Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 4,681–4,700 of 34,671 words

    ခ

    ခြီလိမ်ချိတ်

    [kʰɹìlèɪɴɕeɪʔ]
    ဉာဏ်လိမ် ဉာဏ်ကောက် များရေ။ အထဲလား ကောက်ကျစ်သော
    ဉာဏ်လိမ် ဉာဏ်ကောက် များသော။ ကောက်ကျစ် စဉ်းလဲသော
    dishonest
    နာမဝိသေသန

    ခြီလိမ်ချိတ်၂

    [kʰɹìlèɪɴɕeɪʔ၂]
    ဉာဏ်လိမ် ဉာဏ်ကောက် တိစွာ။ အထဲလား ကောက်ကျစ်သည်
    ဉာဏ်လိမ် ဉာဏ်ကောက် များသည်။ ကောက်ကျစ် စဉ်းလဲသည်
    dishonest
    ကြိယာ

    ခြီလီးလက်လီး

    [kʰɹìlïlɛʔlï]
    (ကိုယ်ခန္ဓာ) ထိုင်းမှိုင်း ဖင့်နွဲ့ရေ။ ကြာရေ
    (ကိုယ်ခန္ဓာ) လေးလံ ဖင့်နွဲ့သည်။ နှေးကွေးသည်
    cumber
    ကြိယာ

    ခြီလီးလက်ဝန်

    [kʰɹìlïlɛʔwàɴ]
    ရင့်သော ပဋိသန္ဓေဟိသူ
    ရင့်မာသော ပဋိသန္ဓေရှိသူ
    pregnant woman
    နာမ်

    ခြီလွန်လက်လွန်

    [kʰɹìlʊ̀ɴlɛʔlʊ̀ɴ]
    သင့်ရေ ပမာဏထက် လွန်ကဲ၍ လုပ်မိဗျာယ်
    သင့်သည့် ပမာဏထက် လွန်ကဲ၍ လုပ်မိလျက်
    overshoot
    ကြိယာဝိသေသန

    ခြီလွန်လက်လွန်၂

    [kʰɹìlʊ̀ɴlɛʔlʊ̀ɴ၂]
    တပါးသော မမာ့အား လားလာ လွန်ကျူးမိရေ
    တစ်ပါးသော မိန်းမအား သွားလာ လွန်ကျူးမိသည်
    rape
    ကြိယာဝိသေသန

    ခြီလှမ်းကြီး

    [kʰɹìɬáɴt͡ɕï]
    အရီးတကြီး ကိစ္စတိအတွက် လားရ လာရရေ
    အရေးတကြီး ကိစ္စများအတွက် သွားရ လာရသည်
    important case for going
    ကြိယာ

    ခြီလှမ်းပျက်

    [kʰɹìɬáɴprɛʔ]
    အခြီအရဲ ဖေါက်ပြန်ရေ။ ပကတိဟိရင်းစွဲ အခြီအရဲ၌ မတည်ပဲ ပြောင်းလဲရေ
    အခြေအနေ ဖေါက်ပြန်သည်။ ပကတိရှိရင်းစွဲ အခြေအနေ၌ မတည်ပဲ ပြောင်းလဲသည်
    change for the worst
    ကြိယာ

    ခြီလှမ်းပျင်

    [kʰɹìɬáɴprɪ̀ɴ]
    တခုတရီသော အမှုကို ဦးစွာ ဆောင်ရွက်ပြုလုပ်ဖို့ ပျင်ဆင်ရေ
    တစ်စုံတစ်ခုသော အမှုကို ဦးစွာ ဆောင်ရွက်ပြုလုပ်ရန် ပြင်ဆင်သည်
    preparing for solve case
    ကြိယာ

    ခြီလှမ်းပြင်း

    [kʰɹìɬáɴpɹɪ́ɴ]
    တခုတရီသော အရီးကိစ္စကို စတင် ဆောင်ရွက်ဖို့အတွက် အရီးတကြီး လားရလာရရေ
    တစ်စုံတစ်ခုသော အရေးကိစ္စကို စတင် ဆောင်ရွက်ရန်အတွက် အရေးတကြီး သွားရလာရသည်
    important case for going
    ကြိယာ

    ခြီလှမ်းမှား

    [kʰɹìɬáɴm̥á]
    လုပ်နည်းလုပ်ဟန် လွဲမားရေ။ မမှန်မကန် ဖြစ်တေ။ တိမ်းစောင်းသည်
    လုပ်နည်းလုပ်ဟန် လွဲမှားသည်။ မမှန်မကန် ဖြစ်သည်။ တိမ်းစောင်းသည်
    wrong
    ကြိယာ

    ခြီသကျဉ်း

    [kʰɹìθt͡ɕɪ́ɴ]
    ဒူးအောက် ခြီမျက်စိ အထက်ဖြစ်ရေ အစိတ်အပိုင်း
    ဒူးအောက် ခြေမျက်စိ အထက်ဖြစ်သော အစိတ်အပိုင်း
    malleolus
    နာမ်

    ခြီသကျဉ်းအိမ်တိုင်

    [kʰɹìθt͡ɕɪ́ɴʔèɪɴtàɪɴ]
    ၁၊ ရဟန်းရို့၏ တအိမ်ဝင် တအိမ်ထွက် ဆွမ်းခံဝတ်။ ၂၊ နီထိုင်စရာ အတည်မဟိ လှည့်လည် လားလာနီသူ
    ၁၊ ရဟန်းတို့၏ တစ်အိမ်ဝင် တစ်အိမ်ထွက် ဆွမ်းခံဝတ်။ ၂၊ နေထိုင်စရာ အတည်မရှိ လှည့်လည် သွားလာနေသူ
    none
    နာမ်

    ခြီသည်းလက်သည်း

    [kʰɹìθɛ́lɛʔθɛ́]
    ခြီချောင်းဖျား၊ လက်ချောင်းဖျား၌ ကွပ်အုပ်ထားရေ အခွံမာ
    ခြေချောင်းဖျား၊ လက်ချောင်းဖျား၌ ကွပ်အုပ်ထားသော အခွံမာ
    nail
    နာမ်

    ခြီသည်သူရဲ

    [kʰɹìθɛ̀θùɹɛ]
    ဆင်၊ မြင်း၊ ရထားမပါရာနန့် ခြီကျင်လားပနာ စစ်တိုက်ရရေ စစ်သားတော်
    ဆင်၊ မြင်း၊ ရထားမပါပဲ ခြေကျင်သွား၍ စစ်တိုက်ရသော စစ်သည်တော်
    infantryman
    နာမ်

    ခြီသန်း

    [kʰɹìθáɴ]
    ခြေငါးချောင်းမာ အဆုံး (အထွီးဆုံး) ဖြစ်ရေ ခြီချောင်း
    ခြေငါးချောင်းတွင် အဆုံး (အငယ်ဆုံး) ဖြစ်သော ခြေချောင်း
    fifth toe
    နာမ်

    ခြီသံလက်သံ

    [kʰɹìθံlɛʔθံ]
    ၁၊ အသံ၏ အနိမ့်အမြင့်၊ အဖြတ်အတောက် စရေ။ ၂၊ အရည်အခြင်း။ အရည်အသွီး
    ၁၊ အသံ၏ အနိမ့်အမြင့်၊ အဖြတ်အတောက် စသည်။ ၂၊ အရည်အချင်း။ အရည်အသွေး
    ability
    နာမ်

    ခြီသာ

    [kʰɹìθà]
    ၁၊ (ခြီသံမကြားရယောင်) ခြေကို ကြွပြီးကေ လားရေ။ ပိုင်အလာ သာယာနူးညံရေ။၂၊ ပိုသော စွမ်းရည်ဟိရေ
    ၁၊ (ခြေသံမကြားရအောင်) ခြေကို ကြွ၍ သွားသည်။ အသွားအလာ သာယာနူးညံသည်။၂၊ ပိုသော စွမ်းရည်ရှိသည်
    slowly movement
    ကြိယာ

    ခြီသီလက်ညောင်း

    [kʰɹìθílɛʔɲáʊɴ]
    ခြေလက်ရို့မာ အားခွန်ဗလ နည်းပါ ယုတ်လျော့ပနာ မသယ်နိုင်မမနိုင် ဖြစ်ဗျာယ်
    ခြေလက်တို့တွင် အားခွန်ဗလ နည်းပါ ယုတ်လျော့၍ မသယ်နိုင်မမနိုင် ဖြစ်လျက်
    be exhauted
    ကြိယာဝိသေသန

    ခြီသီလက်သီ

    [kʰɹìθílɛʔθí]
    လီလိုက်ရောဂါ ဖြစ်ပိုင် ခြေလက်ရို့ ခွန်အားဗလ ကုန်ခန်း၍ မလှုပ်နိုင်၊ မရှားနိုင်၊ မကိုင်နိုင် ဖြစ်တေ
    လေဖြတ်ရောဂါ ဖြစ်သကဲ့သို့ ခြေလက်တို့ ခွန်အားဗလ ကုန်ခန်း၍ မလှုပ်နိုင်၊ မရှားနိုင်၊ မကိုင်နိုင် ဖြစ်သည်
    just like suffer from paralytic stroke
    ကြိယာ