Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 581–600 of 34,671 words

    က

    ကရားရီရွတ်

    [kɹáɹíɹwaʔ]
    သွတ်လတ်ကကောင်းလျင်သော
    သွတ်လတ်လျင်မြန်သော
    nimbleness
    နာမဝိသေသန

    ကရိုက်ကထစ်

    [kɹaɪʔktʰɪʔ]
    မပြေမပြစ်။ မညီမညွတ်။ အနိမ့်အမြင့် ကြက်တက်ကြက်ဆင်း
    မပြေမပြစ်။ မညီမညွတ်။ အနိမ့်အမြင့် ကြက်တက်ကြက်ဆင်း
    irregular
    ကြိယာဝိသေသန

    ကရီကထေ

    [kɹíktʰè]
    ထွိမိထွိရာ။ အမျိုးမျိုး အဖုံဖုံ။ စိတ်ခြူပွေစွာ။ ကြောင့်ကြစိုက်ဗျာယ်
    ထွေထွေရာရာ။ အမျိုးမျိုး အဖုံဖုံ။ စိတ်ရှုပ်ပွေစွာ။ ကြောင့်ကြစိုက်လျက်
    miscellaneous
    ကြိယာဝိသေသန

    ကရီယာ

    [kɹíjà]
    လောင်း၊ သမ္ဗန်အစဟိစွာရို့မာ တက်ခတ်ရန်အငှားလိုက်သူ
    လှေ၊ သမ္ဗန်စသည်တို့၌ တက်ခတ်ရန်အငှားလိုက်သူ
    boatman
    နာမ်

    ကရုဏာဒေါသ

    [kɹoʊnàdèàθ]
    သနားစိတ်ရောနှော၍ မာန်ပါခြင်း
    သနားစိတ်ရောနှော၍ စိတ်ဆိုးခြင်း
    mercy anger
    နာမ်

    ကရုတ်ကယှုပ်

    [kɹoʊʔkʃoʊʔ]
    မျက်စိရှုတ်ပွေစရာ၊ အမြင်ကတ်စရာ၊ မကြည့်ချင် မမြင်ချင် ဖြစ်တေ။ ခြူနိန်ပါရေကာ
    မျက်စိရှုတ်ပွေစရာ၊ အမြင်ကတ်စရာ၊ မကြည့်ချင် မမြင်ချင် ဖြစ်သည်။ ရှုပ်ထွေးသည်
    confuse
    ကြိယာ

    ကရုတ်ကရက်

    [kɹoʊʔkɹɛʔ]
    ဆူဆူညံညံ။ ငြင်းခုံခိုက်ရန်ဖြစ်ပွားဗျာယ်
    ဆူဆူညံညံ။ ငြင်းခုံခိုက်ရန်ဖြစ်ပွားလျက်
    brawl
    ကြိယာဝိသေသန

    ကရုတ်ကရောက်

    [kɹoʊʔkɹɔ́ɛʔ]
    ဆူဆူညံညံ။ မတည်မငြိမ် ထလှုပ်ယှားဗျာယ်
    ဆူဆူညံညံ။ မတည်မငြိမ် ထကြွလှုပ်ရှားလျက်
    hubbub
    ကြိယာဝိသေသန

    ကရုတ်ကသုတ်

    [kɹoʊʔkθoʊʔ]
    မကြည့်ချင် မမြင်ချင် အမြင်ကတ်ရေ။ ကြည့်၍ မသင့်မလျော် အမြင်မတော်ဖြစ်တေ။ ဗရမ်းဗတာ စုပေါင်း ရောပြွမ်းနိန်ရေ
    မကြည့်ချင် မမြင်ချင် အမြင်ကတ်သည်။ ကြည့်၍ မသင့်မလျော် အမြင်မတော်ဖြစ်သည်။ အစီအစဉ်မကျ စုပေါင်း ရောပြွမ်းနေသည်
    disarrangement
    ကြိယာ

    ကရူးကမိုက်

    [kɹùးkmaɪʔ]
    စည်းမဟိ ကမ်းမဟိ။ ဆင်ခြင် ဉာဏ်မဟိဘဲ ပြုသည်ဖြစ်ပနာ
    စည်းမဲ့ ကမ်းမဲ့။ ဆင်ခြင် ဉာဏ်ကင်းမဲ့စွာ ပြုသည်ဖြစ်၍
    indiscipline
    ကြိယာဝိသေသန

    ကရူးကမူး

    [kɹùးkmùး]
    ဆင်ခြင်နိုင်စွမ်းကင်းမဲ့ခြင်းကြောင့် ပြုမိပြုရာပြုရေအနိန်နန့်
    ဆင်ခြင်နိုင်စွမ်းကင်းမဲ့ခြင်းကြောင့် ပြုမိပြုရာပြုသောအားဖြင့်
    Bull-headed
    ကြိယာဝိသေသန

    ကရူးမိုက်တင်း

    [kɹùးmaɪʔtɪ́ɴ]
    မစဉ်းမစား။ မဆင်မခြင်။ ဗြန်းစိကာရ
    မစဉ်းမစား။ မဆင်မခြင်။ စည်းမဲ့ကမ်းမဲ့
    indiscipline
    ကြိယာဝိသေသန

    ကရေကပါး

    [kɹèkpàး]
    အကွဲကွဲ အပြားပြား။ ကရားကထား ကွဲပြားပျက်စီးဗျာယ်။ သီသပ်ခြင်းမဟိဘဲ။ ဗြန်းစိကာရဘဲ
    အကွဲကွဲ အပြားပြား။ ဖရိုဖရဲ ကွဲပြားပျက်စီးလျက်။ သေသပ်ခြင်းမရှိဘဲ။ စည်းကမ်းမရှိဘဲ
    dissever
    ကြိယာဝိသေသန

    ကရေကရာ

    [kɹèkɹà]
    ရိုသေလေးစားခြင်းမဟိဘဲ။ အရိုအသီမဟိဘဲ
    ရိုသေလေးစားခြင်းမရှိဘဲ။ အရိုအသေကင်းမဲ့စွာ
    without respect
    ကြိယာဝိသေသန

    ကရေယာ

    [kɹèjà]
    လောင်း၊ သမ္ဗန်အစဟိစွာရို့မာ တက်ခတ်ရန်အငှားလိုက်သူ
    လှေ၊ သမ္ဗန်စသည်တို့၌ တက်ခတ်ရန်အငှားလိုက်သူ
    boatman
    နာမ်

    ကရောကပါး

    [kɹɔ́kpàး]
    အကွဲကွဲ အပြားပြား။ ကရားကထား ကွဲပြားပျက်စီးဗျာယ်။ သီသပ်ခြင်းမဟိဘဲ။ ဗြန်းစိကာရဘဲ
    အကွဲကွဲ အပြားပြား။ ဖရိုဖရဲ ကွဲပြားပျက်စီးလျက်။ သေသပ်ခြင်းမရှိဘဲ။ စည်းကမ်းမရှိဘဲ
    dissever
    ကြိယာဝိသေသန

    ကရောက်ကထောက်

    [kɹɔ́ɛʔktʰɔ́ɛʔ]
    အတိအကျအခိုင်အမာ မဟုတ်ဘဲ။ စနစ်တကျမဟုတ်ဘဲ။ မျှော်ကာမှန်းဆက်ပြီးကေ။ ဖာလိဖာလာ။ ထင်ရာမြင်ရာ
    အတိအကျအခိုင်အမာ မဟုတ်ပဲ။ စနစ်တကျမဟုတ်ပဲ။ မျှော်ကာမှန်းဆက်၍။ ဖြစ်ကတတ်ဆန်း။ ထင်ရာမြင်ရာ
    haphazardly
    ကြိယာဝိသေသန

    ကရောက်ကပါး

    [kɹɔ́ɛʔkpàး]
    အကွဲကွဲ အပြားပြား။ ကရားကထား ကွဲပြားပျက်စီးဗျာယ်။ သီသပ်ခြင်းမဟိဘဲ။ ဗြန်းစိကာရဘဲ
    အကွဲကွဲ အပြားပြား။ ဖရိုဖရဲ ကွဲပြားပျက်စီးလျက်။ သေသပ်ခြင်းမရှိဘဲ။ စည်းကမ်းမရှိဘဲ
    dissever
    ကြိယာဝိသေသန

    ကရောက်ကရက်

    [kɹɔ́ɛʔkɹɛʔ]
    ဆူဆူညံညံ။ လှုပ်ယှားဗျာယ်
    ဆူဆူညံညံ။ လှုပ်ရှားလျက်
    hubbub
    ကြိယာဝိသေသန

    ကရောင်း

    [kɹáʊɴ]
    မညီမညွတ် ကြမ်းတမ်းသော မြေအရပ်
    မညီမညွတ် ကြမ်းတမ်းသော မြေအရပ်
    irregular
    နာမ်