Dictionary Entries
Showing 3,381–3,400 of 34,671 words
ခ
ခဖြိုးခဖြီ
[kʰpʰɹókʰpʰɹì]
Arakanese:
(ယှောက်ချိုသီးမျိုးဝင်) အချို၊ အချိုင်၊ အရသာနှစ်မျိုးဟိရေ ယှောက်ချိုသီးတမျိုး
Burmese:
(ရှောက်သီးမျိုးဝင်) အချို၊ အချဉ်၊ အရသာနှစ်မျိုးရှိသော ရှောက်သီးတစ်မျိုး
English:
lemon
Grammar Note:
နာမ်
ခဗျာ
[kʰbrà]
Arakanese:
ရွှီအစစ်မဟုတ် (ရွှီပိုင်)သော သတ္တုတမျိုး။ ခပ်ပြာ
Burmese:
ရွှေအစစ်မဟုတ် (ရွှေကဲ့သို့)သော သတ္တုတစ်မျိုး။ ခပ်ပြာ
English:
metal
Grammar Note:
နာမ်
ခမက်
[kʰmɛʔ]
Arakanese:
သားလင်မယား၊ သမီးလင်မယား နှစ်ယောက်၏ အမိ အဖ များ အပြန်အလှန် အမျိုးတော်ပုံကို ပြသောစကား
Burmese:
သားလင်မယား၊ သမီးလင်မယား နှစ်ယောက်၏ အမိ အဖ များ အပြန်အလှန် ဆွေမျိုးတော်စပ်ပုံကို ပြသောစကား
English:
kin term describing the relationship between parents of husband and wife
Grammar Note:
နာမ်
ခမည်း
[kʰmɛ́]
Arakanese:
တခုတရီ လက်ဆောင်အဖြစ် ပီးရရေ ဝန် ဥစ္စာ။ ဖခင်။ အဖေ
Burmese:
တစ်စုံတစ်ခု လက်ဆောင်အဖြစ် ပေးရသော ပစ္စည်း ဥစ္စာ။ ဖခင်။ အဖေ
English:
trinity - father
Grammar Note:
နာမ်
ခမည်းတောင်း
[kʰmɛ́táʊɴ]
Arakanese:
ဖျားနာဖြစ်နီသော သူအတွက် ဝန်တခုတရီပီးဖို့ တဦးတလီပါးက တောင်းခံသည်
Burmese:
နာမကျန်းဖြစ်နေသော သူအတွက် ပစ္စည်းတစ်စုံတစ်ခုပေးရန် တစ်ဦးဦးထံမှ တောင်းခံသည်
English:
(on behalf of a child) request a small token gift from an older relative or friend toward off or ailment
Grammar Note:
ကြိယာ
ခမည်းပီး
[kʰmɛ́pï]
Arakanese:
ဖျားနာဖြစ်နီသော သူအတွက် တခုတရီသော ဝန်ကိုပီးရေ
Burmese:
နာမကျန်းဖြစ်နေသော သူအတွက် တစ်စုံတစ်ခုသော ပစ္စည်းကိုပေးသည်
English:
term of endearmen for any close relative
Grammar Note:
ကြိယာ
ခမည်းသင့်
[kʰmɛ́θɪ̰ɴ]
Arakanese:
ဖျားနာဖြစ်နီသော သူအတွက် တခုတရီသော ဝန်ပီးဖို့ ဆွီမျိုး တဦးတယောက် ထံမာ ကျရောက်နီသည်
Burmese:
နာမကျန်းဖြစ်နေသော သူအတွက် တစ်စုံတစ်ခုသော ပစ္စည်းပေးရန် ဆွေမျိုး တစ်ဦးတစ်ယောက် ထံတွင် ကျရောက်နေသည်
English:
term of endearment for any close relative
Grammar Note:
ကြိယာ
ခမည်းသမ်း
[kʰmɛ́θáɴ]
Arakanese:
စိကေချေ အမဲရောင်ထင်ရေ
Burmese:
အနည်းငယ် အမည်းရောင်ထင်သည်
English:
a bit black
Grammar Note:
ကြိယာ
ခမသာ
[kʰmθà]
Arakanese:
တဦးနှင့်တဦး နှစ်သက်မှု၊ စီစပ်မှု၊ အဆင်ပြေမှု။ သဖောချင်းမကိုက်မှု၊ မပြေလည်မှု၊ ကျီနပ်မှု အစဟိစွာဖြစ်တေ
Burmese:
တစ်ဦးနှင့်တစ်ဦး နှစ်သက်မှု၊ စေ့စပ်မှု၊ အဆင်ပြေမှု။ သဘောချင်းမကိုက်မှု၊ မပြေလည်မှု၊ ကျေနပ်မှု စသည်ဖြစ်သည်
English:
discontent
Grammar Note:
ကြိယာ
ခမီးခမက်
[kʰmïkʰmɛʔ]
Arakanese:
သားလင်မယား၊ သမီးလင်မယား နှစ်ယောက်၏ အမိ အဖ များ အပြန်အလှန် အမျိုးတော်ပုံကို ပြသောစကား
Burmese:
သားလင်မယား၊ သမီးလင်မယား နှစ်ယောက်၏ အမိ အဖ များ အပြန်အလှန် ဆွေမျိုးတော်စပ်ပုံကို ပြသောစကား
English:
kin term describing the relationship between parents of husband and wife
Grammar Note:
နာမ်
ခမောက်
[kʰmɔ́ɛʔ]
Arakanese:
အဂေါင်းမှ တင်သားအထိကျအောင် (အလျားလိုက်) ရက်လုပ်ထားရေ ဆောင်းစရာတမျိုး။ ကဒူး။ ပီလား။ ပီလမ။ ပက္ကလာ(မွန်)
Burmese:
ဦးခေါင်းမှ တင်ပါးအထိကျအောင် (အလျားလိုက်) ရက်လုပ်ထားသော ဆောင်းစရာတစ်မျိုး။ ကဒူး။ ပီလား။ ပီလမ။ ပက္ကလာ(မွန်)
English:
bamboo hat
Grammar Note:
နာမ်
ခမောင်း
[kʰmáʊɴ]
Arakanese:
အခက်အလက် ဝေဆာရေ အပင်ကြီးတမျိုး။ ခမောင်း
Burmese:
အခက်အလက် ဝေဆာသည့် သစ်ပင်ကြီးတစ်မျိုး။ ပျဉ်းမ
English:
large timber tree
Grammar Note:
နာမ်
ခမောင်းမျက်ဝီ
[kʰmáʊɴmrɛʔwí]
Arakanese:
ခမောင်းပင် အမျိုးအစားမာ အလွန်မာသော သစ်မျိုး
Burmese:
ခမောင်းပင် အမျိုးအစားတွင် အလွန်မာသော သစ်မျိုး
English:
tree
Grammar Note:
နာမ်
ခမ်းနား
[kʰáɴná]
Arakanese:
ကြီးကျယ်သော။ ထည်ဝါသော။ ခန့်ညားသော
Burmese:
ကြီးကျယ်သော။ ထည်ဝါသော။ ခန့်ညားသော
English:
magnificent
Grammar Note:
နာမဝိသေသန
ခမ်းနားကြီးကျယ်
[kʰáɴnát͡ɕït͡ɕɛ̀]
Arakanese:
သာမညထက် ပိုလွန်ကဲမောက်သော။ များပြားပြန့်ပြောသော
Burmese:
သာမညထက် ပိုလွန်ကဲမောက်သော။ များပြားပြန့်ပြောသော
English:
glorious
Grammar Note:
နာမဝိသေသန
ခမ်းနားကြီးကျယ်၂
[kʰáɴnát͡ɕït͡ɕɛ̀၂]
Arakanese:
အဆောင်အယောင် ဆန်းကြယ်စွာသော။ ရှုချင်စဖွယ်ကောင်းရေ။ အထူးထူး အထွီထွီ ဖြစ်ရေ
Burmese:
အဆောင်အယောင် ဆန်းကြယ်စွာသော။ ရှုချင်စဖွယ်ကောင်းသော။ အထူးထူး အထွေထွေ ဖြစ်သော
English:
glorious
Grammar Note:
နာမဝိသေသန
ခယ
[kʰj]
Arakanese:
တောင်းတောင်းပန်ပန် ပြုဗျာယ်။ အောက်ကျ နောက်ကျခံကာ
Burmese:
တောင်းတောင်းပန်ပန် ပြုလျက်။ အောက်ကျ နောက်ကျခံကာ
English:
in a state of inferiority
Grammar Note:
ကြိယာဝိသေသန
ခယ၂
[kʰj၂]
Arakanese:
ရိုသေ ကျိုးနွံစွာ ခ စားသည်
Burmese:
ရိုသေ ကျိုးနွံစွာ ခ စားသည်
English:
respect
Grammar Note:
ကြိယာ
ခယက်ခယောက်
[kʰjɛʔkʰjɔ́ɛʔ]
Arakanese:
မငြိမ်မသက်၊ ရည်ရွယ်ချက်မဟိဘဲ လှုပ်ရှားလားလာဗျာယ်
Burmese:
မငြိမ်မသက်၊ ရည်ရွယ်ချက်မရှိပဲ လှုပ်ရှားသွားလာလျက်
English:
the intention to travel without
Grammar Note:
ကြိယာဝိသေသန
ခယင်ကြိမ်
[kʰjɪ̀ɴt͡ɕèɪɴ]
Arakanese:
ကြိမ်ပင်တမျိုး
Burmese:
ကြိမ်ပင်တစ်မျိုး
English:
creeper
Grammar Note:
နာမ်