Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 821–840 of 34,671 words

    က

    ကားရား

    [káɹá]
    မပြေမပြစ်၊ မညီမညာ။ ခြေလက်ရို့ ကားလျားဖြန့်ဗျာယ်။ မလုံမလေး အနိန်နန့်
    မပြေမပြစ်၊ မညီမညာ။ ခြေလက်တို့ ကားလျားဖြန့်လျက်။ မလုံမလေး အားဖြင့်
    spreadeagled
    ကြိယာဝိသေသန

    ကားရားကားရီ

    [káɹákáɹí]
    ပုံပန်းမကျ၊ မပြေမပြစ်။ နီပုံထိုင်ပုံ အချိုးမကျသောအနိန်နန့်
    ပုံပန်းမကျ၊ မပြေမပြစ်။ နေပုံထိုင်ပုံ အချိုးမကျသော အားဖြင့်
    spreadeagled
    ကြိယာဝိသေသန

    ကားရားကိုးရိုး

    [káɹákóɹó]
    ပုံပန်းမကျ၊ မပြေမပြစ်။ နီပုံထိုင်ပုံ အချိုးမကျသော အနိန်နန့်
    ပုံပန်းမကျ၊ မပြေမပြစ်။ နေပုံထိုင်ပုံ အချိုးမကျသော အားဖြင့်
    spreadeagled
    ကြိယာဝိသေသန

    ကားရားဆောင့်ခြောင့်

    [káɹásʰɔ́ɪ̰ɴkʰɹa̰ʊɴ]
    ကြည့်ရှုနှစ်လိုခြင်းမဟိ။ အမြင်ကတ်သော အနိန်နန့်။ သနစက်ဆုတ်ဖွယ်ရာ။ ပုံပန်းကျနသည်မဟုတ်ဘဲ။ မကြည့်ချင်မမြင်ချင် ဖြစ်သနန့်
    ကြည့်ရှုနှစ်လိုခြင်းမရှိ။ အမြင်ကတ်သော အားဖြင့်။ ရွံရှာစက်ဆုတ်ဖွယ်ရာ။ ပုံပန်းကျနသည်မဟုတ်ဘဲ။ မကြည့်ချင်မမြင်ချင် ဖြစ်သဖြင့်
    monstrous
    ကြိယာဝိသေသန

    ကားရားရား

    [káɹáɹá]
    မပြေမပြစ်၊ မညီမညာ။ ခြေလက်ရို့ ကားလျားဖြန့်ဗျာယ်။ မလုံမလေးအနိန်နန့်
    မပြေမပြစ်၊ မညီမညာ။ ခြေလက်တို့ ကားလျားဖြန့်လျက်။ မလုံမလေးအားဖြင့်
    spreadeagled
    ကြိယာဝိသေသန

    ကာရီ

    [kàɹí]
    လယ်ကွက် ပတ်လည်ကို ဆည်ဖို့ ထားရေ မြေရိုး။ ကန်သင်း
    လယ်ကွက် ပတ်လည်ကို ဆည်ဖို့ ထားသော မြေရိုး။ ကန်သင်း
    small embankment build around paddy plots - paddy dyke - breakwater
    နာမ်

    ကာရီကမ်းသား

    [kàɹíkáɴθá]
    ကန်သင်း၊ ကမ်းပိုင်၊ စွာကာရီ စစွာကို ခြုံ၍ ပြောသော စကား
    ကန်သင်း၊ တာရိုး၊ တာတမံ စသည်ကို ခြုံ၍ ပြောသော စကား
    small embankment build around paddy plots - paddy dyke - breakwater
    နာမ်

    ကားရီကားရာ

    [káɹíkáɹà]
    ခြေလက်ရို့ကို ကားလျားဖြန့်ဗျာယ်။ ပုံမကျ ပန်းမကျ။ နီထိုင်ပုံ အချိုးမကျ အမြင်ကတ်သော အနိန်နန့်
    ခြေလက်တို့ကို ကားလျားဖြန့်လျက်။ ပုံမကျ ပန်းမကျ။ နေထိုင်ပုံ အချိုးမကျ အမြင်ကတ်သော အားဖြင့်
    spreadeagled - misshapen
    ကြိယာဝိသေသန

    ကာလ

    [kàl]
    အချိန်အခါ။ အခိုက်အတန့်
    အချိန်အခါ။ အခိုက်အတန့်
    time - period - age the present time [Pali ကာလ]
    နာမ်

    ကာလ၀မ်း

    [kàl၀áɴ]
    တချိန်တရံအော့အန်၍ ၀မ်းလားတတ်ရေရောဂါဆိုး။ ၀မ်းကျနာ
    တစ်ချိန်တစ်ရံအော့အန်၍ ၀မ်းသွားတတ်သောရောဂါဆိုး။ ၀မ်းကျနာ
    cholera - dysentery
    နာမ်

    ကာလတန်ဖိုး

    [kàltàɴpʰó]
    အချိန်ကာလ အနိန်နန့် ကုန်ဝန်၏ တန်ဖိုး
    အချိန်ကာလ အားလျော်စွာ ကုန်ပစ္စည်း၏ တန်ဖိုး
    current value - market price
    နာမ်

    ကာလဒါန

    [kàldàn]
    သင့်လျော်သော အချိန်အခါ၌ လှူသော အလှူ
    သင့်လျော်သော အချိန်အခါ၌ လှူသော အလှူ
    donation
    နာမ်

    ကာလနဂါး

    [kàlnɡàး]
    ဘုရားတဆူ ပွင့်ပြီးမရာ တခေါက် နိုးရေလို့ လူအများ ပြောစမှတ် ပြုရေ နဂါးကြီး
    ဘုရားတစ်ဆူ ပွင့်ပြီးမှသာ တစ်ကြိမ် နိုးသည်ဟု လူအများ ပြောစမှတ် ပြုသော နဂါးကြီး
    [buddhist Scriptures] dragon said to awaken only when a Buddha attains Buddhahood
    နာမ်

    ကာလနဂါး၂

    [kàlnɡàး၂]
    အလွန် အိပ်ကတ်ူးသော သူ
    အလွန် အိပ်ကြူးသော သူ
    [fig] heavy sleeper [Pali ကာဠ+နာဂ] - sleepy man
    နာမ်

    ကာလနာ

    [kàlnà]
    ကူးစက် ပြန့်ပွား တတ်ရေ ၀မ်း ရောဂါဆိုး တမျိုး
    ကူးစက် ပြန့်ပွား တတ်သော ၀မ်း ရောဂါဆိုး တစ်မျိုး
    cholera - dysentery
    နာမ်

    ကာလနာလိုက်

    [kàlnàlaɪʔ]
    ကာလ၀မ်းရောဂါ ကျရောက်ရေ
    ကာလ၀မ်းရောဂါ ကျရောက်သည်
    cholera
    ကြိယာ

    ကာလပေါ်

    [kàlpɔ̀]
    ခေတ်ကာလအလိုက် ဖြစ်ထွန်းပေါ်ပေါက်လာရေ
    ခေတ်ကာလအလိုက် ဖြစ်ထွန်းပေါ်ပေါက်လာသော
    of the current period
    နာမဝိသေသန

    ကာလပျက်

    [kàlprɛʔ]
    စစ်မက် ရီးရာကြောင့် တိုင်းပြည် မငြိမ်မသက်ဖြစ်ပနာ အုပ်ချုပ်သူ ကင်းမဲ့ဗျာယ် မင်းမဲ့စိုးမဲ့ဖြစ်ခြင်း
    စစ်မက် ရေးရာကြောင့် တိုင်းပြည် မငြိမ်မသက်ဖြစ်၍ အုပ်ချုပ်သူ ကင်းမဲ့လျက် မင်းမဲ့စိုးမဲ့ဖြစ်ခြင်း
    state of lawlessness (due to wars or natural disasters) - anarchy - being over anarchy
    နာမ်

    ကာလရင်နာ

    [kàlɹɪ̀ɴnà]
    နာကြီးကျ အဖျား
    နာတာရှည် အဖျား
    chronic
    နာမ်

    ကာလရိတ်နာ

    [kàlɹeɪʔnà]
    ကူးစက်ပြန့်ပွားတတ်ရေ ၀မ်းရောဂါဆိုးတမျိုး
    ကူးစက်ပြန့်ပွားတတ်သော ၀မ်းရောဂါဆိုးတစ်မျိုး
    cholera
    နာမ်