Dictionary Entries
Showing 4,861–4,880 of 34,671 words
ခ
ခွက်
[kʰwɛʔ]
Arakanese:
၁၊ ချိုင့်နီရေ အရာ။ ၂၊ အမားကို ချိုင့်၍ လုပ်ထားရေ ထည့်စရာ။ ငါးစလောင်း။ ဟင်းစလောင်း အစဟိရေ
Burmese:
၁၊ ချိုင့်နေသော အရာ။ ၂၊ အတွင်းသို့ ချိုင့်၍ လုပ်ထားသော ထည့်စရာ။ ငါးခွက်။ ဟင်းခွက် စသည်
English:
cup
Grammar Note:
နာမ်
ခွက်ချင်းစင်
[kʰwɛʔɕɪ́ɴsɪ̀ɴ]
Arakanese:
(ပါးသို့း) တစလောင်းတိုက်ခြင်းနန့် သီခြင်းအဆုံးသို့ ရောက်ရေ
Burmese:
(ဆေး) တစ်ခွက်တိုက်ခြင်းဖြင့် သေခြင်းအဆုံးသို့ ရောက်သည်
English:
A drink be death
Grammar Note:
ကြိယာ
ခွက်ချင်းပြီး
[kʰwɛʔɕɪ́ɴpɹï]
Arakanese:
(ဥပစါ) (ပါးသို့းတစလောင်းတည်းဖြင့် သီခြင်းအဆုံးသို့ ရောက်ရေ
Burmese:
(ဥပစါ) (ဆေးတစ်ခွက်တည်းဖြင့် သေခြင်းအဆုံးသို့ ရောက်သည်
English:
A drink be death
Grammar Note:
ကြိယာ
ခွက်ချင်းလန်
[kʰwɛʔɕɪ́ɴlàɴ]
Arakanese:
(ပါးသို့း) တစလောင်းတိုက်ခြင်းနန့် သီခြင်းအဆုံးသို့ ရောက်ရေ
Burmese:
(ဆေး) တစ်ခွက်တိုက်ခြင်းဖြင့် သေခြင်းအဆုံးသို့ ရောက်သည်
English:
A drink be death
Grammar Note:
ကြိယာ
ခွက်ချေမုန့်
[kʰwɛʔɕèmòʊɴ့]
Arakanese:
ဆန်ကို ညက်အောင် ထောင်းထားရေ မုန့်မှုန်ဖြင့် စလောင်းမာထည့်ပနာ ပေါင်းအိုးအထက်မာ တင်ကာ ပေါင်းထားရေ စားစရာ မုန့်တမျိုး
Burmese:
ဆန်ကို ညက်အောင် ထောင်းထားသော မုန့်မှုန်ဖြင့် ခွက်တွင်ထည့်၍ ပေါင်းအိုးအထက်၌ တင်ကာ ပေါင်းထားသော စားစရာ မုန့်တစ်မျိုး
English:
steamed rice cake
Grammar Note:
နာမ်
ခွက်ခွင်း
[kʰwɛʔkʰwɪ́ɴ]
Arakanese:
ကြီးပြားဝိုင်း နှစ်ချပ်၏ အလယ်စလောင်းမာ ကြိုးတပ်ပြီးကေ အချင်းချင်း ခတ်တီးရရေ ဝရီယာတမျိုး။ သံသာစလောင်းခွင်း၊ ခရုသင်းသည်၊ ဒုံမင်းထမ်းပိုး၊ သံပြိုင်နှိုးဗျာယ် (ရက္ခိုင်ကာ)
Burmese:
ကြေးပြားဝိုင်း နှစ်ချပ်၏ အလယ်ခွက်တွင် ကြိုးတပ်၍ အချင်းချင်း ခတ်တီးရသော တူရိယာတစ်မျိုး။ သံသာခွက်ခွင်း၊ ခရုသင်းသည်၊ ဒုံမင်းတံပိုး၊ သံပြိုင်နှိုးလျက် (ရခိုင်ကာ)
English:
type of instruments
Grammar Note:
နာမ်
ခွက်စောင်းသတ်
[kʰwɛʔsáʊɴθaʔ]
Arakanese:
အဆင့်အတန်း တူညီချေသည့် ဘဝတူ အချင်းချင်း သဖော ကွဲလွဲရန် ဖြစ်ကေတ်တေ
Burmese:
အဆင့်အတန်း တူညီသည့် ဘဝတူ အချင်းချင်း သဘော ကွဲလွဲရန် ဖြစ်ကြသည်
English:
disagree
Grammar Note:
ကြိယာ
ခွက်တောင်းပြန်
[kʰwɛʔtáʊɴpɹàɴ]
Arakanese:
စုန်း၊ ဖုတ်၊ ဆစ္ပါးသို့ အစဟိရေ မကောင်းဆိုးဝါးရို့ကို အစာထည့် ကျွေးရရေ အောက်ခြီပါရေ ခေါပန်းတောင်း
Burmese:
စုန်း၊ ဖုတ်၊ တစ္ဆေ စသော မကောင်းဆိုးဝါးတို့ကို အစာထည့် ကျွေးရသော အောက်ခြေပါသော ခေါပန်းတောင်း
English:
knock cup
Grammar Note:
နာမ်
ခွက်ပေါင်းမုန့်
[kʰwɛʔpèàɪ́ɴmòʊɴ့]
Arakanese:
ဆန်ကို ညက်အောင် ထောင်းထားရေ မုန့်မှုန်ဖြင့် စလောင်းမာထည့်ပနာ ပေါင်းအိုးအထက်မာ တင်ကာ ပေါင်းထားရေ စားစရာ မုန့်တမျိုး
Burmese:
ဆန်ကို ညက်အောင် ထောင်းထားသော မုန့်မှုန်ဖြင့် ခွက်တွင်ထည့်၍ ပေါင်းအိုးအထက်၌ တင်ကာ ပေါင်းထားသော စားစရာ မုန့်တစ်မျိုး
English:
steamed rice cake
Grammar Note:
နာမ်
ခွက်မှောက်
[kʰwɛʔm̥ɔ́ɛʔ]
Arakanese:
နလဗိန်းတုံးကျွံ (စားရေ။) နလဗိန်းတုံးကျွံ (စားရေ)
Burmese:
အလွန်အကျွံ (စားသည်။) အလွန်အမင်း (စားသည်)
English:
moderate eating
Grammar Note:
ကြိယာဝိသေသန
ခွကျ
[kʰwt͡ɕ]
Arakanese:
၁၊ ဟိုမရောက် သည်မရောက် ဖြစ်တေ။ ဗရမ်းဗတာ ကမောက်ကမဖြစ်တေ။ ၂၊ မကိုက် နီရာမကျ ဖြစ်တေ
Burmese:
၁၊ ဟိုမရောက် သည်မရောက် ဖြစ်သည်။ အစီအစဉ်မကျ ကမောက်ကမဖြစ်သည်။ ၂၊ အဆင်မပြေ နေရာမကျ ဖြစ်သည်
English:
does not fit
Grammar Note:
ကြိယာ
ခွင်
[kʰwɪ̀ɴ]
Arakanese:
ထမင်းချက်ဖို့ ဖိုခုံလောက် ဆိုင်ထားရေ မီးဖို။ ထမတ်ကျက်ကေ ခွင်ကအိုးကို ထုတ်ယူခ။ ၂၊ အုပ်ချုပ်မှုဆိုင်ရာ အရပ် အပိုင်းအရာ။ ကန့်သတ် ပိုင်းခြာထားရေ အရပ်ဒေသ။ အကျယ်အဝန်း။ ၃၊ တခွင်တပြင်။ တကျိုင်တဝန်း။ လူတလွှား။ ပတ်ပတ်မွိန့်ကျင်၊ ရက်ကန်းခွင်ကို၊ ဝင်ရုံဝင
Burmese:
ထမင်းချက်ရန် ဖိုခုံလောက် ဆိုင်ထားသည့် မီးဖို။ ထမင်းကျက်ကေ ခွင်ကအိုးကို ထုတ်ယူခ။ ၂၊ အုပ်ချုပ်မှုဆိုင်ရာ အရပ် အပိုင်းအခြား။ ကန့်သတ် ပိုင်းခြားထားသော အရပ်ဒေသ။ အကျယ်အဝန်း။ ၃၊ တစ်ခွင်တစ်ပြင်။ တစ်စုတစ်ဝန်း။ လူတလွှား။ ပတ်ပတ်မွိန့်ကျင်၊ ရက်ကန်းခွင်ကို၊ ဝင်ရုံဝင
English:
make or build a fire
Grammar Note:
နာမ်
ခွင့်
[kʰwɪ̀ɴ့]
Arakanese:
၁၊ အမိညောင်းကိစ္စ တခုတရီကို အချုပ်အချယ် မဟိဘဲ ဆောင်ရွက်နိုင်ရီး။ အခွင့်။ ၂၊ အမှု။ ကိစ္စ။ အမိညောင်း
Burmese:
၁၊ အကြောင်းကိစ္စ တစ်စုံတစ်ခုကို အချုပ်အချယ် ကင်းမဲ့စွာ ဆောင်ရွက်နိုင်ရေး။ အခွင့်။ ၂၊ အမှု။ ကိစ္စ။ အကြောင်း
English:
leave
Grammar Note:
နာမ်
ခွင်း
[kʰwɪ́ɴ]
Arakanese:
၁၊ ယင်းးဖေါက်ရေ။ ချိုင်းနင်းဝင်ရေ။ လကိုကြယ်ခွင်း၊ ချင်းနင်းဖေါက်က၊ ရောက်ကတ်မတ်မာ၊ ဥပါဒ်သာတည်း (ပါရာ)။ ၂၊ ရန်စစွာကို ဖိနှိပ် ဆုံးမရေ။ နိုင်နင်းအောင် လုပ်ရေ။ ထိမှန်ယောင် ပစ်ခတ်ရေ။ မာရယု မင်းသည် ဘီးလူးရန်ကို ပယ်ခွင်းသတ်လီဧ့ (တောင်)
Burmese:
၁၊ ထိုးဖေါက်သည်။ ချဉ်းနင်းဝင်သည်။ လကိုကြယ်ခွင်း၊ ချင်းနင်းဖေါက်က၊ ရောက်ကြမင်းမှာ၊ ဥပါဒ်သာတည်း (ပါရာ)။ ၂၊ ရန်စသည်ကို ဖိနှိပ် ဆုံးမသည်။ နိုင်နင်းအောင် လုပ်သည်။ ထိမှန်အောင် ပစ်ခတ်သည်။ မာရယု မင်းသည် ဘီးလူးရန်ကို ပယ်ခွင်းသတ်လေ၏ (တောင်)
English:
destroy
Grammar Note:
ကြိယာ
ခွင်၂
[kʰwɪ̀ɴ၂]
Arakanese:
၁၊ ဇိကေသျှေ ကွေးဝိုက်ရေ။ ခြီခွင်၊ လက်ခွင် စရေ။ ၂၊ ပြားချပ်ချပ် ဟိရေ။ ထိပ်ခွင်မာ လောက်စာသီးကျလို့ သွီးထွက်တေ
Burmese:
၁၊ အနည်းငယ် ကွေးဝိုက်သော။ ခြီခွင်၊ လက်ခွင် စသည်။ ၂၊ ပြားချပ်ချပ် ရှိသော။ ထိပ်ခွင်မှာ လောက်စာသီးကျလို့ သွီးထွက်တေ
English:
bowleg
Grammar Note:
နာမဝိသေသန
ခွင်ခနောက်
[kʰwɪ̀ɴkʰnɔ́ɛʔ]
Arakanese:
ဘိတ်မြီဖြင့် လည်းကောင်း၊ သံဖြင့် လည်းကောင်း ထမင်း၊ ဟင်းချက်ရာမာ မီးဟိန်ထက်မာ အိုးတင်ရန် ပြုလုပ်ထားရေ ပစ္စည်း။ ခုံတောက်
Burmese:
ရွှံ့မြေဖြင့် လည်းကောင်း၊ သံဖြင့် လည်းကောင်း ထမင်း၊ ဟင်းချက်ရာ၌ မီးရှိန်ထက်တွင် အိုးတင်ရန် ပြုလုပ်ထားသော ပစ္စည်း။ ဖိုခနောက်
English:
tripod stand
Grammar Note:
နာမ်
ခွင်ခလောက်
[kʰwɪ̀ɴkʰlɔ́ɛʔ]
Arakanese:
ဘိတ်မြီဖြင့် လည်းကောင်း၊ သံဖြင့် လည်းကောင်း ထမင်း၊ ဟင်းချက်ရာမာ မီးဟိန်ထက်မာ အိုးတင်ရန် ပြုလုပ်ထားရေ ပစ္စည်း။ ခုံတောက်
Burmese:
ရွှံ့မြေဖြင့် လည်းကောင်း၊ သံဖြင့် လည်းကောင်း ထမင်း၊ ဟင်းချက်ရာ၌ မီးရှိန်ထက်တွင် အိုးတင်ရန် ပြုလုပ်ထားသော ပစ္စည်း။ ဖိုခနောက်
English:
tripod stand
Grammar Note:
နာမ်
ခွင်ခြီထောက်
[kʰwɪ̀ɴkʰɹìtʰɔ́ɛʔ]
Arakanese:
ထမင်း၊ ဟင်းချက်ဖို့ အိုးကို ခုခံ ထောက်ပင့်ထားရေ အချောင်းအတံ
Burmese:
ထမင်း၊ ဟင်းချက်ရန် အိုးကို ခုခံ ထောက်ပင့်ထားသော အချောင်းအတံ
English:
tripod stand
Grammar Note:
နာမ်
ခွင်ဆရာ
[kʰwɪ̀ɴsʰɹà]
Arakanese:
ပိုင်းခြား သတ်မှတ်ထားရေ အုပ်ချုပ်မှုဆိုင်ရာ နယ်ပယ်ခရိုင် တခုကို အုပ်ချုပ်ရေ အုပ်ချုပ်ရီးမှုး။ နယ်ပိုင်
Burmese:
ပိုင်းခြား သတ်မှတ်ထားသော အုပ်ချုပ်မှုဆိုင်ရာ နယ်ပယ်ခရိုင် တစ်ခုကို အုပ်ချုပ်သော အုပ်ချုပ်ရေးမှုး။ နယ်ပိုင်
English:
feudal lord
Grammar Note:
နာမ်
ခွင့်တိုင်
[kʰwɪ̀ɴ့tàɪɴ]
Arakanese:
ကျရောက်ရေ့ တာဝမ် ပျက်ကွက်မှုအတွက်နန့် ဥပဒေအရ တောင်းပန်ရေ
Burmese:
ကျရောက်သည့် တာဝန် ပျက်ကွက်မှုကြောင့် ဥပဒေအရ တောင်းပန်သည်
English:
ask leave
Grammar Note:
ကြိယာ