Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 4,221–4,240 of 34,671 words

    ခ

    ချေ

    [ɕè]
    ဖျက်ပစ်ရေ။ ကွယ်ပျောက် လားလီသည်
    ဖျက်ပစ်သည်။ ကွယ်ပျောက် သွားစေသည်
    delete
    ကြိယာ

    ချေ၂

    [ɕè၂]
    သိုက်၊ တဘောင်၊ နိမိတ်ရို့အရ ကျရောက်အံ့သော ဖီးအန္တရာယ်များ ပပျောက်အောင် အစီအမံပြုလုပ်ရေ
    သိုက်၊ တဘောင်၊ နိမိတ်တို့အရ ကျရောက်လတ္တံ့သော ဘေးအန္တရာယ်များ ပပျောက်အောင် အစီအမံပြုလုပ်သည်
    prepare for omen
    ကြိယာ

    ချေဆို

    [ɕèsʰÒ]
    စနည်းနာ မီးမြန်းချက်ကို သိဟိနားလည်ယောင် ပြန်ပနာ ပြောဆိုရေ
    စုံစမ်း မေးမြန်းချက်ကို သိရှိနားလည်အောင် ပြန်လည် ပြောဆိုသည်
    contend
    ကြိယာ

    ချေပ

    [ɕèp]
    တဦးတယောက်က ပြစ်တင် ပြောဆိုချက်ကို ပျက်ပြယ်အောင် အတိုက်အခံ အနိန်နန့် ပြန်ပနာ ဖြေကြားပြောဆိုရေ
    တစ်ဦးတစ်ယောက်က ပြစ်တင် ပြောဆိုချက်ကို ပျက်ပြယ်အောင် အတိုက်အခံ အနေဖြင့် ပြန်လည် ဖြေကြားပြောဆိုသည်
    refute
    ကြိယာ

    ချေဖျက်

    [ɕèpʰrɛʔ]
    မမြင်မတွိရ ဖြစ်တေ။ တခုတရီ မကျန်ဟိအောင် လျော့ပျက် ကုန်ခန်းစီရေ
    မမြင်မတွေ့ရ ဖြစ်သည်။ တစ်စုံတစ်ရာ မကျန်ရှိအောင် လျော့ပျက် ကုန်ခန်းစေသည်
    delete
    ကြိယာ

    ချော

    [ɕɔ́]
    အထက်မှအောက်ကို လျော့ကျရေ။ အောင်မြင် အရာမာရေ။ သီဆုံးရေ။ ပျောက်ပျက် ပြုန်းတီးရေ။ ကုန်ခန်း ပျက်စီးရေ။ ပြေပြစ်အောင် လုပ်ရေ
    အထက်မှအောက်သို့ လျော့ကျသည်။ အောင်မြင် ပြီးမြောက်သည်။ သေဆုံးသည်။ ပျောက်ပျက် ပြုန်းတီးသည်။ ကုန်ခန်း ပျက်စီးသည်။ ပြေပြစ်အောင် လုပ်သည်
    success
    ကြိယာ

    ချော့

    [ɕɔ̰]
    ကိုယ့်ဖက်သို့ လိုက်ပါလာစီရန် တံပက်လူအား ဖြားယောင်းပြောဆိုရေ
    မိမိဖက်သို့ လိုက်ပါလာစေရန် တစ်ဘက်သားအား ဖြားယောင်းပြောဆိုသည်
    mislead-deceive
    ကြိယာ

    ချော၂

    [ɕɔ́၂]
    လှပပြေပြစ်သော။ ညက်ညောနူးညံ့သော။ ကျိချွဲပျောင်းသော။ ခြေလက်ကုပ်ဆုပ်၍ မရယောင် ချွာလဲစီတတ်ရေ
    လှပပြေပြစ်သော။ ညက်ညောနူးညံ့သော။ ကျိချွဲစေးကပ်သော။ ခြေလက်ကုပ်ဆုပ်၍ မရအောင် ချော်လဲစေတတ်သော
    sticky
    နာမဝိသေသန

    ချောကနဲ

    [ɕɔ́knɛ]
    ဗြုန်းခနဲ ပရုန်းနရုန်းအားဖြင့်။ ဖြုတ်ခြည်း။ မဆိုင်းမစောင့်ပဲ။ လောလောဆယ်အားဖြင့်
    ရုတ်တရက် လတ်တလောအားဖြင့်။ ဖြုတ်ချည်း။ မဆိုင်းမစောင့်ပဲ။ လောလောဆယ်အားဖြင့်
    suddenly
    ကြိယာဝိသေသန

    ချောကရောသီး

    [ɕɔ́kɹɔ́θï]
    ဟင်းလျာအဖြစ်စားသုံးရရေ အချွဲစေးဟိရေ အသီးတောက်သီးရေ ဟင်းပင်တမျိုး။ ချောဒေါင့်သီး
    ဟင်းလျာအဖြစ်စားသုံးရသော အချွဲစေးရှိသော အသီးတောင့်သီးသည့် ဟင်းပင်တစ်မျိုး။ ရုံးပတီသီး
    lady finger
    နာမ်

    ချောကလက်သီး

    [ɕɔ́klɛʔθï]
    ဟင်းလျာအဖြစ်စားသုံးရရေ အချွဲစေးဟိရေ အသီးတောင့်သီးရေ ဟင်းပင်တမျိုး။ ချောဒေါင့်သီး
    ဟင်းလျာအဖြစ်စားသုံးရသော အချွဲစေးရှိသော အသီးတောင့်သီးသည့် ဟင်းပင်တစ်မျိုး။ ရုံးပတီသီး
    lady finger
    နာမ်

    ချော့ကလူ

    [ɕɔ̰klù]
    ရွင်မြူးလာယောင် ချော့မော်သည်
    ရွင်မြူးလာအောင် ချော့မော့သည်
    coddle-lure
    ကြိယာ

    ချောကလောသီး

    [ɕɔ́klɔ́θï]
    ဟင်းလျာအဖြစ်စားသုံးရရေ အချွဲစေးဟိရေ အသီးတောင့်သီးရေ ဟင်းပင်တမျိုး။ ချောဒေါင့်သီး
    ဟင်းလျာအဖြစ်စားသုံးရသော အချွဲစေးရှိသော အသီးတောင့်သီးသည့် ဟင်းပင်တစ်မျိုး။ ရုံးပတီသီး
    lady finger
    နာမ်

    ချောကုန်း

    [ɕɔ́kóʊɴ]
    တယောက်နန့် တယောက် ရန်ဖြစ်ယောင်၊ အချစ်ပျက်အောင် ကုန်းတိုက်သည်
    တစ်ယောက်နှင့် တစ်ယောက် ရန်ဖြစ်အောင်၊ အချစ်ပျက်အောင် ကုန်းတိုက်သည်
    slander
    ကြိယာ

    ချောက်

    [ɕɔ́ɛʔ]
    ၁၊ ကုန်းမြင့်နှစ်ခု၏ အကြားဟိ အလွန်နက်ဝှမ်းသော အရာ။ မြေဝှမ်း။ ၂၊ ကျဉ်းကျပ်ခြင်း၊ ပြည့်တင်းခြင်း မဟိ (ချောင်သည်)၏ အဖြစ်
    ၁၊ ကုန်းမြင့်နှစ်ခု၏ အကြားရှိ အလွန်နက်ဝှမ်းသော အရာ။ မြေဝှမ်း။ ၂၊ ကျဉ်းကျပ်ခြင်း၊ ပြည့်တင်းခြင်း မရှိ (ချောင်သည်)၏ အဖြစ်
    ravine-gully
    နာမ်

    ချောက်ကမ်းပါး

    [ɕɔ́ɛʔkáɴpàး]
    မြင့်မား တန်းတင် ချောက်၏ နံဖီးအပါး အရပ်။ ကမ်းထောင်းပြတ်။ ချောက်၏ နံဖီးအပါး အရပ်
    မြင့်မား မတ်စောက်သော ချောက်၏ အနီးအပါး အရပ်။ ကမ်းပါးပြတ်။ ချောက်၏ အနီးအပါး အရပ်
    ravine-gully
    နာမ်

    ချောက်ကျ

    [ɕɔ́ɛʔt͡ɕ]
    ၁၊ အောက်ကို နိမ့်ဟိုင်း၍ လားရေ။ ၂၊ ချောက်မားထဲကို လူးကျရေ
    ၁၊ အောက်သို့ နိမ့်ရှိုင်း၍ သွားသည်။ ၂၊ ချောက်တွင်းထဲသို့ လိမ့်ကျသည်
    fail
    ကြိယာ

    ချောက်ကြား

    [ɕɔ́ɛʔt͡ɕá]
    တောင်နှစ်ခု အကြား နိမ့်ဝှမ်းသော အရပ်
    တောင်နှစ်ခု အကြား နိမ့်ဝှမ်းသော အရပ်
    valley
    နာမ်

    ချောက်ခေါင်း

    [ɕɔ́ɛʔkʰèàɪ́ɴ]
    တောင်ခြီ၊ တောင်ကမ်းထောင်းမာ တူးထားရေ ကျွံနစ်စရာမား။ အပိုင် ဖြစ်ပေါ်နိန်ရေ မား၊ လိုဏ်
    တောင်ခြေ၊ တောင်ကမ်းပါးတွင် တူးထားသော ကျွံနစ်စရာတွင်း။ အလိုလို ဖြစ်ပေါ်နေသော တွင်း၊ လိုဏ်
    hornets nest
    နာမ်

    ချောက်ချ

    [ɕɔ́ɛʔɕ]
    ၁၊ ချောက်မားထဲကို တိုးချရေ။ (ဥပစါ) ၂၊ တဖက်သား အပြစ်ရောက်ယောင် တွန်းပို့ရေ။ အဆိုးဘက်ကို ဆွဲနစ်သည်
    ၁၊ ချောက်တွင်းထဲသို့ တွန်းချသည်။ (ဥပစါ) ၂၊ တစ်ဖက်သား အပြစ်ရောက်အောင် တွန်းပို့သည်။ အဆိုးဘက်သို့ ဆွဲနစ်သည်
    be badly shaken
    ကြိယာ