Dictionary Entries
Showing 3,481–3,500 of 34,671 words
ခ
ခရုတ်ခရမ်း
[kʰɹoʊʔkʰɹáɴ]
Arakanese:
အနိုင်လိုရေစိတ်၊ ဖို့လိုရေစိတ်ဖြင့် တံပက်လူအား ရိုင်းစိုင်းစွာ ကျူးလွန်ပြောဆို ပြုမူဗျာယ်၊ ကိုယ့် ဂုဏ်ပကာသနကို ဖေါ်ထုတ် ဝင့်ဘန်းပြီး မျိုးက်ခြောက်ခြောက်ကာ အသံနန့် ကြောက်စေ လန့်စီပြီးကေ
Burmese:
အနိုင်လိုသောစိတ်၊ ရန်လိုသောစိတ်ဖြင့် တစ်ဘက်သားအား ရိုင်းစိုင်းစွာ ကျူးလွန်ပြောဆို ပြုမူလျက်၊ မိမိ၏ ဂုဏ်ပကာသနကို ဖေါ်ထုတ် ဝင့်ကြွားပြီး ခြိမ်းခြောက်ကာ အသံဖြင့် ကြောက်စေ လန့်စေလျက်
English:
frighten
Grammar Note:
ကြိယာဝိသေသန
ခရုထွက်
[kʰɹoʊtʰwɛʔ]
Arakanese:
ခရုတိကို ရှာဖွီ စားသောက်တတ်ရေ ခြေတံရှည် ငှက်တမျိုး
Burmese:
ခရုများကို ရှာဖွေ စားသောက်တတ်သော ခြေတံရှည် ငှက်တစ်မျိုး
English:
kind of bird
Grammar Note:
နာမ်
ခရုပတ်
[kʰɹoʊpaʔ]
Arakanese:
ခရုအခွံပိုင် အဆင့်ဆင့် ရစ်ပတ်၍ ချွန်တက်လားပုံ အသွင်
Burmese:
ခရုအခွံကဲ့သို့ အဆင့်ဆင့် ရစ်ပတ်၍ ချွန်တက်သွားပုံ အသွင်
English:
spiral
Grammar Note:
နာမ်
ခရုပတ်ကောက်
[kʰɹoʊpaʔkɔ́ɛʔ]
Arakanese:
ခရုပတ်ပိုင် ရစ်ပြီးတရစ် အဆင့်ဆင့်ကွေ့ခြင်း
Burmese:
ခရုပတ်ကဲ့သို့ ရစ်ပြီးတစ်ရစ် အဆင့်ဆင့်ကွေ့ခြင်း
English:
spiral
Grammar Note:
နာမ်
ခရုပတ်လမ်း
[kʰɹoʊpaʔláɴ]
Arakanese:
ခရုပတ်ပိုင် ရစ်လည်ပနာ အမြင့်သို့တက်ရရေ လမ်း
Burmese:
ခရုပတ်ကဲ့သို့ ရစ်လည်၍ အမြင့်သို့တက်ရသော လမ်း
English:
spiral road
Grammar Note:
နာမ်
ခရုပေါ်
[kʰɹoʊpɔ̀]
Arakanese:
န-ကတုတ်ပက်
Burmese:
န-ကတုတ်ပက်
English:
none
Grammar Note:
နာမ်
ခရုသင်း
[kʰɹoʊθɪ́ɴ]
Arakanese:
လူ၏ ကိုယ်အရီပြားထက်မာ အဖြူကွက်များ ပေါ်သော နူနာရောဂါတမျိုး
Burmese:
လူ၏ ကိုယ်အရေပြားပေါ်တွင် အဖြူကွက်များ ပေါ်သော နူနာရောဂါတစ်မျိုး
English:
leucoderma
Grammar Note:
နာမ်
ခရူးခသွတ်
[kʰɹùးkʰθwaʔ]
Arakanese:
စိတ်ငြိမ်သက်မှုမဟိဘဲ ပျက်ချိပျက်ချော် ပြောဆိုပြုမူဗျာယ်။ ရူးကြောင်ကြောင်။ ရူးနှမ်းနှမ်း။ စိတ်စိကေချေမနှံပဲ။ လိမ္မာမှုကင်းဗျာယ်
Burmese:
စိတ်ငြိမ်သက်မှုမရှိပဲ ပေါ့ပေါ့တန်တန် ပြောဆိုပြုမူလျက်။ ရူးကြောင်ကြောင်။ ရူးနှမ်းနှမ်း။ စိတ်အနည်းငယ်မနှံပဲ။ လိမ္မာမှုကင်းလျက်
English:
insane
Grammar Note:
ကြိယာဝိသေသန
ခရောင်
[kʰɹàʊɴ]
Arakanese:
သစ်သားကို လုပ်ထားရေ ခုံဖိနပ်။ ကြိုးမတပ်ပဲ သစ်သား ဖုလုံးကို ခြီမကြား၌ ညှပ်၍စီးသော ခုံဖိနပ် တမျိုး
Burmese:
သစ်သားကို လုပ်ထားသော ခုံဖိနပ်။ ကြိုးမတပ်ပဲ သစ်သား ဖုလုံးကို ခြေမကြား၌ ညှပ်၍စီးသော ခုံဖိနပ် တစ်မျိုး
English:
wooden sandals
Grammar Note:
နာမ်
ခရောင်း
[kʰɹáʊɴ]
Arakanese:
ကြမ်းတမ်းသော လမ်း။ ကြမ်းတမ်းသော မြေအရပ်
Burmese:
ကြမ်းတမ်းသော လမ်း။ ကြမ်းတမ်းသော မြေအရပ်
English:
granular place
Grammar Note:
နာမ်
ခရောင့်ခရာ
[kʰɹa̰ʊɴkʰɹà]
Arakanese:
မညီမညွတ် ကြမ်းတမ်းသော မြေအရပ်
Burmese:
မညီမညွတ် ကြမ်းတမ်းသော မြေအရပ်
English:
granular place
Grammar Note:
နာမ်
ခရောင့်ခရော
[kʰɹa̰ʊɴkʰɹɔ́]
Arakanese:
မညီမညွတ် ကြမ်းတမ်းသော
Burmese:
မညီမညွတ် ကြမ်းတမ်းသော
English:
granular place
Grammar Note:
နာမဝိသေသန
ခရော်
[kʰɹɔ̀]
Arakanese:
ပိရိမှုမဟိ။ မညီမညာ ခက်ခဲမှုဟိပြီးကေ ကြမ်းတမ်းသောအနိန်နန့်
Burmese:
ပိရိမှုမရှိ။ မညီမညာ ခက်ခဲမှုရှိ၍ ကြမ်းတမ်းသော အားဖြင့်
English:
no neat
Grammar Note:
ကြိယာဝိသေသန
ခရဲကြန့်
[kʰɹɛt͡ɕa̰ɴ]
Arakanese:
နီကြန့်ကြန် အရောင်
Burmese:
နီကြန့်ကြန် အရောင်
English:
reddish
Grammar Note:
နာမ်
ခရှားရှား
[kʰʃáʃá]
Arakanese:
ဟိတ်ကြီးအဟိုက်ကြီး။ ဝင့်ကြွားစွာ။ ဂုဏ်ဝင့်ဗျာယ်။ ကိုယ့် ဂုဏ်ပကာသနကို ဖေါ်ထုတ်ဝင့်ဘန်းပြီး၊ မျိုးက်ခြောက်ခြောက်ကာ လန့်စီပြီးကေ
Burmese:
ဟိတ်ကြီးဟန်ကြီး။ ဝင့်ကြွားစွာ။ ဂုဏ်ဝင့်လျက်။ မိမိ၏ ဂုဏ်ပကာသနကို ဖေါ်ထုတ်ဝင့်ကြွားပြီး၊ ခြိမ်းခြောက်ကာ လန့်စေလျက်
English:
boast
Grammar Note:
ကြိယာဝိသေသန
ခလယ်
[kʰlɛ̀]
Arakanese:
နီရာနှစ်ခု၏ အကြားဖြစ်ရေ အရပ်။ အလယ်ကျသော အရပ်
Burmese:
နေရာနှစ်ခု၏ အကြားဖြစ်သော အရပ်။ အလယ်ကျသော အရပ်
English:
middle
Grammar Note:
နာမ်
ခလာ
[kʰlà]
Arakanese:
ဘာတခုလည်းမဟိ၊ အားလုံး၊ ပြီးဆုံးရေ
Burmese:
ဘာမှမရှိ၊ အကုန်အစင်၊ ပြီးဆုံးသည်
English:
all-completely-entirely
Grammar Note:
ကြိယာ
ခလာချိတ်
[kʰlàɕeɪʔ]
Arakanese:
ခလာချိတ်
Burmese:
သင်္ဘောသား
English:
papaya
Grammar Note:
နာမ်
ခလာမပြု
[kʰlàmpɹoʊ]
Arakanese:
ဂရုမစိုက်၊ အရီးမလုပ်၊ သတိမမူပဲ ထားရေ
Burmese:
ဂရုမစိုက်၊ အရေးမလုပ်၊ သတိမမူပဲ ထားသည်
English:
careless
Grammar Note:
ကြိယာ
ခလိမ်း
[kʰléɪɴ]
Arakanese:
စိကေချေ တိမ်းစောင်းသည်
Burmese:
အနည်းငယ် တိမ်းစောင်းသည်
English:
bend-deviate-tilt
Grammar Note:
ကြိယာ