Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 5,001–5,020 of 34,671 words

    ဂ

    ဂဃနဏ

    [ɡɡʱnn]
    ဓါတ်ရိုက်ကျ။ ကွဲပြားသိသာ ထင်ယှားယောင်
    အတိအကျ။ ကွဲပြားသိသာ ထင်ရှားအောင်
    detail
    ကြိယာဝိသေသန

    ဂငယ်

    [ɡŋɛ̀]
    ဂ အက္ခရာကောက်ကို ခေါ်သော နာမည်
    ဂ အက္ခရာကို ခေါ်သော အမည်
    pronunciation of of arakanese consonant
    နာမ်

    ဂင်စီး

    [ɡɪ̀ɴsï]
    စာပီရီးသားရာမာ င သတ်ကို က၊ ခ၊ ဂ၊ အစဟိရေအထက်မှ ခွစီးဗျာယ် ရီးသားခြင်း။ (လင်္ကာ၊ ကင်္ခါ ၊ ဂင်္ဂါ အစဟိရေ)
    စာပေရေးသားရာ၌ င သတ်ကို က၊ ခ၊ ဂ၊ စသည်အထက်မှ ခွစီးလျက် ရေးသားခြင်း။ (လင်္ကာ၊ ကင်္ခါ ၊ ဂင်္ဂါ စသည်)
    none
    နာမ်

    ဂင်ဇာ

    [ɡɪ̀ɴzà]
    မူးယစ် စီတတ်ရေ ဆခြီာက် တမျိုး
    မူးယစ် စေတတ်သော ဆေးခြောက် တစ်မျိုး
    one drug cannabis
    နာမ်

    ဂင်ဇာရိုင်း

    [ɡɪ̀ɴzàɹáɪɴ]
    ဘင်းခေါ် ဆခြီာက်ပင်နှင့် ဆက်တူရေ မြက်ကြားပေါက် အပင်တမျိုး။ ဒန္တသုခပင်။ (၄င်းအပင်၏ ပဉ္စငါးပါးကို ပြုတ်ပနာ ငုံလျှင် သွားအီးဟူသမျှ ကောင်းရေဟူ၏)
    ဘင်းခေါ် ဆေးခြောက်ပင်နှင့် ဆက်တူသော မြက်ကြားပေါက် အပင်တစ်မျိုး။ ဒန္တသုခပင်။ (၄င်းအပင်၏ ပဉ္စငါးပါးကို ပြုတ်၍ ငုံလျှင် သွားနာဟူသမျှ ကောင်းသည်ဟူ၏)
    cannabis
    နာမ်

    ဂင်ဇီ

    [ɡɪ̀ɴzí]
    ယောက်ျားဝတ် အမားခံ အင်္ကျီတမျိုး။ ချွေးခံအင်္ကျီ
    ယောက်ျားဝတ် အတွင်းခံ အင်္ကျီတစ်မျိုး။ ချွေးခံအင်္ကျီ
    under vest
    နာမ်

    ဂင်ဇီပါရာ

    [ɡɪ̀ɴzípàɹà]
    ယောက်ျားဝတ် အမားခံ အင်္ကျီတမျိုး။ ချွေးခံအင်္ကျီ
    ယောက်ျားဝတ် အတွင်းခံ အင်္ကျီတစ်မျိုး။ ချွေးခံအင်္ကျီ
    under vest
    နာမ်

    ဂင်တိုက်

    [ɡɪ̀ɴtaɪʔ]
    ဘုန်းကြီးပျံမာ အလောင်းကို မီးဟိုရရေ ကိရိယာ တမျိုး
    ဘုန်းကြီးပျံတွင် အလောင်းကို မီးရှိုရသော ကိရိယာ တစ်မျိုး
    none
    နာမ်

    ဂင်ဒိုက်ဒုံး

    [ɡɪ̀ɴdaɪʔdóʊɴ]
    ဘုန်းကြီးပျံမာ အလောင်းကို မီးဟိုရရေ ကိရိယာ တမျိုး
    ဘုန်းကြီးပျံတွင် အလောင်းကို မီးရှိုရသော ကိရိယာ တစ်မျိုး
    none
    နာမ်

    ဂင်္ဂါ

    [ɡŋ̇gaà]
    ၁၊ မျက်စိအောက် မြင်ကွင်း။ မြင်နှိုင်သော ဝန်းကျင်။ မျက်မှောက်။ ၂၊ သက်ဟိဘဝ ကာလ။ ၃၊ လက်ငင်း ကာလ။ မြင်တွိ့နီရရေ အချိန်ပိုင်း။ မျက်မှောက် ကာလ။ မျက်မှောက်ဂင်္ဂါ၊ ငါရာဇာသည်၊ ဟိကေလည်းနန့် (ရာမ
    ၁၊ မျက်စိအောက် မြင်ကွင်း။ မြင်နိုင်သော ဝန်းကျင်။ မျက်မှောက်။ ၂၊ သက်ရှိဘဝ ကာလ။ ၃၊ လက်ငင်း ကာလ။ မြင်တွေ့နေရသော အချိန်ပိုင်း။ မျက်မှောက် ကာလ။ မျက်မှောက်ဂင်္ဂါ၊ ငါရာဇာသည်၊ ရှိပါလျက်နှင့် (ရာမ
    under eye view-sight-living life
    နာမ်

    ဂင်္ဂါ၂

    [ɡŋ̇gaà၂]
    မြစ်။ ပင်လယ်။ လစွာကျယ်ကေ၊ မြစ်မဂင်္ဂါ၊ ရီသတာ၌ (ဓမ္မသာ)
    မြစ်။ ပင်လယ်။ လဟာကျယ်ကေ၊ မြစ်မဂင်္ဂါ၊ ရီသတာ၌ (ဓမ္မသာ)
    river-sea
    နာမ်

    ဂဏန်း

    [ɡnáɴ]
    ရွီတွက်၍ မှတ်သား အပ်ရေ သင်္ချာစာလုံး
    ရေတွက်၍ မှတ်သား အပ်သော သင်္ချာစာလုံး
    number
    နာမ်

    ဂဏန်းပေါ်

    [ɡnáɴpɔ̀]
    ၁၊ ၂၊ ၃၊ အစဟိရေ သင်္ချာအက္ခရာကောက် စာလုံးတိ ထင်းထင်းကြီး ဖြစ်တေ။ ၂၊ (ဥပစာ) နီရာ တကာမာ အမှုအခင်း ဖြစ်ပွားသည်
    ၁၊ ၂၊ ၃၊ စသော သင်္ချာအက္ခရာ စာလုံးများ ထင်ထင်ရှားရှား ဖြစ်သည်။ ၂၊ (ဥပစာ) နေရာ တကာတွင် အမှုအခင်း ဖြစ်ပွားသည်
    prominently
    ကြိယာဝိသေသန

    ဂဏန်းပေါ်၂

    [ɡnáɴpɔ̀၂]
    (ဥပစာ) နီရာတိုင်းမာ အမှုအခင်း ဖြစ်ပွားသူ။ အမှုအခင်း တိရသူ။ ‘ငါ့သားမောင်းမောင်ယေ၊ လားရာတိုင်းမာ၊ ဂဏန်းပေါ်ရေ’
    (ဥပစာ) နေရာတကာတွင် အမှုအခင်း ဖြစ်ပွားသူ။ အမှုအခင်း များရသူ။ ‘ငါ့သားမောင်ယေ၊ လားရာတိုင်းမှာ၊ ဂဏန်းပေါ်ရေ’
    none
    နာမ်

    ဂတိ

    [ɡtì]
    သတ္တဝါရို့ဧ့ လားရာ။ ရောက်ရာ။ လားရာဘဝ
    သတ္တဝါတို့၏ သွားရာ။ ရောက်ရာ။ လားရာဘဝ
    end of life
    နာမ်

    ဂတ်

    [ɡaʔ]
    အဝက်ဝိုင်းဝိုင်း ဖားလျားဟိပြီးကေ မာရေ အပင်ကြီး တမျိုး
    အရွက်ဝိုင်းဝိုင်း ဖားလျားရှိ၍ မာသော သစ်ပင်ကြီး တစ်မျိုး
    kind of tree
    နာမ်

    ဂတ်ဂတ်

    [ɡaʔɡaʔ]
    မိဘဆြာ အကြီးအကဲ အစဟိရေရို့အား ဆန့်ကျင်၍ ပြုမူ ပြောဆိုရေ။ အာခံရေ။ နှုတ်လှန်ယင်းးရေ။ ဆြာသမပြောတိုင်း ဂတ်ဂတ် လိုက်လို့ ပြောနီရေ (ခွီးပိုင်ကာ)
    မိဘဆရာ အကြီးအကဲ စသည်တို့အား ဆန့်ကျင်၍ ပြုမူ ပြောဆိုသည်။ အာခံသည်။ နှုတ်လှန်ထိုးသည်။ ဆရာသမပြောတိုင်း ဂတ်ဂတ် လိုက်လို့ ပြောနီရေ (ခွီးပိုင်ကာ)
    opposite
    ကြိယာ

    ဂတ်ဂတ်၂

    [ɡaʔɡaʔ၂]
    ဂတ်ဂတ်ဆိုရေ အသံနန့် ခွီးရန်မူရေ
    ဂတ်ဂတ်ဟူသော အသံဖြင့် ခွေးရန်မူသည်
    antagonistic
    ကြိယာ

    ဂတ်ဂတ်မသျှေ

    [ɡaʔɡaʔmʃè]
    ဂတ်ဂတ် ဟု မြည်တတ်ရေ ခဲဝါ နန့်တူရေ (ခဲဝါ ထက်ငယ်၍ ) တောရိုင်းမားနေ တိရိစ္ဆာန်တမျိုး
    ဂတ်ဂတ် ဟု မြည်တတ်သော ခွေးအ နှင့်တူသော (ခွေးအ ထက်ငယ်၍ ) တောရိုင်းတွင်းနေ တိရိစ္ဆာန်တစ်မျိုး
    wildlife
    နာမ်

    ဂတ်ပီ

    [ɡaʔpí]
    အသားအရီ ကြုံလှီ၍ အသားနှင့် အရိုး ထိစပ်လုဟိရေ။ ပိန်ကပ်နီရေ။ (ခွီး)
    အသားအရေ ကြုံလှီ၍ အသားနှင့် အရိုး ထိစပ်လုရှိသော။ ပိန်ကပ်နေသော။ (ခွေး)
    skinny
    နာမဝိသေသန