Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 3,221–3,240 of 34,671 words

    ခ

    ခချီးစောင်

    [kʰɕïsàʊɴ]
    ဘိန်းစားစောင်အထည်
    စောင်ကြမ်းအထည်
    rough blanket
    နာမ်

    ခချောခလောသီး

    [kʰɕɔ́kʰlɔ́θï]
    ဟင်းလျာအဖြစ် သုံးရရေ ချွဲသောအစီးဟိရေ သီးတောင့်သီးရေ အပင်တမျိုး။ ချောဒေါင့်သီး
    ဟင်းလျာအဖြစ် သုံးရသော ချွဲသောအစေးရှိသော သီးတောင့်သီးသည့် အပင်တစ်မျိုး။ ရုံးပတီသီး
    ladyfinger
    နာမ်

    ခခွေ

    [kʰkʰwè]
    အက္ခရာကို ခေါ်သောအမည်
    အက္ခရာကို ခေါ်သောအမည်
    the letter called names of first of Arakanese consonant
    နာမ်

    ခဂျိတ်သျှေ

    [kʰdʑeɪʔʃè]
    (စံမမှီ) ပုပျပ်သော၊(ယှူရေ) သုဉ်ဖျင်းသော
    (စံမမှီ) ပုပျပ်သော၊(မအောင်မြင်) သုဉ်ဖျင်းသော
    not standard
    နာမဝိသေသန

    ခငယ်

    [kʰŋɛ̀]
    အက္ခရာကို ခေါ်သောအမည်
    အက္ခရာကို ခေါ်သောအမည်
    the letter called names of second of Arakanese consonant
    နာမ်

    ခင်

    [kʰɪ̀ɴ]
    ရင်းနှီးရေ။ ချစ်ကျွမ်းဝင်ရေ။ စွဲလမ်းရေ။ တပ်မက်ရေ။ စုံမက်ရေ။ တွယ်စွာရေ
    ရင်းနှီးသည်။ ချစ်ကျွမ်းဝင်သည်။ စွဲလမ်းသည်။ တပ်မက်သည်။ စုံမက်သည်။ တွယ်တာသည်
    be obsessed by
    ကြိယာ

    ခင်း

    [kʰɪ́ɴ]
    အလျားရှည်အောင် ဆန့်ရေ။ (သဲ စစွာကို) အနှံဖြစ်ယောင် ခြင်းရေ။ (ခင်းအမျိုးမျိုး သုံးပုံသုံးနည်းဟိရေ။ ပွဲခင်း။ သဘင်ခင်း။ ရွာခင်း။ ကျောခင်း။ စကားခင်း။ ကထိန်ခင်း။ ဆိုင်ခင်းစရေ။
    အလျားရှည်အောင် ဆန့်သည်။ (သဲ စသည်ကို) အနှံဖြစ်အောင် ကြဲဖြန့်သည်။ (ခင်းအမျိုးမျိုး သုံးပုံသုံးနည်းရှိသည်။ ပွဲခင်း။ သဘင်ခင်း။ ရွာခင်း။ ကျောခင်း။ စကားခင်း။ ကထိန်ခင်း။ ဆိုင်ခင်းစသည်။
    scatter-cast
    ကြိယာ

    ခင်၂

    [kʰɪ̀ɴ၂]
    ခြည်ခင် စစွာကို ရွီတွက်ရာမာ သုံးသောစကားလုံး
    ချည်ခင် စသည်ကို ရေတွက်ရာ၌ သုံးသောစကားလုံး
    counting thread
    နာမ်

    ခင်း၂

    [kʰɪ́ɴ၂]
    အိပ်ရာ၊ မွေရာ၊ စားပွဲ အစဟိစွာရို့၏ ကို လွှမ်းတင်ရရေ အရာ။ စိုက်ပျိုးထားရေ လယ်ပြင်။ ယာကွင်းအစဟိစွာ
    အိပ်ရာ၊ မွေရာ၊ စားပွဲ စသည်တို့၏ အပေါ်တွင် လွှမ်းတင်ရသော အရာ။ စိုက်ပျိုးထားသော လယ်ကွင်း။ ယာကွင်းစသည်
    field
    နာမ်

    ခင်၃

    [kʰɪ̀ɴ၃]
    တခုတရီကို ကြိုတင်ဆောင်ရွက်ပြီး၊ ပြုပြီး၊ ဖြစ်ပြီးကေ အကြောင်းကိုညွှန်ပြသော စကားလုံး၊ မိုးမရွာခင် အိမ်မိုးပြီးခင်လို့၊ ထမင်းစားပြီးခင်လို့။ ပဋိသေဓပုဒ်နန့်တွဲပြီးကေ သုံးရေအခါ မလုပ်ခင်၊ မပြီးခင်၊ မစားခင် အစဟိရေ အကြောင်းကို ညွန်ပြရေ စကားလုံး
    တစ်စုံတစ်ခုကို ကြိုတင်ဆောင်ရွက်ပြီး၊ ပြုပြီး၊ ဖြစ်ပြီး အကြောင်းကိုညွှန်ပြသော စကားလုံး၊ မိုးမရွာခင် အိမ်မိုးပြီးခင်လို့၊ ထမင်းစားပြီးခင်လို့။ ပဋိသေဓပုဒ်နှင့်တွဲ၍ သုံးသောအခါ မလုပ်ခင်၊ မပြီးခင်၊ မစားခင် စသော အကြောင်းကို ညွန်ပြသော စကားလုံး
    preparing for something do
    ပစ္စည်း

    ခင်ကုန်း

    [kʰɪ̀ɴkóʊɴ]
    ပြန့်ပြူးမို့မောက်နိန်ရေ မြီကုန်းတန်း
    ပြန့်ပြူးမို့မောက်နေသော မြေကုန်းတန်း
    ridge
    နာမ်

    ခင်းကျင်း

    [kʰɪ́ɴt͡ɕɪ́ɴ]
    နီရာတကျ စီစိုင်ထားရေ
    နေရာတစ်ကျ စီစဉ်ထားသည်
    display
    ကြိယာ

    ခင်ခင်

    [kʰɪ̀ɴkʰɪ̀ɴ]
    အမိ၏မောင် ဝရီးကို(ချစ်စနိုး)ဖြင့် ခေါ်သောစကား
    အမိ၏မောင် ဦးရီးကို(ချစ်စနိုး)ဖြင့် ခေါ်သောစကား
    uncle
    နာမ်

    ခင်းခင်

    [kʰɪ́ɴkʰɪ̀ɴ]
    အမိ၏မောင် ဝရီးကို(ချစ်စနိုး)ဖြင့် ခေါ်သောစကား
    အမိ၏မောင် ဦးရီးကို(ချစ်စနိုး)ဖြင့် ခေါ်သောစကား
    uncle
    နာမ်

    ခင်စိုင်း

    [kʰɪ̀ɴsáɪɴ]
    တောင်နှစ်ခု အကြားဟိ လမ်းကျဉ်းအချေ။ တောင်များအကြားမာ တည်ဟိရေ ချောက်ရှည်။ တောင်နှစ်ခုအကြားဟိ လွင်ပြင်။ တောင်ဝှမ်း
    တောင်နှစ်ခု အကြားရှိ လမ်းကျဉ်းကလေး။ တောင်များအကြားတွင် တည်ရှိသော ချောက်ရှည်။ တောင်နှစ်ခုအကြားရှိ လွင်ပြင်။ တောင်ဝှမ်း
    valley
    နာမ်

    ခင်းစီ

    [kʰɪ́ɴsí]
    လျောင်း၊ ထိုင်၊ အိပ်ရန်ဖြင့် ခင်းရရေအရာ။ ခင်းနှီး
    လျောင်း၊ ထိုင်၊ အိပ်ရန်ဖြင့် ခင်းရသောအရာ။ ခင်းနှီး
    sheet-bedding
    နာမ်

    ခင်တွယ်

    [kʰɪ̀ɴtwɛ̀]
    စွဲလမ်းသည်
    စွဲလမ်းသည်
    be obsessed by
    ကြိယာ

    ခင်ပလွီ

    [kʰɪ̀ɴplwí]
    ပစထဲမာ ခပ်စောင်းစောင်း ထားပနာ မှုတ်ရရေ တတောင်ခန့်ဟိ ပလွီတမျိုး
    ပါးစပ်ထဲတွင် ခပ်စောင်းစောင်း ထား၍ မှုတ်ရသော တစ်တောင်ခန့်ရှိ ပလွေတစ်မျိုး
    flute
    နာမ်

    ခင်းပျဉ်

    [kʰɪ́ɴprɪ̀ɴ]
    ပျိုင်စီရာမာ အသုံးပြုရေ ပျိုင်
    ကြမ်းခင်းရာတွင် အသုံးပြုသော ပျဉ်
    floor wood
    နာမ်

    ခင်ပွန်း

    [kʰɪ̀ɴpʊ́ɴ]
    လင်။ မယား။ လင်မယား။ မိတ်ဆွီ။ သူငယ်ချင်း။ ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံသူ
    လင်။ မယား။ လင်မယား။ မိတ်ဆွေ။ သူငယ်ချင်း။ ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံသူ
    husband
    နာမ်