Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 34,361–34,380 of 34,671 words

    အ

    အောင်သပြီ

    [ʔàʊɴθpɹì]
    အောင်မြင်စီရန် နိနံသင့်ပန်း။ အောင်သပြီပန်း
    အောင်မြင်စေရန် နေ့နံသင့်ပန်း။ အောင်သပြေပန်း
    Eugenia spring symbolizing victory
    နာမ်

    အောင့်သီအောင့်သက်

    [ʔa̰ʊɴθíʔɔ́ɪ̰ɴθɛʔ]
    အောင့်ပိုင်ယှောင် ဖြစ်ရေ ဝေဒနာကို ခံစားရဗျာယ်။ တခုတရီ တုံ့ပြန် ပြောဆိုခြင်း မပြုပဲ
    အောင့်သလိုလို ဖြစ်သော ဝေဒနာကို ခံစားရလျက်။ တစ်စုံတစ်ရာ တုံ့ပြန် ပြောဆိုခြင်း မပြုပဲ
    neither yes or no
    ကြိယာဝိသေသန

    အောင်သူ

    [ʔàʊɴθù]
    မမာ့နှင့် ယောက်ျားနှစ်ဦးအကြား ဆက်သွယ်ပီးသူ။ တဦးနှင့်တဦး တဖက်နှင့်တဖက် ပြေလည်ယောင် ဆောင်ရွက်ပီးသူ
    မိန်းမနှင့် ယောက်ျားနှစ်ဦးအကြား ဆက်သွယ်ပေးသူ။ တစ်ဦးနှင့်တစ်ဦး တစ်ဘက်နှင့်တစ်ဘက် ပြေလည်အောင် ဆောင်ရွက်ပေးသူ
    matchmaker - act as go-between [fig.] act as mediator
    နာမ်

    အောင်သူအောင်သား

    [ʔàʊɴθùʔàʊɴθá]
    စစ်တဖက်နှင့် တဖက် အပြိုင်အဆိုင် အယှုံးအနိုင်၊ အပြန်အလှန် နိူင်းပြိုင် တိုက်ခိုက်ကတ်တေ
    စစ်တစ်ဘက်နှင့် တစ်ဘက် အပြိုင်အဆိုင် အရှုံးအနိုင်၊ အပြန်အလှန် ယှဉ်ပြိုင် တိုက်ခိုက်ကြသည်
    fight
    နာမ်

    အောင်သူအောင်သားစား

    [ʔàʊɴθùʔàʊɴθásá]
    စစ်နိူင်းပြိုင် တိုက်ခိုက်၍ အနိုင်ရရေအခါ၌ ပင်ဖြစ်ဖြစ်၊ တခုတရီ အမှုကိစ္စ ဆောင်ရွက် ပြီးစီးအောင်မြင်သော အခါ၌ ပင်ဖြစ်ဖြစ် အထိမ်းအမှတ် အနိန်နန့် (အောင်ပွဲ ခံအနိန်နန့်) စားဖွယ် သောက်ဖွယ်ရို့ကို စားသောက်ကတ်တေ
    စစ်ယှဉ်ပြိုင် တိုက်ခိုက်၍ အနိုင်ရသောအခါ၌ လည်းကောင်း၊ တစ်စုံတစ်ရာ အမှုကိစ္စ ဆောင်ရွက် ပြီးစီးအောင်မြင်သော အခါ၌ လည်းကောင်း အထိမ်းအမှတ် အနေဖြင့် (အောင်ပွဲ ခံအနေဖြင့်) စားဖွယ် သောက်ဖွယ်တို့ကို စားသောက်ကြသည်
    celebrate a victory
    ကြိယာ

    အောင်သေအောင်သား

    [ʔàʊɴθèʔàʊɴθá]
    ပြုလုပ် ဆောင်ရွက်ချက် တစုံတရာ ပြီးစီးအောင်မြင်သည့် အထိမ်းအမှတ်ဖြင့် ပွဲသဘင် ကျင်းပခြင်း။ အောင်မြင်ခြင်း။ အနိုင်ရခြင်း။ ယစ်မျိုး အသားမျိုး သောက်စားပနာ အောင်ပွဲခံကတ်ခြင်း
    ပြုလုပ် ဆောင်ရွက်ချက် တစ်စုံတရာ ပြီးစီးအောင်မြင်သည့် အထိမ်းအမှတ်ဖြင့် ပွဲသဘင် ကျင်းပခြင်း။ အောင်မြင်ခြင်း။ အနိုင်ရခြင်း။ ယစ်မျိုး အသားမျိုး သောက်စား၍ အောင်ပွဲခံကြခြင်း
    food and drink at a victory feast - celebrate a victory
    နာမ်

    အောင်သွယ်

    [ʔàʊɴθwɛ̀]
    မမာ့နှင့် ယောက်ျား နှစ်ဦးအကြား ဆက်သွယ်ပီးသူ။ တဦးနှင့်တဦး တဖက်နှင့်တဖက် ပြေလည်ယောင် ဆောင်ရွက်ပီးသူ
    မိန်းမနှင့် ယောက်ျား နှစ်ဦးအကြား ဆက်သွယ်ပေးသူ။ တစ်ဦးနှင့်တစ်ဦး တစ်ဘက်နှင့်တစ်ဘက် ပြေလည်အောင် ဆောင်ရွက်ပေးသူ
    matchmaker - act as go-between [fig.] act as mediator
    နာမ်

    အောင့်အီးခံ

    [ʔɔ́ɪ̰ɴʔïkʰံ]
    ကြိတ်မှိတ်၍ သည်းခံရေ။ ဒေါသ အမျက် မထွက်စီရန် စိတ်ကို ချုပ်တည်းရေ။ ဆင်းရဲမှု မှန်သမျှကို ကြံ့ကြံ့ခံသည်
    ကြိတ်မှိတ်၍ သည်းခံသည်။ ဒေါသ အမျက် မထွက်စေရန် စိတ်ကို ချုပ်တည်းသည်။ ဆင်းရဲမှု မှန်သမျှကို ကြံ့ကြံ့ခံသည်
    hold - restrain [as in အသက်~] bear with - put up with
    ကြိယာ

    အော့တိလန်

    [ʔɔ̰tìlàɴ]
    မကြိုက်၍ နောင်အခါမှ မဆက်ဆံချင် လောက်ယောင် သန မုန်းတီးသည်
    မနှစ်သက်၍ နောင်အခါတွင် မဆက်ဆံချင် လောက်အောင် ရွံရှာ မုန်းတီးသည်
    hate intensely
    ကြိယာ

    အောတေအောတေ

    [ʔɔ́tèʔɔ́tè]
    ပီးစရာ ဟိသည့် ငွီနှင့် ရရန် ဟိသော ငွီ (တံသီးတိုက်) တူမျှသည်
    ပေးစရာ ယှိသည့် ငွေနှင့် ရရန် ယှိသော ငွေ (မပိုမလျော့) တူမျှသည်
    equal
    ကြိယာ

    အော့ထွက်

    [ʔɔ̰tʰwɛʔ]
    အန်ထွက်သည်
    အန်ထွက်သည်
    spew
    ကြိယာ

    အော့ထွက်၂

    [ʔɔ̰tʰwɛʔ၂]
    ပိုပြီးကေ လျှံထွက်သည်
    ပိုမို လျှံထွက်သည်
    overflow
    ကြိယာ

    အော့ထွက်၃

    [ʔɔ̰tʰwɛʔ၃]
    ဟိသင့်စွာထက် ကဲလွန် များရေ။ ဟိသင့်စွာထက် ကဲလွန် များရေ။ ရည်မှန်း သတ်မှတ်စွာထက် (ပိုလျှံ) များရေ
    ယှိသင့်သည်ထက် ကဲလွန် များပြားသော။ ယှိသင့်သည်ထက် ကဲလွန် များပြားသော။ ရည်မှန်း သတ်မှတ်သည်ထက် (ပိုလျှံ) များပြားသော
    surplus
    နာမဝိသေသန

    အော့နာ

    [ʔɔ̰nà]
    ချထုတ်မှ အစာ။ အရည် အစဟိစွာ ပစမှ ပြန်ထွက်သော ရောဂါ
    အစာအိမ်မှ အစာ။ အရည် စသည် ပါးစပ်မှ ပြန်ထွက်သော ရောဂါ
    spew
    နာမ်

    အောရိုက်

    [ʔɔ́ɹaɪʔ]
    အလောင်းအစားရာမာ တဖက်တည်းမာ လောင်းကြီးကို အပုံလိုက်၍ လောင်းရေ။ အလွန် များပြားသည်
    လောင်းကစားရာတွင် တစ်ဖက်တည်းတွင် လောင်းကြေးကို စုပုံ၍ လောင်းသည်။ အလွန် များပြားသည်
    abundant
    ကြိယာ

    အောအန်

    [ʔɔ́ʔàɴ]
    စက်ဆုပ် သနရေ။ မကြိုက်၍ နောင် မဆက်ဆံလိုကြောင်း ပြောရေ။ ရွံ့မုန်းသည်
    စက်ဆုပ် ရွံရှာသည်။ မနှစ်သက်၍ နောင် မဆက်ဆံလိုကြောင်း ပြောသည်။ ရွံ့မုန်းသည်
    hate intensely
    ကြိယာ

    အော်

    [ʔɔ̀]
    သင်ရိုးသရ နှစ်ဆယ့်နှစ်လုံးမာ တတဆယ့်ခုနစ်လုံးမြောက် သရ
    သင်ရိုးသရ နှစ်ဆယ့်နှစ်လုံးတွင် တစ်ဆယ့်ခုနှစ်လုံးမြောက် သရ
    seventeenth in the set of twelve vowels traditionally taught in the learning of Arakan Language
    နာမ်

    အော်၂

    [ʔɔ̀၂]
    မဟုတ်မမှန်သော စကားကို ပြောဆိုရေ။ တယောက်ယောက်အား မရိုးသားသော စိတ်ဖြင့် ဝါ လှည့်ပတ် ပြောဆို ပြုမူရေ။ ပြောသင့်စွာထက် များစွာ ပြောဆိုရေ
    မဟုတ်မမှန်သော စကားကို ပြောဆိုသည်။ တစ်စုံတစ်ဦးအား မရိုးသားသော စိတ်ဖြင့် လိမ်လည် လှည့်ပတ် ပြောဆို ပြုမူသည်။ ပြောသင့်သည်ထက် များစွာ ပြောဆိုသည်
    lie
    ကြိယာ

    အော်၃

    [ʔɔ̀၃]
    ကျယ်လောင်သော အသံကို ပြုရေ။ ဟစ်ရေ။ ဆူပူ ကြိမ်းမောင်းရေ။ (ကျီးသတ္တဝါ) အော်မြည်သည်
    ကျယ်လောင်သော အသံကို ပြုသည်။ ဟစ်သည်။ ဆူပူ ကြိမ်းမောင်းသည်။ (ကျီးသတ္တဝါ) အော်မြည်သည်
    scold - berate shout - call
    ကြိယာ

    အော်၄

    [ʔɔ̀၄]
    တယောက်တလီကို ဦးတည်ပြီးကေ ခေါ်ရာမာ အစချီ ပျိုးသော အာလုပ်စကားလုံး
    တစ်စုံတစ်ယောက်ကို ဦးတည်၍ ခေါ်ရာတွင် အစချီ ပျိုးသော အာလုပ်စကားလုံး
    hey
    အာလုပ်