Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 281–300 of 34,671 words

    က

    ကနားချောင်း

    [knáɕáʊɴ]
    အနား စောင်းထားရေ ဝါးခြမ်း။ ၂၊ ဝါးခြမ်းစိတ် အတိုအစ
    အနား စောင်းထားသော ဝါးခြမ်း။ ၂၊ ဝါးခြမ်းစိတ် အတိုအစ
    canted bamboo
    နာမ်

    ကနားခြမ်း

    [knákʰɹáɴ]
    အနား စောင်းထားရေ ဝါးခြမ်း
    အနား စောင်းထားသော ဝါးခြမ်း
    canted bamboo
    နာမ်

    ကနားစိတ်

    [knáseɪʔ]
    အနား စောင်းထားရေ ဝါးခြမ်း။ ၂၊ ဝါးခြမ်းစိတ် အတိုအစ
    အနား စောင်းထားသော ဝါးခြမ်း။ ၂၊ ဝါးခြမ်းစိတ် အတိုအစ
    canted bamboo
    နာမ်

    ကနားစူး

    [knásùး]
    အနား စောင်းထားရေ ဝါးခြမ်း။ ၂၊ စူးရှနှိုင်ရေ ဝါးခြမ်း အစအန။ ဝါးချွန်။ ဝါးစူး
    အနား စောင်းထားသော ဝါးခြမ်း။ ၂၊ စူးရှနိုင်သော ဝါးခြမ်း အစအန။ ဝါးချွန်။ ဝါးစူး
    canted bamboo
    နာမ်

    ကနိ

    [knì]
    ဤနိ။ ဒေနိ
    ဤနေ့။ ယနေ့
    today
    နာမ်

    ကနိကနိ

    [knìknì]
    ရီသောက်ရီ့ အခါ မတော် တဆ ရေမြက်၍ နခေါင်းထဲကို တက်သွားရင် အဘုချေ သူငယ်ရို့အား မတိလုပ်ရေ့ အနေနန့် "ကနိ ကနိ" ဟုဆို၍ နရွက်ကို ကိုင်ကာ လှုပ်ပီးရေ
    ရေသောက်သည့် အခါ မတော် တဆ ရေမြက်၍ နှာခေါင်းထဲသို့ တက်သွားလျှင် ခလေး သူငယ်တို့အား မတိလုပ်သည့် အနေဖြင့် "ကနိ ကနိ" ဟုဆို၍ နားရွက်ကို ကိုင်ကာ လှုပ်ပေးသည်
    ka ni sound
    ကြိယာ

    ကနိမ့်သီး

    [knèɪɴ့θï]
    အစာစားသော အခါမာပင်ဖြစ်ဖြစ်၊ ရီသောက်သော အခါမာပင်ဖြစ်ဖြစ်၊ နခေါင်းထဲကိုတက်လားခလို့ ဖြစ်ရရေ အရာ
    အစာစားသော အခါတွင်လည်းကောင်း၊ ရေသောက်သော အခါတွင်လည်းကောင်း၊ နှာခေါင်းထဲသို့တက်သွားသဖြင့် ဖြစ်ရသော အရာ
    choke while drinking
    ကြိယာ

    ကနိသီး

    [knìθï]
    အစာ စားနိန်ရေ အခါမှ ပင်ဖြစ်ဖြစ်၊ ရီသောက်သော အခါမှ ပင်ဖြစ်ဖြစ်၊ နခေါင်းထဲကို တက်လားနန့် ဖြစ်ရရေ အရာ
    အစာ စားနေသော အခါတွင် လည်းကောင်း၊ ရေသောက်သော အခါတွင် လည်းကောင်း၊ နှာခေါင်းထဲသို့ တက်သွားဖြင့် ဖြစ်ရသော အရာ
    choke while drinking
    နာမ်

    ကနူ

    [knù]
    ရခိုင်ဗိသုကာဆိုင်ရာ ကျောက်ကို ထွင်းဆစ်ထားရေ ခြူပန်း ခြူးနွယ် တမျိုး။ သစ်ခက်မာ ထွင်းထားရေ ပန်းခက် ပန်းနွယ် တမျိုး
    ရခိုင်ဗိသုကာဆိုင်ရာ ကျောက်ကို ထွင်းဆစ်ထားသော ခြူပန်း ခြူးနွယ် တစ်မျိုး။ သစ်ခက်တွင် ထွင်းထားသော ပန်းခက် ပန်းနွယ် တစ်မျိုး
    arabesque
    နာမ်

    ကနူချောင်း

    [knùɕáʊɴ]
    သံဃတော်များ ကုဋီတက်ရာမာ အသုံးပြုရေ တုတ်ချောင်း
    သံဃတော်များ ကုဋီတက်ရာတွင် အသုံးပြုသော တုတ်ချောင်း
    stick
    နာမ်

    ကနူတံ

    [knùtံ]
    သံဃတော်များ ကုဋီတက်ရာမာ အသုံးပြုရေ တုတ်ချောင်း
    သံဃတော်များ ကုဋီတက်ရာတွင် အသုံးပြုသော တုတ်ချောင်း
    stick
    နာမ်

    ကနဲ

    [knɛ]
    ဖြုတ်ခြည်း ဖြစ်ပျက်ခြင်းကို ညွှန်ပြသော စကားလုံး
    ဖြုတ်ချည်း ဖြစ်ပျက်ခြင်းကို ညွှန်ပြသော စကားလုံး
    glance
    ပစ္စည်း

    ကန္တို့

    [kn̪a̰n̪t̪a̰o̰]
    ဗွေဆော်ဦး အဦးအလျင်အနိန်နန့်
    ဗွေဆော်ဦး အဦးအလျင်အားဖြင့်
    first
    ကြိယာ

    ကန္တို့ကန္တါ

    [kn̪a̰n̪t̪a̰o̰kn̪a̰n̪t̪a̰à]
    အယင်ဦးဆုံး ဈီးဦးဈီးဖျား စတင်ရောင်းချခြင်းကို ပြုသည်
    ပထမဦးစွာ ဈေးဦးဈေးဖျား စတင်ရောင်းချခြင်းကို ပြုသည်
    first sale
    ကြိယာ

    ကန္တု

    [kn̪a̰n̪t̪a̰oʊ]
    ဈီးဦးဈီးဖျား။ အယင်ဦးဆုံးရောင်းရခြင်း
    ဈေးဦးဈေးဖျား။ ပထမဦးစွာရောင်းရခြင်း
    first sale
    နာမ်

    ကန္တုကန္တါ

    [kn̪a̰n̪t̪a̰oʊkn̪a̰n̪t̪a̰à]
    ဈီးဦးဈီးဖျား။ အယင်ဦးဆုံးရောင်းရခြင်း
    ဈေးဦးဈေးဖျား။ ပထမဦးစွာရောင်းရခြင်း
    first sale
    နာမ်

    ကန်

    [kàɴ]
    နီထိုင်ရန်နီရာ လောက်ငှသော။ ထည့်စရာဆံ့သော
    နေထိုင်ရန်နေရာ လုံလောက်သော။ ထည့်စရာဆံ့သော
    enough
    နာမဝိသေသန

    ကန့်

    [kàɴ့]
    ထိုးကျောက်ရေ။ နာကြင်ရေ။ များစွာလန့်နိုး၊ သားသန္ဓေကြောင့်၊ လီကန့်ထိုးလို့(ပန်း)
    ထိုးကန်သည်။ နာကျင်သည်။ များစွာလန့်နိုး၊ သားသန္ဓေကြောင့်၊ လေကန့်ထိုးလို့(ပန်း)
    pain
    ကြိယာ

    ကန်း

    [káɴ]
    မျက်စိမမြင်၊ အလင်းရောင်ကွယ်ရေ။ နင့်ခြေသံလေ၊ အလွန်ကြမ်းကေ၊ ကန်းပင်ကန်းငြား(ရာမ)။ အသိအလိမ္မာကင်းရေ။ ဆိုးယုတ်ရေ။ ဆင်ခြင်ဉာဏ်ကင်းမဲ့ရိုင်းပြရေ။ (သစ်သီးဝလံ) ယှူရေဖြစ်တေ။ သားသမီးမရဖြစ်တေ။ (သားသမီးကန်းရေ။
    မျက်စိမမြင်၊ အလင်းရောင်ကွယ်သည်။ နင့်ခြေသံလေ၊ အလွန်ကြမ်းကေ၊ ကန်းပင်ကန်းငြား(ရာမ)။ အသိအလိမ္မာကင်းသည်။ ဆိုးယုတ်သည်။ ဆင်ခြင်ဉာဏ်ကင်းမဲ့ရိုင်းပျသည်။ (သစ်သီးဝလံ) မအောင်မြင်ဖြစ်သည်။ သားသမီးမရဖြစ်သည်။ (သားသမီးကန်းသည်။
    seam
    ကြိယာ

    ကန်၂

    [kàɴ၂]
    လူရို့ အိုင်ပိုင် တူးဆည်ထားရေ အရာ
    လူတို့ အိုင်သဖွယ် တူးဆည်ထားသော အရာ
    lake - pond - tank
    နာမ်