Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 3,941–3,960 of 34,671 words

    ခ

    ချင်းမမျက်နှာ

    [ɕɪ́ɴmmrɛʔn̥à]
    ခပ်ဝိုင်းဝိုင်း အဖြူရောင်မာ အမည်းကွက်ပါရေ ငါးငယ်တမျိုး
    ခပ်ဝိုင်းဝိုင်း အဖြူရောင်တွင် အမည်းကွက်ပါသော ငါးငယ်တစ်မျိုး
    fish
    နာမ်

    ချင်မိချင်ရာ

    [ɕɪ̀ɴmìɕɪ̀ɴɹà]
    ၁၊ ကလီကဝ ဗြန်းစီးကာရ အဖိုးမတန်သော အရာ။ တွိ့ကရာ။ ထင်ရာမြင်ရာ အမျိုးမျိုး။ အမျိုးမျိုး အထွီထွီ။ ၂၊ လူမှုရီးအနိန်နန့် သင်တင့်လျော်ကန်မှု မဟိရေ အပြုအမူ။ အပြောအဆို
    ၁၊ ကလေကဝ အခြေအမြစ်မရှိ အဖိုးမတန်သော အရာ။ တွေ့ကရာ။ ထင်ရာမြင်ရာ အမျိုးမျိုး။ အမျိုးမျိုး အထွေထွေ။ ၂၊ လူမှုရေး အားဖြင့် သင်တင့်လျော်ကန်မှု မရှိသော အပြုအမူ။ အပြောအဆို
    drivel
    နာမ်

    ချင်းယင်း

    [ɕɪ́ɴjɪ́ɴ]
    အပွီးမဟိ၊ အညှာဆိုင် အရွက်ဟိပြီးကေ ယင်းအညှာဆိုင်နန့် ကပ်၍ အသီးသေးသေး အချေ သွယ်တန်းသီးပြီး မှည့်လျှင် အရောင်မည်းသော ခြုံပင်တမျိုး။ (ကုန်းချင်းယင်း၊ ရေချင်းယင်း ဟိရေ။) ဆီးမြစ်တပင် ရေမထီး၊ တန်းခိုးကြှီးသား၊ ချင်းယင်းတိနန့်၊ မခြားတူစွာ (ဓါပကာနီ)
    အပွေးမရှိ၊ အညှာဆိုင် အရွက်ရှိ၍ ယင်းအညှာဆိုင်နှင့် ကပ်၍ အသီးသေးသေး ကလေး သွယ်တန်းသီးပြီး မှည့်လျှင် အရောင်မည်းသော ချုံပင်တစ်မျိုး။ (ကုန်းချင်းယင်း၊ ရေချင်းယင်း ရှိသည်။) ဆေးမြစ်တပင် ရေမထီး၊ တန်းခိုးကြှီးသား၊ ချင်းယင်းများနှင့်၊ မခြားတူစွာ (ဓါပကာနီ)
    none
    နာမ်

    ချင်ရာ

    [ɕɪ̀ɴɹà]
    ၁၊ လိုက်နာစောင့်ထိန်းရဖို့ ကျင့်ဝတ်မဟိဘဲ။ စည်းကမ်းကို မလိုက်နာပဲ။ ဗြန်းစိကာရ။ ထင်ရာမြင်ရာ။ လူနန့်ဝေးဗျာယ်၊ တောတောင်ကာလေ၊ ချင်ရာလားပျာ (ပဒ)။ ၂၊ ဟန့်တားနှောင့်ယှက်မှု၊ ဟန့်တားမှု၊ ရှုတ်ခြယ်မှုရို့မှ လုံးဝကင်းရှင်းစွာ။ လလွတ်ချွချွတ်။ ၃၊ ပြတ်ပြတ်သား
    ၁၊ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်မရှိပဲ။ စည်းကမ်းကို မလိုက်နာပဲ။ စည်းမဲ့ကမ်းမဲ့။ ထင်ရာမြင်ရာ။ လူနှင့်ဝေးလျက်၊ တောတောင်မှာလေ၊ ချင်ရာလားပျာ (ပဒ)။ ၂၊ တားဆီးနှောင့်ယှက်မှု၊ ဟန့်တားမှု၊ ရှုတ်ခြယ်မှုတို့မှ လုံးဝကင်းရှင်းစွာ။ လွတ်လွတ်ကျွတ်ကျွတ်။ ၃၊ ပြတ်ပြတ်သား
    lose contact
    ကြိယာဝိသေသန

    ချင်ရေ

    [ɕɪ̀ɴɹè]
    တခုတရီကို ပြင်းပြစွာ လိုလားတောင့်တချက် ပေါ်ပေါက်ရေ။ ချင်ခြင်းဖြစ်တေ
    တစ်စုံတစ်ခုကို ပြင်းပြစွာ လိုလားတောင့်တချက် ပေါ်ပေါက်သည်။ ချင်ခြင်းဖြစ်သည်
    crave
    ကြိယာ

    ချင်ရေဆီ

    [ɕɪ̀ɴɹèsʰí]
    အထိန်းအကွပ်မဟိပဲ စိတ်ထင်ရာအားဖြင့်။ ပေါက်လွှတ်ပဲစား သဘောအားဖြင့်။ ၂၊ လိုက်နာစောင့်ထိန်းရဖို့ ကျင့်ဝတ်မဟိဘဲ။ ဗြန်းစိကာရ
    အထိန်းအကွပ်မရှိပဲ စိတ်ထင်ရာအားဖြင့်။ ပေါက်လွှတ်ပဲစား သဘောအားဖြင့်။ ၂၊ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်မရှိပဲ။ စည်းမဲ့ကမ်းမဲ့
    have no discipline
    ကြိယာဝိသေသန

    ချင်သမျှ

    [ɕɪ̀ɴθmr̯]
    ၁၊ အထိန်းအကွပ် မဟိဘဲ စိတ်ထင်ရာအားဖြင့်။ ၂၊ လိုက်နာစောင့်ထိန်းရဖို့ ဗြန်းစိကာရပဲ။ ၃၊ အလိုဟိသမျှ
    ၁၊ အထိန်းအကွပ် မရှိပဲ စိတ်ထင်ရာအားဖြင့်။ ၂၊ လိုက်နာစောင့်ထိန်းရမည့် စည်းကမ်းမရှိပဲ။ ၃၊ အလိုရှိသမျှ
    have no discipline
    ကြိယာဝိသေသန

    ချင်သရိ

    [ɕɪ̀ɴθɹì]
    ၁၊ အထိန်းအကွပ် မဟိဘဲ စိတ်ထင်ရာအားဖြင့်။ ၂၊ လိုက်နာစောင့်ထိန်းရဖို့ ဗြန်းစိကာရပဲ။ ၃၊ အလိုဟိသမျှ
    ၁၊ အထိန်းအကွပ် မရှိပဲ စိတ်ထင်ရာအားဖြင့်။ ၂၊ လိုက်နာစောင့်ထိန်းရမည့် စည်းကမ်းမရှိပဲ။ ၃၊ အလိုရှိသမျှ
    have no discipline
    ကြိယာဝိသေသန

    ချင်သရွိ.

    [ɕɪ̀ɴθɹwì.]
    ၁၊ အထိန်းအကွပ် မဟိဘဲ စိတ်ထင်ရာအားဖြင့်။ ၂၊ လိုက်နာစောင့်ထိန်းရဖို့ ဗြန်းစိကာရပဲ။ ၃၊ အလိုဟိသမျှ
    ၁၊ အထိန်းအကွပ် မရှိပဲ စိတ်ထင်ရာအားဖြင့်။ ၂၊ လိုက်နာစောင့်ထိန်းရမည့် စည်းကမ်းမရှိပဲ။ ၃၊ အလိုရှိသမျှ
    have no discipline
    ကြိယာဝိသေသန

    ချစ်

    [ɕɪʔ]
    မီးအပူချိန်ကြီးသနန့် အကျက်လွန်ရေ။ မီးလွန်ကေ ချစ်၊ ရီလွန်ကေ ပျစ်(ပုံ)။ သောကြာပင်ဖြစ်ဖြစ်၊ ယောက်ျားသည် ထမင်းတူးချစ်အံ့၊ ဧပိုင်အိုးကို မသုံးရာ(ပါရာ)
    မီးအပူချိန်ကြီးသဖြင့် အကျက်လွန်သည်။ မီးလွန်ကေ ချစ်၊ ရီလွန်ကေ ပျစ်(ပုံ)။ သောကြာလည်းကောင်း၊ ယောက်ျားသည် ထမင်းတူးချစ်အံ့၊ ဤသို့သောအိုးကို မသုံးရာ(ပါရာ)
    burnt
    ကြိယာ

    ချစ်၂

    [ɕɪʔ၂]
    တွယ်တာ နှစ်သက်ရေ။ စွဲလမ်း တပ်မက်ရေ။ ခင်ရေ။ လူတိကို ခင်မင်သော စိတ်ဟိရေ။ မြတ်နိုးတတ်ရေ။ မေတ္တာဟိရေ
    တွယ်တာ နှစ်သက်သည်။ စွဲလမ်း တပ်မက်သည်။ ခင်သည်။ သူတစ်ပါး အပေါ် ခင်မင်သော စိတ်ရှိသည်။ မြတ်နိုးတတ်သည်။ မေတ္တာရှိသည်
    love
    ကြိယာ

    ချစ်ကောင်းထမန်း

    [ɕɪʔkáʊɴtʰmáɴ]
    အလွန်ချစ်စရာ ကောင်းရေ။ အလွန်ချစ်ခင်ဖွယ်ရာ ကောင်းရေ
    အလွန်ချစ်စရာ ကောင်းသော။ အလွန်ချစ်ခင်ဖွယ်ရာ ကောင်းသော
    cute
    နာမဝိသေသန

    ချစ်ကောင်းဘနန်း

    [ɕɪʔkáʊɴbʱnáɴ]
    အလွန်ချစ်စရာ ကောင်းရေ။ အလွန်ချစ်ခင်ဖွယ်ရာ ကောင်းရေ
    အလွန်ချစ်စရာ ကောင်းသော။ အလွန်ချစ်ခင်ဖွယ်ရာ ကောင်းသော
    cute
    နာမဝိသေသန

    ချစ်ကျွမ်း၀င်

    [ɕɪʔt͡ɕʊ̀ɴ၀ɪ̀ɴ]
    ချစ်ခင်ရေ။ ရင်းနှီးခင်မင်ရေ။ တွယ်တာနှစ်သက်သည်
    ချစ်ခင်သည်။ ခင်မင်ရင်းနှီးသည်။ တွယ်တာနှစ်သက်သည်
    love
    ကြိယာ

    ချစ်ကြည်ရေး

    [ɕɪʔt͡ɕɛ̀ɹé]
    တယောက်နန့်တယောက် အတုံ့အလှည့်အားဖြင့် စုံမက်တွယ်တာမူ သဘောတရား
    တစ်ယောက်နှင့်တစ်ယောက် အတုံ့အလှည့်အားဖြင့် စုံမက်တွယ်တာမူ သဘောတရား
    goodwill
    နာမ်

    ချစ်ကြိုး

    [ɕɪʔt͡ɕó]
    ကြိုးနန့်တူသော မေတ္တာစိတ်
    ကြိုးနှင့်တူသော မေတ္တာစိတ်
    love
    နာမ်

    ချစ်ကြိုက်

    [ɕɪʔt͡ɕaɪʔ]
    ယောက်ျားနန့် မမာ့အပြန်အလှန် တဦးကိုတဦး ချစ်ခင်မှုချင်း တူညီကတ်တေ။ မေတ္တာ မျှကတ်တေ။ အချစ်ကို ယုံကြည်လက်ခံ ကတ်တေ
    ယောက်ျားနှင့် မိန်းမအပြန်အလှန် တစ်ဦးကိုတစ်ဦး ချစ်ခင်မှုချင်း တူညီကြသည်။ မေတ္တာ မျှကြသည်။ အချစ်ကို ယုံကြည်လက်ခံ ကြသည်
    love
    ကြိယာ

    ချစ်ကြိုးနှောင်

    [ɕɪʔt͡ɕón̥àʊɴ]
    အချစ်လို့ဆိုရေ (မေတ္တာ) သံယောဇဉ်ကြိုးဖြင့် ဖွဲ့နှောင်ထားရေ
    အချစ်တည်းဟူသော (မေတ္တာ) သံယောဇဉ်ကြိုးဖြင့် ဖွဲ့နှောင်ထားသည်
    love
    ကြိယာ

    ချစ်ခင်

    [ɕɪʔkʰɪ̀ɴ]
    မြတ်နိုးရေ။ စုံမက်ရေ။ နှစ်သက်သည်
    မြတ်နိုးသည်။ စုံမက်သည်။ နှစ်သက်သည်
    love
    ကြိယာ

    ချစ်ချစ်ပူ

    [ɕɪʔɕɪʔpù]
    (အပူဟိန်) ပြင်းပြစွာ
    (အပူရှိန်) ပြင်းပြစွာ
    hotness-torrid
    ကြိယာဝိသေသန