Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,341–1,360 of 34,671 words

    က

    ကောက်တက်သိမ်း

    [kɔ́ɛʔtɛʔθéɪɴ]
    ရေဟိရေ လယ်ကွက်များမာ ကောက်ရိုးခြီမှထွက်လှာသော စပါးသီးနှံတိကို တဖန်ရိတ်ခြင်း
    ရေရှိသော လယ်ကွက်များတွင် ရိုးပြတ်မှထွက်လာသော စပါးသီးနှံများကို တစ်ဖန်ရိတ်ခြင်း
    reap (paddy)
    နာမ်

    ကောက်တက်သျှေ

    [kɔ́ɛʔtɛʔʃè]
    နိူင်းဖက်တခုတရီထက် အရွယ်ပမာဏ မကြီးရေ (အရာ)။ ငယ်ရေ ပမာဏဟိရေ
    ယှဉ်ဖက်တစ်စုံတစ်ရာထက် အရွယ်ပမာဏ မကြီးသော (အရာ)။ သေးငယ်သော ပမာဏရှိသော
    extra small
    နာမ်

    ကောက်တက်သျှေကောက်ညှာသျှေ

    [kɔ́ɛʔtɛʔʃèkɔ́ɛʔɲ̯àʃè]
    အလီး မထားလောက်ယောင် ငယ်သော။ ပကတိ ဟိမြဲအရွယ်သို့ မရောက်သိမ့်သော
    အလေး မထားလောက်အောင် ငယ်သော။ ပကတိ ရှိမြဲအရွယ်သို့ မရောက်သေးသော
    small
    နာမဝိသေသန

    ကောက်တက်သျှေကောက်ညှောက်သျှေ

    [kɔ́ɛʔtɛʔʃèkɔ́ɛʔɲ̯ɔ́ɛʔʃè]
    အလီး မထားလောက်ယောင် ငယ်သော။ ပကတိ ဟိမြဲအရွယ်သို့ မရောက်သိမ့်သော
    အလေး မထားလောက်အောင် ငယ်သော။ ပကတိ ရှိမြဲအရွယ်သို့ မရောက်သေးသော
    small
    နာမဝိသေသန

    ကောက်တလိကောက်တလာ

    [kɔ́ɛʔtlìkɔ́ɛʔtlà]
    တလုံးတပါဒအစဟိစွာမျှ တတ်သိနားလည်ခြင်း
    တစ်လုံးတစ်ပါဒစသည်မျှ တတ်သိနားလည်ခြင်း
    sapience
    နာမ်

    ကောက်တလိကောက်တလာ၂

    [kɔ́ɛʔtlìkɔ́ɛʔtlà၂]
    အသီးအဆံ ယှူရေသော ကောက်ပဲသီးနှံ
    အသီးအဆံ မအောင်မြင်သော ကောက်ပဲသီးနှံ
    fruit hair crops fail
    နာမ်

    ကောက်တလိကောက်တလာ၃

    [kɔ́ɛʔtlìkɔ́ɛʔtlà၃]
    စိကေချေလားတတ်ရုံမျှဖြစ်ရေ အဘုချေ
    အနည်းငယ်သွားတတ်ရုံမျှဖြစ်သော ခလေး
    child - infant
    နာမ်

    ကောက်တလိကောက်တလာသျှေ

    [kɔ́ɛʔtlìkɔ́ɛʔtlàʃè]
    အသီးအဆံ ယှူရေသော၊ သုဉ်ဖျင်းသော ကောက်ပဲသီးနှံ။ ရွီးကတ်င်း သစ်သီးလုံးများ
    အသီးအဆံ မအောင်မြင်သော၊ သုဉ်ဖျင်းသော ကောက်ပဲသီးနှံ။ ရွေးကြင်း သစ်သီးလုံးများ
    chaff
    နာမ်

    ကောက်တလိကောက်တလောက်

    [kɔ́ɛʔtlìkɔ́ɛʔtlɔ́ɛʔ]
    မဖြောင့်၊ လိမ်ကောက်ကွိသော အရာ
    မဖြောင့်၊ လိမ်ကောက်ကွေ့သော အရာ
    kind of large timber tree Terminalia pyrifolia
    နာမ်

    ကောက်တလောက်

    [kɔ́ɛʔtlɔ́ɛʔ]
    စိတ်ကောက်တတ်ရေသူ
    စိတ်ကောက်တတ်သောသူ
    sulky
    နာမ်

    ကောက်တီကောက်တာ

    [kɔ́ɛʔtíkɔ́ɛʔtà]
    မသန်မစွမ်း၊ အသီာင်အဖျင်း၊ ဖျင်းသောညံ့သောသူ (သို့) အရာ
    မသန်မစွမ်း၊ အသောင်အဖျင်း၊ ဖျင်းသောညံ့သောသူ (သို့) အရာ
    differently able
    နာမ်

    ကောက်တီကောက်တာသျှေ

    [kɔ́ɛʔtíkɔ́ɛʔtàʃè]
    ပကတိဟိမြဲအရွယ်ထက် ငယ်သော။ တဝတဝငယ်သော။ ငယ်ရွယ်သော
    ပကတိရှိမြဲအရွယ်ထက် ငယ်သော။ အလွန်သေးငယ်သော။ ငယ်ရွယ်သော
    extra small
    နာမ်

    ကောက်တီကောက်တောက်

    [kɔ́ɛʔtíkɔ́ɛʔtɔ́ɛʔ]
    စိကေချေ လားတတ် လာတတ် မပီကလာ ပီကလာစကားတခွန်းတလေ ပြောတတ်မျှဖြစ်ရေ အချေ
    အနည်းငယ် သွားတတ် လာတတ် မပီကလာ ပီကလာစကားတစ်ခွန်းတလေ ပြောတတ်မျှဖြစ်သော ကလေး
    baby
    နာမ်

    ကောက်တောက်

    [kɔ́ɛʔtɔ́ɛʔ]
    စိတ်ကောက်တတ်ရေသူ။ လိမ်ကွေးသောအရာ
    စိတ်ကောက်တတ်သောသူ။ လိမ်ကွေးသောအရာ
    sulky
    နာမ်

    ကောက်ထိုး

    [kɔ́ɛʔtʰó]
    တောင်ယာ၌ တောရှင်း၍ ယှင်းပြီးရေ မြေမာ ကောက်ထိုးတံနန့် မားပြုပနာ စပါးမျိုးစိများချရေ
    တောင်ယာ၌ တောခုတ်၍ ရှင်းပြီးသော မြေတွင် ကောက်ထိုးတံဖြင့် တွင်းပြု၍ စပါးမျိုးစေ့များချသည်
    transplant paddy
    ကြိယာ

    ကောက်ထိုးတံ

    [kɔ́ɛʔtʰótံ]
    အဖျားမာ သံချွန်တပ်ထားရေ တနည်း တရွင်းပိုင် ပြုလုပ်ထားရေ ကောက်ထိုးတုတ်တံ
    အဖျားတွင် သံချွန်တပ်ထားသော သို့မဟုတ် တူးရွင်းကဲ့သို့ ပြုလုပ်ထားသော ကောက်ထိုးတုတ်တံ
    jemmy
    နာမ်

    ကောက်နုတ်

    [kɔ́ɛʔnoʊʔ]
    သင့်တော်ရာကို ထုတ်ယူရေ
    သင့်တော်ရာကို ထုတ်ယူသည်
    excerpt - extract - generalize
    ကြိယာ

    ကောက်နုတ်ချက်

    [kɔ́ɛʔnoʊʔɕɛʔ]
    သင့်တော်ရာကို ထုတ်ယူထားရေ အကြောင်းအရာ
    သင့်တော်ရာကို ထုတ်ယူထားသော အကြောင်းအရာ
    excerpt - extract - generalization
    ကြိယာ

    ကောက်နှံ

    [kɔ́ɛʔn̥ံ]
    စပါးအသီးအခိုင်။ ၂၊ စပါးရိတ်ရာမာ ကျန်ရစ်သော သီးနှံ။ သံစဉ်လွတ် စပါးနှံ။ ကောက်သင်း
    စပါးအသီးအခိုင်။ ၂၊ စပါးရိတ်ရာတွင် ကျန်ရစ်သော သီးနှံ။ သံစဉ်လွတ် စပါးနှံ။ ကောက်သင်း
    grain ears of paddy lying in the field after reaping
    နာမ်

    ကောက်နှံကောက်

    [kɔ́ɛʔn̥ံkɔ́ɛʔ]
    ကောက်ရိတ်ရာမာ ကျန်ရစ်သောစပါးနှံကို ရှာဖွီကောက်ယူရေ။ ကောက်သင်းကောက်ရေ။ ပြန့်ကြဲနိန်ရေ အရာတိကို စုဆောင်းသိမ်းဆည်းသည်
    ကောက်ရိတ်ရာတွင် ကျန်ရစ်သောစပါးနှံကို ရှာဖွေကောက်ယူသည်။ ကောက်သင်းကောက်သည်။ ပြန့်ကျဲနေသော အရာများကို စုဆောင်းသိမ်းဆည်းသည်
    glean - gather remnants of paddy after reaping [fig] glean - collect scattered remnants - round upstrays - scrape together from diverse sources
    ကြိယာ