Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 4,601–4,620 of 34,671 words

    ခ

    ခြီဆွ့လက်ဆွ့

    [kʰɹìsʰw့lɛʔsʰw့]
    ၁၊ လက်ခြေ အငြိမ်မနေ လှုပ်ရှားရေ။ ဣန္ဒြေမရယောင် သဲရေ။ ကစပ်တေ။ ၂၊ လူများဝန်ကို အလွယ်ချေ ခိုးယူရေ
    ၁၊ လက်ခြေ အငြိမ်မနေ လှုပ်ရှားသည်။ ဣန္ဒြေမရအောင် ဆော့သည်။ ကစားသည်။ ၂၊ သူတစ်ပါးပစ္စည်းကို အလွယ်တကူ ခိုးယူသည်
    steal
    ကြိယာ

    ခြီဆွံ့လက်ဆွံ့

    [kʰɹìsʰwံ့lɛʔsʰwံ့]
    ကိုယ်လက်အင်္ဂါ မသန်မစွမ်းဖြစ်တေ
    ကိုယ်လက်အင်္ဂါ မသန်မစွမ်းဖြစ်သည်
    cripple
    ကြိယာဝိသေသန

    ခြီဆွ့လက်ဆွ့၂

    [kʰɹìsʰw့lɛʔsʰw့၂]
    သွက်လက် ဖြတ်လတ်စွာ။ ကကောင်းလျင် လားလာ လှုပ်ယှားဗျာယ်
    သွက်လက် ဖျတ်လတ်စွာ။ လျင်မြန် သွားလာ လှုပ်ရှားလျက်
    quick
    ကြိယာဝိသေသန

    ခြီညောင်းလက်ဆန့်

    [kʰɹìɲáʊɴlɛʔsʰa̰ɴ]
    ၁၊ အညောင်းအဖျား ပြေစီရန်။ အညောင်းပြေ အဖျားပြေ။ ၂၊ ခြေလက်ဆန့်တန်းပြီး လှဲဗျာယ်။ (ဥပစါ) အအီးသသာစွာ။ ဗိုလ်ပါပေါင်းနန့်၊ ခြီညောင်းလက်ဆန့်၊ လည်ပတ်အံ့ငှာ၊ တပည့်တော်လျင်၊ ရောက်ပါလီရေ (ပဒုမ္မ)
    ၁၊ အညောင်းအညာ ပြေစေရန်။ အညောင်းပြေ အညာပြေ။ ၂၊ ခြေလက်ဆန့်တန်းပြီး လဲလျောင်းလျက်။ (ဥပစါ) အေးဆေးစွာ။ ဗိုလ်ပါပေါင်းနှင့်၊ ခြီညောင်းလက်ဆန့်၊ လည်ပတ်အံ့ငှာ၊ တပည့်တော်လျင်၊ ရောက်ပါတော့သည် (ပဒုမ္မ)
    in order to ease stiffness
    ကြိယာဝိသေသန

    ခြီညှိုး

    [kʰɹìɲ̯ó]
    ခြေနန့် တတက်ကပ်ဆုံးသော ခြီချောင်း
    ခြေနှင့် အနီးကပ်ဆုံးသော ခြေချောင်း
    second toe
    နာမ်

    ခြီတင်ဂေါင်းအုံး

    [kʰɹìtɪ̀ɴɡèàɪ́ɴʔóʊɴ]
    လူတိ၏ အသုံးပြုခြင်းကို ခံရရေ သက်ဟိသက်မဲ့
    သူတစ်ပါး၏ အသုံးပြုခြင်းကို ခံရသော သက်ရှိသက်မဲ့
    victim
    နာမ်

    ခြီတင်လက်တင်

    [kʰɹìtɪ̀ɴlɛʔtɪ̀ɴ]
    ၁၊ အလွန် အကျွမ်းဝင်ရေ။ ၂၊ လင်မယားအဖြစ် ပေါင်းဖေါ်သည်
    ၁၊ အလွန် အကျွမ်းဝင်သည်။ ၂၊ လင်မယားအဖြစ် ပေါင်းဖေါ်သည်
    husband and wife
    ကြိယာ

    ခြီတင်လက်ယှက်

    [kʰɹìtɪ̀ɴlɛʔʃɛʔ]
    ၁၊ အလွန် အကျွမ်းဝင်ရေ။ ၂၊ လင်မယားအဖြစ် ပေါင်းဖေါ်သည်
    ၁၊ အလွန် အကျွမ်းဝင်သည်။ ၂၊ လင်မယားအဖြစ် ပေါင်းဖေါ်သည်
    husband and wife
    ကြိယာ

    ခြီတင်သုတ်

    [kʰɹìtɪ̀ɴθoʊʔ]
    အပြင်းဆုံးလားရေ။ ဇကုန်လားသည်
    အမြန်ဆုံးသွားသည်။ အစွမ်းကုန်သွားသည်
    go quickly
    ကြိယာ

    ခြီတစ်ပေါင်ပဲ့

    [kʰɹìtɪʔpèàɪ̀ɴpé]
    ခြီထောက် တချောင်းတည်းနန့်။ တဖက်တည်းသော ခြေဖြင့်
    ခြေထောက် တစ်ချောင်းတည်းနှင့်။ တစ်ဘက်တည်းသော ခြေဖြင့်
    only leg stand playing
    ကြိယာဝိသေသန

    ခြီတားလက်တား

    [kʰɹìtálɛʔtá]
    အလိုဟိရေအခါ ရနှိုင်ရေ အဆင်သင့် ရဟိနိုင်စီရန် အကျိုးငှာ။ ပိုင်မည်မည်
    အလိုရှိသည့်အခါ ရနိုင်သော အဆင်သင့် ရရှိနိုင်စေရန် အကျိုးငှာ။ လိုလိုမည်မည်
    just in case
    ကြိယာဝိသေသန

    ခြီတို

    [kʰɹìtÒ]
    ၁၊ ဝက်သတ္တဝါ။ ၂၊ ဝက်သတ္တဝါကို ခေါ်သော စကားလုံး
    ၁၊ ဝက်သတ္တဝါ။ ၂၊ ဝက်သတ္တဝါကို ခေါ်သော စကားလုံး
    pig
    နာမ်

    ခြီတို၂

    [kʰɹìtÒ၂]
    (ဥပစါ) ပိုင်ရ အလာရ အကြိမ်ပေါင်း တိစွာ။ ငါရို့လားဖန်တိလို့ ခြီတိုဝင်ဗျယ်ဒေးကေ လမ်းချောင်းဖြစ်လှားခဗျာလ် အရပ်သုံး
    (ဥပစါ) အသွားရ အလာရ အကြိမ်ပေါင်း များသည်။ ငါရို့လားဖန်များလို့ ခြီတိုဝင်ပြီးကေ လမ်းချောင်းဖြစ်လားခဗျာလ် အရပ်သုံး
    none
    ကြိယာ

    ခြီတိုလက်တို

    [kʰɹìtÒlɛʔtÒ]
    ၁၊ ခြေလက်တိုသော သူ။ အရပ်တိုသော သူ။ ၂၊ (ဥပစါ) ဝက်သတ္တဝါ
    ၁၊ ခြေလက်တိုသော သူ။ အရပ်တိုသော သူ။ ၂၊ (ဥပစါ) ဝက်သတ္တဝါ
    pig
    နာမ်

    ခြီတိုလက်တို၂

    [kʰɹìtÒlɛʔtÒ၂]
    (ဥပစါ) ပိုင်ရ အလာရ အကြိမ်ပေါင်း တိစွာ။ ငါရို့လားဖန်တိလို့ ခြီတိုဝင်ဗျယ်ဒေးကေ လမ်းချောင်းဖြစ်လှားခဗျာလ် အရပ်သုံး
    (ဥပစါ) အသွားရ အလာရ အကြိမ်ပေါင်း များသည်။ ငါရို့လားဖန်များလို့ ခြီတိုဝင်ပြီးကေ လမ်းချောင်းဖြစ်လားခဗျာလ် အရပ်သုံး
    none
    နာမ်

    ခြီတော်တင်

    [kʰɹìtɔ̀tɪ̀ɴ]
    ၁၊ မင်းနန့် မင်းညီမင်းသားရို့ မယားပြုရေ။ ၂၊ နိမ့်ကျသော သဖောထားဖြင့် ကျူးလွန်သည်
    ၁၊ မင်းနှင့် မင်းညီမင်းသားတို့ မယားပြုသည်။ ၂၊ နိမ့်ကျသော သဘောထားဖြင့် ကျူးလွန်သည်
    none
    ကြိယာ

    ခြီတော်ရာ

    [kʰɹìtɔ̀ɹà]
    မြတ်စွာဘုရားသခင်၏ ခြေဖဝါးတော်နင်းချပနာ ကြွင်းကျန်ခသော ဖဝါးတော်အရာ
    မြတ်စွာဘုရားသခင်၏ ခြေဖဝါးတော်နင်းချ၍ ကြွင်းကျန်ခဲ့သော ဖဝါးတော်အရာ
    footsteps
    နာမ်

    ခြီထားလက်ထား

    [kʰɹìtʰálɛʔtʰá]
    (သူ၏) တတ်ကျွမ်းမှု၊ လေ့ကျင့်မှု၊ လိလာမှု၊ အရည်အခြင်း။ အရည်အသွီး
    (သူ၏) ကျွမ်းကျင်မှု၊ လေ့ကျင့်မှု၊ လေ့လာမှု၊ အရည်အချင်း။ အရည်အသွေး
    ability
    နာမ်

    ခြီထိပ်ပေါက်

    [kʰɹìtʰìaʔpaʊʔ]
    အဖျားကျပနာ ခြီဖျားထိပ်သို့ အပူလျော့ကျ ဆင်းရေ
    အဖျားကျ၍ ခြေဖျားထိပ်သို့ အပူလျော့ကျ ဆင်းသည်
    (of body temperature) fall
    ကြိယာ

    ခြီထိုး

    [kʰɹìtʰó]
    ၁၊ (ဥပစါ) တဦးနန့်တဦး မသင့်မတင့်ဖြစ်ယောင် ကြားဝင် ကုန်းချောရေ။ ၂၊ လူတိ၏ အလုပ်အကိုင် အကြံအစည် ပျက်စီးကြောင်းကို ကြံစည်ပြုလုပ်ရေ
    ၁၊ (ဥပစါ) တစ်ဦးနှင့်တစ်ဦး မသင့်မတင့်ဖြစ်အောင် ကြားဝင် ကုန်းချောသည်။ ၂၊ သူတစ်ပါး၏ အလုပ်အကိုင် အကြံအစည် ပျက်စီးကြောင်းကို ကြံစည်ပြုလုပ်သည်
    slander
    ကြိယာ