Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 4,881–4,900 of 34,671 words

    ခ

    ခွင့်တောင်း

    [kʰwɪ̀ɴ့táʊɴ]
    အမိညောင်းကိစ္စ တခုခုကို အချုပ်အချယ် မဟိဘဲ ဆောင်ရွက်နှိုင်ကေ တောင်းပန်ရေ
    အကြောင်းကိစ္စ တစ်ခုခုကို အချုပ်အချယ် ကင်းမဲ့စွာ ဆောင်ရွက်နိုင်ရန် တောင်းပန်သည်
    ask permission
    ကြိယာ

    ခွင့်ပန်

    [kʰwɪ̀ɴ့pàɴ]
    အမိညောင်းကိစ္စ တခုခုကို အချုပ်အချယ် မဟိဘဲ ဆောင်ရွက်နှိုင်ကေ တောင်းပန်ရေ
    အကြောင်းကိစ္စ တစ်ခုခုကို အချုပ်အချယ် ကင်းမဲ့စွာ ဆောင်ရွက်နိုင်ရန် တောင်းပန်သည်
    ask leave
    ကြိယာ

    ခွင့်ပီး

    [kʰwɪ̀ɴ့pï]
    အမိညောင်းကိစ္စ တခုခုကို အချုပ်အချယ် မဟိဘဲ ဆောင်ရွက်နှိုင်ကေ တောင်းပန်ရီကို ဆန္ဒအတိုင်း ဖြစ်စီသည်
    အကြောင်းကိစ္စ တစ်ခုခုကို အချုပ်အချယ် ကင်းမဲ့စွာ ဆောင်ရွက်နိုင်ရန် တောင်းပန်သည်ကို ဆန္ဒအတိုင်း ဖြစ်စေသည်
    give permission
    ကြိယာ

    ခွင့်ပြု

    [kʰwɪ̀ɴ့pɹoʊ]
    အမိညောင်းကိစ္စ တခုခုကို အချုပ်အချယ် မဟိဘဲ ဆောင်ရွက်နှိုင်ကေ တောင်းပန်ရီကို ဆန္ဒအတိုင်း ဖြစ်စီသည်
    အကြောင်းကိစ္စ တစ်ခုခုကို အချုပ်အချယ် ကင်းမဲ့စွာ ဆောင်ရွက်နိုင်ရန် တောင်းပန်သည်ကို ဆန္ဒအတိုင်း ဖြစ်စေသည်
    give permission
    ကြိယာ

    ခွင့်ယူ

    [kʰwɪ̀ɴ့jù]
    ကျရောက်ရေ့ တာဝမ် ပျက်ကွက်မှုအတွက် ဥပဒေအရ အခွင့်အရီးပီးဖို့ ပြောဆိုရေ
    ကျရောက်သည့် တာဝန် ပျက်ကွက်မှုအတွက် ဥပဒေအရ အခွင့်အရေးပေးရန် ပြောဆိုသည်
    take leave
    ကြိယာ

    ခွင့်ရက်

    [kʰwɪ̀ɴ့ɹɛʔ]
    လုပ်ငန်း ဆောင်ရွက်မှု ကိစ္စကင်းယှင်းစွာ နေခွင့်ရရေ ရက်
    လုပ်ငန်း ဆောင်ရွက်မှု ကိစ္စကင်းရှင်းစွာ နေခွင့်ရသော ရက်
    leave
    နာမ်

    ခွင့်ရွှတ်

    [kʰwɪ̀ɴ့ɹW̯aʔ]
    ၁၊ အပြစ်အနာမယူပဲ ချမ်းသာ ပီးရေ။ ၂၊ အပိတ်အပင် အတားအပါးသို့းမှ ရွတ်မြီာက် စီရေ
    ၁၊ အပြစ်အနာမယူပဲ ချမ်းသာ ပေးသည်။ ၂၊ အပိတ်အပင် အတားအဆီးမှ လွတ်ကင်း စေသည်
    excuse-forgive
    ကြိယာ

    ခွစကား

    [kʰwská]
    တပါးသူနှင့် ဖီလာဆန့်ကျင် ပြောဆိုပြုလုပ် တတ်သူ
    တစ်ပါးသူနှင့် ဖီလာဆန့်ကျင် ပြောဆိုပြုလုပ် တတ်သူ
    act in defiance
    နာမ်

    ခွစပါး

    [kʰwspàး]
    စပါးအမျိုးနာမည် တခု
    စပါးအမျိုးအမည် တစ်ခု
    paddy
    နာမ်

    ခွစား

    [kʰwsá]
    ဟွေဘက်၊ ဒေဘက်၊ နှစ်ဘက်စလုံးနှင့် ဆက်ဆံ၍ အခွင့်အရီး ယူရေ
    ဟိုဘက်၊ ဤဘက်၊ နှစ်ဘက်စလုံးနှင့် ဆက်ဆံ၍ အခွင့်အရေး ယူသည်
    opportunity
    ကြိယာ

    ခွစား၂

    [kʰwsá၂]
    ယင်းပိုင် အခွင့်အရီးယူသူ
    ယင်းကဲ့သို့ အခွင့်အရေးယူသူ
    opportunist
    နာမ်

    ခွစီး

    [kʰwsï]
    ၁၊ အထက်က နှစ်ဘက်ခွ၍ စီးနင်း တည်ဟိရေ။ ၂၊ လွှမ်းမိုး အနိုင်ယူရေ။ နှိမ်နှင်းရေ။ ညှိဆဲသည်
    ၁၊ အပေါ်က နှစ်ဘက်ခွ၍ စီးနင်း တည်ရှိသည်။ ၂၊ လွှမ်းမိုး အနိုင်ယူသည်။ နှိမ်နှင်းသည်။ နှိပ်စက်သည်
    persecute-torment
    ကြိယာ

    ခွံဆတ်ပင်

    [kʰwံsʰaʔpɪ̀ɴ]
    အခက်အလက် ကြွပ်ဆတ်သော အပင်တမျိုး
    အခက်အလက် ကြွပ်ဆတ်သော အပင်တစ်မျိုး
    none
    နာမ်

    ခွဆန်

    [kʰwsʰàɴ]
    လူတိနှင့် ဖီလာကန့်လန့် ပြောဆိုပြုလုပ် တတ်သူ
    သူတစ်ပါးနှင့် ဖီလာကန့်လန့် ပြောဆိုပြုလုပ် တတ်သူ
    act in defiance
    နာမ်

    ခွဆုံ

    [kʰwsʰòʊɴ]
    နှစ်သွယ်နှစ်ဖြာ သို့မဟုတ် အသဘို့းဆုံကျ အရပ်။ ဂွ။ တောင်စဉ်ထူထပ်၊ လှီကားပတ်၊ မပြတ်တင့်ရေ၊ လမ်းဂွမာ၊ ငါရို့ ရောက်လတ်တေ (ဓမ္မက)
    နှစ်သွယ်နှစ်ဖြာ သို့မဟုတ် အဖျားဆုံကျ အရပ်။ လမ်းဆုံ။ တောင်စဉ်ထူထပ်၊ လှီကားပတ်၊ မပြတ်တင့်တယ်၊ လမ်းခွဆုံမှာ၊ ငါတို့ ရောက်လတ်တေ (ဓမ္မက)
    crossroads
    နာမ်

    ခွတို

    [kʰwtÒ]
    ကိုယ်လုံး ကိုယ်ထည် တုတ်ခိုင်ကျစ်လစ်၍ ဘုဒိုကွသော သူ။ ခါးအထက်ပိုင်း ရှည်၍ ပေါင်တံတိုရေ သူ။ ဂင်တို
    ကိုယ်လုံး ကိုယ်ထည် တုတ်ခိုင်ကျစ်လစ်၍ အရပ်ပုကွသော သူ။ ခါးအထက်ပိုင်း ရှည်၍ ပေါင်တံတိုသော သူ။ ဂင်တို
    short and stubby person
    နာမ်

    ခွတိုက်

    [kʰwtaɪʔ]
    ကန့်လန့် ဆန့်ကျင်သည်
    ကန့်လန့် ဆန့်ကျင်သည်
    act in defiance
    ကြိယာ

    ခွတ်

    [kʰwaʔ]
    ၁၊ ထက်သော အလားဖြင့် ခွတ်ဖြတ်ရေ။ လျင်ဆွမနီ၊ စီးတော်လှီကို၊ ခွတ်မည်ရာ (စန္ဒြား)။ သစ်မပြောင့်သော်၊ ဖြောင့်ကာခွတ်လို့ (ကော်)။ ရွှီငွီ အစဟိရေရို့ကို ဝတ္တုပစ္စည်း တခုခုဖြစ်ယောင် ပြုလုပ်ရေ။ လက်ကောက်၊ နဠေါင်းခွတ်သည်
    ၁၊ ထက်သော အသွားဖြင့် ခုတ်ဖြတ်သည်။ လျင်ဆွမနီ၊ စီးတော်လှီကို၊ ခွတ်မည်ရာ (စန္ဒြား)။ သစ်မပြောင့်သော်၊ ဖြောင့်ကာခွတ်လို့ (ကော်)။ ရွှေငွေ စသည်တို့ကို ဝတ္တုပစ္စည်း တစ်ခုခုဖြစ်အောင် ပြုလုပ်သည်။ လက်ကောက်၊ နဠေါင်းခွတ်သည်
    cup
    ကြိယာ

    ခွတ်၂

    [kʰwaʔ၂]
    တောခြုံတိကို ခွတ်ထွင် ထွင်ရေ။ တောခွတ်တေ
    တောချုံများကို ခုတ်ထွင် ရှင်းလင်းသည်။ တောခွတ်တေ
    clear jungle
    ကြိယာ

    ခွတ်ခွတ်

    [kʰwaʔkʰwaʔ]
    ခွတ်ခွတ်ဟု ခြီာင်းဆိုးရေ အသံ
    ခွတ်ခွတ်ဟု ချောင်းဆိုးသော အသံ
    cough
    နာမ်