Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,281–1,300 of 34,671 words

    က

    ကောက်ကတန်းတိုက်

    [kɔ́ɛʔktáɴtaɪʔ]
    ဥကျင်းမှ ဆင်းရေအခါ မျိုးမာ ကြက်မအော်ရေ။ အဖော်ယှာရေ
    ဥကျင်းမှ ဆင်းသောအခါ မျိုးတွင် ကြက်မအော်သည်။ အဖော်ရှာသည်
    cluck
    ကြိယာ

    ကောက်ကရ

    [kɔ́ɛʔkɹ]
    အထောက်အထား ခိုင်လုံမှုမဟိရေ အကြောင်းပြချက်။ နနောင်းမှုမဟိရေ အကြောင်းအရာ
    အထောက်အထား ခိုင်လုံမှုမရှိသော အကြောင်းပြချက်။ ခိုင်မာမှုမရှိသော အကြောင်းအရာ
    invalid
    နာမ်

    ကောက်ကရစကား

    [kɔ́ɛʔkɹská]
    အဆက်အစပ်မဟိဘဲ တွိ့ကရာ ကောက်ပြောသောစကား
    အဆက်အစပ်မရှိဘဲ တွေ့ကရာ ကောက်ပြောသောစကား
    inconsequent
    နာမ်

    ကောက်ကရမင်ကျ

    [kɔ́ɛʔkɹmɪ̀ɴt͡ɕ]
    ဗြန်းစီးကာရဘဲ။ ဖာလိဖာလာ
    အခြေအမြစ်မရှိဘဲ။ ဖြစ်ကတတ်ဆန်း
    in a slipshod manner - not properly done - carelessly - slovenly - haphazardly
    ကြိယာဝိသေသန

    ကောက်ကရားမင်းကျား

    [kɔ́ɛʔkɹámɪ́ɴt͡ɕá]
    ဗြန်းစီးကာရဘဲ။ ဖာလိဖာလာ
    အခြေအမြစ်မရှိဘဲ။ ဖြစ်ကတတ်ဆန်း
    in a slipshod manner - not properly done - carelessly - slovenly - haphazardly
    ကြိယာဝိသေသန

    ကောက်ကရီကောက်

    [kɔ́ɛʔkɹíkɔ́ɛʔ]
    ကြက်ဖတွန်သံ။ အိမ်သို့လေ့ရောက်၊ မိုးလင်းသောက်ကေ၊ ကောက်ကရီကောက်(တေး)။ ကောက်ကရီကောက်၊ မိုးလင်းသောက်ကေ၊ ကျိန်တောက်ကိုယူ၊ ကျွဲကိုထူ(တေး)
    ကြက်ဖတွန်သံ။ အိမ်ကိုလည်းရောက်၊ မိုးလင်းသောက်ကေ၊ ကောက်ကရီကောက်(တေး)။ ကောက်ကရီကောက်၊ မိုးလင်းသောက်ကေ၊ ကျိန်တောက်ကိုယူ၊ ကျွဲကိုထူ(တေး)
    rooster crow
    နာမ်

    ကောက်ကရီကောက်၂

    [kɔ́ɛʔkɹíkɔ́ɛʔ၂]
    ကောက်ကရီကောက်ဟု ကြက်ဖ တွန်သည်
    ကောက်ကရီကောက်ဟု ကြက်ဖ တွန်သည်
    rooster crow
    ကြိယာ

    ကောက်ကရောက်မင်းကျ

    [kɔ́ɛʔkɹɔ́ɛʔmɪ́ɴt͡ɕ]
    အခြီအမြစ် မဟိဘဲ။ ဖာလိဖာလာ
    အခြေအမြစ် မရှိဘဲ။ ဖြစ်ကတတ်ဆန်း
    in a slipshod manner - not properly done - carelessly - slovenly - haphazardly
    ကြိယာဝိသေသန

    ကောက်ကရော်

    [kɔ́ɛʔkɹɔ̀]
    တောကြက် တွန်သံ။ သစ်ကိုင်းထက်က၊ ကောက်ကကား်ဟု၊ နွှဲဆော်မှုတ်ထ (ပဒုမ္မ
    တောကြက် တွန်သံ။ သစ်ကိုင်းထက်က၊ ကောက်ကရော်ဟု၊ နွှဲဆော်မှုတ်ထ (ပဒုမ္မ
    rooster crow
    နာမ်

    ကောက်ကလက်

    [kɔ́ɛʔklɛʔ]
    အမွီးရောင်ဖြူဖွေးသော အချေစားကတ်က်တမျိုး။ ကောက်ကလီကောက်ကလက်၊ ယိုးဒယားက၊ ကြက်မဝယ်ခ၊ စျီးတန်းက (တေး)
    အမွေးရောင်ဖြူဖွေးသော အငယ်စားကြက်တစ်မျိုး။ ကောက်ကလီကောက်ကလက်၊ ယိုးဒယားက၊ ကြက်မဝယ်ခ၊ စျီးတန်းက (တေး)
    chicken
    နာမ်

    ကောက်ကလိမ်

    [kɔ́ɛʔklèɪɴ]
    လိမ်ကောက် ခွေပတ်နိန်ရေ အရာ
    လိမ်ကောက် ခွေပတ်နေသော အရာ
    crank - starting handle immersion heater
    နာမ်

    ကောက်ကလိမ်ကောက်ကလက်

    [kɔ́ɛʔklèɪɴkɔ́ɛʔklɛʔ]
    ကောက်၊ တွန့်လိမ်ကောက်ကွိသော
    မဖြောင့်မတန်း၊ တွန့်လိမ်ကောက်ကွေ့သော
    bent - curved - crooked
    နာမဝိသေသန

    ကောက်ကလိမ်ကောက်ကလောက်

    [kɔ́ɛʔklèɪɴkɔ́ɛʔklɔ́ɛʔ]
    အမွီးရောင်ဖြူဖွေးသော အချေစားကတ်က်တမျိုး။ ကောက်ကလီကောက်ကလက်၊ ယိုးဒယားက၊ ကြက်မဝယ်ခ၊ စျီးတန်းက (တေး)
    အမွေးရောင်ဖြူဖွေးသော အငယ်စားကြက်တစ်မျိုး။ ကောက်ကလီကောက်ကလက်၊ ယိုးဒယားက၊ ကြက်မဝယ်ခ၊ စျီးတန်းက (တေး)
    chicken
    နာမ်

    ကောက်ကလီကောက်ကလက်

    [kɔ́ɛʔklíkɔ́ɛʔklɛʔ]
    အမွီးရောင်ဖြူဖွေးသော အချေစားကတ်က်တမျိုး။ ကောက်ကလီကောက်ကလက်၊ ယိုးဒယားက၊ ကြက်မဝယ်ခ၊ စျီးတန်းက (တေး)
    အမွေးရောင်ဖြူဖွေးသော အငယ်စားကြက်တစ်မျိုး။ ကောက်ကလီကောက်ကလက်၊ ယိုးဒယားက၊ ကြက်မဝယ်ခ၊ စျီးတန်းက (တေး)
    chicken
    နာမ်

    ကောက်ကာငင်ကာ

    [kɔ́ɛʔkàŋɪ̀ɴkà]
    ဟိုတစ သည်တစ စုပေါင်းဗျာယ်။ အစီအစိုင်မဟိဘဲ။ တွိ့ကရာ စိတ်ကူး ပေါက်ရာ ဆွဲငင်ဗျာယ် (ပြောရေ)။ အစီအစိုင်မဟိဘဲ ဆိုင်းမဆင့်ဘုံမဆင့် (ပြောရေ)
    ဟိုတစ်စ သည်တစ်စ စုပေါင်းလျက်။ အစီအစဉ်မရှိပဲ။ တွေ့ကရာ စိတ်ကူး ပေါက်ရာ ဆွဲငင်လျက် (ပြောသည်)။ အစီအစဉ်မရှိဘဲ ကောက်ကာငင်ကာ (ပြောသည်)
    spontaneously - ( respond reply ) quickly and easily
    ကြိယာဝိသေသန

    ကောက်ကောက်

    [kɔ́ɛʔkɔ́ɛʔ]
    မဖြောင့် ကွိ့ဝါရေ။ စိတ်သဖောမဖြူးမဖြောင့်။ မရိုးမသား။ ကောက်ကျစ်သည်
    မဖြောင့် ကွေ့လိမ်သည်။ စိတ်သဘော မဖြူးမဖြောင့်။ မရိုးမသား။ စဉ်းလဲသည်
    dishonest
    ကြိယာ

    ကောက်ကောက်၂

    [kɔ́ɛʔkɔ́ɛʔ၂]
    မရိုးမသားသော။ ကောက်ကျစ်သော။ စိတ်သဖောမဖြူးမဖြောင့်သော
    မရိုးမသားသော။ စဉ်းလဲသော။ စိတ်သဘော မဖြူးမဖြောင့်သော
    dishonest
    နာမဝိသေသန

    ကောက်ကောက်၃

    [kɔ́ɛʔkɔ́ɛʔ၃]
    စိတ်ကောက်တတ်ရေသူ။ မရိုးမသား ကောက်ကျစ်တတ်ရေသူ
    စိတ်ကောက်တတ်သောသူ။ မရိုးမသား စဉ်းလဲတတ်သောသူ
    hooey
    နာမ်

    ကောက်ကောက်ကေညွန့်

    [kɔ́ɛʔkɔ́ɛʔkèɲʊ̰ɴ]
    မိုးကျောက်ကျစအခါ၌ တောတောင်ရို့မာ အညွန့်တလူလူ ပေါက်လိဟိရေ ဟင်းစားရရေ နွယ်ပင်တမျိုး
    မိုးဦးကျစအခါ၌ တောတောင်တို့တွင် အညွန့်တလူလူ ပေါက်လေ့ရှိသော ဟင်းစားရသည့် နွယ်ပင်တစ်မျိုး
    plant
    နာမ်

    ကောက်ကောက်ကွိကွိ

    [kɔ́ɛʔkɔ́ɛʔkwìkwì]
    မဖြူး မဖြောင့်သော။ လိမ်ကောက်ကွိသော
    မဖြူး မဖြောင့်သော။ လိမ်ကောက်ကွေ့သော
    bent - curved - crooked
    နာမဝိသေသန