Dictionary Entries
Showing 4,381–4,400 of 34,671 words
ခ
ခြချိတ်သျှေ
[kʰɹɕeɪʔʃè]
Arakanese:
ဘုဒိုပြီး ပိန်၍ ကြုံလှီသော (လူကျစ်အချေ)။ ကိုယ်ခန္ဓာအစဟိစွာ ကြီးသင့်သလောက် မကြီးရေ
Burmese:
အရပ်ပုပြီး ပိန်၍ ကြုံလှီသော (လူကျစ်ကလေး)။ ကိုယ်ခန္ဓာစသည် ကြီးသင့်သလောက် မကြီးသော
English:
dwarf
Grammar Note:
နာမ်
ခြခြ
[kʰɹkʰɹ]
Arakanese:
၁၊ မနူးမညံ့ မပျော့မပျောင်း မာတင်းသော။ မာကျောသော။ မာတောင့်သော။ ၂၊ အသံ သာယာနာပျော်ဖွယ် မဟိရေ။ စောင်းသံ ခြခြ၊ စည်သံခြခြ၊ အိုးသံခြခြ
Burmese:
၁၊ မနူးမညံ့ မပျော့မပျောင်း မာတင်းသော။ မာကျောသော။ မာတောင့်သော။ ၂၊ အသံ သာယာနာပျော်ဖွယ် မရှိသော။ စောင်းသံ ခြခြ၊ စည်သံခြခြ၊ အိုးသံခြခြ
English:
hard sound
Grammar Note:
နာမဝိသေသန
ခြခြ၂
[kʰɹkʰɹ၂]
Arakanese:
ခြခြဟု ကြမ်းတမ်းစွာ မြည်သော အသံ
Burmese:
ခြခြဟု ကြမ်းတမ်းစွာ မြည်သော အသံ
English:
motivate voice for fighting
Grammar Note:
နာမ်
ခြခြပူ
[kʰɹkʰɹpù]
Arakanese:
(နေ) အပူဟိန်ပြင်းထန်စွာ။ ချိုတ်ချိုတ်တောက် ပူဗျာယ်
Burmese:
(နေ) အပူရှိန်ပြင်းထန်စွာ။ ချစ်ချစ်တောက် ပူလျက်
English:
beat down
Grammar Note:
ကြိယာဝိသေသန
ခြခြသျှေ
[kʰɹkʰɹʃè]
Arakanese:
၁၊ ဖြတ်လတ်သွက်လက်သော။ ၂၊ ကိုယ်ခန္ဓာအစဟိစွာ ကြီးသင့်သလောက် မကြီးရေ။ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးသော (လူကျစ်အချေ)။ ၃၊ တောင့်တင်းမာကျောသော။ နနောင်းသော
Burmese:
၁၊ ဖျတ်လတ်သွက်လက်သော။ ၂၊ ကိုယ်ခန္ဓာစသည် ကြီးသင့်သလောက် မကြီးသော။ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးသော (လူကျစ်ကလေး)။ ၃၊ တောင့်တင်းမာကျောသော။ ခိုင်မာသော
English:
quickly
Grammar Note:
နာမဝိသေသန
ခြင်
[kʰɹɪ̀ɴ]
Arakanese:
(အရေကို ဖေါက်ထွင်းပနာသွီးကို စုပ်ယူနှိုင်ရေ) ပိုးကောင်တမျိုး
Burmese:
(အရေကို ဖေါက်ထွင်း၍ သွေးကို စုပ်ယူနိုင်သော) ပိုးကောင်တစ်မျိုး
English:
mosquito
Grammar Note:
နာမ်
ခြင့်
[kʰɹɪ̰ɴ]
Arakanese:
၁၊ (သားဖွားချိန်နီး၍) ကမ္မဇလေ လှုပ်ရှားလာရေ။ ၂၊ သန္ဓေသား တွန်းကန် လှုပ်ရှားလာရေ။ ဖွားဖို့ချိန်ကျ၊ နားပါးလည်ကေ၊ မွီးသည်မရို့၊ ဟိစွအသင့်၊ သားရွန့်လာကေ၊ တောင်ညာရဖို့၊ ဝမ်းကခြင့်လို့ (နာရဒ)။ ၂၊ အခံရခက်သော ဝေဒနာမျိုးကို ခံစားရရေ။ ဝမ်းနာ။ (ဝမ်းခြင့်။
Burmese:
၁၊ (သားဖွားချိန်နီး၍) ကမ္မဇလေ လှုပ်ရှားလာသည်။ ၂၊ သန္ဓေသား တွန်းကန် လှုပ်ရှားလာသည်။ ဖွားဖို့ချိန်ကျ၊ နားပါးလည်ကေ၊ လက်သည်မတို့၊ ရှိစွအသင့်၊ သားရွန့်လာကေ၊ တောင်ညာရမှာ၊ ဝမ်းကခြင့်လို့ (နာရဒ)။ ၂၊ အခံရခက်သော ဝေဒနာမျိုးကို ခံစားရသည်။ ဗိုက်အောင့်သည်။ (ဝမ်းခြင့်။
English:
cramp
Grammar Note:
ကြိယာ
ခြင်း
[kʰɹɪ́ɴ]
Arakanese:
ဘာသာ စကားတရပ်။ (ရခိုင်စကား- ရခိုင်ခြင်း။ ဗမာစကား- ဗမာခြင်း။ အိန်းဂလိချ်စကား- အိန်းဂလိချ်ခြင်း အစဟိစွာ)
Burmese:
ဘာသာ စကားတစ်ရပ်။ (ရခိုင်စကား- ရခိုင်ခြင်း။ ဗမာစကား- ဗမာခြင်း။ အင်္ဂလိပ်စကား- အင်္ဂလိပ်ခြင်း စသည်)
English:
language
Grammar Note:
နာမ်
ခြင်၂
[kʰɹɪ̀ɴ၂]
Arakanese:
၁၊ ကတ္တား၊ သိုက်စစွာတိနန့် ဝန်၏ အသျှေကို သိရယောင် ခြင်ရေ။ ၂၊ ဆန်၊ စပါးအစဟိစွာရို့ကို တောင်း၊ တင်း အစဟိစွာရို့မာ ထည့်၍ အနည်းအတိကို သိရယောင်လုပ်ရေ။ ဖွါးဒါဘောင်မာ၊ ချိုင်ပေါင်းဟင်းနန့် ခုချင်းရောင်းရာ၊ တောင်းခြင်ခေါ်က(ကဉ္စန)။ ပါစပါးကို အားလု
Burmese:
၁၊ ကတ္တား၊ ချိန်ခွင်စသည်တို့ဖြင့် ပစ္စည်း၏ အလေးကို သိရအောင် ချိန်တွယ်သည်။ ၂၊ ဆန်၊ စပါးစသည်တို့ကို တောင်း၊ တင်း စသည်တို့တွင် ထည့်၍ အနည်းအများကို သိရအောင်လုပ်သည်။ ဖွါးဒါဘောင်မှာ၊ ချဉ်ပေါင်းဟင်းနှင့် ခုချင်းရောင်းရာ၊ တောင်းခြင်ခေါ်က(ကဉ္စန)။ ပါစပါးကို အားလု
English:
weigh
Grammar Note:
ကြိယာ
ခြင့်၂
[kʰɹɪ̰ɴ၂]
Arakanese:
ကသောင်းဝါးဖြင့် ပင်ဖြစ်ဖြစ်၊ သံခေါင်းဖြင့် ပင်ဖြစ်ဖြစ်၊ နှစ်လုံးဖြင့်ဖြစ်စီ၊ တလုံးဖြင့်ဖြစ်စီ ပြုလုပ်ထားရေ ခေါင်းပွပြွန်၌ ပျိုင်ပြားကို အဝိုက်ပြုပနာ လေအားပီးသော ဖို။ ဖိုကျင်
Burmese:
ဝါးပိုးဝါးဖြင့် လည်းကောင်း၊ သံခေါင်းဖြင့် လည်းကောင်း၊ နှစ်လုံးဖြင့်ဖြစ်စေ၊ တစ်လုံးဖြင့်ဖြစ်စေ ပြုလုပ်ထားသော ခေါင်းပွပြွန်၌ ပျဉ်ပြားကို အဝိုက်ပြု၍ လေအားပေးသော ဖို။ ဖိုကျင်
English:
bellows
Grammar Note:
နာမ်
ခြင်း၂
[kʰɹɪ́ɴ၂]
Arakanese:
၁၊ သဲစစွာကို အနှံ့အစပ်ဖြစ်ယောင် ခြင်းရေ။ ၂၊ ဖျာ စစွာကို ရှည်လျား ပြန့်လားယောင် ဆန့်သည်
Burmese:
၁၊ သဲစသည်ကို အနှံ့အစပ်ဖြစ်အောင် ကြဲဖြန့်သည်။ ၂၊ ဖျာ စသည်ကို ရှည်လျား ပြန့်သွားအောင် ဆန့်သည်
English:
scatter
Grammar Note:
ကြိယာ
ခြင်း၃
[kʰɹɪ́ɴ၃]
Arakanese:
ဝါး၊ ကြိမ် အစဟိစွာရို့ကို နှီးဖြာ၍ ခကြကြား ရက်လုပ်ထားရေ တခုတရီ ထည့်စရာတောင်း
Burmese:
ဝါး၊ ကြိမ် စသည်တို့ကို နှီးဖြာ၍ ခပ်ကျဲကျဲ ရက်လုပ်ထားသော တစ်စုံတစ်ရာ ထည့်စရာတောင်း
English:
bamboo basket
Grammar Note:
နာမ်
ခြင်ကန်
[kʰɹɪ̀ɴkàɴ]
Arakanese:
အိမ်မိုး ကြွက်လျှောက်တန်းအောက်မှ ဖီလာ(အနံလိုက်) ထည့်ထားရေ သစ်သားချောင်း။ ထုတ်လျောက်ပတန်၊ အိမ်ခြင်ကန်မာ၊ မကျန်ရပဲ (ထာနု)
Burmese:
အိမ်မိုး အခြင်ဝါးအောက်မှ ဖီလာ(အနံလိုက်) ထည့်ထားသော သစ်သားချောင်း။ ထုတ်လျောက်ပတန်၊ အိမ်ခြင်ကန်မှာ၊ မကျန်ရပဲ (ထာနု)
English:
ridge pole
Grammar Note:
နာမ်
ခြင်းကောက်
[kʰɹɪ́ɴkɔ́ɛʔ]
Arakanese:
ဝမ်းနည်းမှု၊ စိတ်ညစ်မှု၊ အခက်အခဲနန့် တွေ့မှုရို့ကြောင့် ရှေးက ဖြစ်ပျက်ခ သမျှသော အကြောင်းအရာ တိကို (ပြန်ပနာ) မြည်တွန် တောက်တီးရေ။ ကြိုင်းရေ။ အရာတထွေ၊ ဟေဝန္တာမာ၊ ခြင်းကောက် တေလေ (လောင်းနန်)
Burmese:
ဝမ်းနည်းမှု၊ စိတ်ညစ်မှု၊ အခက်အခဲနှင့် တွေ့မှုတို့ကြောင့် ရှေးက ဖြစ်ပျက်ခဲ့ သမျှသော အကြောင်းအရာ များကို (ပြန်လည်) မြည်တွန် တောက်တီးသည်။ ညည်းတွားသည်။ အရာတထွေ၊ ဟေဝန္တာမှာ၊ ခြင်းကောက် တေလေ (လောင်းနန်)
English:
moan
Grammar Note:
ကြိယာ
ခြင်းခြင်း
[kʰɹɪ́ɴkʰɹɪ́ɴ]
Arakanese:
(မာကျောသော) သွပ်ပြား အစဟိစွာမာ စပါးစိ၊ ဆန်စိကျသော အသံမျိုး
Burmese:
(မာကျောသော) သွပ်ပြား စသည်တွင် စပါးစေ့၊ ဆန်စေ့ကျသော အသံမျိုး
English:
none
Grammar Note:
နာမ်
ခြင်းခြင်းနီ
[kʰɹɪ́ɴkʰɹɪ́ɴní]
Arakanese:
အရဲရောင်ကို အထူးပြုရေ အရောင်
Burmese:
အနီရောင်ကို အထူးပြုသော အရောင်
English:
Blood-red
Grammar Note:
နာမ်
ခြင်ဆီ
[kʰɹɪ̀ɴsʰí]
Arakanese:
သတ္တဝါရို့၏ အရိုးအထဲမာ ဟိရေ အဆီ
Burmese:
သတ္တဝါတို့၏ အရိုးအတွင်း၌ ရှိသော အဆီ
English:
marrow
Grammar Note:
နာမ်
ခြင်းဇာတိ
[kʰɹɪ́ɴzàtì]
Arakanese:
၁၊ မွီးဖွားရာ အရပ်ဒေသ။ ၂၊ မူလအခြီအရဲ။ အဖြစ်အပျက်။ အကြောင်းခြင်းရာ။ အဖြစ်သနစ်။ သားသူငယ်ကို၊ ဖွားလေသလော၊ ငါမင်းကျော်မာ၊ ခြင်းဇာတိကို၊ မသိရဟု (ဓမ္မသာ)
Burmese:
၁၊ မွေးဖွားရာ အရပ်ဒေသ။ ၂၊ မူလအခြေအနေ။ အဖြစ်အပျက်။ အကြောင်းခြင်းရာ။ အဖြစ်သနစ်။ သားသူငယ်ကို၊ ဖွားလေသလော၊ ငါမင်းကျော်မှာ၊ ခြင်းဇာတိကို၊ မသိရဟု (ဓမ္မသာ)
English:
Home-town
Grammar Note:
နာမ်
ခြင့်တီးတီးလို့
[kʰɹɪ̰ɴtïtïlo̰]
Arakanese:
(ဥပစာ) စည်လက်ခတ် တီးပိုင် မငြိမ်မသက် တရစပ် လှုပ်ယှားဗျာယ်
Burmese:
(ဥပစာ) စည်လက်ခတ် တီးသကဲ့သို့ မငြိမ်မသက် တရစပ် လှုပ်ရှားလျက်
English:
continuous
Grammar Note:
ကြိယာ
ခြင်တောင်း
[kʰɹɪ̀ɴtáʊɴ]
Arakanese:
အရွယ်အစားကို သိရယောင် ချင့်ရရေ ခွက်။ ချင့်ခွက်
Burmese:
အရွယ်အစားကို သိရအောင် ချင့်ရသော ခွက်။ ချင့်ခွက်
English:
by measure(of grain or liquid by cup)
Grammar Note:
နာမ်