Dictionary Entries
Showing 4,621–4,640 of 34,671 words
ခ
ခြီထုံ
[kʰɹìtʰòʊɴ]
Arakanese:
ခြေတဖျဉ်းဖျဉ်းဖြစ်ကာ အထိအတွိကို မသိပိုင် ဖြစ်တေ
Burmese:
ခြေတဖျဉ်းဖျဉ်းဖြစ်ကာ အထိအတွေ့ကို မသိသကဲ့သို့ ဖြစ်သည်
English:
be numbed
Grammar Note:
ကြိယာ
ခြီထောက်
[kʰɹìtʰɔ́ɛʔ]
Arakanese:
၂၊ ဒူးဆစ်မှ ခြီဖျားအထိဖြစ်ရေ ကိုယ်အင်္ဂါ။ ခြီထောက်
Burmese:
၂၊ ဒူးဆစ်မှ ခြေဖျားအထိဖြစ်သော ကိုယ်အင်္ဂါ။ ခြေထောက်
English:
leg
Grammar Note:
နာမ်
ခြီထောက်ဆွဲ
[kʰɹìtʰɔ́ɛʔsʰwɛ]
Arakanese:
ခြီထောက်ကို ဒရွက် ဆွဲလားရေ
Burmese:
ခြေထောက်ကို ဒရွက် ဆွဲသွားသည်
English:
The leg was pulling leaves
Grammar Note:
ကြိယာ
ခြီထောက်ဆွဲ၂
[kʰɹìtʰɔ́ɛʔsʰwɛ၂]
Arakanese:
ခြီထောက်ကို ဒရွက် ဆွဲသွားသူ
Burmese:
ခြေထောက်ကို ဒရွက် ဆွဲသွားသူ
English:
The leg was pulling leaves
Grammar Note:
နာမ်
ခြီထွန်ထွန်လက်ထွန်ထွန်
[kʰɹìtʰʊ̀ɴtʰʊ̀ɴlɛʔtʰʊ̀ɴtʰʊ̀ɴ]
Arakanese:
ခြေလက် ကာနာသောသူ
Burmese:
ခြေလက် မသန်စွမ်းသောသူ
English:
cripple
Grammar Note:
နာမ်
ခြီဒိုးလက်
[kʰɹìdólɛʔ]
Arakanese:
ဒူးဆစ်ဟိ့မာ ဟိရေ ခုံညင်းသဏ္ဍာန် အရိုးပြားအချေ။ ခုံညင်းရိုး
Burmese:
ဒူးဆစ်ရှေ့တွင် ရှိသော ခုံညင်းသဏ္ဍာန် အရိုးပြားကလေး။ ခုံညင်းရိုး
English:
patella
Grammar Note:
နာမ်
ခြီနင်း
[kʰɹìnɪ́ɴ]
Arakanese:
၁၊ ဖိနပ်ဟူသမျှကို ခြုံ၍ခေါ်သော စကား။ ၂၊ ရက်ကန်းနှပ်တံနန့် ဆက်တွဲထားရေ အရာ။ ၃၊ (ဥပစါ) လူတိ၏ အသုံးတော်ခံ။ ၄၊ အလွန် နိမ့်ကျသော ဘဝ
Burmese:
၁၊ ဖိနပ်ဟူသမျှကို ခြုံ၍ခေါ်သော စကား။ ၂၊ ယက်ကန်းနှပ်တံနှင့် ဆက်တွဲထားသော အရာ။ ၃၊ (ဥပစါ) သူတစ်ပါး၏ အသုံးတော်ခံ။ ၄၊ အလွန် နိမ့်ကျသော ဘဝ
English:
foot wear
Grammar Note:
နာမ်
ခြီနင်းစက်ဘီး
[kʰɹìnɪ́ɴsɛʔbʱï]
Arakanese:
ဘီးနှစ်ခု တပ်ထားရေ ခြေနင်းယာဉ်။ စက်သီး
Burmese:
ဘီးနှစ်ခု တပ်ထားသော ခြေနင်းယာဉ်။ စက်ဘီး
English:
bicycle
Grammar Note:
နာမ်
ခြီနင်းဖတ်စာ
[kʰɹìnɪ́ɴpʰaʔsà]
Arakanese:
သူတိတိုင်း နင်းလားလာရာ ခြေဖဝါးအောက်ဟိ အရာဝတ္တု။ (ဥပစါ) အလွန် နိမ့်ကျရေ၏ အဖြစ်
Burmese:
သူများတကာ နင်းသွားလာရာ ခြေဖဝါးအောက်ရှိ အရာဝတ္တု။ (ဥပစါ) အလွန် နိမ့်ကျသည်၏ အဖြစ်
English:
foot wear
Grammar Note:
နာမ်
ခြီနိုင်လက်နိုင်
[kʰɹìnàɪɴlɛʔnàɪɴ]
Arakanese:
ကိုယ့် ခွန်အားဗလနန့် လုပ်နိုင်ကိုင်နှိုင်ရေ အင်အားအစွမ်းသတ္တိ။ ပြုလုပ် ဆောင်ရွက်နိုင်သမျှ
Burmese:
မိမိ ခွန်အားဗလနှင့် လုပ်နိုင်ကိုင်နိုင်သော အင်အားအစွမ်းသတ္တိ။ ပြုလုပ် ဆောင်ရွက်နိုင်သမျှ
English:
capability
Grammar Note:
ကြိယာဝိသေသန
ခြီနှာရောင်
[kʰɹìn̥àɹàʊɴ]
Arakanese:
ခြေသလုံးအပြင်ဘက်ဟိ အရိုး
Burmese:
ခြေသလုံးအပြင်ဘက်ရှိ အရိုး
English:
calf (of the leg)
Grammar Note:
နာမ်
ခြီပစ်လက်ပစ်
[kʰɹìpɪʔlɛʔpɪʔ]
Arakanese:
ခြေလက်အင်္ဂါရို့ကို မသယ်နိုင်၊ မမနိုင်ဖြစ်ရွီတွက်နန့်
Burmese:
ခြေလက်အင်္ဂါတို့ကို မသယ်နိုင်၊ မမနိုင်ဖြစ်သောအားဖြင့်
English:
clap-fagged-frazzled
Grammar Note:
ကြိယာဝိသေသန
ခြီပစ်လက်ပစ်၂
[kʰɹìpɪʔlɛʔpɪʔ၂]
Arakanese:
ခြေလက်အင်္ဂါရို့ကို အားရပါးရ ဆန့်တန်းဗျာယ် လှဲသည်
Burmese:
ခြေလက်အင်္ဂါတို့ကို အားပါးတရ ဆန့်တန်းလျက် လဲလျောင်းသည်
English:
sprawl
Grammar Note:
ကြိယာ
ခြီပစ်လက်ပစ်ကျ
[kʰɹìpɪʔlɛʔpɪʔt͡ɕ]
Arakanese:
လက်ခြေရို့မာ အားခွန်ဗလ ယုတ်လျော့ရေ။ အလွန် ပန်းရိ နွမ်းရိသည်
Burmese:
လက်ခြေတို့တွင် အားခွန်ဗလ ယုတ်လျော့သည်။ အလွန် ပန်းရိ နွမ်းနယ်သည်
English:
clap-fagged-frazzled
Grammar Note:
ကြိယာ
ခြီပုန်း
[kʰɹìpóʊɴ]
Arakanese:
၁၊ လူမသိယောင် နောက်က တတိန်းချေ လိုက်ရေ။ ၂၊ သူတိလုပ်ရေကို အတုယူလုပ်ရေ
Burmese:
၁၊ လူမသိအောင် နောက်က တိတ်တဆိတ် လိုက်သည်။ ၂၊ သူများလုပ်သည်ကို အတုယူလုပ်သည်
English:
emulate
Grammar Note:
ကြိယာ
ခြီပုန်းတိုက်
[kʰɹìpóʊɴtaɪʔ]
Arakanese:
တတိန်းချေ ပုန်းဝှက် မကောင်းကြံသည်
Burmese:
တိတ်တိတ်ပုန်း မကောင်းကြံသည်
English:
plot against
Grammar Note:
ကြိယာ
ခြီပူး
[kʰɹìpùး]
Arakanese:
ခြီချောင်း ငါးချောင်းထက် အပိုထွက်လှာသော ခြီချောင်း
Burmese:
ခြေချောင်း ငါးချောင်းထက် အပိုထွက်လာသော ခြေချောင်း
English:
extra toe
Grammar Note:
နာမ်
ခြီပေါက်
[kʰɹìpaʊʔ]
Arakanese:
ထိုထိုဒေဒေ ကိုယ်လက်လှုပ်ရှား လားလာနှိုင်ရေ အရွယ်
Burmese:
ထိုထိုဤဤ ကိုယ်လက်လှုပ်ရှား သွားလာနိုင်သော အရွယ်
English:
none
Grammar Note:
နာမ်
ခြီပေါက်၂
[kʰɹìpaʊʔ၂]
Arakanese:
ထိုထိုဒေဒေ ကိုယ်လက်လှုပ်ရှား လားလာနှိုင်ရေ
Burmese:
ထိုထိုဤဤ ကိုယ်လက်လှုပ်ရှား သွားလာနိုင်သည်
English:
none
Grammar Note:
ကြိယာ
ခြီပေါက်၃
[kʰɹìpaʊʔ၃]
Arakanese:
ခရီးလားရဖန်များသနန့် ခြေဖဝါးမာ အဖုအသီးဖြစ်ရေ အနာအဆာ။
Burmese:
ခရီးသွားရဖန်များသဖြင့် ခြေဖဝါးတွင် အဖုအပိမ့်ဖြစ်သော အနာအဆာ။
English:
ကြိ
Grammar Note:
နာမ်