Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,181–1,200 of 34,671 words

    က

    ကုပ်ကုပ်ကပ်ကပ်

    [koʊʔkoʊʔkaʔkaʔ]
    တိုလို့ယိုလို့သနန့် ဟိတိုးနောက်ဆုပ် ရွေ့ကာရွေ့ကာ
    မဝံ့မရဲသဖြင့် ရှေ့တိုးနောက်ဆုပ် ရွေ့ကာရွေ့ကာ
    disinclination
    ကြိယာဝိသေသန

    ကုပ်ကုပ်ရှုပ်ရှုပ်

    [koʊʔkoʊʔʃoʊʔʃoʊʔ]
    သိပ်သည်းပိပြားစွာ။ အထဲကိုကျုံ့ဝင်ခေါက်တွန့်ဗျာယ်။ ခဲခဲယဉ်းယဉ်း။ ကျပ်တည်းကျိုင်းမြောင်းစွာ
    သိပ်သည်းပိပြားစွာ။ အတွင်းသို့ကျုံ့ဝင်ခေါက်တွန့်လျက်။ ခဲခဲယဉ်းယဉ်း။ ကျပ်တည်းကျဉ်းမြောင်းစွာ
    density
    ကြိယာဝိသေသန

    ကုပ်ကုပ်ရှုပ်ရှုပ်၂

    [koʊʔkoʊʔʃoʊʔʃoʊʔ၂]
    အထဲကို လျော့တွန့်ချိုင့်ဝင်သော။ မဆူမဖြိုးကြုံလှီသော။ ပြောင်ပြောင်ထင်ထင် မဟုတ်ဘဲ၊ လူများ မတွိမမြင်နှိုင်သော
    အတွင်းသို့ လျော့တွန့်ချိုင့်ဝင်သော။ မဆူမဖြိုးကြုံလှီသော။ ပြောင်ပြောင်ထင်ထင် မဟုတ်ဘဲ၊ သူတစ်ပါး မတွေ့မမြင်နိုင်သော
    concavity
    နာမဝိသေသန

    ကုပ်ကုပ်သျှေ

    [koʊʔkoʊʔʃè]
    လုံးချင်းတည်း နီထိုင်သည်
    တစ်ဦးတစ်ယောက်တည်း နေထိုင်သည်
    single living
    နာမ်

    ကုပ်ချိုး

    [koʊʔɕó]
    ယမ်းခဲလုံးထည့်ပနာ ပစ်ရရေသီနတ်တမျိုး
    ယမ်းခဲလုံးထည့်၍ ပစ်ရသောသေနတ်တစ်မျိုး
    gun
    နာမ်

    ကုပ်ချီကုပ်ချောင်း

    [koʊʔɕíkoʊʔɕáʊɴ]
    လူများမတွိမမြင်စီပဲ။ ပြောင်ပြောင်ထင်ထင် သိသာမြင်သာမဟိစီမူပြီးကေ။ တိုလို့ယိုလို့သနန့် ဟိတိုးနောက်ဆုပ် ရွေ့ကာရွေ့ကာ။ မဝံ့ပိုင်၊ ဝံ့ပိုင်နန့်၊ ကုပ်ချီကုပ်ချောင်း၊ ဘဇောင်ဝါကြီးဖို့လဲ (ဓမ္မက)
    သူတစ်ပါးမတွေ့မမြင်စေပဲ။ ပြောင်ပြောင်ထင်ထင် သိသာမြင်သာမရှိစေမူ၍။ မဝံ့မရဲသဖြင့် ရှေ့တိုးနောက်ဆုပ် ရွေ့ကာရွေ့ကာ။ မဝံ့လိုလို၊ ဝံ့လိုလိုနန့်၊ ကုပ်ချီကုပ်ချောင်း၊ ဘဇောင်ဝါကြီးမလဲ (ဓမ္မက)
    timidly - stealthily
    ကြိယာဝိသေသန

    ကုပ်ဆက်

    [koʊʔsʰɛʔ]
    လည်ရိုးနှင့် ကြောရိုး ဆက်ရာအရပ်
    လည်ရိုးနှင့် ကျောရိုး ဆက်ရာအရပ်
    nape
    နာမ်

    ကုပ်ပိ

    [koʊʔpì]
    ပိုက်ချသော ကိရိယာတမျိုး
    ငါးဖမ်းသော ကိရိယာတစ်မျိုး
    fishing equipment
    နာမ်

    ကုပ်ပီ

    [koʊʔpí]
    ဂြိုသန်မာထွားကျိုင်းခြင်းမဟိဘဲ၊ ကွေးကောက်သိမ်ငယ်သော နွား၊ ကျွဲ အစဟိစွာ
    ဦးချိုသန်မာထွားကျိုင်းခြင်းမရှိဘဲ၊ ကွေးကောက်သိမ်ငယ်သော နွား၊ ကျွဲ စသည်
    Weak cow or buffalo
    နာမဝိသေသန

    ကုပ်ပီ၂

    [koʊʔpí၂]
    ကိုယ်ခန္ဓာ ကြီးသင့်သလောက် မကြီးရေ။ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးသော
    ကိုယ်ခန္ဓာ ကြီးသင့်သလောက် မကြီးသော။ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးသော
    unformed
    နာမဝိသေသန

    ကုပ်ဖီးကုပ်ဖဲ

    [koʊʔpʰïkoʊʔpʰɛ]
    ဆင်ခြီဆင်လက် ထူပြားစွာ
    ဆင်ခြေဆင်လက် ထူပြားစွာ
    excuses
    ကြိယာဝိသေသန

    ကုပ်ဖီးကုပ်ဖဲ၂

    [koʊʔpʰïkoʊʔpʰɛ၂]
    အကြောင်းအမျိုးမျိုးပြဆိုချက်။ အကြောင်းပြချက်အမျိုးမျိုး
    အကြောင်းအမျိုးမျိုးပြဆိုချက်။ အကြောင်းပြချက်အမျိုးမျိုး
    reasons
    နာမ်

    ကုပ်ရှုပ်

    [koʊʔʃoʊʔ]
    လူများမတွိမမြင်စီပဲ။ ပြောင်ပြောင်ထင်ထင် သိသာမြင်သာမဟိစီမူပြီးကေ။ ပုန်းလျှိုးကွယ်လျှိုး(လားလာဗျာယ်)
    သူတစ်ပါးမတွေ့မမြင်စေပဲ။ ပြောင်ပြောင်ထင်ထင် သိသာမြင်သာမရှိစေမူ၍။ ပုန်းလျှိုးကွယ်လျှိုး(သွားလာလျက်)
    hiding
    ကြိယာဝိသေသန

    ကုပ်ရှုပ်ကုပ်ရှုပ်

    [koʊʔʃoʊʔkoʊʔʃoʊʔ]
    လူများမတွိမမြင်စီပဲ။ ပြောင်ပြောင်ထင်ထင် သိသာမြင်သာမဟိစီမူပြီးကေ။ တိုလို့ယိုလို့သနန့် ဟိတိုးနောက်ဆုပ် ရွေ့ကာရွေ့ကာ။ မဝံ့ပိုင်၊ ဝံ့ပိုင်နန့်၊ ကုပ်ချီကုပ်ချောင်း၊ ဘဇောင်ဝါကြီးဖို့လဲ (ဓမ္မက)
    သူတစ်ပါးမတွေ့မမြင်စေပဲ။ ပြောင်ပြောင်ထင်ထင် သိသာမြင်သာမရှိစေမူ၍။ မဝံ့မရဲသဖြင့် ရှေ့တိုးနောက်ဆုပ် ရွေ့ကာရွေ့ကာ။ မဝံ့လိုလို၊ ဝံ့လိုလိုနန့်၊ ကုပ်ချီကုပ်ချောင်း၊ ဘဇောင်ဝါကြီးမလဲ (ဓမ္မက)
    hiding
    ကြိယာဝိသေသန

    ကုပ်လျှိုး

    [koʊʔʃó]
    လူများမတွိမမြင်စီပဲ။ ပြောင်ပြောင်ထင်ထင် သိသာမြင်သာမဟိစီမူပြီးကေ။ ပုန်းလျှိုးကွယ်လျှိုး(လားလာဗျာယ်)
    သူတစ်ပါးမတွေ့မမြင်စေပဲ။ ပြောင်ပြောင်ထင်ထင် သိသာမြင်သာမရှိစေမူ၍။ ပုန်းလျှိုးကွယ်လျှိုး(သွားလာလျက်)
    hiding
    ကြိယာဝိသေသန

    ကုပ်သား

    [koʊʔθá]
    ပက်ခုံးရိုးနှစ်ခုဆက်စပ်ရာမှ ပြန့်ကားထွက်နိန်ရေ အသားဆိုင်
    ပခုံးရိုးနှစ်ခုဆက်စပ်ရာမှ ပြန့်ကားထွက်နေသော အသားဆိုင်
    nape
    နာမ်

    ကုမုဒြာကြာ

    [koʊmoʊdɹàt͡ɕà]
    ဖြူဖွေးစွာ ပွင့်သော နွယ်လိုပင်လို ကြာတမျိုး
    ဖြူဖွေးစွာ ပွင့်သော နွယ်လိုပင်လို ကြာတစ်မျိုး
    fabulous white water-lily which blooms in moonlight [Sanကုမုဒြ ]
    နာမ်

    ကုယောင်

    [koʊjàʊɴ]
    အဂုထထိတိုင်။ ပြောဆိုဖော်ပြသော ကာလထိတောင်
    ယခုထထိတိုင်။ ပြောဆိုဖော်ပြသော ကာလတိုင်အောင်
    yet
    ကြိယာဝိသေသန

    ကုယောင်ထက်ထိ

    [koʊjàʊɴtʰɛʔtʰì]
    အဂု အချိန်ထိထိတောင်
    ယခု အချိန်ထိတိုင်အောင်
    yet
    ကြိယာဝိသေသန

    ကုယောင်ပင်

    [koʊjàʊɴpɪ̀ɴ]
    အဂု အချိန်ထိထိတောင်
    ယခု အချိန်ထိတိုင်အောင်
    yet
    ကြိယာဝိသေသန