Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 34,641–34,660 of 34,671 words

    ဩ

    ဩခံ

    [ʔɔ́kʰံ]
    ကြိတ်မှိတ် သည်းခံရေ။ ခံနိုင်ရည် ဟိသည်
    ကြိတ်မှိတ် သည်းခံသည်။ ခံနိုင်ရည် ယှိသည်
    harden
    ကြိယာ

    ဩဇာ

    [ʔɔ́zà]
    အစားအစာ သစ်သီးဝလံမာ ပါရေ ခွန်အားကို ဖြစ်စီသည့် အဆီအနှစ်။ ပင်ကို အားဖြစ်ထွန်း စီနှိုင်ရေ မြီဆီမြီနှစ်
    အစားအစာ သစ်သီးဝလံတွင် ပါသော ခွန်အားကို ဖြစ်စေသည့် အဆီအနှစ်။ ပင်ကို အားဖြစ်ထွန်း စေနိုင်သော မြေဆီမြေနှစ်
    nutrient [as in ထောပတ်သည်~လွန်ကဲ၏။-] (of soil) enricher [as in မြေ~] power authority - influence [as in အသံ~၊ ~တိက္ကမ] order - command [as in ~ပေး-] sweet sop Annona squamosa. [Pali ဩဇ]
    နာမ်

    ဩဇာ၂

    [ʔɔ́zà၂]
    အခွံမာ အဖုအထစ်များ ပါဟိ၍ ချိုရေ အသီးသီးသည့် အပင်တမျိုး
    အခွံတွင် အဖုအထစ်များ ပါယှိ၍ ချိုသော အသီးသီးသည့် အပင်တစ်မျိုး
    custard-apple
    နာမ်

    ဩဇာ၃

    [ʔɔ́zà၃]
    လူများ လိုက်နာနိုင်စီရေ အရည်အခြင်း၊ တန်ခိုးသတ္တိ
    သူတစ်ပါး လိုက်နာနိုင်စေသော အရည်အချင်း၊ တန်ခိုးသတ္တိ
    power
    နာမ်

    ဩဇာခံ

    [ʔɔ́zàkʰံ]
    လူတိ၏ အမိန့် အာဏာဖြင့် ပြောကြားချက်ကို လိုက်နာ ဆောင်ရွက်သည်
    သူတစ်ပါး၏ အမိန့် အာဏာဖြင့် ပြောကြားချက်ကို လိုက်နာ ဆောင်ရွက်သည်
    take orders - be obedient
    ကြိယာ

    ဩဇာတည်

    [ʔɔ́zàtɛ̀]
    လူများရို့အပေါ် အမိန့်အာဏာ တည်စီရေ။ ရိုသေ ပျပ်ဝပ် ညွတ်ကိုင်း စီရေ
    သူတစ်ပါးတို့အပေါ် အမိန့်အာဏာ တည်စေသည်။ ရိုသေ ပျပ်ဝပ် ညွတ်ကိုင်း စေသည်
    be able to exert one’s authority
    ကြိယာ

    ဩဇာတိုက်

    [ʔɔ́zàtaɪʔ]
    လူများရို့အပေါ် အမိန့်အာဏာ တည်စီရေ။ ရိုသေ ပျပ်ဝပ် ညွတ်ကိုင်း စီရေ
    သူတစ်ပါးတို့အပေါ် အမိန့်အာဏာ တည်စေသည်။ ရိုသေ ပျပ်ဝပ် ညွတ်ကိုင်း စေသည်
    be able to exert one’s authority
    ကြိယာ

    ဩဇာထိ

    [ʔɔ́zàtʰì]
    ဩဇာ ထိရောက် စူးရှရေ။ ဩဇာ အလွန် ကြီးရေ
    ဩဇာ ထိရောက် စူးရှသည်။ ဩဇာ အလွန် ကြီးသည်
    be powerful - be influential
    ကြိယာ

    ဩဇာထွန်း

    [ʔɔ́zàtʰʊ́ɴ]
    လူများရို့အပေါ် ဩဇာ ကမ္ဘာလောက်ရေ။ လူများရို့အပေါ် ဩဇာပျံ့နှံ တည်စီရေ
    သူတစ်ပါးတို့အပေါ် ဩဇာ အလွန်ကြီးသည်။ သူတစ်ပါးတို့အပေါ် ဩဇာပျံ့နှံ တည်စေသည်
    be powerful - be influential
    ကြိယာ

    ဩဇာပီး

    [ʔɔ́zàpï]
    တခုတရီကို ပြုလုပ် ဆောင်ရွက်နိုင်ဖို့ အာဏာဖြင့် ခိုင်းစီရေ။ တခုတရီကို လိုက်နာ ဆောင်ရွက်ရန် ထုတ်ဖေါ်ပြရေ
    တစ်စုံတစ်ရာကို ပြုလုပ် ဆောင်ရွက်နိုင်ရန် အာဏာဖြင့် စေခိုင်းသည်။ တစ်စုံတစ်ခုကို လိုက်နာ ဆောင်ရွက်ရန် ထုတ်ဖေါ်ပြသည်
    exercise one’s power - throw one’s weight about (fig.)
    ကြိယာ

    ဩဇာလိုက်

    [ʔɔ́zàlaɪʔ]
    လူများ ပီးရေ့ အာဏာကို လိုက်နာ ခံယူရေ
    သူတစ်ပါး ပေးသည့် အာဏာကို လိုက်နာ ခံယူသည်
    follow
    ကြိယာ

    ဩဇာဟိ

    [ʔɔ́zàhì]
    လူများရို့ ရိုသေ ပျပ်ဝပ်လိုက် လိုက်နာယူစီနှိုင်ရေ အမိန့်အာဏာ ဘုန်းတေဇာနှင့် ပြည့်စုံရေ
    သူတစ်ပါးတို့ ရိုသေ ပျပ်ဝပ်လိုက် နာခံယူစေနိုင်သော အမိန့်အာဏာ ဘုန်းတေဇာနှင့် ပြည့်စုံသည်
    have a power of influence
    ကြိယာ

    ဩထွက်

    [ʔɔ́tʰwɛʔ]
    အန်ထွက်ရေ။ ပိုပြီးကေ လျှံထွက်ရေ။ ဟိသင့်စွာထက် ကဲလွန် များပြားရေ။ ရည်မှန်း သတ်မှတ်သည့်ထက် (ပိုလျှံ) များပြားသည်
    အန်ထွက်သည်။ ပိုမို လျှံထွက်သည်။ ယှိသင့်သည်ထက် ကဲလွန် များပြားသည်။ ရည်မှန်း သတ်မှတ်သည့်ထက် (ပိုလျှံ) များပြားသည်
    be abundant
    ကြိယာ

    ဩဘာ

    [ʔɔ́bʱà]
    ကောင်းချီး စကား။ ချီးမွမ်းခြင်း
    ကောင်းချီး စကား။ ချီးမွမ်းခြင်း
    aura [as in သုံးဆယ့်ခြောက်သွယ်၊ တင့်တယ်လှစွာ၊ ရောင်~တို့ဖြင့်] augury [as in သဗ္ဗမင်္ဂလာ၊ ~ကောင်းဟိတ်၊ ကောင်းနိမိတ်နှင့်] applause - acclaim [as in ချီးမွမ်းထောမနာ ~ ပြုကြလေ၏။ ~မင်္ဂလာစကား] [ Pali ဩရသ ]
    နာမ်

    ဩဘာပီး

    [ʔɔ́bʱàpï]
    လက်ခုတ်လက်ဝါး တီးပြီးကေ ဝမ်းသာအားရ ချီးကျူး စကားပြော ဆိုရေ။ ဂုဏ်သတင်းကို ဖော်ထုတ် ပြောဆိုရေ
    လက်ခုတ်လက်ဝါး တီး၍ ဝမ်းသာအားရ ချီးကျူး စကားပြော ဆိုသည်။ ဂုဏ်သတင်းကို ထုတ်ဖော် ပြောဆိုသည်
    applaud - cheer speak words of praise
    ကြိယာ

    ဩဘာသ

    [ʔɔ́bʱàθ]
    အရောင်အဝါ
    အရောင်အဝါ
    glow
    နာမ်

    ဩရသ

    [ʔɔ́ɹθ]
    ရင်၌ ဖြစ်ရေ သားကြီး၊ သမီးကြီး
    ရင်၌ ဖြစ်သော သားကြီး၊ သမီးကြီး
    ones own offspring [colloq] eldest son or daughter [ Pali ဩရသ ]
    နာမ်

    ဩအည်းခံ

    [ʔɔ́ʔɛ́kʰံ]
    မှန်ကန်ကြောင်း သဖောချင်း တိုက်ဆိုင် ညီညွတ်ကြောင်း ကတိပြု ပြောဆိုရေ
    မှန်ကန်ကြောင်း သဘောချင်း တိုက်ဆိုင် ညီညွတ်ကြောင်း ကတိပြု ပြောဆိုသည်
    plight
    ကြိယာ

    ဩအည်းလိုက်

    [ʔɔ́ʔɛ́laɪʔ]
    ကြိတ်မှိတ်ခံရေ။ မကြိုက် ဖြစ်တေ။ ငြိုငြင်သည်
    ကြိတ်မှိတ်ခံသည်။ မကြည်မဖြူ ဖြစ်သည်။ ငြိုငြင်သည်
    voice assent
    ကြိယာ
    ဪ

    ဪ

    [ʔɔ̀]
    မဖြစ်တန်ကောင်းရာ ဖြစ်တေဟု စိတ်မာ ဖြစ်ပေါ်လှာခြင်း။ စိတ်မာ ကျီနပ် နှစ်သက်အားရခြင်း။ ကရုဏာသက်ခြင်း အစဟိစွာ ရို့ကို ဗြုန်းကနဲ ခံစားရရေ့အခါမှ နှုတ်က မြည်တမ်း ပြောဆိုရေ စကား
    မဖြစ်တန်ကောင်းပဲ ဖြစ်သည်ဟု စိတ်တွင် ဖြစ်ပေါ်လာခြင်း။ စိတ်တွင် ကျေနပ် နှစ်သက်အားရခြင်း။ ကရုဏာသက်ခြင်း စသည် တို့ကို ဗြုန်းကနဲ ခံစားရသည့်အခါတွင် နှုတ်မှ မြည်တမ်း ပြောဆိုသော စကား
    word expressing surprise joy or sudden emotion
    အာလုပ်