Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 32,081–32,100 of 34,671 words

    အ

    အယင်ကရုပ်၂

    [ʔjɪ̀ɴkɹoʊʔ၂]
    ပျက်ယွင်း ပြောင်းလဲခြင်း မဟိပဲ မူလမူလ အတိုင်း တည်ဟိသော ဝတ္တု။ ပုံသဏ္ဌာန်။ (ပုံစံ၊ အရွယ်၊ အရောင်၊ အမျိုးအစား၊ ဝတ္တုဝန်အစဟိစွာ များစွာ ပါဝင်ရေ။
    ပျက်ယွင်း ပြောင်းလဲခြင်း မယှိပဲ နဂိုမူလ အတိုင်း တည်ယှိသော ဝတ္တု။ ပုံသဏ္ဌာန်။ (ပုံစံ၊ အရွယ်၊ အရောင်၊ အမျိုးအစား၊ ဝတ္တုပစ္စည်းစသည် များစွာ ပါဝင်သည်။
    origin
    နာမ်

    အယင်ကျ

    [ʔjɪ̀ɴt͡ɕ]
    ရှီးဦးစွာ ဖြစ်တေ။ အယင်ဦးဆုံး ဖြစ်တေ
    ရှေးဦးစွာ ဖြစ်သည်။ ပထမဦးစွာ ဖြစ်သည်
    first
    ကြိယာ

    အယင်ခါ

    [ʔjɪ̀ɴkʰà]
    ရှေးလွန်လီဗျာယ်းရေ အတိတ်ကာလ။ အယင်က
    ရှေးလွန်လေပြီးသော အတိတ်ကာလ။ ယခင်က
    formerly
    နာမ်

    အယင်ခါက

    [ʔjɪ̀ɴkʰàk]
    (အယင်ခေါက်ကနှင့်မတူ) တမူ ထူးခြား ပြောင်းလဲ လားကတ်ရာမာ သုံးသောစကား
    (ရှေးယခင်ကနှင့်မတူ) တမူ ထူးခြား ပြောင်းလဲ သွားကြရာ၌ သုံးသောစကား
    formerly
    နာမ်

    အယင့်ငင်

    [ʔjɪ̀ɴ့ŋɪ̀ɴ]
    ရှည်လျားအောင် ဆွဲငင်ရေ။ လုံ့လ နည်းလျော့စွာ အချိန်ကြန့်ကြာ စီရေ
    ရှည်လျားအောင် ဆွဲငင်သည်။ လုံ့လ နည်းလျော့စွာ အချိန်ကြန့်ကြာ စေသည်
    delay
    ကြိယာ

    အယင်းငင်

    [ʔjɪ́ɴŋɪ̀ɴ]
    ရှည်လျားအောင် ဆန့်သည်
    ရှည်လျားအောင် ဆန့်သည်
    stretch out
    ကြိယာ

    အယင်းငင်၂

    [ʔjɪ́ɴŋɪ̀ɴ၂]
    ခြေ၊ လက်ရို့ကို ရှေ့၊ နောက် ဆန့်ကား၍ ဝမ်းလျား မှောက်ဗျာယ်
    ခြေ၊ လက်တို့ကို ရှေ့၊ နောက် ဆန့်တန်း၍ ဝမ်းလျား မှောက်လျက်
    lie prone
    ကြိယာဝိသေသန

    အယင့်ငင်ဆို

    [ʔjɪ̀ɴ့ŋɪ̀ɴsʰÒ]
    တေးခြင်း အစဟိစွာ ဆိုရာမာ အသံကို အရှည်ဆွဲပနာ ဆိုရေ
    သီချင်း စသည် ဆိုရာ၌ အသံကို အရှည်ဆွဲ၍ ဆိုသည်
    sing
    ကြိယာ

    အယင်စွာ

    [ʔjɪ̀ɴswà]
    အယင်ကပင် ပီးထားနန့်ပြီးရေ ဝန်ဥစ္စာ အစဟိစွာ
    ယခင်ကပင် ပေးထားနှင့်ပြီးသော ပစ္စည်းဥစ္စာ စသည်
    none
    နာမ်

    အယင့်ဆို

    [ʔjɪ̀ɴ့sʰÒ]
    တေးခြင်း အစဟိစွာ ဆိုရာမာ အသံကို အရှည်ဆွဲပနာ ဆိုရေ
    သီချင်း စသည် ဆိုရာ၌ အသံကို အရှည်ဆွဲ၍ ဆိုသည်
    sing
    ကြိယာ

    အယင်ဆုံး

    [ʔjɪ̀ɴsʰóʊɴ]
    ပထမဆုံးအနိန်နန့် ဖြစ်ရေ။ ရှီးဦး ပထမဖြစ်ရေ
    ပထမဦးဆုံး ဖြစ်သော။ ရှေးဦး ပထမဖြစ်သော
    first
    နာမဝိသေသန

    အယင်ဆုံး၂

    [ʔjɪ̀ɴsʰóʊɴ၂]
    ရှီးဦးစွာ။ အယင်ဦးဆုံး။ အလျင်
    ရှေးဦးစွာ။ ပထမဦးစွာ။ အလျင်
    firstly
    ကြိယာဝိသေသန

    အယင်တစ်ခေါက်

    [ʔjɪ̀ɴtɪʔkʰaʊʔ]
    မကြာသိမ့်သော ကာလအပိုင်းအရာ။ တိုတောင်းသော အခိုက်အတန့်။ တအောင့်သျှေ
    မကြာသေးသော ကာလအပိုင်းအခြား။ တိုတောင်းသော အခိုက်အတန့်။ ခဏလေး
    moment
    နာမ်

    အယင်တစ်ခါ

    [ʔjɪ̀ɴtɪʔkʰà]
    များမကြာသိမ့်သော ကာလကို ညွှန်ပြသော၊ လွန်ခရေ အတိတ်ကာလကို ညွှန်ပြသော စကား
    များမကြာသေးသော ကာလကို ညွှန်ပြသော၊ လွန်ခဲ့သော အတိတ်ကာလကို ညွှန်ပြသော စကား
    past
    နာမ်

    အယင်တစ်ချက်

    [ʔjɪ̀ɴtɪʔɕɛʔ]
    မကြာသိမ့်သော ကာလအပိုင်းအရာ။ တိုတောင်းသော အခိုက်အတန့်။ တအောင့်သျှေ
    မကြာသေးသော ကာလအပိုင်းအခြား။ တိုတောင်းသော အခိုက်အတန့်။ ခဏလေး
    moment
    နာမ်

    အယင်တစ်ချက်သျှေ

    [ʔjɪ̀ɴtɪʔɕɛʔʃè]
    အယင့်အယင်။ ကကောင်းလျင်စေလိုရေအနိန်နန့်
    အလျင်အမြန်။ လျင်မြန်စေလိုသော အားဖြင့်
    quickly
    ကြိယာဝိသေသန

    အယင်တစ်ရက်

    [ʔjɪ̀ɴtɪʔɹɛʔ]
    ညက အလျင်ဖြစ်ရေ နိ။ မကြာသိမ့်ခင် တရက်နိ
    မနေ့က အလျင်ဖြစ်သော နေ့။ မကြာသေးမီ တစ်နေ့နေ့
    the day before yesterday
    ကြိယာဝိသေသန

    အယင်တစ်ရက်က

    [ʔjɪ̀ɴtɪʔɹɛʔk]
    မကြာသိမ့် ရက်အထဲ
    မကြာသေး ရက်အတွင်း
    a few day ago
    နာမ်

    အယင်ပြီးလတ်

    [ʔjɪ̀ɴpɹïlaʔ]
    အယင့်ယင် လာစီလိုရေ သဘော။ ပြေးပိုင် လျှောက်လာရေ
    လျင်မြန်စွာ လာစေလိုသော သဘော။ ပြေးသကဲ့သို့ လျှောက်လာသည်
    hurry
    နာမ်

    အယင်မယားသား

    [ʔjɪ̀ɴmjáθá]
    ပထမ မယားက မွေးသောသား
    ပထမ မယားက မွေးသောသား
    stepson
    နာမ်