Dictionary Entries
Showing 4,121–4,140 of 34,671 words
ခ
ချီးကန်
[ɕïkàɴ]
Arakanese:
အားဓမငြင်းဆိုရေ။ အားဓမငြင်းပယ်သည်
Burmese:
အတင်းငြင်းဆိုသည်။ အတင်းငြင်းပယ်သည်
English:
reject
Grammar Note:
ကြိယာ
ချီးကန်သီးကန်
[ɕïkàɴθïkàɴ]
Arakanese:
အားဓမငြင်းဆိုရေ။ အားဓမငြင်းပယ်သည်
Burmese:
အတင်းငြင်းဆိုသည်။ အတင်းငြင်းပယ်သည်
English:
reject
Grammar Note:
ကြိယာ
ချီးကပ်
[ɕïkaʔ]
Arakanese:
အစိချေကြုံလှီသော ကိုယ်ခန္ဓာဟိရေ
Burmese:
သေးကွေးကြုံလှီသော ကိုယ်ခန္ဓာရှိသော
English:
thin
Grammar Note:
နာမဝိသေသန
ချီးကိုင်း
[ɕïkáɪɴ]
Arakanese:
ချီးကုန်းရေ။ နောက်ဖေးလားပြီးကေ ချီးကို သုတ်သင်ရေ
Burmese:
ချေးကုန်းသည်။ နောက်ဖေးသွားပြီး မစင်ကို သုတ်သင်သည်
English:
clean faeces
Grammar Note:
နာမ်
ချီးကိုင်းတံ
[ɕïkáɪɴtံ]
Arakanese:
နောက်ဖေးလားပြီးကေ ချီးကို သုတ်သင်သော တုတ်တံ။ ချီးတုတ် ခနှောင်း
Burmese:
နောက်ဖေးသွားပြီးလျှင် မစင်ကို သုတ်သင်သော တုတ်တံ။ ချေးတုတ် ခနှောင်း
English:
stick of clean faeces
Grammar Note:
နာမ်
ချီးကျူး
[ɕït͡ɕùး]
Arakanese:
ချီးပ ပြောဆိုရေ။ မြှောက်ပင့် ပြောဆိုရေ
Burmese:
ချီးပ ပြောဆိုသည်။ မြှောက်ပင့် ပြောဆိုသည်
English:
praise
Grammar Note:
ကြိယာ
ချီးကြောက်ပူ
[ɕït͡ɕɔ́ɛʔpù]
Arakanese:
နကြောစိမ့်လန် တုန်လှုပ်သည်
Burmese:
အလွန်ကြောက်လန် တုန်လှုပ်သည်
English:
scare
Grammar Note:
ကြိယာ
ချီးကြောက်ယို
[ɕït͡ɕɔ́ɛʔjÒ]
Arakanese:
ထိတ်လန့်၍ ဝမ်းသက်ရေ။ ကြောက်ချီးပါရေ။ နကြောစိမ့်လန် တုန်လှုပ်သည်
Burmese:
ထိတ်လန့်၍ ဝမ်းသက်သည်။ ကြောက်ချေးပါသည်။ အလွန်ကြောက်လန် တုန်လှုပ်သည်
English:
scare
Grammar Note:
ကြိယာ
ချီးကြောက်သန်
[ɕït͡ɕɔ́ɛʔθàɴ]
Arakanese:
အလွန် ထိတ်လန့်ရေ။ ကြောက်လန့်ရေ။ ရွံ့ထိတ်သည်
Burmese:
အလွန် ထိတ်လန့်သည်။ ကြောက်လန့်သည်။ ရွံ့ထိတ်သည်
English:
scare
Grammar Note:
ကြိယာ
ချီးကြောက်သီးကြောက်
[ɕït͡ɕɔ́ɛʔθït͡ɕɔ́ɛʔ]
Arakanese:
နီရာအနှံအပြား။ နီရာတိုင်း
Burmese:
နေရာအနှံအပြား။ နေရာတကာ
English:
everywhere
Grammar Note:
နာမ်
ချီးခပ်သီးခပ်
[ɕïkʰaʔθïkʰaʔ]
Arakanese:
အမြမြန်ဆဆန်။ အယင့်အယင်။ ပြာသိပြာယာ။ ကမန်းကတန်း။ အပူတပြင်းအနိန်နန့်
Burmese:
အဆောတလျင်။ အလျင်အမြန်။ ကပျာကယာ။ အလျင်စလို။ အပူတပြင်း အားဖြင့်
English:
hurriedly
Grammar Note:
ကြိယာဝိသေသန
ချီးငန်းလိုက်
[ɕïŋáɴlaɪʔ]
Arakanese:
တနားတခါ နောက်ဖေးလားရေ။ တနားတခါ ဝမ်းလားသည်
Burmese:
မကြာခဏ နောက်ဖေးသွားသည်။ မကြာခဏ ဝမ်းသွားသည်
English:
diarrhea
Grammar Note:
ကြိယာ
ချီးငေါင်ရိုး
[ɕïŋèàɪ̀ɴɹó]
Arakanese:
လူ၏ ကြောရိုး အဖျားစွန်း။ မြီးညှောင်းရိုး
Burmese:
လူ၏ ကျောရိုး အဖျားစွန်း။ မြီးညှောင်းရိုး
English:
coccyx
Grammar Note:
နာမ်
ချီးငှား
[ɕïŋ̊á]
Arakanese:
လူများဝန်ကို ခဏအားဖြင့် ယူငင်သုံးစွဲသည်
Burmese:
သူတစ်ပါးပစ္စည်းကို ခဏအားဖြင့် ယူငင်သုံးစွဲသည်
English:
borrow
Grammar Note:
ကြိယာ
ချီးစားဇရက်
[ɕïsázɹɛʔ]
Arakanese:
ကျွဲချီး၊ နွားချီးမှ ပိုးရို့ကို ပင်ဖြစ်ဖြစ်၊ ကျွဲနောက်၊ နွားနောက်လိုက်ပြီးကေ ပင်ဖြစ်ဖြစ် ပိုးမွှားရို့ကို စားသောက်လိဟိရေ ဇရက်တမျိုး
Burmese:
ကျွဲချေး၊ နွားချေးမှ ပိုးတို့ကို လည်းကောင်း၊ ကျွဲနောက်၊ နွားနောက်လိုက်၍ လည်းကောင်း ပိုးမွှားတို့ကို စားသောက်လေ့ရှိသော ဆက်ရက်တစ်မျိုး
English:
starling
Grammar Note:
နာမ်
ချီးစားမီးရှူး
[ɕïsámïʃùး]
Arakanese:
ညနီကျကေ လယ်ပြင်မာ မြင်ရရေ (ချီးစား)စုန်း
Burmese:
ညနေကျလျှင် လယ်ကွင်းတွင် မြင်ရသော (မစင်စား)စုန်း
English:
witch
Grammar Note:
နာမ်
ချီးစိုက်
[ɕïsaɪʔ]
Arakanese:
ကျင်ကြီးစွန့်ရေ။ နောက်ဖေးလားရေ
Burmese:
ကျင်ကြီးစွန့်သည်။ နောက်ဖေးသွားသည်
English:
pass stools
Grammar Note:
ကြိယာ
ချီးစိုက်ငတ်
[ɕïsaɪʔŋaʔ]
Arakanese:
ကျင်ကြီး စွန့်ချင်ရေ။ နောက်ဖေး လားချင်ရေ။ ချီးပါချင်သည်
Burmese:
ကျင်ကြီး စွန့်ချင်သည်။ နောက်ဖေး သွားချင်သည်။ ချေးပါချင်သည်
English:
pass stools
Grammar Note:
ကြိယာ
ချီးစိုက်မွတ်
[ɕïsaɪʔmwaʔ]
Arakanese:
ကျင်ကြီးစွန့်ချင်ရေ။ နောက်ဖေး လားချင်ရေ။ ချီးပါချင်သည်
Burmese:
ကျင်ကြီးစွန့်ချင်သည်။ နောက်ဖေး သွားချင်သည်။ ချေးပါချင်သည်
English:
pass stools
Grammar Note:
ကြိယာ
ချီဆတ်
[ɕísʰaʔ]
Arakanese:
ဝမ်းမားက လီရေ နခေါင်းမှ ကန်ထွက်ရေ။ ချေဆတ်သည်
Burmese:
ဝမ်းတွင်းက လေသည် နှာခေါင်းမှ ကန်ထွက်သည်။ ချေဆတ်သည်
English:
sneeze
Grammar Note:
ကြိယာ