Dictionary Entries
Showing 241–260 of 34,671 words
က
ကထိကရောက်၂
[ktʰìkɹɔ́ɛʔ၂]
Arakanese:
ပေါက်ရောက် အောင်မြင်ရေ။ လိုရင်းရောက်ရေ။ အကျိုးသက်ရောက်ရေ။ ထိရောက်ရေ
Burmese:
ပေါက်ရောက် အောင်မြင်သည်။ လိုရင်းရောက်သည်။ အကျိုးသက်ရောက်သည်။ ထိရောက်သည်
English:
effective
Grammar Note:
ကြိယာ
ကထိန်
[ktʰèɪɴ]
Arakanese:
ဝါကျွတ်လပြည့်ကျော် တရက်နိမှ တန်ဆောင်မုန်း လပြည့်ကျော် တရက်နိအထိ ယင်းအထဲ ကပ်လှူရခြင်းမျိုး
Burmese:
သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်း လပြည့်ကျော် တစ်ရက်နေ့အထိ ယင်းအတွင်း ကပ်လှူရခြင်းမျိုး
English:
one of the Buddhist religious festival - "Kahtain; offering of yellow robes to the members of the Buddhist Order for a special purpose between the first waning day of သီတင်းကျွတ် and full-moon day of တန်ဆောင်မုန်း [Pali ကထိန]"
Grammar Note:
နာမ်
ကထိန်ခင်း
[ktʰèɪɴkʰɪ́ɴ]
Arakanese:
ကထိန်သင်္ကန်းကို ကပ်လှူသည်
Burmese:
ကထိန်သင်္ကန်းကို ကပ်လှူသည်
English:
donate robes
Grammar Note:
ကြိယာ
ကထုကရု
[ktʰoʊkɹoʊ]
Arakanese:
အဖုအထိုက်များရေ။ မညီညွတ်သော။ ပြေပြစ်မှုမဟိရေ
Burmese:
အဖုအထိုက်များသော။ မညီညွတ်သော။ ပြေပြစ်မှုမရှိသော
English:
no elegant
Grammar Note:
နာမဝိသေသန
ကထောက်ကမောက်
[ktʰɔ́ɛʔkmɔ́ɛʔ]
Arakanese:
ဗရမ်းဗတာ ဖွာကြဲဗျာယ်။ သီသပ်ခြင်းမဟိဘဲ။ ဗြန်းစိကာရဘဲ။ တိမ်းလွဲ ချွတ်ချော်သော အနိန်နန့်
Burmese:
အစီအစဉ်မကျ ပြန့်ကြဲလျက်။ သေသပ်ခြင်းမရှိဘဲ။ စည်းကမ်းမရှိဘဲ။ တိမ်းလွဲ ချွတ်ချော်သော အားဖြင့်
English:
no disciplinary
Grammar Note:
ကြိယာဝိသေသန
ကထောက်ကရောက်
[ktʰɔ́ɛʔkɹɔ́ɛʔ]
Arakanese:
အတိအကျအခိုင်အမာ မဟုတ်ဘဲ။ စနစ်တကျမဟုတ်ဘဲ။ မျှော်ကာမှန်းဆက်ပြီးကေ။ ဖာလိဖာလာ။ ထင်ရာမြင်ရာ
Burmese:
အတိအကျအခိုင်အမာ မဟုတ်ပဲ။ စနစ်တကျမဟုတ်ပဲ။ မျှော်ကာမှန်းဆက်၍။ ဖြစ်ကတတ်ဆန်း။ ထင်ရာမြင်ရာ
English:
scattered
Grammar Note:
ကြိယာဝိသေသန
ကထောက်ကရောက်၂
[ktʰɔ́ɛʔkɹɔ́ɛʔ၂]
Arakanese:
မပြေပြစ်။ မညီမညာ။ တခုနန့် တခု မစပ်မဟပ်သော အနိန်နန့်။ အစီအစိုင်မဟိ ပြောဟောဗျာယ်။ ရည်ရွယ်ချက် မဟိဘဲ လားလာ လည်ပတ်ဗျာယ်
Burmese:
မပြေပြစ်။ မညီမညာ။ တစ်ခုနှင့် တစ်ခု မစပ်မဟပ်သော အားဖြင့်။ အစီအစဉ်မရှိ ပြောဟောလျက်။ ရည်ရွယ်ချက် မရှိဘဲ သွားလာ လည်ပတ်လျက်
English:
unevenly
Grammar Note:
ကြိယာဝိသေသန
ကထောင်းကပါး
[ktʰáʊɴkpàး]
Arakanese:
အကွဲကွဲအပြားပြား။ ဗရမ်းဗစွာပါရာ။ ကရားကထားကျဲပြန့်ဗျာယ်။ အားကိုးမှီခိုရာ ကင်းမဲ့ဗျာယ်။ ဗြန်းစိကာရဘဲ။ ပျက်စီးဘနန်း
Burmese:
အကွဲကွဲအပြားပြား။ အစီအစဉ်မကျပဲ။ ဖရိုဖရဲကျဲပြန့်လျက်။ အားကိုးမှီခိုရာ ကင်းမဲ့လျက်။ စည်းကမ်းမရှိဘဲ။ ပျက်စီးဘနန်း
English:
derange
Grammar Note:
ကြိယာဝိသေသန
ကထောင်ကမောင်း
[ktʰàʊɴkmáʊɴ]
Arakanese:
နိမ့်တုံတခါ မြင်တုံတချက်။ မညီမညာ။ ပြေပြစ်မှုမဟိဘဲ
Burmese:
နိမ့်တုံတစ်ခါ မြင်တုံတစ်ချက်။ မညီမညာ။ ပြေပြစ်မှုမရှိဘဲ
English:
no elegant
Grammar Note:
ကြိယာဝိသေသန
ကထောင်းကရား
[ktʰáʊɴkɹá]
Arakanese:
အကွဲကွဲအပြားပြား။ တကွဲတပြားစီဖြစ်ဗျာယ်
Burmese:
အကွဲကွဲအပြားပြား။ တစ်ကွဲတစ်ပြားစီဖြစ်လျက်
English:
derange
Grammar Note:
ကြိယာဝိသေသန
ကထောင်းကရောက်
[ktʰáʊɴkɹɔ́ɛʔ]
Arakanese:
အတိအကျအခိုင်အမာ မဟုတ်ဘဲ။ စနစ်တကျမဟုတ်ဘဲ။ မျှော်ကာမှန်းဆက်ပြီးကေ။ ဖာလိဖာလာ။ ထင်ရာမြင်ရာ
Burmese:
အတိအကျအခိုင်အမာ မဟုတ်ပဲ။ စနစ်တကျမဟုတ်ပဲ။ မျှော်ကာမှန်းဆက်၍။ ဖြစ်ကတတ်ဆန်း။ ထင်ရာမြင်ရာ
English:
no disciplinary
Grammar Note:
ကြိယာဝိသေသန
ကထောင်ကရောင်
[ktʰàʊɴkɹàʊɴ]
Arakanese:
နိမ့်တုံတခါ မြင့်တုံတချက်။ မညီမညာ။ ပြေပြစ်မှုမဟိဘဲ
Burmese:
နိမ့်တုံတစ်ခါ မြင့်တုံတစ်ချက်။ မညီမညာ။ ပြေပြစ်မှုမရှိဘဲ
English:
no elegant
Grammar Note:
ကြိယာဝိသေသန
ကထောင်းကရောင်
[ktʰáʊɴkɹàʊɴ]
Arakanese:
မပြေမပြစ်။ မညီမညွတ်။ ဗရမ်းဗတာ ဖွာကြဲဗျာယ်
Burmese:
မပြေမပြစ်။ မညီမညွတ်။ အစီအစဉ်မကျ ပြန့်ကြဲလျက်
English:
scattered
Grammar Note:
ကြိယာဝိသေသန
ကံဒို့ကံဒါ
[kံdo̰kံdà]
Arakanese:
အယင်ဦးဆုံး ဈီးဦးဈီးဖျား စတင်ရောင်းချခြင်းကို ပြုသည်
Burmese:
ပထမဦးစွာ ဈေးဦးဈေးဖျား စတင်ရောင်းချခြင်းကို ပြုသည်
English:
make the first sale of the day - receive handsel
Grammar Note:
ကြိယာ
ကဒိုက်ထိုး
[kdaɪʔtʰó]
Arakanese:
မစဉ်းမစား၊ မဆင်မခြင်။ ဒရောင်းဆရောင်း
Burmese:
မစဉ်းမစား၊ မဆင်မခြင်။ အရမ်းကာရော
English:
rashly - inconsiderately - recklessly - no specific right
Grammar Note:
ကြိယာဝိသေသန
ကံဒို့ချ
[kံdo̰ɕ]
Arakanese:
ဗွေဆော်ဦး အဦးအလျင်အနိန်နန့်
Burmese:
ဗွေဆော်ဦး အဦးအလျင်အားဖြင့်
English:
first
Grammar Note:
ကြိယာဝိသေသန
ကံဒုကံဒါ
[kံdoʊkံdà]
Arakanese:
ဈီးဦးဈီးဖျား။ အယင်ဦးဆုံးရောင်းရခြင်း
Burmese:
ဈေးဦးဈေးဖျား။ ပထမဦးစွာရောင်းရခြင်း
English:
first sale
Grammar Note:
နာမ်
ကံဒုချ
[kံdoʊɕ]
Arakanese:
ဈီးဦးဈီးဖျား။ အယင်ဦးဆုံးရောင်းရခြင်း
Burmese:
ဈေးဦးဈေးဖျား။ ပထမဦးစွာရောင်းရခြင်း
English:
first sale
Grammar Note:
နာမ်
ကနက္ကဒဏ်
[knkə́kədn်]
Arakanese:
အရိုးအထွတ်၌ န၀ရတ် ကိုးသွယ်နန့် စီခြယ်၍ တတိုင်း နှစ်သိုက်မှ သံကြီး၊ တမန်တော် ရောက်လတ်သော် ဆောင်းအပ်ရေ ထီး တမျိုး
Burmese:
အရိုးအထွတ်၌ န၀ရတ် ကိုးသွယ်ဖြင့် စီခြယ်၍ တစ်တိုင်း တစ်ပြည်မှ သံကြီး၊ တမန်တော် ရောက်လတ်သော် ဆောင်းအပ်သော ထီး တစ်မျိုး
English:
white silken umbrella with a shaft of gold [Pali ကနက + ဒဏ္ဍ]
Grammar Note:
နာမ်
ကနက်
[knɛʔ]
Arakanese:
မင်းရို့၏ ဆောင်းအပ်ရေ ထီးအမျိုးမျိုးကို ခြုံ၍ ခေါ်သော စကားလုံး
Burmese:
မင်းတို့၏ ဆောင်းအပ်သော ထီးအမျိုးမျိုးကို ခြုံ၍ ခေါ်သော စကားလုံး
English:
umbrella
Grammar Note:
နာမ်