Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 4,201–4,220 of 34,671 words

    ခ

    ချုံး၂

    [ɕóʊɴ၂]
    ပေါင်းရုံး ရီတွက်ရေ။ အားလုံးကို ခြုံး၍ ရွီတွက်ရေအခါ
    ပေါင်းရုံး ရေတွက်သည်။ အားလုံးကို ချုံး၍ ရေတွက်သည့်အခါ
    count
    ကြိယာ

    ချုံးချုံးကျ

    [ɕóʊɴɕóʊɴt͡ɕ]
    စိတ်ချ ယုံကြည်စွာဖြင့်
    စိတ်ချ ယုံကြည်စွာဖြင့်
    be restassured
    ကြိယာဝိသေသန

    ချုပ်

    [ɕoʊʔ]
    ၁၊ ကျမ်းပြီး အဆုံးသတ်ရေ။ ၂၊ အကျိုင်းခြုံးရေ။ အကျယ်ကို အကျိုင်းချုပ်ပနာ ရီးသားရရေ။ ၃၊ အစုအဝီး တရပ်ကို အုပ်ထိန်းရေ။ အကြီးအကဲ လုပ်ရေ။ ၄၊ ဒေါသစိတ်ကို ထိန်းရေ။ ထိန်းအုပ်ရေ။ ၅၊ ချိုင့်ထဲမာ သွင်းလောင်းာင် ထားရေ။ ၆၊ အထက်က လွှမ်းအုပ်ရေ။ ဝတ်ရုံရေ။ ဝန်းကျင် ပတ်ရစ
    ၁၊ ကျမ်းပြီး အဆုံးသတ်သည်။ ၂၊ အကျဉ်းချုံးသည်။ အကျယ်ကို အကျဉ်းချုပ်၍ ရေးသားရသည်။ ၃၊ အစုအဝေး တစ်ရပ်ကို အုပ်ထိန်းသည်။ အကြီးအကဲ လုပ်သည်။ ၄၊ ဒေါသစိတ်ကို ထိန်းသည်။ ထိန်းအုပ်သည်။ ၅၊ ချိုင့်ထဲ၌ သွင်းလှောင် ထားသည်။ ၆၊ အပေါ်က လွှမ်းအုပ်သည်။ ဝတ်ရုံသည်။ ဝန်းကျင် ပတ်ရစ
    swe-hamper
    ကြိယာ

    ချုပ်ကိုင်

    [ɕoʊʔkàɪɴ]
    ၁၊ ရွိမလားနှိုင်ယောင် ဖမ်းထားရေ။ ဆွဲငင်ထားရေ။ ၂၊ အုပ်စီးသည်
    ၁၊ ရွေ့လျားမသွားနိုင်အောင် ဖမ်းထားသည်။ ဆွဲငင်ထားသည်။ ၂၊ အုပ်စီးသည်
    catch
    ကြိယာ

    ချုပ်ချုပ်

    [ɕoʊʔɕoʊʔ]
    (ငရုတ်သီး) အလွန်စပ်ဟိန်းပြင်းသော
    (ငရုတ်သီး) အလွန်စပ်ရှိန်းပြင်းသော
    spicy
    နာမဝိသေသန

    ချုပ်ဂေါင်းပေါင်း

    [ɕoʊʔɡèàɪ́ɴpèàɪ́ɴ]
    ကျက်သရေ ခေါင်းပေါင်း။ အဂေါင်း၏ အဆင်တန်ဆာ
    ကျက်သရေ ခေါင်းပေါင်း။ ဦးခေါင်း၏ အဆင်တန်ဆာ
    turban
    နာမ်

    ချုပ်စာ

    [ɕoʊʔsà]
    ဆီး၊ ဝမ်းကို အောက်ကို မသက်စီပဲ ခိုင်မြဲစီတတ်ရေ အာဟာရ
    ဆီး၊ ဝမ်းကို အောက်သို့ မသက်စေပဲ ခိုင်မြဲစေတတ်သော အာဟာရ
    constipate food
    နာမ်

    ချုပ်ဆို

    [ɕoʊʔsʰÒ]
    ထားရေ ကတိကို ခိုင်မြဲအောင်ပြုလုပ်ရေ
    ထားသော ကတိကို ခိုင်မြဲအောင်ပြုလုပ်သည်
    contract
    ကြိယာ

    ချုပ်တည်း

    [ɕoʊʔtɛ́]
    ကိုယ်၊ နှုတ်၊ နှလုံးကို စောင့်ထိန်းသည်
    ကိုယ်၊ နှုတ်၊ နှလုံးကို စောင့်ထိန်းသည်
    restrain
    ကြိယာ

    ချုပ်ပေါင်း

    [ɕoʊʔpèàɪ́ɴ]
    အဂေါင်းကို ပုဝါအစဟိစွာအနိန်နန့် ရစ်ပတ် ဖုံးအုပ်ရေ။ အဂေါင်း တန်ဆာဆင်သည်
    ဦးခေါင်းကို ပုဝါစသည်ဖြင့် ရစ်ပတ် ဖုံးအုပ်သည်။ ဦးခေါင်း တန်ဆာဆင်သည်
    turban
    ကြိယာ

    ချုံမိ

    [ɕòʊɴmì]
    အားလုံးခြုံ၍ သိမြင်နားလည်ရေ။ သဖောပေါက်ရေ။ ၂၊ အားလုံးခြုံ၍ ပါဝင်ရေ
    အားလုံးခြုံ၍ သိမြင်နားလည်သည်။ သဘောပေါက်သည်။ ၂၊ အားလုံးခြုံ၍ ပါဝင်သည်
    comprehend
    ကြိယာ

    ချူ

    [ɕù]
    ယှူရေ။ အသံမထွက်ဖြစ်တေ။ ရယူရန် အားထုတ်သည်
    မအောင်မြင်။ အသံမထွက်ဖြစ်သည်။ ရယူရန် အားထုတ်သည်
    fail
    ကြိယာ

    ချူး

    [ɕùး]
    တဖက်ဘက်ကို အစိုင်အတိုင်းငယ်၍ လားရေ။ လျော့လားရေ။ ဝင့်ဝါ၍ ကတိသတ်ချက် အတိုင်းမဟုတ်ဘဲ လက်တွိအားဖြင့် လျော့ပြယ်လားရေ။ အဖျားချူးလားခရေ
    တစ်ဘက်ဘက်သို့ အစဉ်အတိုင်းငယ်၍ သွားသည်။ လျော့သွားသည်။ ဝင့်ဝါ၍ ကတိပေးချက် အတိုင်းမဟုတ်ပဲ လက်တွေ့အားဖြင့် လျော့ပြယ်သွားသည်။ အဖျားချူးလားခရေ
    descending order
    ကြိယာ

    ချူချာဗါကျာ

    [ɕùɕàbàt͡ɕà]
    ညံ့ဖျင်းရေ။ ဆင်းရဲရေ။ (ဥပစာ) ချွတ်ခြုံကျရေ။ တခုလေ့သင့် မဟိလောက်ယောင် မွဲသည်
    ညံ့ဖျင်းသည်။ ဆင်းရဲသည်။ (ဥပစာ) ချွတ်ချုံကျသည်။ ဘာမှ မရှိလောက်အောင် မွဲသည်
    poor
    ကြိယာ

    ချူချူပေါက်

    [ɕùɕùpaʊʔ]
    အဘုချေငယ်အား ကျင်ငယ်စွန့်ရန် အမိက ချူချူပေါက်ဟု တိုက်တွန်းပြောဆိုရေ စကားလုံး
    ခလေးငယ်အား ကျင်ငယ်စွန့်ရန် အမိက ချူချူပေါက်ဟု တိုက်တွန်းပြောဆိုသော စကားလုံး
    voice for baby pee
    နာမ်

    ချူတံပစ်

    [ɕùtံpɪʔ]
    တုတ်ချောင်းမာ ကြိုးရစ်၍ အဝီးကို ပစ်ကစပ်ရရေ ကစပ်စရာတမျိုး
    တုတ်ချောင်းတွင် ကြိုးရစ်၍ အဝေးသို့ ပစ်ကစားရသော ကစားစရာတစ်မျိုး
    none
    နာမ်

    ချူနာကျ

    [ɕùnàt͡ɕ]
    တနားတခါ အင်အားချို့နန့်သော ရောဂါဖြစ်တတ်သူ
    မကြာခဏ အင်အားချို့နဲ့သော ရောဂါဖြစ်တတ်သူ
    weak-debilitated
    နာမ်

    ချူနာထ

    [ɕùnàtʰ]
    နခေါင်းမှနှာပိတ်ပနာ တရှူးရှူး မြည်တတ်ရေရောဂါ
    နှာခေါင်းမှနှာပိတ်၍ တရှူးရှူး မြည်တတ်သောရောဂါ
    have a running nose
    နာမ်

    ချူနာထ၂

    [ɕùnàtʰ၂]
    နခေါင်းမှနှာပိတ်ပနာ တရှူးရှူး မြည်တတ်သည်
    နှာခေါင်းမှနှာပိတ်၍ တရှူးရှူး မြည်တတ်သည်
    none
    နာမ်

    ချူပေါက်

    [ɕùpaʊʔ]
    မားနေသတ္တဝါရို့မာ အသက်ဖီး ကြုံလာကေ ကိုယ်လွတ်ထွက်ဗြီးဖို့ လျှို့ဝှက်ထားရေ အပေါက်
    တွင်းနေသတ္တဝါတို့တွင် အသက်ဘေး ကြုံလာလျှင် ကိုယ်လွတ်ထွက်ပြေးရန် လျှို့ဝှက်ထားသော အပေါက်
    loophole
    ကြိယာ