Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 3,801–3,820 of 34,671 words

    ခ

    ခဲမဖြူ

    [kʰɛmpʰɹù]
    သလွဲဖြူ။ ဖြူသော အဆင်းဟိရေ ခဲသတ္တုတမျိုး
    သလွဲဖြူ။ ဖြူသော အဆင်းရှိသည့် ခဲသတ္တုတစ်မျိုး
    tin
    နာမ်

    ခဲမလယော့

    [kʰɛmljɔ̰]
    စိတ်အားမလျော့ပဲ။ မလျော့သော ဇွဲလုံ့လဖြင့်။ စိတ်အား ထထက် သသန်နန့်ဖြင့်
    စိတ်အားမလျော့ပဲ။ မလျော့သော ဇွဲလုံ့လဖြင့်။ စိတ်အား ထက်သန်စွာဖြင့်
    be eager
    ကြိယာဝိသေသန

    ခဲယဉ်း

    [kʰɛjɪ́ɴ]
    ငြိုငြင်ဖွယ်ရာ ဖြစ်တေ။ မလွယ်။ ခက်ခဲရေ။ ပင်ပန်းဖွယ်ဖြစ်တေ
    ငြိုငြင်ဖွယ်ရာ ဖြစ်သည်။ မလွယ်။ ခက်ခဲသည်။ ပင်ပန်းဖွယ်ဖြစ်သည်
    hard
    ကြိယာ

    ခဲယမ်းမီးကျောက်

    [kʰɛjáɴmït͡ɕɔ́ɛʔ]
    ရှီးခေတ်အမြောက်၊ မီးပေါက်၊ လက်နက်အစဟိစွာမျိုးရို့မာ ထည့်သွင်း၍ ပစ်ပေါက်ရရေ ယမ်းတောင့်။ ကျဉ်ဆန်အစဟိရေ ဝန်များ
    ရှေးခေတ်အမြောက်၊ မီးပေါက်၊ လက်နက်စသည်မျိုးတို့တွင် ထည့်သွင်း၍ ပစ်ပေါက်ရသော ယမ်းတောင့်။ ကျဉ်ဆန်စသော ပစ္စည်းများ
    bullet
    နာမ်

    ခဲရာ

    [kʰɛɹà]
    မလွယ်ကူသော အချက်အလက်။ အကြောင်းကိစ္စ
    မလွယ်ကူသော အချက်အလက်။ အကြောင်းကိစ္စ
    problematical
    နာမ်

    ခဲရာခဲဆစ်

    [kʰɛɹàkʰɛsʰɪʔ]
    မလွယ်ကူသော အချက်အလက်။ အကြောင်းကိစ္စ
    မလွယ်ကူသော အချက်အလက်။ အကြောင်းကိစ္စ
    problematical
    နာမ်

    ခဲလို့မွိန့်လို့

    [kʰɛlo̰mwèɪɴ့lo̰]
    တနီရာတည်းမာ လှည့်ရစ်နိန်ရေ။ ပတ်ချာလည်ရေ။ တပြန်ဝဲဝဲ ရစ်လည်ရေ။ ဟိုမကြံတတ်၊ သည်မကြံတတ်၊ ကြံရာမရ ဖြစ်တေ။ အကြံအိုက်ရေ။ ဝဏှောက်ထဲ ခြူနိန်ရေ
    တစ်နေရာတည်းတွင် လှည့်ရစ်နေသည်။ ပတ်ချာလည်သည်။ တပြန်ဝဲဝဲ ရစ်လည်သည်။ ဟိုမကြံတတ်၊ သည်မကြံတတ်၊ ကြံရာမရ ဖြစ်သည်။ အကြံအိုက်သည်။ ဦးနှောက်ထဲ ရှုပ်ပွေနေသည်
    be in a fix
    ကြိယာ

    ခဲလို့မွိန့်လို့၂

    [kʰɛlo̰mwèɪɴ့lo̰၂]
    တပတ်လည်လည်၊ တရစ်ဝဲဝဲ
    တစ်ပတ်လည်လည်၊ တစ်ရစ်ဝဲဝဲ
    be in a fix
    ကြိယာဝိသေသန

    ခဲဝါ

    [kʰɛwà]
    ချွန်သောနှုတ်သီး၊ ဖွာသောပတုံး၊ ထောင်သော နရွက်ဟိရေ မြေမားအောင်း အိမ်ခွီးနန့်တူသော တောရိုင်းတိရိစ္ဆာန် တမျိုး
    ချွန်သောနှုတ်သီး၊ ဖွာသောအမြီး၊ ထောင်သော နားရွက်ရှိသော မြေတွင်းအောင်း အိမ်ခွေးနှင့်တူသော တောရိုင်းတိရိစ္ဆာန် တစ်မျိုး
    wild animal
    နာမ်

    ခဲဝါကျား

    [kʰɛwàt͡ɕá]
    ရဲကေ့သော ကျားနှင့်မြီခွီး ဆက်ဆံ၍ရရေ အုန်းနီရောင်အမွီးဟိပြီးး ချွန်သောနှုတ်သီး၊ ဖွာသော ပတုံးဟိပြီးကေ မြေမားအောင်း၍ ပင်ဖြစ်ဖြစ်၊ ခြုံကြိုခြုံကြား၌ ပင်ဖြစ်ဖြစ် နီလိဟိရေ သားရဲတိရိစ္ဆာန် တမျိုး
    ရဲရင့်သော ကျားနှင့်မြေခွေး ဆက်ဆံ၍ရသော အုန်းနီရောင်အမွေးရှိပြီး ချွန်သောနှုတ်သီး၊ ဖွာသော အမြီးရှိ၍ မြေတွင်းအောင်း၍ လည်းကောင်း၊ ချုံကြိုချုံကြား၌ လည်းကောင်း နေလေ့ရှိသော သားရဲတိရိစ္ဆာန် တစ်မျိုး
    wild animal
    နာမ်

    ခဲအို

    [kʰɛʔÒ]
    လင်ယောက်ျား၏ အစ်ကို။ အမျိုးသမီး၏ အစ်မလင်
    လင်ယောက်ျား၏ အစ်ကို။ အမျိုးသမီး၏ အစ်မလင်
    Brother-in-law
    နာမ်

    ခါ

    [kʰà]
    ငြင်းပယ်ရေ။ လှုပ်ရေ။ တက်တက်ပြောင်စီရေ
    ငြင်းပယ်သည်။ လှုပ်သည်။ ကုန်စင်စေသည်
    reject-deny
    ကြိယာ

    ခါး

    [kʰàး]
    လူရို့၏ တင်ပချိတ်အထက် နံရိုးကြားအရပ်။ တခုတရီရို့၏ အလယ်အရပ်
    လူတို့၏ တင်ပါးရိုးအထက် နံရိုးကြားအရပ်။ တစ်စုံတစ်ခုတို့၏ အလယ်အရပ်
    middle
    နာမ်

    ခါ၂

    [kʰà၂]
    အကြိမ်အခါ အရွီအတွက်ကို ပြသော စကားလုံး။ (တခါ၊ နှစ်ခါစရေ။
    အကြိမ်အခါ အရေအတွက်ကို ပြသော စကားလုံး။ (တစ်ခါ၊ နှစ်ခါစသည်။
    counting number
    ပစ္စည်း

    ခါး၂

    [kʰàး၂]
    မကြားချင်၊ မခံသာချင် ဖြစ်တေ။ မုန်းတီးသနသည်
    မကြားချင်၊ မခံသာချင် ဖြစ်သည်။ မုန်းတီးရွံရှာသည်
    hate
    ကြိယာ

    ခါး၃

    [kʰàး၃]
    ခါးသောအရသာဟိရေ
    ခါးသောအရသာရှိသော
    bitter
    နာမဝိသေသန

    ခါးကျိုး

    [kʰàးt͡ɕó]
    အလုပ်လုပ်နီတုန်းမာ တိုးလို့တန်းလန်းခင် ရပ်ဆိုင်းလားရေ။ အလုပ်ကိုပြီးယောင် မလုပ်ပဲ တပိုင်းတစ ထားခရေ
    အလုပ်လုပ်နေဆဲတွင် မပြီးမပြတ်ခင် ရပ်ဆိုင်းသွားသည်။ အလုပ်ကိုပြီးအောင် မလုပ်ပဲ တစ်ပိုင်းတစ်စ ထားခဲ့သည်
    suspend
    ကြိယာ

    ခါးကျိုးဒွါဒရာ

    [kʰàးt͡ɕódwàdɹà]
    ကျောက်မျက်၌ ရတနာရို့နန့် စီခြယ် တန်ဆာ ဆင်ထားရေ (ခါးကြိုး) ခပန်း
    ကျောက်မျက်၌ ရတနာတို့ဖြင့် စီခြယ် တန်ဆာ ဆင်ထားသော (ခါးကြိုး) ခါးပတ်
    belt
    နာမ်

    ခါကျူး

    [kʰàt͡ɕùး]
    တနှစ်ထက် ပိုလွန်သော အချိန်ကာလ
    တစ်နှစ်ထက် ပိုလွန်သော အချိန်ကာလ
    more than one year
    နာမ်

    ခါးခါးစီးစီး

    [kʰàးkʰàးsïsï]
    အလွန်ခါးသော အရသာဟိရေ
    အလွန်ခါးသော အရသာရှိသော
    bitter
    နာမဝိသေသန