Dictionary Entries
Showing 4,361–4,380 of 34,671 words
ခ
ခြ
[kʰɹ]
Arakanese:
အစုဖွဲ့ပြီးကေ မြေအောင်း၍ နီတတ်ရေ သစ်၊ ဝါး၊ အဝတ်ခတောင်း လူရို့၏ အသုံးအဆောင် စစွာကို ဖျက်ဆီးတတ်ရေ ပိုးကောင်
Burmese:
အစုဖွဲ့ကာ မြေအောင်း၍ နေတတ်သော သစ်၊ ဝါး၊ အဝတ်ပုဆိုး လူတို့၏ အသုံးအဆောင် စသည်ကို ဖျက်ဆီးတတ်သော ပိုးကောင်
English:
white ant-termite
Grammar Note:
နာမ်
ခြံ
[kʰɹံ]
Arakanese:
၁၊ အိမ်၊ ကျောင်းစရေ နီရာရို့ကို ဝန်းပတ်၍ အကာအရံရို့နန့် ဆီးတားထားခြင်း။ ၂၊ ပန်းမာလ်၊ ဥယျာဉ်၊ အပင်၊ ဝါးပင် အစဟိစွာ့ သီးထွက်ဝန်
Burmese:
၁၊ အိမ်၊ ကျောင်းစသည့် နေရာတို့ကို ဝန်းပတ်၍ အကာအရံတို့ဖြင့် ဆီးတားထားခြင်း။ ၂၊ ပန်းမာလ်၊ ဥယျာဉ်၊ သစ်ပင်၊ ဝါးပင် စသည့် သီးထွက်ပစ္စည်း
English:
enclosure
Grammar Note:
နာမ်
ခြ၂
[kʰɹ၂]
Arakanese:
၁၊ သာယာနာမှု မဟိရေ အသံ။ နား၏ အာရုံ ခံစားမှုမဟိရေ အသံမျိုး။ ၂၊ ကြမ်းသော အသံမျိုး
Burmese:
၁၊ သာယာနာမှု မရှိသော အသံ။ နား၏ အာရုံ ခံစားမှုမရှိသော အသံမျိုး။ ၂၊ ကြမ်းသော အသံမျိုး
English:
noise
Grammar Note:
နာမ်
ခြံ၂
[kʰɹံ၂]
Arakanese:
(နံဖီးအနား) ဝိုင်းပတ် ကာရံထားရေ
Burmese:
(အနီးအနား) ဝိုင်းပတ် ကာရံထားသည်
English:
enclose
Grammar Note:
ကြိယာ
ခြ၃
[kʰɹ၃]
Arakanese:
၁၊ မာကျောသော။ ၂၊ ချောမွိ့နူးညံ့မဟိ တင်းမာသော။ ၃၊ ခြောက်သွိသော။ ဆောင်းခါနှုတ်ခမ်း ခြရေ
Burmese:
၁၊ မာကျောသော။ ၂၊ ချောမွေ့နူးညံ့မရှိ တင်းမာသော။ ၃၊ ခြောက်သွေ့သော။ ဆောင်းခါနှုတ်ခမ်း ခြရေ
English:
hard
Grammar Note:
နာမဝိသေသန
ခြံ၃
[kʰɹံ၃]
Arakanese:
မြစ်ကမ်းတလျောက်မာ ဖြားတက်ဖြင့် ပါလာရေ ငါးရို့ကို ရေကျသော အခါမှ ကျန်ရစ်စီရန် ဝါးခြမ်းထရံ (မျက်ကွင်းများ)၊ မတ်ရပ်ထောင်သော ပိုက်ချရေ ယင်းတိနန့် ပြုလုပ်ထားရေ ပိုက်ချကိရိယာ။ ဗဝန်း။ မြက်ကွင်း
Burmese:
မြစ်ကမ်းတစ်လျောက်တွင် ရေတက်ဖြင့် ပါလာသော ငါးတို့ကို ရေကျသော အခါတွင် ကျန်ရစ်စေရန် ဝါးခြမ်းထရံ (မျက်ကွင်းများ)၊ မတ်ရပ်ထောင်သော ငါးဖမ်းသည့် ယင်းများဖြင့် ပြုလုပ်ထားသော ငါးဖမ်းကိရိယာ။ ဗဝန်း။ မြက်ကွင်း
English:
seine
Grammar Note:
နာမ်
ခြ၄
[kʰɹ၄]
Arakanese:
ကွဲဟကြောင်း ပေါ်ရေ။ ပပ်ကြားအက်ကြောင်း ပေါ်ရေ။ ကွဲအက်ရာကြောင်း ပေါ်သည်
Burmese:
ကွဲဟကြောင်း ပေါ်သည်။ ပပ်ကြားအက်ကြောင်း ပေါ်သည်။ ကွဲအက်ရာကြောင်း ပေါ်သည်
English:
crack
Grammar Note:
ကြိယာ
ခြ၅
[kʰɹ၅]
Arakanese:
ကွဲဟကြောင်း။ ပပ်ကြားအက်ကြောင်း။ စပ်ကြားချိုင့်ငယ်။ ကွဲအက်ရာကြောင်း
Burmese:
ကွဲဟကြောင်း။ ပပ်ကြားအက်ကြောင်း။ စပ်ကြားချိုင့်ငယ်။ ကွဲအက်ရာကြောင်း
English:
crack
Grammar Note:
နာမ်
ခြကိုက်
[kʰɹkaɪʔ]
Arakanese:
(ဥပစါ) အကျင့်စာရိတ္တပျက်သူ
Burmese:
(ဥပစါ) အကျင့်စာရိတ္တပျက်သူ
English:
dissolute
Grammar Note:
နာမ်
ခြကိုက်၂
[kʰɹkaɪʔ၂]
Arakanese:
(ဥပစါ) အကျင့်စာရိတ္တ ပျက်ရေ။ ၂၊ ပျက်စီးရေ
Burmese:
(ဥပစါ) အကျင့်စာရိတ္တ ပျက်သည်။ ၂၊ ပျက်စီးသည်
English:
dissolute
Grammar Note:
ကြိယာ
ခြကိုက်ခံ
[kʰɹkaɪʔkʰံ]
Arakanese:
(ဥပစါ) ဖျက်ဆီးခြင်း ခံရရေ
Burmese:
(ဥပစါ) ဖျက်ဆီးခြင်း ခံရသည်
English:
dissolute
Grammar Note:
ကြိယာ
ခြက်
[kʰɹɛʔ]
Arakanese:
၁၊ကျကျိုင်းတောင့်တင်းသော။ နူးညံ့ ပျော့ပျောင်းခြင်း ကင်းသော။ ၂၊ (နီပူဟိန်ပြင်းအတွက်နန့်) သွိခြောက် မာတင်း၍နိန်ရေ။ ၃၊ ကြာမြင့်စွာ ခံနိုင်ရည်ဟိသော။ ခမောင်းကေရာမျက်ဝီ၊ နှစ်တရာကေ၊ ကမ္ဘာလုံးကို၊ ခြက်လို့နီ (တေး)
Burmese:
၁၊ မာကျော တောင့်တင်းသော။ နူးညံ့ ပျော့ပျောင်းခြင်း ကင်းသော။ ၂၊ (နေပူရှိန်ပြင်းသောကြောင့်) သွေ့ခြောက် မာတင်း၍နေသော။ ၃၊ ကြာမြင့်စွာ ခံနိုင်ရည်ရှိသော။ ခမောင်းကေရာမျက်ဝီ၊ နှစ်တရာကေ၊ ကမ္ဘာလုံးကို၊ ခြက်လို့နီ (တေး)
English:
hardy
Grammar Note:
နာမဝိသေသန
ခြက်ခြက်မြည်
[kʰɹɛʔkʰɹɛʔmɹɛ]
Arakanese:
အဆင့်အတန်း စံမှီရေ။ ကောင်းရေ
Burmese:
အဆင့်အတန်း စံမှီသည်။ ကောင်းသည်
English:
come up to standard
Grammar Note:
ကြိယာ
ခြက်ခြက်မြည်၂
[kʰɹɛʔkʰɹɛʔmɹɛ၂]
Arakanese:
ခြောက်သွိနိန်ရေ သစ်ရွက်၊ သစ်ရွက်ပေါ်၌ တခုတရီလားရေ အသံ
Burmese:
ခြောက်သွေ့နေသော ဖက်ရွက်၊ သစ်ရွက်ပေါ်၌ တစ်စုံတစ်ခုသွားသော အသံ
English:
khan khan sound
Grammar Note:
နာမ်
ခြကျစ်
[kʰɹt͡ɕɪʔ]
Arakanese:
ခြသတ္တဝါများ မြီစာဖြင့် ပြုလုပ်ထားရေ တောင်ပို့။ ခြတောင်ပို့
Burmese:
ခြသတ္တဝါများ မြေစာဖြင့် ပြုလုပ်ထားသော တောင်ပို့။ ခြတောင်ပို့
English:
Ant-hill
Grammar Note:
နာမ်
ခြကျိတ်သျှ
[kʰɹt͡ɕeɪʔʃ]
Arakanese:
ဘုဒိုပြီး ပိန်၍ ကြုံလှီသော (လူကျစ်အချေ)။ ကိုယ်ခန္ဓာအစဟိစွာ ကြီးသင့် သလောက်မကြီးရေ
Burmese:
အရပ်ပုပြီး ပိန်၍ ကြုံလှီသော (လူကျစ်ကလေး)။ ကိုယ်ခန္ဓာစသည် ကြီးသင့် သလောက်မကြီးသော
English:
dwarf
Grammar Note:
နာမဝိသေသန
ခြခတ်
[kʰɹkʰaʔ]
Arakanese:
အသားထူ၍ အဆစ်စိပ်စိပ်ဟိရေ ဝါးတမျိုး။ ခြခတ်သားကေ၊ ဝါးခေါင်းအုံးနန့် (ထာနု)
Burmese:
အသားထူ၍ အဆစ်စိပ်စိပ်ရှိသော ဝါးတစ်မျိုး။ ခြခတ်သားကေ၊ ဝါးခေါင်းအုံးနှင့် (ထာနု)
English:
bamboo
Grammar Note:
နာမ်
ခြံခတ်
[kʰɹံkʰaʔ]
Arakanese:
ဝင်းတပ်ကို အကာ အရံ ပြုလုပ်ရေ
Burmese:
ဝင်းတပ်ကို အကာ အရံ ပြုလုပ်သည်
English:
enclose
Grammar Note:
ကြိယာ
ခြခေါင်း
[kʰɹkʰèàɪ́ɴ]
Arakanese:
ကသောင်းဝါးဖြင့် ပင်ဖြစ်ဖြစ်၊ သံခေါင်းဖြင့် ပင်ဖြစ်ဖြစ်၊ နှစ်လုံးဖြင့် ဖြစ်စီ၊ တလုံးဖြင့် ဖြစ်စီ ပြုလုပ်ထားရေ ခေါင်းပွပြွန်၌ ပျိုင်ပြားကို အဝိုက်ပြုပနာ လေအားပီးသော ဖို။ ဖိုကျင်
Burmese:
ဝါးပိုးဝါးဖြင့် လည်းကောင်း၊ သံခေါင်းဖြင့် လည်းကောင်း၊ နှစ်လုံးဖြင့် ဖြစ်စေ၊ တစ်လုံးဖြင့် ဖြစ်စေ ပြုလုပ်ထားသော ခေါင်းပွပြွန်၌ ပျဉ်ပြားကို အဝိုက်ပြု၍ လေအားပေးသော ဖို။ ဖိုကျင်
English:
bellow
Grammar Note:
နာမ်
ခြံချ
[kʰɹံɕ]
Arakanese:
(ပိုက်ချရန်) မြစ်ကမ်းခြီလျောက်မာ ကမ်းနန့်ပြိုင်ဗျာယ် ရှည်လျားသော ယင်းတန်းတိနန့် ဖြစ်စီ၊ ဗဝန်းဖြင့်ဖြစ်စီ ပြုလုပ်ထားရေ ပိုက်ချကိရိယာဖြင့် ထောင်ဖမ်းရေ
Burmese:
(ငါးဖမ်းရန်) မြစ်ကမ်းခြေလျောက်တွင် ကမ်းနှင့်ပြိုင်လျက် ရှည်လျားသော ယင်းတန်းများဖြင့် ဖြစ်စေ၊ ဗဝန်းဖြင့်ဖြစ်စေ ပြုလုပ်ထားသော ငါးဖမ်းကိရိယာဖြင့် ထောင်ဖမ်းသည်
English:
fishing
Grammar Note:
ကြိယာ