Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 3,401–3,420 of 34,671 words

    ခ

    ခယင်ဝါး

    [kʰjɪ̀ɴwàး]
    ဝါးပင်တမျိုး
    ဝါးပင်တစ်မျိုး
    bamboo
    နာမ်

    ခယယ

    [kʰjj]
    မသိမသာ တဖက်သို့ရှောင်လွဲ သွေဖယ်လားရေ။ ကိုယ့် မတွိလိုသူရို့နန့် ရွတ်မြောက်အောင် ဖယ်ရှောင်သည်
    မသိမသာ တစ်ဖက်သို့ရှောင်လွဲ သွေဖယ်သွားသည်။ မိမိ မတွေ့လိုသူတို့နှင့် လွတ်ကင်းအောင် ရှောင်ဖယ်သည်
    suppress
    ကြိယာ

    ခယဝယ

    [kʰjwj]
    ကုန်ခြင်း။ ပျက်စီးခြင်း
    ကုန်ခြင်း။ ပျက်စီးခြင်း
    downfall
    နာမ်

    ခယံဝါး

    [kʰjံwàး]
    ဝါးပင်တမျိုး
    ဝါးပင်တစ်မျိုး
    bamboo
    နာမ်

    ခံယူ

    [kʰံjù]
    ပီးလိုက်ရေ အမိန့်အာဏာကို ရယူရေ။ ဘွဲတံဆိပ်အမည်ကို ရယူရေ
    ပေးလိုက်သည့် အမိန့်အာဏာကို ရယူသည်။ ဘွဲတံဆိပ်အမည်ကို ရယူသည်
    accept-adopt
    ကြိယာ

    ခံယူချက်

    [kʰံjùɕɛʔ]
    သဖောပေါက် လိုက်နာချက်
    သဘောပေါက် လိုက်နာချက်
    affirmation-conviction-idea
    နာမ်

    ခယောက်ခယမ်း

    [kʰjɔ́ɛʔkʰjáɴ]
    သတိလစ်ဟင်းမှုကြောင့် မားယွင်းစွာ ပြုလုပ်မိရေ။ သာမန်အနိန်နန့် ပြုဖွယ်မဟုတ်ရေ အရာကိုမတော်မဆ ပြုမိရေ
    သတိလစ်ဟင်းမှုကြောင့် မှားယွင်းစွာ ပြုလုပ်မိသည်။ သာမန်အားဖြင့် ပြုဖွယ်မဟုတ်သည့် အရာကိုမတော်မဆ ပြုမိသည်
    case closed as mistake
    ကြိယာ

    ခယောက်ခယား

    [kʰjɔ́ɛʔkʰjá]
    တနီရာနန့် တနီရာသို့ ခေါက်တုံ့ခေါက်ပြန် လားလာနီရေ
    တစ်နေရာနှင့် တစ်နေရာသို့ ခေါက်တုံ့ခေါက်ပြန် သွားလာနေသည်
    shuttle
    ကြိယာ

    ခယ်မ

    [kʰɛ̀m]
    မယား၏ညီမ၊ ညီ၏မယား။ ကိုယ့်ထက်ငယ်သော ဦးလေး၊ အရီး၏ သမီးများ
    မယား၏ညီမ၊ ညီ၏မယား။ မိမိထက်ငယ်သော ဦးလေး၊ အရီး၏ သမီးများ
    Sister-in-law
    နာမ်

    ခယှဲခဆုတ်

    [kʰʃɛkʰsʰoʊʔ]
    ဆင်ခြင်ဉာဏ် ကင်းမဲ့ရိုင်းပျစွာ။ အသိဉာဏ် ခေါင်းပါးခြင်းကြောင့် ယုတ်မာကြမ်းကြုတ်ရွီတွက်နန့်
    ဆင်ခြင်ဉာဏ် ကင်းမဲ့ရိုင်းပျစွာ။ အသိဉာဏ် ခေါင်းပါးခြင်းကြောင့် ယုတ်မာကြမ်းကြုတ်သောအားဖြင့်
    rude
    ကြိယာဝိသေသန

    ခယှဲခဆုတ်၂

    [kʰʃɛkʰsʰoʊʔ၂]
    ကြောက်ပိုင် လန့်ပိုင် တိုလို့ယိုလို့။ ထိတ်လန့်ဖွယ်ရာ အမူအရာကို ပြဗျာယ်
    ကြောက်သလို လန့်သလို မဝံ့မရဲ။ ထိတ်လန့်ဖွယ်ရာ အမူအရာကို ပြလျက်
    horrify
    ကြိယာဝိသေသန

    ခရင်း

    [kʰɹɪ́ɴ]
    ဝါး၊ ကြိမ် အစဟိစွာရို့ကို နှီးဖြာ၍ ခကြကြား ရက်လုပ်ထားရေ တခုတရီ ထည့်စရာတောင်း
    ဝါး၊ ကြိမ် စသည်တို့ကို နှီးဖြာ၍ ခပ်ကျဲကျဲ ရက်လုပ်ထားသော တစ်စုံတစ်ရာ ထည့်စရာတောင်း
    basket
    နာမ်

    ခရင်းကြား

    [kʰɹɪ́ɴt͡ɕá]
    အကွက်ကျကျယ် ရက်လုပ်ထားရေ ဆွဲတောင်း
    အကွက်ကျယ်ကျယ် ရက်လုပ်ထားသော ခြင်းတောင်း
    basket
    နာမ်

    ခရစ်ရစ်

    [kʰɹɪʔɹɪʔ]
    မျက်စိ စိကေချေစွေသည်
    မျက်စိ အနည်းငယ်စွေသည်
    eyes squint
    ကြိယာ

    ခရစ်ရစ်၂

    [kʰɹɪʔɹɪʔ၂]
    နံဖီးအနားမှ မခွာနိုင် တရစ်ဝဲဝဲ ဟိနိန်ရေ။ စိကေချေ စောင်းယိုင်ရေ။ တိမ်းစောင်းသည်
    အနီးအနားမှ မခွာနိုင် တစ်ရစ်ဝဲဝဲ ရှိနေသည်။ အနည်းငယ် တိမ်းယိမ်းသည်။ တိမ်းစောင်းသည်
    tilt
    ကြိယာ

    ခရည်းပျက်

    [kʰɹɛ́prɛʔ]
    အခြည်းနှီး အလဟဿ။ အသုံးမဝင် ပျက်ပျက်ပြားပြား ဖြစ်ရွီတွက်နန့်
    အချည်းနှီး အလဟဿ။ အသုံးမဝင် ပျက်ပျက်ပြားပြား ဖြစ်သောအားဖြင့်
    in vain-to no purpose-without gain
    ကြိယာဝိသေသန

    ခံရပ်

    [kʰံɹaʔ]
    မတုန်မလှုပ် ရပ်တည်နီရေ
    မတုန်မလှုပ် ရပ်တည်နေသည်
    bearable
    ကြိယာ

    ခရမ်းကစော့

    [kʰɹáɴksɔ̰]
    လုံးဝန်း၍ ကြွပ်ဆတ်သော အသီးချေသီးရေ ခရမ်းတမျိုး။ ခရမ်းကြွပ်
    လုံးဝန်း၍ ကြွပ်ဆတ်သော အသီးငယ်သီးသည့် ခရမ်းတစ်မျိုး။ ခရမ်းကြွပ်
    indian night shade
    နာမ်

    ခရမ်းကောင်း

    [kʰɹáɴkáʊɴ]
    ခရမ်းအမျိုးမျိုးကို ခြုံ၍ခေါ်သော အမည်
    ခရမ်းအမျိုးမျိုးကို ခြုံ၍ခေါ်သော အမည်
    brinjal
    နာမ်

    ခရမ်းချဉ်

    [kʰɹáɴɕɪ̀ɴ]
    မှည့်ရေအခါ နီရဲသော ခရမ်းတမျိုး
    မှည့်သည့်အခါ နီရဲသော ခရမ်းတစ်မျိုး
    tomato
    နာမ်