Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 4,661–4,680 of 34,671 words

    ခ

    ခြီမွ

    [kʰɹìmw]
    အမှုန့်မှုန့် အညက်ညက် ဖြစ်ယောင်လုပ်ရေ
    အမှုန့်မှုန့် အညက်ညက် ဖြစ်အောင်လုပ်သည်
    crumple
    ကြိယာ

    ခြီမွီးရောင်

    [kʰɹìmwïɹàʊɴ]
    ခြေသလုံး အပြင်ဘက်ဟိ အရိုး
    ခြေသလုံး အပြင်ဘက်ရှိ အရိုး
    calf (of the leg)
    နာမ်

    ခြီယှုပ်

    [kʰɹìʃoʊʔ]
    တခုတရီ လုပ်ဆောင်မှု၌ မကိုက် အနှောင့်အယှက် ပြုသည်
    တစ်စုံတစ်ရာ လုပ်ဆောင်မှု၌ အဆင်မပြေ အနှောင့်အယှက် ပြုသည်
    disturb-annoy
    ကြိယာ

    ခြီရင်း

    [kʰɹìɹɪ́ɴ]
    အိမ်၊ ကျောင်းအစဟိစွာရို့မာ အိပ်ရေအခါ ခြေထားရာ အရပ်။ ၂၊ လှဲနီရေအခိုက် ခြေထားဟိရာ အရပ်။ ၃၊ ထံပါး။ နံဖီး။ ခြီရင်းတော်ဟပ်၊ အပါးကပ်ပြီးကေ။ (ထွန်းဟိ
    အိမ်၊ ကျောင်းစသည်တို့တွင် အိပ်သောအခါ ခြေထားရာ အရပ်။ ၂၊ လဲလျောင်းနေသည့်အခိုက် ခြေထားရှိရာ အရပ်။ ၃၊ ထံပါး။ အနီး။ ခြီရင်းတော်ဟပ်၊ အပါးကပ်လျက်။ (ထွန်းဟိ
    foot
    နာမ်

    ခြီရင်းမြစ်ရင်း

    [kʰɹìɹɪ́ɴmɹɪʔɹɪ́ɴ]
    အခြီခံ ကျကျ။ အရင်းခံ ကျကျ။ ခိုင်ခိုင်လုံလုံ။ နောင်းနောင်း
    အခြေခံ ကျကျ။ အရင်းခံ ကျကျ။ ခိုင်ခိုင်လုံလုံ။ ခိုင်ခိုင်မာမာ
    basic-sufficient
    ကြိယာဝိသေသန

    ခြီရာ

    [kʰɹìɹà]
    ခြေဖဝါး နင်းရာမာ ထင်၍ ကျန်ရစ်သော ခြေဖဝါး ပုံသဏ္ဍာန်
    ခြေဖဝါး နင်းရာတွင် ထင်၍ ကျန်ရစ်သော ခြေဖဝါး ပုံသဏ္ဍာန်
    foot print
    နာမ်

    ခြီရာကောက်

    [kʰɹìɹàkɔ́ɛʔ]
    ခြီရာကို ကြည့်ပနာ ခြီရာဟိရာသို့ လိုက်ရေ
    ခြေရာကို ကြည့်ပြီး ခြေရာရှိရာသို့ လိုက်သည်
    trace-track
    ကြိယာ

    ခြီရာခံ

    [kʰɹìɹàkʰံ]
    လားလာရေ ခြီရာအစိုင်ကို ကြည့်လို့ လားရေ သူ၏ပါးကို လိုက်ရေ
    သွားလာသည့် ခြေရာအစဉ်ကို ကြည့်၍ သွားသော သူ၏ထံသို့ လိုက်သည်
    trail
    ကြိယာ

    ခြီရာစစ်

    [kʰɹìɹàsɪʔ]
    ရှေ့မှအရင်လား ပြေးသော သူ၏ ခြီရာကို နောက်ခါ လိုက်လံ ရှာဖွီ စနည်းနာရေ
    ရှေ့မှသွားနှင့် ပြေးသော သူ၏ ခြေရာကို နောက်မှ လိုက်လံ ရှာဖွေ စုံစမ်းသည်
    trail
    ကြိယာ

    ခြီရာတိုင်း

    [kʰɹìɹàtáɪɴ]
    ခွန်အား စွမ်းအားချင်း တူမတူ အပြိုင်ပြုရေ။ ကလန်ကဆန်သည်
    ခွန်အား စွမ်းအားချင်း တူမတူ အပြိုင်ပြုသည်။ အန်တုသည်
    contend-challenge
    ကြိယာ

    ခြီရာနင်း

    [kʰɹìɹànɪ́ɴ]
    ထပ်တူ တုပရေ။ နည်းတူလိုက်ပြီးကေ ပြုမူ ဆောင်ရွက်သည်
    ထပ်တူ တုပသည်။ နည်းတူလိုက်၍ ပြုမူ ဆောင်ရွက်သည်
    imitate
    ကြိယာ

    ခြီရာပျောက်

    [kʰɹìɹàprɔ́ɛʔ]
    အစအန မကြားရ မသိရယောင် ဖုံးကွယ်ထားရေ။ ပျောက်ပျက်စီရေ
    အစအန မကြားရ မသိရအောင် ဖုံးကွယ်ထားသည်။ ပျောက်ပျက်စေသည်
    disappear completely
    ကြိယာ

    ခြီရာပွား

    [kʰɹìɹàpWà]
    အပို သက်သာလောင်းာက်ရာ။ ဇာ အရာမာမှ သုံးနှုန်း၍ မရသိလို့
    အပို သက်သာမျှသာ။ မည်သည့် အရာတွင်မှ သုံးနှုန်း၍ မရသဖြင့်
    extra
    ကြိယာဝိသေသန

    ခြီရာလက်ရာ

    [kʰɹìɹàlɛʔɹà]
    တယောက်တလီသော သူ၏ ပြုမူ ဆောင်ရွက်ချက် အစအန
    တစ်စုံတစ်ယောက်သော သူ၏ ပြုမူ ဆောင်ရွက်ချက် အစအန
    clue
    နာမ်

    ခြီရာလက်ရာပျောက်

    [kʰɹìɹàlɛʔɹàprɔ́ɛʔ]
    လုံးဝ အစအန ရှာမတွိ ဖြစ်တေ
    လုံးဝ အစအန ရှာမတွေ့ ဖြစ်သည်
    not found clue
    ကြိယာ

    ခြီရိ.

    [kʰɹìɹì.]
    လားလာရာ လမ်း
    သွားလာရာ လမ်း
    road
    နာမ်

    ခြီရိ.၂

    [kʰɹìɹì.၂]
    ခြီထောက် အင်အားကုန်ခန်း၍ မသယ်ချင်၊ မလားလာချင် ဖြစ်တေ။ ပင်ပန်း နွမ်းရိသည်
    ခြေထောက် အင်အားကုန်ခန်း၍ မသယ်ချင်၊ မသွားလာချင် ဖြစ်သည်။ ပင်ပန်း နွမ်းရိသည်
    tired
    ကြိယာ

    ခြီရှည်

    [kʰɹìʃɛ̀]
    ခေါက်ပြန် ပိုင်အလာ တိစွာ
    ခေါက်ပြန် အသွားအလာ များသည်
    Fold traffic
    ကြိယာ

    ခြီရှည်၂

    [kʰɹìʃɛ̀၂]
    တနီရာတည်းမာ အငြိမ်မနေ။ ထိုထိုဒေဒေ လားလာ လှည့်ပတ် လှုပ်ရှားနီသူ
    တစ်နေရာတည်းတွင် အငြိမ်မနေ။ ထိုထိုဤဤ သွားလာ လှည့်ပတ် လှုပ်ရှားနေသူ
    fidget
    နာမ်

    ခြီလယ်

    [kʰɹìlɛ̀]
    ခြီချောင်း ငါးချောင်းမာ အလယ်က ခြီချောင်း
    ခြေချောင်း ငါးချောင်းတွင် အလယ်က ခြေချောင်း
    third toe
    နာမ်