Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 461–480 of 34,671 words

    က

    ကမ္ဘာလောက်ကြီး

    [km̪a̰b̪a̰àlɔ́ɛʔt͡ɕï]
    (အရပ်သုံး) အလွန်တရာ။ အထူးပိုပြီးကေလွန်ကဲစွာ။ အမျိုးအမည်အရွီအတွက် ကြွယ်ပွားရေလို့ ဆိုရလောက်ယောင်
    (အရပ်သုံး) အလွန့်အလွန်။ အထူးပိုမိုလွန်ကဲစွာ။ အမျိုးအမည်အရေအတွက် ကြွယ်ပွားသည်ဟု ဆိုရလောက်အောင်
    extremely
    ကြိယာဝိသေသန

    ကမ္ဘာလောက်သန်

    [km̪a̰b̪a̰àlɔ́ɛʔθàɴ]
    (အရပ်သုံး) အလွန်တရာ။ ကြီးရေ။ ငယ်ရေ။ တိစွာ၊ နည်းသည်အစဟိစွာနန့် အယုတ်၊ အလွန်အစဟိစွာ၌သုံးသော စကားလုံး။ ဇာတ်ပွဲမာ လူတိ ကမ္ဘာလောက်ပင်များရေ
    (အရပ်သုံး) အလွန့်အလွန်။ ကြီးသည်။ ငယ်သည်။ များသည်၊ နည်းသည်စသည်ဖြင့် အယုတ်၊ အလွန်စသည်၌သုံးသော စကားလုံး။ ဇာတ်ပွဲမှာ လူတိ ကမ္ဘာလောက်ပင်များရေ
    extremely
    ကြိယာဝိသေသန

    ကမ္ဘာလောင်နာ

    [km̪a̰b̪a̰àlàʊɴnà]
    လူရို့၏ခန္ဓာကိုယ်၌ ကူးစက်ပြန့်ပွားတတ်ရေ ကျောက်နာ၊ ဝက်သက်နာ၊ ကာလနာနာ အစဟိစွာ အနာ အမျိုးမျိုး
    လူတို့၏ခန္ဓာကိုယ်၌ ကူးစက်ပြန့်ပွားတတ်သော ကျောက်နာ၊ ဝက်သက်နာ၊ ကာလဝမ်းနာ စသည် အနာ အမျိုးမျိုး
    gastroenteritis
    နာမ်

    ကမ္ဘာသျှေ

    [km̪a̰b̪a̰àʃè]
    (အရပ်သုံး) မကြီးမငယ် အလယ်အလတ်ဖြစ်ရေ။ အချိန်ကာလ၊ အကွာအဝီး၊ ပမာဏ၊ အရွီအတွက်အစဟိစွာ သင့်တော်ရုံမျှ ဖြစ်ရေ
    (အရပ်သုံး) မကြီးမငယ် အလယ်အလတ်ဖြစ်သော။ အချိန်ကာလ၊ အကွာအဝေး၊ ပမာဏ၊ အရေအတွက်စသည် သင့်တော်ရုံမျှ ဖြစ်သော
    medium
    နာမဝိသေသန

    ကမ္ဘာသျှေကြီး

    [km̪a̰b̪a̰àʃèt͡ɕï]
    (အရပ်သုံး) မကြီးမငယ် အလယ်အလတ်ဖြစ်ရေ။ အချိန်ကာလ၊ အကွာအဝီး၊ ပမာဏ၊ အရွီအတွက်အစဟိစွာ သင့်တော်ရုံမျှ ဖြစ်ရေ
    (အရပ်သုံး) မကြီးမငယ် အလယ်အလတ်ဖြစ်သော။ အချိန်ကာလ၊ အကွာအဝေး၊ ပမာဏ၊ အရေအတွက်စသည် သင့်တော်ရုံမျှ ဖြစ်သော
    medium
    နာမဝိသေသန

    ကမ္မာ

    [km̪a̰m̪a̰à]
    ကုသိုလ်ကံ၊ အကုသိုလ်ကံ ဆိုရေ အကြောင်း။ ပြုခရေအမှု။ မီးကျောင်းရဲရာ၊ ကျားရဲရာ ၊ ကမ္မာမယိုးသာ(ပုံ)
    ကုသိုလ်ကံ၊ အကုသိုလ်ကံ ဟူသော အကြောင်း။ ပြုခဲ့သောအမှု။ မီးကျောင်းရဲရာ၊ ကျားရဲရာ ၊ ကမ္မာမယိုးသာ(ပုံ)
    destiny
    နာမ်

    ကမ္မာငင်

    [km̪a̰m̪a̰àŋɪ̀ɴ]
    ပြုခဖူးသော အမှုရို့၏အကျိုးအပြစ် ဆွဲငင်ရာသို့ ပါလားတတ်ခြင်း
    ပြုခဲ့ဖူးသော အမှုတို့၏အကျိုးအပြစ် ဆွဲငင်ရာသို့ ပါသွားတတ်ခြင်း
    fateful
    နာမ်

    ကမ္မာငင်၂

    [km̪a̰m̪a̰àŋɪ̀ɴ၂]
    ကုသိုလ်၊ အကုသိုလ်အစဟိစွာနန့် (အားကြီးရာ) သိမ်းသွင်းရာသို့ ပါလားတတ်ရေ။ ကမ္မာငင်၊ ပြီးကေမလွှတ်(ပုံ)
    ကုသိုလ်၊ အကုသိုလ်စသည်ဖြင့် (အားကြီးရာ) ဆွဲဆောင်ရာသို့ ပါသွားတတ်သည်။ ကမ္မာငင်၊ ပြီးလျှင်မလွှတ်(ပုံ)
    fateful
    ကြိယာ

    ကမ္မာလောင်

    [km̪a̰m̪a̰àlàʊɴ]
    ကြမ္မာဆိုးမွှီရေ။ ဂြိုဟ်ဆိုးမွှီရေ
    ကြမ္မာဆိုးမွှေသည်။ ဂြိုဟ်ဆိုးမွှေသည်
    hapless
    ကြိယာဝိသေသန

    ကမ္မာလောင်

    [km̪a̰m̪a̰àlàʊɴ]
    ကြမ္မာဆိုးညစ်ရေ။ ဂြိုဟ်ဆိုးမွီနှောက်သည်
    ကံကြမ္မာဆိုးညစ်သည်။ ဂြိုဟ်ဆိုးမွှေနှောက်သည်
    tragedy
    ကြိယာ

    ကမ်း

    [káɴ]
    လှမ်းပြီးကေပီးရေ။ ကွမ်းယာမွှီးလွန်း၊ ထုပ်၍ကမ်းကေ(ကော်)။ အဆက်အသွယ်ပြုရေ။ စကားကမ်းလှမ်းရေ။ ဝီငှပီးရေ။ စာကမ်းသည်
    လှမ်း၍ပေးသည်။ ကွမ်းယာမွှေးလွန်း၊ ထုပ်၍ကမ်းကေ(ကော်)။ အဆက်အသွယ်ပြုသည်။ စကားကမ်းလှမ်းသည်။ ဝေငှပေးသည်။ စာကမ်းသည်
    offer
    ကြိယာ

    ကမ်း၂

    [káɴ၂]
    မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ချောက်၊ မြောင် အစဟိစွာရို့၏ ရေစအနားကုန်းပိုင်း။ မြစ်၊ ချောင်းအစဟိစွာရို့၏ ထိုဖက်ဤဖက်မာ၌ တည်ဟိရေကုန်းပိုင်း
    မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ချောက်၊ မြောင် စသည်တို့၏ ရေစအနားကုန်းပိုင်း။ မြစ်၊ ချောင်းစသည်တို့၏ ထိုဖက်ဤဖက်မှာ၌ တည်ရှိသောကုန်းပိုင်း
    riverside
    နာမ်

    ကမ်းကိုယောင်

    [káɴkÒjàʊɴ]
    (အရပ်သုံး)(မြစ်၊ ချောင်း၊ ကမ်းထောင်း) လားလာရေ။ လှည့်လည်ရေ။ လောင်းဗေါဒိကို၊ မျက်စိဆုံးအောင်၊ ကမ်းကိုယောင်ပျာ၊ မိခေါင်ကြည့်ထား၊ ဝီးလီကျင်ကေ၊ မမြင်ငြားလို့(နာရဒ)
    (အရပ်သုံး)(မြစ်၊ ချောင်း၊ ကမ်းပါး) သွားလာသည်။ လှည့်လည်သည်။ လောင်းဗေါဒိကို၊ မျက်စိဆုံးအောင်၊ ကမ်းကိုယောင်ပျာ၊ မိခေါင်ကြည့်ထား၊ ဝီးလေကျင်ကေ၊ မမြင်ငြားလို့(နာရဒ)
    walk beside at river
    ကြိယာ

    ကမ်းကုန်

    [káɴkòʊɴ]
    (သတ္တိ)ဇကုန် ထူးထူးချွန်ချွန်ဖြစ်တေ။ အထွတ်အထိပ်သို့ ရောက်ရေ။ ဇကုန်မိုက်သည်
    (သတ္တိ)အစွမ်းကုန် ထူးထူးချွန်ချွန်ဖြစ်သည်။ အထွတ်အထိပ်သို့ ရောက်သည်။ အစွမ်းကုန်မိုက်သည်
    outstand
    ကြိယာ

    ကမ်းကုန်ယမ်းကုန်

    [káɴkòʊɴjáɴkòʊɴ]
    (သတ္တိ)ဇကုန် ထူးထူးချွန်ချွန်ဖြစ်တေ။ အထွတ်အထိပ်သို့ ရောက်ရေ။ ဇကုန်မိုက်ရေ။ ကမ်းကုန်ယမ်းကုန်၊ လုံးံစုံမိုက်၊ ဓါးပြတိုက်လို့၊ ပြောင်ပြောင်စင်စင် (သံချပ်)
    (သတ္တိ)အစွမ်းကုန် ထူးထူးချွန်ချွန်ဖြစ်သည်။ အထွတ်အထိပ်သို့ ရောက်သည်။ အစွမ်းကုန်မိုက်သည်။ ကမ်းကုန်ယမ်းကုန်၊ လုံးံစုံမိုက်၊ ဓါးပြတိုက်လို့၊ ပြောင်ပြောင်စင်စင် (သံချပ်)
    outstand
    ကြိယာ

    ကမ်းခပ်

    [káɴkʰaʔ]
    ကုံလုံရေ။ လောက်ဖူလုံရေ။ လုပ်မျိုးလုပ်၊ ကမ်းမခပ် အထွတ်အထိပ်သို့ရောက်ရေ။ ပြဒါးသံပြာ၊ အင်းဂါထာနှင့်၊ ပညာမြင့်မိုရ်၊ ကမ်းခပ်တုံဘိ၊ စွမ်းသတ္တိနှင့် (ကော်)
    ကုံလုံသည်။ ပြည့်ဝဖူလုံသည်။ လုပ်မျိုးလုပ်၊ ကမ်းမခပ် အထွတ်အထိပ်သို့ရောက်သည်။ ပြဒါးသံပြာ၊ အင်းဂါထာနှင့်၊ ပညာမြင့်မိုရ်၊ ကမ်းခပ်တုံဘိ၊ စွမ်းသတ္တိနှင့် (ကော်)
    full
    ကြိယာ

    ကမ်းခြီ

    [káɴkʰɹì]
    မြစ်ကမ်းထောင်း၏အောက်ပိုင်း အရပ်
    မြစ်ကမ်းပါး၏အောက်ပိုင်း အရပ်
    headwater
    နာမ်

    ကမ်းခြီ၂

    [káɴkʰɹì၂]
    မြစ်၊ ပင်လယ်အစဟိစွာရို့၏ နံပါးကျိုင်းမြောင်းရှည်လျားသော ဒေသ။ (မြစ်ကမ်းခြီ၊ ပင်လယ်ကမ်းခြီ စရေ။
    မြစ်၊ ပင်လယ်စသည်တို့၏ နံပါးကျဉ်းမြောင်းရှည်လျားသော ဒေသ။ (မြစ်ကမ်းခြီ၊ ပင်လယ်ကမ်းခြီ စသည်။
    beach
    နာမ်

    ကမ်းစ

    [káɴs]
    ကမ်းနှင့်ရီပြင်စပ်နိန်ရေ အရပ်
    ကမ်းနှင့်ရေပြင်စပ်နေသော အရပ်
    waterfront
    ကြိယာ

    ကမ်းစပ်

    [káɴsaʔ]
    ကမ်းနှင့်ရီပြင်စပ်နိန်ရေ အရပ်
    ကမ်းနှင့်ရေပြင်စပ်နေသော အရပ်
    waterfront
    ကြိယာ