်ပွန်းရည် စသည်ဖြင့် ခေါင်းဆေး မင်္ဂလာပြု၍ ဧည့်ခံ ကျွေးမွေးသည်
    give a child its name ်for danate - christen -kamun:da'-n naming ceremony for donate
    ကြိယာ

    ကင်းပွန်းသင့်

    [kɪ́ɴpʊ́ɴθɪ̀ɴ့]
    ဖီးအန္တရာယ် ကင်းစီရန် ပင်ဖြစ်ဖြစ်၊ လိုအင် ဆန္ဒ ပြည့်၀ရန် ပင်ဖြစ်ဖြစ်၊ ကိုယ်နှင့် မကွာ အင်းအိုင် လက်ဖွဲ့ ဆောင်ထား ရရေ သူရို့စွာ မီးနီအိမ်၊ အသုဘအိမ် အစဟိစွာရို့ကို ၀င်မိခြင်းကြောင့် တခုတရီ အပြစ် သင့်ရောက်မှု
    ဘေးအန္တရာယ် ကင်းစေရန် လည်းကောင်း၊ လိုအင် ဆန္ဒ ပြည့်၀ရန် လည်းကောင်း၊ ကိုယ်နှင့် မကွာ အင်းအိုင် လက်ဖွဲ့ ဆောင်ထား ရသော သူတို့သည် မီးနေအိမ်၊ အသုဘအိမ် စသည်တို့ကို ၀င်မိခြင်းကြောင့် တစ်စုံတစ်ခု အပြစ် သင့်ရောက်မှု
    sin
    ကြိယာ

    ကင်းမုံ

    [kɪ́ɴmòʊɴ]
    အသီးအရွက်ကို ဟင်းချက် ရာမာ နွယ်ပင် တမျိုး
    အသီးအရွက်ကို ဟင်းချက် ရာတွင် နွယ်ပင် တစ်မျိုး
    cheese plant
    နာမ်

    ကင်းမြီးကောက်

    [kɪ́ɴmɹïkɔ́ɛʔ]
    ပတုံး ကောက်ကောက် လက်မ အစုံ ဟိရေ အဆိပ် ပြင်းရေ အညိုရောင် ကင်း သတ္တဝါ တမျိုး
    အမြီး ကောက်ကောက် လက်မ အစုံ ရှိသော အဆိပ် ပြင်းသည့် အညိုရောင် ကင်း သတ္တဝါ တစ်မျိုး
    scorpion
    နာမ်

    ကင်းယှင်း

    [kɪ́ɴʃɪ́ɴ]
    ဝီးကွာရေ။ ပပျောက်သည်
    ဝေးကွာသည်။ ပပျောက်သည်
    be unblemished (as in အပြစ်~-) - be clear of
    ကြိယာ

    ကင်းလက်မည်း

    [kɪ́ɴlɛʔmɛ́]
    အကောင် ကြီးပြီး အရောင် မဲနက်ရေ ကင်းမြီးကောက် တမျိုး
    အကောင် ကြီးပြီး အရောင် မည်းနက်သော ကင်းမြီးကောက် တစ်မျိုး
    scorpion
    နာမ်