Dictionary Entries
Showing 4,561–4,580 of 34,671 words
ခ
ခြီချင်း
[kʰɹìɕɪ́ɴ]
Arakanese:
ခြီမျက်စိ အထက်မာ ဝတ်ရရေ အဆင်တန်ဆာ
Burmese:
ခြေမျက်စိ အထက်တွင် ဝတ်ရသော အဆင်တန်ဆာ
English:
foot chain
Grammar Note:
နာမ်
ခြီချင်းခတ်
[kʰɹìɕɪ́ɴkʰaʔ]
Arakanese:
အကျိုင်းထောင်သမား၏ ခြီမာ ခြေချင်းတပ်ပြီးကေ သော့ဖြင့် နှောင်ဖွဲ့ထားရေ။။ ချိုင်နှောင်တရပ်၊ ခြီချင်းခတ်၍ (ဗမာချီ)
Burmese:
အကျဉ်းထောင်သမား၏ ခြေတွင် ခြေချင်းတပ်၍ သော့ဖြင့် နှောင်ဖွဲ့ထားသည်။။ ချည်နှောင်တစ်ရပ်၊ ခြီချင်းခတ်၍ (ဗမာချီ)
English:
iron fetters
Grammar Note:
ကြိယာ
ခြီချင်းထပ်
[kʰɹìɕɪ́ɴtʰaʔ]
Arakanese:
လူထု ပရိတ်သတ်များတွက်နန့် ခြူနိန်ပါရေကာ။ ၂၊ ရှင်းလင်းခြင်းမဟိ။ ထွီးယှက် ရောပြွမ်းသည်
Burmese:
လူထု ပရိတ်သတ်များ၍ ရှုပ်ထွေးသည်။ ၂၊ ရှင်းလင်းခြင်းမရှိ။ ထွေးယှက် ရောပြွမ်းသည်
English:
crowded
Grammar Note:
ကြိယာ
ခြီချင်းလိမ်
[kʰɹìɕɪ́ɴlèɪɴ]
Arakanese:
၁၊ (ဥပစါ) လှည့်စား ညာဝါတတ်သူ။ ၂၊ ဉာဏ်လိမ် ဉာဏ်ကောက်များသူ
Burmese:
၁၊ (ဥပစါ) လှည့်စား ညာဝါတတ်သူ။ ၂၊ ဉာဏ်လိမ် ဉာဏ်ကောက်များသူ
English:
cheat-swindler
Grammar Note:
နာမ်
ခြီချင်းလိမ်၂
[kʰɹìɕɪ́ɴlèɪɴ၂]
Arakanese:
၁၊ (ဥပစါ) လှည့်စား ညာဝါတတ်ရေ။ ၂၊ ဉာဏ်လိမ် ဉာဏ်ကောက်တိစွာ
Burmese:
၁၊ (ဥပစါ) လှည့်စား ညာဝါတတ်သည်။ ၂၊ ဉာဏ်လိမ် ဉာဏ်ကောက်များသည်
English:
cheat-swindler
Grammar Note:
ကြိယာ
ခြီချီ
[kʰɹìɕí]
Arakanese:
ဖိတ်ခေါ်ရာသို့ လိုက်ပါလာရယင့်အတွက် ဓါတ်ဆရာ၊ ဒက်တင်အစဟိရေ သူရို့အား လူမမာရှင်မှ ပီးရရေ အခကြီးငွီ
Burmese:
ဖိတ်ခေါ်ရာသို့ လိုက်ပါလာရသည့်အတွက် ဆေးဆရာ၊ ဆရာဝန်စသော သူတို့အား လူနာရှင်မှ ပေးရသည့် အခကြေးငွေ
English:
fee
Grammar Note:
နာမ်
ခြီချီ၂
[kʰɹìɕí၂]
Arakanese:
ခြေကိုပင့်ရေ။ မြှောက်ရေ။ ကြွစီရေ
Burmese:
ခြေကိုပင့်သည်။ မြှောက်သည်။ ကြွစေသည်
English:
lift
Grammar Note:
ကြိယာ
ခြီချီခ
[kʰɹìɕíkʰ]
Arakanese:
ဖိတ်ခေါ်ရာသို့ လိုက်ပါလာရယင့်အတွက် ဓါတ်ဆရာ၊ ဒက်တင်အစဟိရေ သူရို့အား လူမမာရှင်မှ ပီးရရေ အခကြီးငွီ
Burmese:
ဖိတ်ခေါ်ရာသို့ လိုက်ပါလာရသည့်အတွက် ဆေးဆရာ၊ ဆရာဝန်စသော သူတို့အား လူနာရှင်မှ ပေးရသည့် အခကြေးငွေ
English:
fee
Grammar Note:
နာမ်
ခြီချုပ်ထား
[kʰɹìɕoʊʔtʰá]
Arakanese:
ပြစ်ဒဏ်ဟိရေ သူတိကို ဥပဒေဆိုင်ရာ ဘောင်အထဲ နီရာမာသာ လားလာခွင့်ဟိရေ
Burmese:
ပြစ်ဒဏ်ရှိသော သူများကို ဥပဒေဆိုင်ရာ ဘောင်အတွင်း နေရာမှာသာ သွားလာခွင့်ရှိသည်
English:
internment
Grammar Note:
ကြိယာ
ခြီချော်လက်ချော်
[kʰɹìɕɔ̀lɛʔɕɔ̀]
Arakanese:
ရည်ရွယ်ချက် မဟိဘဲ။ ထိန်းသိမ်းနိုင်စွမ်း ကင်းမဲ့ဗျာယ်။ အမှုမဲ့ အမှတ်မဲ့
Burmese:
ရည်ရွယ်ချက် မရှိပဲ။ ထိန်းသိမ်းနိုင်စွမ်း ကင်းမဲ့လျက်။ အမှုမဲ့ အမှတ်မဲ့
English:
carelessly
Grammar Note:
ကြိယာဝိသေသန
ခြီခြီငံငံ
[kʰɹìkʰɹìŋံŋံ]
Arakanese:
၁၊ စားသောက်ပနာ နှစ်သက်ကျီနပ်ရေ။ ခံမားတွိရေ။ မြိန်ယှက်ရေ။ ၂၊ ယိုင်ကျေးသိမ်မွေ့ရေ။ သာယာနူးညံ့ရေ။ စကားပြောကေ လူမမားမာ ခြီခြီငံငံ ကြားယောင် ပြောရရေ အရပ်သုံး
Burmese:
၁၊ စားသောက်၍ နှစ်သက်ကျေနပ်သည်။ ခံတွင်းတွေ့သည်။ မြိန်ယှက်သည်။ ၂၊ ယဉ်ကျေးသိမ်မွေ့သည်။ သာယာနူးညံ့သည်။ စကားပြောကေ လူနားမှာ ခြီခြီငံငံ ကြားအောင် ပြောရရေ အရပ်သုံး
English:
like
Grammar Note:
ကြိယာ
ခြီခွင်
[kʰɹìkʰwɪ̀ɴ]
Arakanese:
ခြီမျက်စိအထက် ဒူးဆစ်အောက်(ခြီထောက်) အပြင်ပကို ကွေးထွက်နိန်ရေ
Burmese:
ခြေမျက်စိအထက် ဒူးဆစ်အောက်(ခြေထောက်) အပြင်ဘက်သို့ ကွေးထွက်နေသည်
English:
bowleg
Grammar Note:
ကြိယာ
ခြီခွင်၂
[kʰɹìkʰwɪ̀ɴ၂]
Arakanese:
ခြီခွင်သော သူ။ ခြီမျက်စိအထက် ဒူးဆစ်အောက် (ခြီထောက်) အပြင်ပကို စိကေချေ ကွေးထွက်နေဟန် ဟိသူ
Burmese:
ခြေခွင်သော သူ။ ခြေမျက်စိအထက် ဒူးဆစ်အောက် (ခြေထောက်) အပြင်ဘက်သို့ အနည်းငယ် ကွေးထွက်နေဟန် ရှိသူ
English:
bowleg
Grammar Note:
နာမ်
ခြီဂေါ်ယာ
[kʰɹìɡɔ̀jà]
Arakanese:
အပြင်ပကို ခြီထောက် ကွေးထွက်နိန်ရေ
Burmese:
အပြင်ဘက်သို့ ခြေထောက် ကွေးထွက်နေသည်
English:
bowleg
Grammar Note:
ကြိယာ
ခြီဂေါ်ယာ၂
[kʰɹìɡɔ̀jà၂]
Arakanese:
အပြင်ပကို ခြီထောက် ကွေးထွက်နီသူ
Burmese:
အပြင်ဘက်သို့ ခြေထောက် ကွေးထွက်နေသူ
English:
bowleg
Grammar Note:
နာမ်
ခြီဂေါ်ယာလက်ဂေါ်ယာ
[kʰɹìɡɔ̀jàlɛʔɡɔ̀jà]
Arakanese:
ခြေလက် ကာနာမှုကြောင့် ကောင်းစွာ လားလာ ကိုင်တွယ်၍ မရဟိခြင်း
Burmese:
ခြေလက် မသန်စွမ်းမှုကြောင့် ကောင်းစွာ သွားလာ ကိုင်တွယ်၍ မရရှိခြင်း
English:
game
Grammar Note:
နာမ်
ခြီဂေါ်ယာလက်ဂေါ်ယာ၂
[kʰɹìɡɔ̀jàlɛʔɡɔ̀jà၂]
Arakanese:
ခြေလက် ကာနာမှုကြောင့် ကောင်းစွာ လားလာ ကိုင်တွယ်၍ မရဖြစ်တေ
Burmese:
ခြေလက် မသန်စွမ်းမှုကြောင့် ကောင်းစွာ သွားလာ ကိုင်တွယ်၍ မရဖြစ်သည်
English:
game
Grammar Note:
ကြိယာ
ခြီငံ
[kʰɹìŋံ]
Arakanese:
စားသောက်ပနာ နှစ်သက် ကျီနပ်ရေ။ မြိန်ယှက်သည်
Burmese:
စားသောက်၍ နှစ်သက် ကျေနပ်သည်။ မြိန်ယှက်သည်
English:
like-enjoy-relish
Grammar Note:
ကြိယာ
ခြီငံ၂
[kʰɹìŋံ၂]
Arakanese:
၁၊ သာယာနူးညံ့ ယိုင်ကျေးသိမ်မွေ့စွာ ပြောဆိုရေ။ ၂၊ သာယာပျော်ဖွယ် ချိုသာသောအသံဖြင့် ပြောဆိုရေ။ ဘုရား အလောင်း၊ သျှင်ကောင်းဟိရာ၊ ပြီးဝင်လှာ၍၊ သာယာခြီငံ၊ လျှောက်တောင်းပန်၍ (ထွန်းတိ)
Burmese:
၁၊ သာယာနူးညံ့ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုသည်။ ၂၊ သာယာပျော်ဖွယ် ချိုသာသောအသံဖြင့် ပြောဆိုသည်။ ဘုရား အလောင်း၊ သျှင်ကောင်းဟိရာ၊ ပြီးဝင်လှာ၍၊ သာယာခြီငံ၊ လျှောက်တောင်းပန်၍ (ထွန်းတိ)
English:
bland
Grammar Note:
ကြိယာ
ခြီငံလက်ငံ
[kʰɹìŋံlɛʔŋံ]
Arakanese:
၁၊ လက်ခြေအငြိမ်မနေ လှုပ်ရှားရေ။ ဣန္ဒြေမရယောင် သဲရေ။ ကစပ်တေ။ ၂၊ လူများဝန်ကို အလွယ်ချေ ခိုးယူရေ
Burmese:
၁၊ လက်ခြေအငြိမ်မနေ လှုပ်ရှားသည်။ ဣန္ဒြေမရအောင် ဆော့သည်။ ကစားသည်။ ၂၊ သူတစ်ပါးပစ္စည်းကို အလွယ်တကူ ခိုးယူသည်
English:
steal
Grammar Note:
ကြိယာ