Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 3,921–3,940 of 34,671 words

    ခ

    ချက်အရက်

    [ɕɛʔʔɹɛʔ]
    ၁၊ မီးမာ ပေါင်းတင်ချက်၍ အခိုးအငွီ့ကိုယူသော အရက်။ ၂၊ တောအရက်
    ၁၊ မီးတွင် ပေါင်းတင်ချက်၍ အခိုးအငွေ့ကိုယူသော အရက်။ ၂၊ တောအရက်
    distilled liquor
    နာမ်

    ချခရော်ပြန်

    [ɕkʰɹɔ̀pɹàɴ]
    နောက်ကို ကျောခင်းဗျာယ် လဲကျရေ။ ထလန်းဂါး လန်ရေ။ အဂေါင်း စောက်ထိုး တလိမ့်ကောက်ကွေး ဖြစ်လှားရေ
    နောက်သို့ ကျောခင်းလျက် လဲကျသည်။ ပက်လက် လန်သည်။ ဦးခေါင်း စောက်ထိုး တလိမ့်ကောက်ကွေး ဖြစ်သွားသည်
    flail
    ကြိယာ

    ချ့ခုံ

    [ɕ့kʰòʊɴ]
    ချား၏ အခြီခံဖြစ်ရေ ခုံ
    ချား၏ အခြေခံဖြစ်သော ခုံ
    borax
    နာမ်

    ချင်

    [ɕɪ̀ɴ]
    ၁၊ ကပ်ငြိရေ။ စွဲလမ်းမက်မောရေ။ ခင်တွယ်ရေ။ တပ်စွဲရေ။ မင်းရာဇိန်မာ၊ ညီမယားကို၊ ပြုလိုချင်၍ (ပန်း)
    ၁၊ ကပ်ငြိသည်။ စွဲလမ်းမက်မောသည်။ ခင်တွယ်သည်။ တပ်စွဲသည်။ မင်းရာဇိန်မှာ၊ ညီမယားကို၊ ပြုလိုချင်၍ (ပန်း)
    be infatuate
    ကြိယာ

    ချင့်

    [ɕɪ̰ɴ]
    တခုတရီသော အကြောင်းကို သိလိုရေတွက်နန့် မေးရာမာ ကြိယာအဆုံးမာ တွဲပြီးကေသုံးသော ဝန်စကားလုံး။ (ဇာချင့်၊ ဇာလဲချင့်၊ ဇာကို လားဖို့ချင့် အစဟိစွာအနိန်နန့် သုံးရေ။) (ဇာလေ့၊ ဇာလဲ၊ ဇာသို့ လားမေလဲ စရေ။
    တစ်စုံတစ်ခုသော အကြောင်းကို သိလို၍ မေးရာတွင် ကြိယာအဆုံး၌ တွဲ၍သုံးသော ပစ္စည်းစကားလုံး။ (ဇာချင့်၊ ဇာလဲချင့်၊ ဇာကို လားဖို့ချင့် စသည်ဖြင့် သုံးသည်။) (ဘာလဲ၊ ဘယ်လဲ၊ ဘယ်သို့ သွားမည်လဲ စသည်။
    none
    ပစ္စည်း

    ချင်း

    [ɕɪ́ɴ]
    ဆီးဖော်စပ်ရာမာ ပင်ဖြစ်ဖြစ်၊ ဟင်းချက်ရာမာ ပင်ဖြစ်ဖြစ် အသုံးပြုရေ အတက်ဟိရေ အပင်တမျိုး။ ဖင်ထောင်ခြောက်ကို၊ မီးတောက်မာဖုတ်၊ ချင်းငရုတ်နန့်၊ လက်သုပ်သုပ်ရာ (ပဒုမ္မ)
    ဆေးဖော်စပ်ရာတွင် လည်းကောင်း၊ ဟင်းချက်ရာတွင် လည်းကောင်း အသုံးပြုသော အတက်ရှိသည့် အပင်တစ်မျိုး။ ဖင်ထောင်ခြောက်ကို၊ မီးတောက်မှာဖုတ်၊ ချင်းငရုတ်နှင့်၊ လက်သုပ်သုပ်ရာ (ပဒုမ္မ)
    ginger
    နာမ်

    ချင်၂

    [ɕɪ̀ɴ၂]
    တခုတရီ ပြုလို၊ ဖြစ်လို၊ ဖြစ်ပေါ်ဖို့ သဘောကိုပြသော စကားလုံး။ အိပ်ချင်အားကြီး၊ ငါ့ကိုဖြစ်လျင်၊ ဇာပင်ပျင်လည်း (ထာနု)
    တစ်စုံတစ်ခု ပြုလို၊ ဖြစ်လို၊ ဖြစ်ပေါ်မည့် သဘောကိုပြသော စကားလုံး။ အိပ်ချင်အားကြီး၊ ငါ့ကိုဖြစ်လျင်၊ ဇာပင်ပျင်လည်း (ထာနု)
    do
    ပစ္စည်း

    ချင်း၂

    [ɕɪ́ɴ၂]
    ရခိုင်ပြည်နယ် တောင်တန်း တလျှောက်နန့် ချင်းပြည်နယ်မာ နီထိုင်ကေလည်းဟိရေ တိုင်းရင်းသားတမျိုး
    ရခိုင်ပြည်နယ် တောင်တန်း တစ်လျှောက်နှင့် ချင်းပြည်နယ်တွင် နေထိုင်လျက်ရှိသော တိုင်းရင်းသားတစ်မျိုး
    type of native
    နာမ်

    ချင်းခို

    [ɕɪ́ɴkʰÒ]
    မြင်းကို အစာကျွေးသော ပဲမျိုး။ မြင်းစားပဲ
    မြင်းကို အစာကျွေးသော ပဲမျိုး။ မြင်းစားပဲ
    bean
    နာမ်

    ချင်ချင်

    [ɕɪ̀ɴɕɪ̀ɴ]
    ၁၊ ပြုဖို့ရာ၊ ဖြစ်ဖို့ရာပိုင်ယှောင် အခြီကိုညွန်ပြရေ စကားလုံး။ လားချင်ချင်။ စားချင်ချင်။ ပြောချင်ချင်။ ရောက်ချင်ချင် အစဟိစွာ
    ၁၊ ပြုတော့မည်၊ ဖြစ်တော့မည်ကဲ့သို့သော အခြေကိုညွန်ပြသော စကားလုံး။ လားချင်ချင်။ စားချင်ချင်။ ပြောချင်ချင်။ ရောက်ချင်ချင် စသည်
    will do
    ပစ္စည်း

    ချင်ချင်၂

    [ɕɪ̀ɴɕɪ̀ɴ၂]
    တခုတရီသော ဖြစ်ပျက်မှု သဘောသို့ သက်ရောက်နှိုင်ရေ အခြီအရဲကိုပြဖို့ ကြိယာနောက်မာ စပ်၍သုံးသော စကားလုံး။ ရောက်ချင်ချင်၊ ကျိုးချင်ချင် အစဟိစွာ
    တစ်စုံတစ်ခုသော ဖြစ်ပျက်မှု သဘောသို့ သက်ရောက်နိုင်သော အခြေအနေကိုပြရန် ကြိယာနောက်၌ စပ်၍သုံးသော စကားလုံး။ ရောက်ချင်ချင်၊ ကျိုးချင်ချင် စသည်
    none
    ပစ္စည်း

    ချင့်ချိန်

    [ɕɪ̰ɴɕèɪɴ]
    အဆိုး၊ အကောင်း ပေါင်းနှစ်မျိုးလုံးကို တွက်ဖော်ဆင်ခြင်သည်
    အဆိုး၊ အကောင်း ပေါင်းနှစ်မျိုးလုံးကို စဉ်းစားဆင်ခြင်သည်
    judge
    ကြိယာ

    ချင်ခြင်း

    [ɕɪ̀ɴkʰɹɪ́ɴ]
    အလို။ အာသာ။ ဆန္ဒ။ တောင့်တချက်
    အလို။ အာသာ။ ဆန္ဒ။ တောင့်တချက်
    desire
    နာမ်

    ချင်းစိမ်း

    [ɕɪ́ɴséɪɴ]
    မသွိခြောက်သိမ့်ရေ ချင်းအတက်
    မသွေ့ခြောက်သေးသော ချင်းအတက်
    ginger
    နာမ်

    ချင့်ဆ

    [ɕɪ̰ɴsʰ]
    ခိုင်းနိုင်း ချင့်ချိန်ရေ။ ထောက်ထား ဆင်ခြင်သည်
    ခိုင်းနိုင်း ချင့်ချိန်သည်။ ထောက်ထား ဆင်ခြင်သည်
    judge
    ကြိယာ

    ချင်ဆီ

    [ɕɪ̀ɴsʰí]
    လွလွတ်လလပ်စွာ။ ကိုယ့်သဘောအတိုင်း။ ထင်ပိုင်
    လွတ်လွတ်လပ်လပ်စွာ။ မိမိသဘောအတိုင်း။ ထင်သလို
    ambiguity
    ကြိယာဝိသေသန

    ချင်တိုင်း

    [ɕɪ̀ɴtáɪɴ]
    အလိုဟိသမျှ။ အလိုဟိရေအတိုင်း။ သဘောအတိုင်း။ ထင်ပိုင်
    အလိုရှိသမျှ။ အလိုရှိသည့်အတိုင်း။ သဘောအတိုင်း။ ထင်သလို
    ambiguity
    ကြိယာဝိသေသန

    ချင့်တွေး

    [ɕɪ̰ɴtwé]
    ၁၊ (စိတ်ဖြင့်) ချင့်ချိန်ရေ။ ထောက်ဆရေ။ ၂၊ တွေးခေါ်ရေ။ စိတ်ကူးရေ
    ၁၊ (စိတ်ဖြင့်) ချင့်ချိန်သည်။ ထောက်ဆသည်။ ၂၊ တွေးတောသည်။ စိတ်ကူးသည်
    judge
    ကြိယာဝိသေသန

    ချင့်ထောက်

    [ɕɪ̰ɴtʰɔ́ɛʔ]
    ၁၊ တွေးခေါ်ဆင်ခြင်ရေ။ ထောက်ဆရေ။ ၂၊ သုံးသပ်ရေ။ စိုင်းစားသည်
    ၁၊ တွေးတောဆင်ခြင်သည်။ ထောက်ဆသည်။ ၂၊ သုံးသပ်သည်။ စဉ်းစားသည်
    judge
    ကြိယာ

    ချင့်ပုံ

    [ɕɪ̰ɴpòʊɴ]
    တခုနန့်တခု၊ တဦးနန့် တဦး တွဲယဉ်ပြရေ။ နှိုင်းယဉ်ပြရေ
    တစ်ခုနှင့်တစ်ခု၊ တစ်ဦးနှင့် တစ်ဦး တွဲယဉ်ပြသည်။ နှိုင်းယဉ်ပြသည်
    compare
    ကြိယာ