Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 4,141–4,160 of 34,671 words

    ခ

    ချီတက်

    [ɕítɛʔ]
    လူအများစုပေါင်းပနာ ကိုယ့်လိုရာသို့ လားရေ
    လူအများစုပေါင်း၍ မိမိလိုရာသို့ သွားသည်
    march
    ကြိယာ

    ချီတစ်ကြောင်းဆတ်တစ်ကြောင်း

    [ɕítɪʔt͡ɕáʊɴsʰaʔtɪʔt͡ɕáʊɴ]
    ဗရမ်းဗတာ ကရားကထား ပြန့်ကျဲဗျာယ်။ ဟိုတစု သည်တစု။ တယောက်နန့် တယောက်၊ တသင်းနန့် တသင်း သဖောချင်း ကွဲလွဲဗျာယ်။ အကွဲကွဲအပြားပြား။ တသီးအခြားစီ
    အစီအစဉ်မကျ ဖရိုဖရဲ ပြန့်ကျဲလျက်။ ဟိုတစ်စု သည်တစ်စု။ တစ်ယောက်နှင့် တစ်ယောက်၊ တစ်သင်းနှင့် တစ်သင်း သဘောချင်း ကွဲလွဲလျက်။ အကွဲကွဲအပြားပြား။ တသီးတခြားစီ
    distinctly
    ကြိယာဝိသေသန

    ချီးတန်းသွယ်

    [ɕïtáɴθwɛ̀]
    (စကားကို)လိုရင်းသို့ မရောက်ပဲ။ အဆုံးထိ မဟိသနန့်။ စကားကို ရှည်သွယ်စွာ ပြောသောအနိန်နန့်
    (စကားကို)လိုရင်းသို့ မရောက်ပဲ။ ဆုံးခန်းတိုင် မရှိသဖြင့်။ စကားကို ရှည်သွယ်စွာ ပြောသော အားဖြင့်
    indirectly
    ကြိယာဝိသေသန

    ချီတုံချတုံ

    [ɕítòʊɴɕtòʊɴ]
    တခုတရီ သံသယကြောင့် စိတ်မဆုံးဖြတ်နိုင် ဖြစ်ဗျာယ်။ စိတ်ထွေပြားဗျာယ်။ (စိတ်)ဝီခွဲမရယောင် ဖြစ်ရွီတွက်နန့်
    တစ်စုံတစ်ရာ သံသယကြောင့် စိတ်မဆုံးဖြတ်နိုင် ဖြစ်လျက်။ စိတ်ထွေပြားလျက်။ (စိတ်)ဝေခွဲမရအောင် ဖြစ်သောအားဖြင့်
    waver
    ကြိယာဝိသေသန

    ချီတုံတစ်ခါချတုံတစ်ခေါက်

    [ɕítòʊɴtɪʔkʰàɕtòʊɴtɪʔkʰaʊʔ]
    တခုတရီ သံသယကြောင့် စိတ်မဆုံးဖြတ်နိုင် ဖြစ်ဗျာယ်။ စိတ်ထွေပြားဗျာယ်။ (စိတ်)ဝီခွဲမရယောင် ဖြစ်ရွီတွက်နန့်
    တစ်စုံတစ်ရာ သံသယကြောင့် စိတ်မဆုံးဖြတ်နိုင် ဖြစ်လျက်။ စိတ်ထွေပြားလျက်။ (စိတ်)ဝေခွဲမရအောင် ဖြစ်သောအားဖြင့်
    waver
    ကြိယာဝိသေသန

    ချီတုံတစ်ခါချတုံတစ်လှည့်

    [ɕítòʊɴtɪʔkʰàɕtòʊɴtɪʔɬɛ̰]
    တခုတရီ သံသယကြောင့် စိတ်မဆုံးဖြတ်နိုင် ဖြစ်ဗျာယ်။ စိတ်ထွေပြားဗျာယ်။ (စိတ်)ဝီခွဲမရယောင် ဖြစ်ရွီတွက်နန့်
    တစ်စုံတစ်ရာ သံသယကြောင့် စိတ်မဆုံးဖြတ်နိုင် ဖြစ်လျက်။ စိတ်ထွေပြားလျက်။ (စိတ်)ဝေခွဲမရအောင် ဖြစ်သောအားဖြင့်
    waver
    ကြိယာဝိသေသန

    ချီးထုပ်ပွင့်

    [ɕïtʰoʊʔpwɪ̰ɴ]
    (ဥပစာ) လျှို့ဝှက် ဖုံးကွယ်ထားရေ အပြစ်အနာများ ပေါ်ရွီတွက်နန့်။ ညံ့ဖျင်းသော အခြီအရဲပေါ်သည် ဖြစ်ပနာ
    (ဥပစာ) လျှို့ဝှက် ဖုံးကွယ်ထားသော အပြစ်အနာများ ပေါ်သောအားဖြင့်။ ညံ့ဖျင်းသော အခြေအနေပေါ်သည် ဖြစ်၍
    none
    ကြိယာဝိသေသန

    ချီးထူ

    [ɕïtʰù]
    အညစ်အကြီးတိစွာ
    အညစ်အကြေးများသည်
    dirt
    ကြိယာ

    ချီးထူ၂

    [ɕïtʰù၂]
    (ဥပစာ) အဆာကျယ်ရေ။ အဆာ ကျယ်ရေ။ စိတ်ဆန္ဒ ထူးထွေ များပြားသည်
    (ဥပစာ) အလို များသည်။ အဆာ ကျယ်သည်။ စိတ်ဆန္ဒ ထူးထွေ များပြားသည်
    strong or intense desire
    ကြိယာ

    ချီးဒုံသျှေ

    [ɕïdòʊɴʃè]
    (အမွီးအတောင် မပေါက်သိမ့်ရေ) ပေါက်စလေးငှက်
    (အမွေးအတောင် မပေါက်သေးသော) ပေါက်စလေးငှက်
    chick
    နာမ်

    ချီးနုယို

    [ɕïnoʊjÒ]
    ဝေဒနာကြောင့် သီဖို့ခါစွန့်သော ကျင်ကြီး။ ကြောက်အား လန့်အားကြီးပြီးကေ ယိုသော ကျင်ကြီး။ ပေါက်စခါ အချေ၏ စွန့်သော ကျင်ကြီး
    ဝေဒနာကြောင့် သေခါနီးစွန့်သော ကျင်ကြီး။ ကြောက်အား လန့်အားကြီး၍ ယိုသော ကျင်ကြီး။ မွေးခါစ ကလေး၏ စွန့်သော ကျင်ကြီး
    faeces
    နာမ်

    ချီးနှစ်ပုတ်

    [ɕïn̥ɪʔpoʊʔ]
    တခုတရီ ထိခိုက်မိသော ဒဏ်ရာဒဏ်ချက်ကြောင့် တနည်း ရိုက်ပုတ်ခံရရေ ဒဏ်ရာရို့ကြောင့် ဖြစ်ပေါ်သော အနာ
    တစ်စုံတစ်ခု ထိခိုက်မိသော ဒဏ်ရာဒဏ်ချက်ကြောင့် သို့မဟုတ် ရိုက်ပုတ်ခံရသော ဒဏ်ရာတို့ကြောင့် ဖြစ်ပေါ်သော အနာ
    wound
    နာမ်

    ချီးနှစ်ပုတ်၂

    [ɕïn̥ɪʔpoʊʔ၂]
    တခုတရီ ထိခိုက်မိသော ဒဏ်ရာ ဒဏ်ချက်ရို့ကြောင့် တနားတခါ ရောဂါဖြစ်တတ်၍ နာလန်မထူနိုင် ဖြစ်တေ
    တစ်စုံတစ်ခု ထိခိုက်မိသော ဒဏ်ရာ ဒဏ်ချက်တို့ကြောင့် မကြာခဏ ရောဂါဖြစ်တတ်၍ နာလန်မထူနိုင် ဖြစ်သည်
    Not recover from illness
    ကြိယာ

    ချီးနှီးပိုင်း

    [ɕïn̥ïpáɪɴ]
    မွီးကင်းစ အချေ၏ ကိုယ်ကို ထွေးပတ်ထားရေ အဝတ်ချာ။ အနှီးထည်
    မွေးကင်းစ ကလေး၏ ကိုယ်ကို ထွေးပတ်ထားသော အဝတ်စ။ အနှီးထည်
    diaper
    နာမ်

    ချီးနှီးဖဲ့

    [ɕïn̥ïpʰé]
    မွီးကင်းစ အချေ၏ ကိုယ်ကို ထွေးပတ်ထားရေ အဝတ်ချာ။ အနှီးထည်
    မွေးကင်းစ ကလေး၏ ကိုယ်ကို ထွေးပတ်ထားသော အဝတ်စ။ အနှီးထည်
    diaper
    နာမ်

    ချီးနှီးဟပ်

    [ɕïn̥ïhaʔ]
    မွီးကင်းစ အချေ၏ ကိုယ်ကို ထွေးပတ်ထားရေ အဝတ်ချာ။ အနှီးထည်
    မွေးကင်းစ ကလေး၏ ကိုယ်ကို ထွေးပတ်ထားသော အဝတ်စ။ အနှီးထည်
    diaper
    နာမ်

    ချီးပင့်

    [ɕïpɪ̰ɴ]
    မြှောက်စားရေ။ မြှောက်ပင့်သည်
    မြှောက်စားသည်။ မြှောက်ပင့်သည်
    cajolery
    ကြိယာ

    ချီးပိုးထိုး

    [ɕïpótʰó]
    နွားချီးပုံ၊ မြေညက်ပုံ၊ အမှိုက်ပုံရို့မာ ပေါက်ဖွားသော ချပိုးတမျိုး
    နွားချေးပုံ၊ မြေညက်ပုံ၊ အမှိုက်ပုံတို့၌ ပေါက်ဖွားသော နွားချေးပိုးတစ်မျိုး
    scrab beetle
    နာမ်

    ချီးပု

    [ɕïpoʊ]
    ချီးပုရေ။ ချီးပေါက်သည်
    အီးပေါက်သည်။ လေလည်သည်
    break wind
    နာမ်

    ချီးပုံးဂါရီ

    [ɕïpóʊɴɡàɹí]
    (မိလ္လာ) ချီးသယ်သော ကား။ ယာဉ်
    (မိလ္လာ) မစင်သယ်သော ကား။ ယာဉ်
    sewage car
    နာမ်