Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 441–460 of 34,671 words

    က

    ကမူ

    [kmù]
    မမြင့်လွန်း မနိမ့်လွန်းသောကုန်းမြီ။ တောင်ပူစာ
    မမြင့်လွန်း မနိမ့်လွန်းသောကုန်းမြေ။ တောင်ပူစာ
    hill
    နာမ်

    ကမူးကရူး

    [kmùးkɹùး]
    ဒရောင်းဆရောင်း။ မစဉ်းမစား။ မဆင်မခင်
    အရမ်းကာရော။ မစဉ်းမစား။ မဆင်မခင်
    unthinkingly
    ကြိယာဝိသေသန

    ကမောက်ကမ

    [kmɔ́ɛʔkm]
    အစီစိုင်တိကျ မှန်ကန်မှုမဟိခြင်း။ ချွတ်ချော်တိမ်လွဲခြင်း
    အစီစဉ်တိကျ မှန်ကန်မှုမရှိခြင်း။ ချွတ်ချော်တိမ်လွဲခြင်း
    inexactitude
    နာမ်

    ကမောက်ကမ၂

    [kmɔ́ɛʔkm၂]
    မညီမညွတ် ဖျက်လိုဖျက်ဆီး။ အစီအစိုင်မှန်ကန်မှု မဟိဘဲ။ ပျက်စီးစီလိုရေစိတ်နှင့်
    မညီမညွတ် ဖျက်လိုဖျက်ဆီး။ အစီအစဉ်မှန်ကန်မှု မရှိဘဲ။ ပျက်စီးစေလိုသောစိတ်နှင့်
    in disorder - haphazardly - topsy-turvy
    ကြိယာဝိသေသန

    ကမ္ပည်း

    [km̪a̰ɛ́]
    အက္ခရာအရီးအသား။ စာအမှတ်အသား
    အက္ခရာအရေးအသား။ စာအမှတ်အသား
    note
    နာမ်

    ကမ္ပည်းစာ

    [km̪a̰ɛ́sà]
    တခုတရီသော အကြောင်းအရာကို ရီးသားထိုးထားရေစာ
    တစ်စုံတစ်ခုသော အကြောင်းအရာကို ရေးသားထိုးထားသောစာ
    monument
    နာမ်

    ကမ္ပည်းတိုင်

    [km̪a̰ɛ́tàɪɴ]
    တခုတရီသော အကြောင်းအရာကို ရီးသားစိုက်ထူထားရေ မှတ်တိုင်။ မော်ကွန်းတိုင်
    တစ်စုံတစ်ခုသော အကြောင်းအရာကို ရေးသားစိုက်ထူထားသော မှတ်တိုင်။ မော်ကွန်းတိုင်
    monument
    နာမ်

    ကမ္ပည်းထိုး

    [km̪a̰ɛ́tʰó]
    စာအမှတ်အသား အခိုင်အမာ ရီးမှတ်ထားရေ
    စာအမှတ်အသား အခိုင်အမာ ရေးမှတ်ထားသည်
    predicate
    ကြိယာ

    ကမ္ပည်းဖုံး

    [km̪a̰ɛ́pʰóʊɴ]
    လက်စသတ်ရေ။ အဆုံးသတ်ရေ။ ကြက်စာကောက်ရေ။ အဆုံးတရပ်၊ ကမ္ပည်းသတ်ရေ၊ ကျမ်းမြတ်ဤစာ၊ နိဂုံးတည်း
    လက်စသတ်သည်။ အဆုံးသတ်သည်။ အပြီးသတ်သည်။ အဆုံးတစ်ရပ်၊ ကမ္ပည်းသတ်သည်၊ ကျမ်းမြတ်ဤစာ၊ နိဂုံးတည်း
    finalise
    ကြိယာ

    ကမ္ပည်းသတ်

    [km̪a̰ɛ́θaʔ]
    လက်စသတ်ရေ။ အဆုံးသတ်ရေ။ ကြက်စာကောက်ရေ။ အဆုံးတရပ်၊ ကမ္ပည်းသတ်ရေ၊ ကျမ်းမြတ်ဤစာ၊ နိဂုံးတည်း
    လက်စသတ်သည်။ အဆုံးသတ်သည်။ အပြီးသတ်သည်။ အဆုံးတစ်ရပ်၊ ကမ္ပည်းသတ်သည်၊ ကျမ်းမြတ်ဤစာ၊ နိဂုံးတည်း
    finalise
    ကြိယာ

    ကမ္ပလိတ်

    [km̪a̰leɪʔ]
    ဝါးခြမ်းပေါက်စချေကို ဖျင်ခတောင်းပိုင် ယက်လုပ်ပနာ ပေပုရပိုက်စာတိကို ထုပ်ထားရရေ အရာ
    ဝါးခြမ်းသေးသေးလေးကို ဖျင်ပုဆိုးကဲ့သို့ ယက်လုပ်၍ ပေပုရပိုက်စာများကို ထုပ်ထားရသော အရာ
    PHNOM PENH template
    နာမ်

    ကမ္ပလွေ

    [km̪a̰lwè]
    ဝါးခြမ်းပေါက်စချေကို ဖျင်ခတောင်းပိုင် ယက်လုပ်ပနာ ပေပုရပိုက်စာတိကို ထုပ်ထားရရေ အရာ
    ဝါးခြမ်းသေးသေးလေးကို ဖျင်ပုဆိုးကဲ့သို့ ယက်လုပ်၍ ပေပုရပိုက်စာများကို ထုပ်ထားရသော အရာ
    PHNOM PENH template
    နာမ်

    ကမ္ဘာ

    [km̪a̰b̪a̰à]
    ရှည်လျားစွာသော ကာလ။ ကပ်။ ကမ္ဘာတဗျင်းများလွန်းစွာသော မရေမတွက်နှိုင်ယောင် ခံရရေဖြစ်စီသော(ဇုန္ဓတ်)။ လူအများ နီထိုင်ရာဖြစ်ရေ မဟာပထဝီမြီကြီး
    ရှည်လျားစွာသော ကာလ။ ကပ်။ ကမ္ဘာများလှစွာသော မရေမတွက်နိုင်အောင် ခံရသည်ဖြစ်စေသော(ဇုန္ဓတ်)။ လူအများ နေထိုင်ရာဖြစ်သော မဟာပထဝီမြေကြီး
    earth
    နာမ်

    ကမ္ဘာကပင်

    [km̪a̰b̪a̰àkpɪ̀ɴ]
    (အရပ်သုံး) မရေမတွက်နှိုင်ရေ ကာလကပင်ဖြစ်ရေ။ နှစ်၊ လ၊ ပရိစ္ဆေဒ ကြာမြင့်စွာသော။ အစပထမဖြစ်ရေ။ သင့် နန်းတော်မာ၊ ငါလျှင်စောင့်နီ၊ ကမ္ဘာကပင်၊ ကြာလှရားလေ(ကော်)
    (အရပ်သုံး) မရေမတွက်နိုင်သော ကာလကပင်ဖြစ်သော။ နှစ်၊ လ၊ ပရိစ္ဆေဒ ကြာမြင့်စွာသော။ အစပထမဖြစ်သော။ သင့် နန်းတော်မှာ၊ ငါလျှင်စောင့်နီ၊ ကမ္ဘာကပင်၊ ကြာလှပြီးလေ(ကော်)
    earth
    နာမဝိသေသန

    ကမ္ဘာတည်ကပင်

    [km̪a̰b̪a̰àtɛ̀kpɪ̀ɴ]
    ကမ္ဘာတည်စကပင်။ ကမ္ဘာဦးကပင်။ နောက်မကျပဲ။ အဦးဖျဖျား။ ကာလကြာမြင့်စွာ။ အကျွန်အစည်းအဝီးကို လူတိ မရောက်ခင်ကပင် ကမ္ဘာတည်စကပင် ရောက်နီပါပျာ
    ကမ္ဘာတည်စကပင်။ ကမ္ဘာဦးကပင်။ နောက်မကျပဲ။ ဦးဦးဖျားဖျား။ ကာလကြာမြင့်စွာ။ အကျွန်အစည်းအဝေးကို လူတိ မရောက်ခင်ကပင် ကမ္ဘာတည်စကပင် ရောက်နီပါပျာ
    first
    ကြိယာဝိသေသန

    ကမ္ဘာတည်ကပင်၂

    [km̪a̰b̪a̰àtɛ̀kpɪ̀ɴ၂]
    သူတိထက်အဦးအလျင် အချိန်စောစွာရောက်ရေကို ပြောသော စကားလုံး
    သူများထက်အဦးအလျင် အချိန်စောစွာရောက်သည်ကို ပြောသော စကားလုံး
    first
    နာမ်

    ကမ္ဘာတန်ဆာ

    [km̪a̰b̪a̰àtàɴsʰà]
    ကမ္ဘာလောကကြီး၏ တန်ဆာဖွယ်ဖြစ်နီသော တော၊ တောင်၊ သမုဒ္ဒရာ၊ မြင်းမိုရ်သတ္တရဘန်၊ နေ၊ လ၊ နက္ခတ်စရေ။ ကမ္ဘာတန်ဆာ၊ ထုံးစံပိုင်၊ နတ်နဂါးမှု၊ ရှေးဖျားလမ်းကြောင်း၊ သွားတုံသျှောင်းသည်၊ တပေါင်းတန်ခူး၊ ဆန်းထူးမာသ၊ ကဆုန်လကား (ပါရဦ)
    ကမ္ဘာလောကကြီး၏ တန်ဆာဖွယ်ဖြစ်နေသော တော၊ တောင်၊ သမုဒ္ဒရာ၊ မြင်းမိုရ်သတ္တရဘန်၊ နေ၊ လ၊ နက္ခတ်စသည်။ ကမ္ဘာတန်ဆာ၊ ထုံးစံအလား၊ နတ်နဂါးမှု၊ ရှေးဖျားလမ်းကြောင်း၊ သွားတုံသျှောင်းသည်၊ တပေါင်းတန်ခူး၊ ဆန်းထူးမာသ၊ ကဆုန်လကား (ပါရဦ)
    world of pleasure
    နာမ်

    ကမ္ဘာယံ

    [km̪a̰b̪a̰àjံ]
    မြစ်၊ ချောင်း၊ ကမ်း၊ သဲသောင် အစဟိစွာရို့၏ နံပါးအရပ်
    မြစ်၊ ချောင်း၊ ကမ်း၊ သဲသောင် စသည်တို့၏ နံပါးအရပ်
    riverside
    နာမ်

    ကမ္ဘာလောက်

    [km̪a̰b̪a̰àlɔ́ɛʔ]
    (အရပ်သုံး) အလွန်တရာ။ အထူးပိုပြီးကေလွန်ကဲစွာ။ အမျိုးအမည်အရွီအတွက် ကြွယ်ပွားရေလို့ ဆိုရလောက်ယောင်
    (အရပ်သုံး) အလွန့်အလွန်။ အထူးပိုမိုလွန်ကဲစွာ။ အမျိုးအမည်အရေအတွက် ကြွယ်ပွားသည်ဟု ဆိုရလောက်အောင်
    extremely
    ကြိယာဝိသေသန

    ကမ္ဘာလောက်၂

    [km̪a̰b̪a̰àlɔ́ɛʔ၂]
    (အရပ်သုံး) အလွန်တရာ။ ကြီးရေ။ ငယ်ရေ။ တိစွာ၊ နည်းသည်အစဟိစွာနန့် အယုတ်၊ အလွန်အစဟိစွာ၌သုံးသော စကားလုံး။ ဇာတ်ပွဲမာ လူတိ ကမ္ဘာလောက်ပင်များရေ
    (အရပ်သုံး) အလွန့်အလွန်။ ကြီးသည်။ ငယ်သည်။ များသည်၊ နည်းသည်စသည်ဖြင့် အယုတ်၊ အလွန်စသည်၌သုံးသော စကားလုံး။ ဇာတ်ပွဲမှာ လူတိ ကမ္ဘာလောက်ပင်များရေ
    extremely
    နာမ်