Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 32,061–32,080 of 34,671 words

    အ

    အမှောင်တိုက်

    [ʔm̥àʊɴtaɪʔ]
    မိုက်အောင် စီမံပြုလုပ်ထားရေ အခန်း
    မှောင်အောင် စီမံပြုလုပ်ထားသော အခန်း
    dark room
    နာမ်

    အမှော်စိတ်ကေ

    [ʔm̥ɔ̀seɪʔkè]
    ပဲ၊ စပါး၊ ပြောင်း၊ လူး၊ ဆပ် အစဟိစွာရို့၏ အရိုး၊ အရွက် ကြီညက်သော အခွံနှင့် အညှက်ဆိုးများ
    ပဲ၊ စပါး၊ ပြောင်း၊ လူး၊ ဆပ် စသည်တို့၏ အရိုး၊ အရွက် ကြေညက်သော အခွံနှင့် အမှိုက်သရိုက်များ
    paddy
    နာမ်

    အယ

    [ʔj]
    ကြင်နာ မြတ်နိုးမှုဖြင့် ညင်သာစွာ ပြုမူသည်
    ကြင်နာ မြတ်နိုးမှုဖြင့် ညင်သာစွာ ပြုမူသည်
    fondle
    ကြိယာ

    အယက်ကြီး

    [ʔjɛʔt͡ɕï]
    (ရိုင်း) အစာကို အလွန်အကျွံ စားလေ့ဟိသည်
    (ရိုင်း) အစာကို အလွန်အမင်း စားလေ့ယှိသည်
    eat
    ကြိယာ

    အယက်ကြီး၂

    [ʔjɛʔt͡ɕï၂]
    (ရိုင်း) ယင်းပိုင် အလွန်အကျွံ စားလေ့ဟိသူကို ပြောသော စကား
    (ရိုင်း) ယင်းသို့ အလွန်အမင်း စားလေ့ယှိသူကို ပြောသော စကား
    none
    နာမ်

    အယက်ငံ

    [ʔjɛʔŋံ]
    (ရိုင်း) အစားအသီာက်၌ အလွန် လောဘသန်ရေ။ အစားအသီာက်၌ အလွန် တပ်မက်မောသည်
    (ရိုင်း) အစားအသောက်၌ အလွန် လောဘကြီးသည်။ အစားအသောက်၌ အလွန် တပ်မက်မောသည်
    overeat
    ကြိယာ

    အယက်သန်

    [ʔjɛʔθàɴ]
    (ရိုင်း) အစာကို အလွန်အကျွံ စားလေ့ဟိသည်
    (ရိုင်း) အစာကို အလွန်အမင်း စားလေ့ယှိသည်
    overeat
    ကြိယာ

    အယင်

    [ʔjɪ̀ɴ]
    ရှီးဦးစွာ။ အယင်ဦးဆုံး။ အယင့်အယင်
    ရှေးဦးစွာ။ ပထမဦးစွာ။ အလျင်အမြန်
    firstly
    ကြိယာဝိသေသန

    အယင့်

    [ʔjɪ̀ɴ့]
    အချိန်ကာလ အတိုင်းအတာ ခရီး အကွာအဝီး အတိုင်းအတာ
    အချိန်ကာလ အတိုင်းအတာ ခရီး အကွာအဝေး အတိုင်းအတာ
    through
    နာမ်

    အယင်း

    [ʔjɪ́ɴ]
    နောက်မကျပဲ။ အလျင်ဦးစွာ။ အဦးဖျဖျား
    နောက်မကျပဲ။ အလျင်ဦးစွာ။ ဦးဦးဖျားဖျား
    first
    ကြိယာဝိသေသန

    အယင်း၂

    [ʔjɪ́ɴ၂]
    ရှည်လျား သိမ်ငယ်ရေ
    ရှည်လျား သေးသိမ်သော
    long
    နာမဝိသေသန

    အယင်က

    [ʔjɪ̀ɴk]
    လွန်ခရေ ကာလမာ ဖြစ်ရေ။ လွန်ခရေ ကာလနှင့် ဆိုင်ရေ
    လွန်ခဲ့သော ကာလ၌ ဖြစ်သော။ လွန်ခဲ့သော ကာလနှင့် ဆိုင်သော
    before in the past
    နာမဝိသေသန

    အယင်ကခါ

    [ʔjɪ̀ɴkkʰà]
    ဟိးအခါ ကာလ။ ယေဘုယျအနိန်နန့် ဖေါ်ပြသော။ ရှေးအချိန် ကာလတခု
    ရှေးအခါ ကာလ။ ယေဘုယျ အားဖြင့် ဖေါ်ပြသော။ ရှေးအချိန် ကာလတစ်ခု
    before in the past
    နာမ်

    အယင်ကစွာ

    [ʔjɪ̀ɴkswà]
    ပြောဆို ဖော်ပြရေ့ ကာလ မရောက်ခင် အတိတ်က ဖြစ်ရေ ဝန်ဥစ္စာ
    ပြောဆို ဖော်ပြသည့် ကာလ မတိုင်မီ အတိတ်က ဖြစ်သော ပစ္စည်းဥစ္စာ
    none
    နာမ်

    အယင်ကစွာပိုင်

    [ʔjɪ̀ɴkswàpàɪɴ]
    (တခုတရီ တဦး တယောက်နှင့်) ထပ်တူထပ်မျှ။ တတဖဲ့ချေနန့်တည်း။ နည်းတူ အယင်က ပြုမူ ဆောင်ရွက် ခရေနှင့် ထပ်တူ အယင်နည်းအတိုင်း
    (တစ်စုံတစ်ရာ တစ်ဦး တစ်ယောက်နှင့်) ထပ်တူထပ်မျှ။ တစ်နည်းတစ်ဖုံတည်း။ နည်းတူ ယခင်က ပြုမူ ဆောင်ရွက် ခဲ့သည်နှင့် ထပ်တူ ယခင်နည်းအတိုင်း
    traditionally
    ကြိယာဝိသေသန

    အယင်ကစွာရုပ်

    [ʔjɪ̀ɴkswàɹoʊʔ]
    အယင်က ပြုမူ ဆောင်ရွက်ခရေနှင့် ထပ်တူ။ အယင် နည်းအတိုင်း
    ယခင်က ပြုမူ ဆောင်ရွက်ခဲ့သည်နှင့် ထပ်တူ။ ယခင် နည်းအတိုင်း
    traditionally
    ကြိယာဝိသေသန

    အယင်ကပင်

    [ʔjɪ̀ɴkpɪ̀ɴ]
    အစပထမ ဖြစ်ရေ။ အလျင်ဆုံး ကျသော။ ကနဦး ဖြစ်ရေ။ ရှီးဦး ဖြစ်ရေ
    အစပထမ ဖြစ်သော။ အလျင်ဆုံး ကျသော။ ကနဦး ဖြစ်သော။ ရှေးဦး ဖြစ်သော
    first
    နာမဝိသေသန

    အယင်ကပင်၂

    [ʔjɪ̀ɴkpɪ̀ɴ၂]
    နောင်ပြုဆဲ ပြုအံ့ ကိစ္စကို တင်ကူး ဆောင်ရွက်ရေ။ ကြိုတင်သည်
    နောင်ပြုဆဲ ပြုလတ္တံ့ ကိစ္စကို တင်ကူး ဆောင်ရွက်သည်။ ကြိုတင်သည်
    prepare
    ကြိယာ

    အယင်ကပိုင်

    [ʔjɪ̀ɴkpàɪɴ]
    တူညီချက်ကို နှိုင်းနိူင်းပြသော စကား။ (ပိုင်။ လို။ နှယ်။
    တူညီချက်ကို နှိုင်းယှဉ်ပြသော စကား။ (သဖွယ်။ လို။ နှယ်။
    as
    ပစ္စည်း

    အယင်ကရုပ်

    [ʔjɪ̀ɴkɹoʊʔ]
    အယင်က ပြုမူ ဆောင်ရွက်ခရေနှင့် ထပ်တူ။ အယင် နည်းအတိုင်း
    ယခင်က ပြုမူ ဆောင်ရွက်ခဲ့သည်နှင့် ထပ်တူ။ ယခင် နည်းအတိုင်း
    traditionally
    ကြိယာဝိသေသန