Dictionary Entries
Showing 841–860 of 34,671 words
က
ကာလသမီး
[kàlθmï]
Arakanese:
အပျိုရွယ်
Burmese:
မိန်းမပျိုရွယ်
English:
girl
Grammar Note:
နာမ်
ကာလသမီးသျှေ
[kàlθmïʃè]
Arakanese:
ငယ်ရွယ်နုပျိုသော အမျိုးသမီး
Burmese:
ငယ်ရွယ်နုပျိုသော အမျိုးသမီး
English:
girl
Grammar Note:
နာမ်
ကာလသား
[kàlθá]
Arakanese:
လူငယ်လူရွယ်
Burmese:
လူငယ်လူရွယ်
English:
young man ( specifically of a generation ) - teenager
Grammar Note:
နာမ်
ကာလသားဂေါင်း
[kàlθáɡèàɪ́ɴ]
Arakanese:
လပျိုဂေါင်းဆောင်။ လပျိုလူရွယ်တိကို စည်းရုံးဂေါင်းဆောင်သောသူ။ လပျိုဂေါင်းဆောင်
Burmese:
လူပျိုခေါင်းဆောင်။ လူပျိုလူရွယ်များကို စည်းရုံးခေါင်းဆောင်သောသူ။ ကာလသားခေါင်းဆောင်
English:
leader of a group of bachelors in a village or ward. Also ကာလသားဂေါင်း
Grammar Note:
နာမ်
ကာလသားရောဂါ
[kàlθáɹɔ́ɡà]
Arakanese:
ကာမဆက်ဆံမှုကြောင့် ကူးစက်ဖြစ်ပွားသော အနာရောဂါတမျိုး
Burmese:
ကာမဆက်ဆံမှုကြောင့် ကူးစက်ဖြစ်ပွားသော အနာရောဂါတစ်မျိုး
English:
venereal disease
Grammar Note:
နာမ်
ကာလာ
[kàlà]
Arakanese:
မဲနက်ရေ အဆင်းဟိရေသူ။ မဲနက်ရေ အရောင်အဆင်း
Burmese:
မည်းနက်သော အဆင်းရှိသောသူ။ မည်းနက်သော အရောင်အဆင်း
English:
black
Grammar Note:
နာမ်
ကာလုံ
[kàlòʊɴ]
Arakanese:
တရားဥပဒေ အရာ စကားဆင်ခြင်ရာသွီဗျာယ် အပြေအပြစ်ချောမောစွာ ပြောဆိုတတ်ရေလူ
Burmese:
တရားဥပဒေ အရာ စကားဆင်ခြင်ရာသွယ်လျက် အပြေအပြစ်ချောမောစွာ ပြောဆိုတတ်သောလူ
English:
lawyer - pleader- advocate - attorney
Grammar Note:
နာမ်
ကာလုံတတ်
[kàlòʊɴtaʔ]
Arakanese:
တရားဥပဒေ အရာ စကားဆင်ခြင်ရာသွီဗျာယ် အပြေအပြစ်ချောမောစွာ ပြောဆိုတတ်ရေလူ
Burmese:
တရားဥပဒေ အရာ စကားဆင်ခြင်ရာသွယ်လျက် အပြေအပြစ်ချောမောစွာ ပြောဆိုတတ်သောလူ
English:
lawyer - pleader- advocate - attorney
Grammar Note:
နာမ်
ကာလုံတန်း
[kàlòʊɴtáɴ]
Arakanese:
တရားဥပဒေဆိုင်ရာ တတ်ကျွမ်းသူရို့၏ နီထိုင်ရာ အရပ်
Burmese:
တရားဥပဒေဆိုင်ရာ ကျွမ်းကျင်သူတို့၏ နေထိုင်ရာ အရပ်
English:
court
Grammar Note:
နာမ်
ကာသန်း
[kàθáɴ]
Arakanese:
၀န်းရံကာထားရေ
Burmese:
၀န်းရံကာထားသည်
English:
prevent
Grammar Note:
ကြိယာ
ကာသရီ
[kàθɹí]
Arakanese:
လယ်ရှင်မြေသျှင်ရို့၏ အမှုအခင်း၊ လယ်ယာလုပ်ငန်း တာ၀န်ဆောင်ရွက်ရာ အဆောက် အအုံ။ ရုံးခန်း
Burmese:
လယ်ရှင်မြေရှင်တို့၏ အမှုအခင်း၊ လယ်ယာလုပ်ငန်း တာ၀န်ဆောင်ရွက်ရာ အဆောက် အအုံ။ ရုံးခန်း
English:
court
Grammar Note:
နာမ်
ကာသိန်
[kàθèɪɴ]
Arakanese:
ရှုချင်စဖွယ် တင့်ရေသော အဆင်းအသွင် ဟိရေ။ ထင်ရှားပေါ်လွင်စွာ တင့်ရေလှပရေ
Burmese:
ရှုချင်စဖွယ် တင့်တယ်သော အဆင်းအသွင် ရှိသော။ ထင်ရှားပေါ်လွင်စွာ တင့်တယ်လှပသော
English:
beauty
Grammar Note:
နာမဝိသေသန
ကာသိန်၀တ်
[kàθèɪɴ၀aʔ]
Arakanese:
ထပိန်ကို ခြီမျက်စိအောက်ကျအောင် ညီညာစွာ၀တ်ဆင်ဗျာယ်
Burmese:
ထမီကို ခြေမျက်စိအောက်ကျအောင် ညီညာစွာ၀တ်ဆင်လျက်
English:
gently
Grammar Note:
ကြိယာဝိသေသန
ကာအတတ်
[kàʔtaʔ]
Arakanese:
ကာကို ကိုင်ပုံ ကိုင်နည်း၊ ကာကွယ်ခြင်းနည်း၊ တိုက်ခိုက်ဟန် တိုက်ခိုက်နည်း၊ ကာကို အသုံးပြုနည်းပြုဟန်ကိုပြသော ကာအက တမျိုး
Burmese:
ကာကို ကိုင်ပုံ ကိုင်နည်း၊ ကာကွယ်ခြင်းနည်း၊ တိုက်ခိုက်ဟန် တိုက်ခိုက်နည်း၊ ကာကို အသုံးပြုနည်းပြုဟန်ကိုပြသော ကာအက တစ်မျိုး
English:
Guard dance
Grammar Note:
နာမ်
ကိစ္စ
[kìsɪ́sə]
Arakanese:
ပြုသင့် ပြုအပ်ရေ အမှု၊ ပြုလုပ်ဖို့ အမှု တခုတရီ၊ အမှုကိစ္စ၊ မဟိရယောင် (မျိုးက်)(ပါ)
Burmese:
ပြုသင့် ပြုအပ်သော အမှု၊ ပြုလုပ်ရန် အမှု တစ်စုံတစ်ခု၊ အမှုကိစ္စ၊ မဟိရအောင် (မျောက်)(ပါ)
English:
business - work to be done [Pali ကိစ္စ]
Grammar Note:
နာမ်
ကိစ္စချော
[kìsɪ́səɕɔ́]
Arakanese:
၁၊ လုပ်ငန်းတာဝန် အောင်မြင်စွာ ဆောင်ရွက် ပြီးစီးရေ။၂၊ (အရပ်သုံး) သီရေ
Burmese:
၁၊ လုပ်ငန်းတာဝန် အောင်မြင်စွာ ဆောင်ရွက် ပြီးစီးသည်။၂၊ (အရပ်သုံး) သေသည်
English:
[colloq.] die
Grammar Note:
ကြိယာ
ကိစ္စတာဝီ
[kìsɪ́sətàwí]
Arakanese:
လုပ်ဆောင်ရန် ကျရောက်သော အမှုကိစ္စ။ ကိစ္စတာဝီ၊ ငါအလှည့်လျှင်၊ ယနိ.ကျပြီ(ရာမ)
Burmese:
လုပ်ဆောင်ရန် ကျရောက်သော အမှုကိစ္စ။ ကိစ္စတာဝီ၊ ငါအလှည့်လျှင်၊ ယနိ.ကျပြီ(ရာမ)
English:
affair
Grammar Note:
ကြိယာ
ကိစ္စတုံး
[kìsɪ́sətóʊɴ]
Arakanese:
လုပ်ဖွယ် ကိစ္စ အဝဝ အပြီးသို့ ရောက်ရေ။ (အရပ်သုံး) အသီသတ်ရေ
Burmese:
လုပ်ဖွယ် ကိစ္စ အဝဝ အပြီးသို့ ရောက်သည်။ (အရပ်သုံး) အသေသတ်သည်
English:
[colloq.] die - finalize
Grammar Note:
ကြိယာ
ကိစ္စပြီး
[kìsɪ́səpɹï]
Arakanese:
လုပ်ဖွယ် ကိစ္စ အဝဝ အပြီးသို့ ရောက်ရေ။ (အရပ်သုံး) အသီသတ်ရေ
Burmese:
လုပ်ဖွယ် ကိစ္စ အဝဝ အပြီးသို့ ရောက်သည်။ (အရပ်သုံး) အသေသတ်သည်
English:
finalize - (of business work) come to a close or come to an end
Grammar Note:
ကြိယာ
ကိစ္စမကျီ
[kìsɪ́səmt͡ɕí]
Arakanese:
တာဝန်မကျီ၊ အရီးမလှ ဖြစ်တေ။ ပြုလုပ် ဆောင်ရွက်မည့် ကိစ္စတခုခု ပျက်ယွင်းမည့်ဟန် ဟိရေ။ ရွှီနန်းကိုတ၊ ငိုလို့နိန်ရေ်၊ ခြီမလှကေ၊ ကိစ္စမကျီ(ရာမ)
Burmese:
တာဝန်မကျေ၊ အရေးမလှ ဖြစ်သည်။ ပြုလုပ် ဆောင်ရွက်မည့် ကိစ္စတစ်ခုခု ပျက်ယွင်းမည့်ဟန် ရှိသည်။ ရွှေနန်းကိုတ၊ ငိုလို့နေသော်၊ ခြေမလှကေ၊ ကိစ္စမကျီ(ရာမ)
English:
irresponsible
Grammar Note:
ကြိယာ