Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,401–1,420 of 34,671 words

    က

    ကောင်း

    [káʊɴ]
    မွန်မြတ်သော။ မွန်မြတ်သော ဂုဏ်ရို့ဟိရေ။ နှစ်သက်ဖွယ်ဖြစ်ရေ။ နှစ်သက်ဖွယ်သော ဂုဏ်ရို့ဟိရေ။ နို့သီးသားကောင်း၊ ဗောဓိဉာဏ်ကို၊ ဆုပန်တောင်းကေ၊ သားကောင်းရတနာ (ကော်)
    မွန်မြတ်သော။ မွန်မြတ်သော ဂုဏ်တို့ရှိသော။ နှစ်သက်ဖွယ်ဖြစ်သော။ နှစ်သက်ဖွယ်သော ဂုဏ်တို့ရှိသော။ သားမြတ်သားကောင်း၊ ဗောဓိဉာဏ်ကို၊ ဆုပန်တောင်းကေ၊ သားကောင်းရတနာ (ကော်)
    good - nice - fine - pleasant (as in လူ~) luxuriant (as in ဆံပင်~) - abundant (as in မိုး~) proper suitable (as in အချိန်~-၊ အခါ~) fresh (as in ေလေ~လေသန့်) - clean (as in ေရေ~)
    နာမဝိသေသန

    ကောင်၂

    [kàʊɴ၂]
    တိရစ္ဆာန်ပိုးမွှားအစဟိစွာရို့ကို ရွီတွက်ပြရာမာ သုံးသောစကားလုံး။ ( ကျွဲ တကောင် နှစ်ကောင်။ ဘဟပ်တကောင် နှစ်ကောင် စရေ။
    တိရစ္ဆာန်ပိုးမွှားစသည်တို့ကို ရေတွက်ပြရာ၌ သုံးသောစကားလုံး။ ( ကျွဲ တစ်ကောင် နှစ်ကောင်။ ပိုးဟပ်တစ်ကောင် နှစ်ကောင် စသည်။
    number
    ပစ္စည်း

    ကောင်း၂

    [káʊɴ၂]
    နှိုင်းနိူင်းသော။ နှိုင်းပြသော။ မောင်ကောင်းဟူဘိ၊ ကျွန့်ဝရီး၏(အရိန်)။ ကြောက်မက်စရာ ကောင်းရေ။ အလွန် ထိတ်လန့်ဖွယ် ကောင်းရေ။ ရီတိမ်ငါးရို့၊ ပတုံးတောင်ပျာ၊ ကြောက်မက်ဖွယ်ကောင်း(ဝိဇယ)။ ပိုလွန်သော။ မြင့်လွန်းသော။ တပင်ကောင်းလည်း၊ ဗေါင်းနှင့်ထိပ်တင်၊ လွန်ပြင်လည
    နှိုင်းယှဉ်သော။ နှိုင်းပြသော။ မောင်ကောင်းဟူဘိ၊ ကျွန့်ဦးရီး၏(အရိန်)။ ကြောက်မက်စရာ ကောင်းသော။ အလွန် ထိတ်လန့်ဖွယ် ကောင်းသော။ ရေတိမ်ငါးတို့၊ ပတုံးတောင်ပျာ၊ ကြောက်မက်ဖွယ်ကောင်း(ဝိဇယ)။ ပိုလွန်သော။ မြင့်လွန်းသော။ တစ်ပင်ကောင်းလည်း၊ ဗေါင်းနှင့်ထိပ်တင်၊ လွန်ပြင်လည
    deserve
    နာမဝိသေသန

    ကောင်းကင်

    [káʊɴkɪ̀ɴ]
    ဤကမ္ဘာမြီကြီးထက်၌တည်သော အတိုင်းအဆမဟိ ကျယ်ပြန့်သောအာကာသအပြင်။ မိုးဝအာကာ၊ အာကာပြင်မာ (ထောနု)
    ဤကမ္ဘာမြေကြီးထက်၌တည်သော အတိုင်းအဆမရှိ ကျယ်ပြန့်သောအာကာသအပြင်။ မိုးဝကောင်းကင်၊ အာကာပြင်မှာ (ထောနု)
    sky - universe
    နာမ်

    ကောင်းကင်မေါ်သီး

    [káʊɴkɪ̀ɴmɔ̀θï]
    ဟင်းလျာအဖြစ် သုံးရရေ ချွဲသောအစီးဟိရေ သီးတောင့်သီးသည့် အပင်တမျိုး။ ချောဒေါင့်သီး
    ဟင်းလျာအဖြစ် သုံးရသော ချွဲသောအစေးရှိသော သီးတောင့်သီးသည့် အပင်တစ်မျိုး။ ရုံးပတီသီး
    okra - lady's finger Hibiscus esculentus [Mly.sayur bendi]
    နာမ်

    ကောင်းကင်မျှောသီး

    [káʊɴkɪ̀ɴmr̯ɔ́θï]
    ဟင်းလျာအဖြစ် သုံးရရေ ချွဲသောအစီးဟိရေ သီးတောင့်သီးသည့် အပင်တမျိုး။ ချောဒေါင့်သီး
    ဟင်းလျာအဖြစ် သုံးရသော ချွဲသောအစေးရှိသော သီးတောင့်သီးသည့် အပင်တစ်မျိုး။ ရုံးပတီသီး
    okra - lady's finger Hibiscus esculentus [Mly.sayur bendi]
    နာမ်

    ကောင်းကောင်း

    [káʊɴkáʊɴ]
    မကန်မဝှန်။ အမျိုးအမည်အရွီအတွက်အစဟိစွာ များပြားစွာ။ ဤ၌စုဆောင်း၊ နဂါးပေါင်းရို့၊ ကကောင်းဟိစွာ(ဒွေး)။ အယင့်အယင်။ ကကောင်းလျင်စေလိုရေအနိန်နန့်။ အရီးတကြီး။ ခါးတောင်းတင်ပျာ၊ ဖင်တုံးပေါင်းနှင့် ကကောင်းယားလာ(ဒွေး)။ ကောင်းမွန်စွာ။ သင့်လျှော်လျောက်ပတ်စွာ။ ဤကဝ
    အများအပြား။ အမျိုးအမည်အရေအတွက်စသည် များပြားစွာ။ ဤ၌စုဆောင်း၊ နဂါးပေါင်းတို့၊ ကောင်းကောင်းဟိစွာ(ဒွေး)။ အလျင်အမြန်။ လျင်မြန်စေလိုသောအားဖြင့်။ အရေးတကြီး။ ခါးတောင်းတင်ပျာ၊ ဖင်တုံးပေါင်းနှင့် ကောင်းကောင်းပြီးလာ(ဒွေး)။ ကောင်းမွန်စွာ။ သင့်လျှော်လျောက်ပတ်စွာ။ ဤကဝ
    properly - well - amply
    ကြိယာဝိသေသန

    ကောင်းကောင်း၂

    [káʊɴkáʊɴ၂]
    အုတ်အုတ်ကျက်ကျက် တခဲနက်တီးခတ်(မြည်ဟည်းသော) အသံ။ အသံခုနှစ်မျိုး၊ ငွီညှို့ခုနှစ်ချောင်း၊ ကကောင်းမြှောက်ပြီး၊ သီးခြင်းသံနှင့်၊ စောင်းသံထပ်အောင်၊ ခက်ကာတီးလို့(ဂုတ္တိလ)။ ကောင်းရာမာပင်ဖြစ်ဖြစ်၊ ဆိုးရာမာပင်ဖြစ်ဖြစ် အကောင်းအဆိုးနှစ်မျိုးလုံးမာ သုံးသောစက
    အုတ်အုတ်ကျက်ကျက် တခဲနက်တီးခတ်(မြည်ဟည်းသော) အသံ။ အသံခုနှစ်မျိုး၊ ငွေညှို့ခုနှစ်ချောင်း၊ ကောင်းကောင်းမြှောက်ပြီး၊ သီးခြင်းသံနှင့်၊ စောင်းသံထပ်အောင်၊ ခက်ကာတီးလို့(ဂုတ္တိလ)။ ကောင်းရာတွင်လည်းကောင်း၊ ဆိုးရာတွင်လည်းကောင်း အကောင်းအဆိုးနှစ်မျိုးလုံးတွင် သုံးသောစက
    good man
    နာမ်

    ကောင်းကောင်းကန်းကန်း

    [káʊɴkáʊɴkáɴkáɴ]
    ဖော်ထုတ်ပြောဆိုအောင် မထင်ရှားသော အရာ။ အဖိုးတန်သည် အရာဝင်ရေဟု မဆိုလောက်သောအရာ။ ယင်းလောက်ထိ အကောင်းအကန်း ဇာအဖိုးတန်ရေလဲ
    ထုတ်ဖော်ပြောဆိုအောင် မထင်ရှားသော အရာ။ အဖိုးတန်သည် အရာဝင်သည်ဟု မဆိုလောက်သောအရာ။ ယင်းလောက်ထိ ကောင်းကောင်းကန်းကန်း ဇာအဖိုးတန်ရေလဲ
    as if it were good (as in ~ဇာအဖိုးတန်ရေလဲ) - unmarked
    နာမ်

    ကောင်းကောင်းကောင်းရေ

    [káʊɴkáʊɴkáʊɴɹè]
    အလွန်တရာ။ အထူးပိုပြီးကေလွန်ကဲစွာ (ကောင်းရေ)။ (အရပ်သုံး
    အလွန့်အလွန်။ အထူးပိုမိုလွန်ကဲစွာ (ကောင်းသည်)။ (အရပ်သုံး
    highly
    ကြိယာဝိသေသန

    ကောင်းကောင်းကြီး

    [káʊɴkáʊɴt͡ɕï]
    အလွန်တရာ။ အထူးပိုပြီးကေလွန်ကဲစွာ။ အကျွန်ရို့ရွာနန့် မဟာမြတ်မုနိဘုရားနှင့်ကကောင်းကြီး ဝီးပါရေ
    အလွန့်အလွန်။ အထူးပိုမိုလွန်ကဲစွာ။ အကျွန်ရို့ရွာနန့် မဟာမြတ်မုနိဘုရားနှင့်ကောင်းကောင်းကြီး ဝီးပါရေ
    highly
    ကြိယာဝိသေသန

    ကောင်းကောင်းမကောင်း

    [káʊɴkáʊɴmkáʊɴ]
    သိပ်(အလွန်) မကောင်းလှပါ၊၊(အရပ်သုံး
    သိပ်(အလွန်) မကောင်းလှပေ။(အရပ်သုံး
    bad
    ကြိယာဝိသေသန

    ကောင်းကောင်းမွန်မွန်

    [káʊɴkáʊɴmʊ̀ɴmʊ̀ɴ]
    သင့်လျှော်လျောက်ပတ်သော။ ကောင်းမွန်သော
    သင့်လျှော်လျောက်ပတ်သော။ ကောင်းမွန်သော
    good
    နာမဝိသေသန

    ကောင်းကျိုး

    [káʊɴt͡ɕó]
    ကုသိုလ်ပြုပနာရရေ ချမ်းသာ
    ကုသိုလ်ပြု၍ရသော ချမ်းသာ
    merit - reward - bene - fit - the good (of) (as in ဤကုသိုလ်~အတွက်)
    နာမ်

    ကောင်းကြီး

    [káʊɴt͡ɕï]
    ဝမ်းသာအားရ ချီးကျူးပြောဆိုခြင်း။ ဂုဏ်သတင်းကို ဖော်ထုတ်ပြောဆိုခြင်း သာဓုခေါ်ခြင်း
    ဝမ်းသာအားရ ချီးကျူးပြောဆိုခြင်း။ ဂုဏ်သတင်းကို ထုတ်ဖော်ပြောဆိုခြင်း သာဓုခေါ်ခြင်း
    tribute
    နာမ်

    ကောင်းကြီးခေါ်

    [káʊɴt͡ɕïkʰɔ̀]
    အားရ ဝမ်းသာ ကောင်းချီးစကား ပြောဆိုရေ
    အားရ ဝမ်းသာ ကောင်းချီးစကား ပြောဆိုသည်
    commend
    ကြိယာ

    ကောင်းကြီးပီး

    [káʊɴt͡ɕïpï]
    အားရ ဝမ်းသာစွာ စကားကို ဆိုရေ။ မင်္ဂလာစကားကို ချီးကျူးဆိုရေ
    အားရ ဝမ်းသာစွာ စကားကို ဆိုသည်။ မင်္ဂလာစကားကို ချီးကျူးဆိုသည်
    commend
    ကြိယာ

    ကောင်းကြီးသံ

    [káʊɴt͡ɕïθံ]
    လက်ခုပ်လက်ဝါးတီးခြင်း၊ ကျွီးခြင်းအစဟိစွာ ပြုလုပ်ပနာ ကောင်းချီးသြဘာ ပီးရေအသံ။ မိုးနတ်ဗြဟ္မာ၊ များစွာစည်းဝေး၊ ချီးကြွီးညံညံ၊ ကောင်းကြီးသံဖြင့်(ရခိုင်ကာ)
    လက်ခုပ်လက်ဝါးတီးခြင်း၊ အော်ဟစ်ခြင်းစသည် ပြုလုပ်၍ ကောင်းချီးသြဘာ ပေးသောအသံ။ မိုးနတ်ဗြဟ္မာ၊ များစွာစည်းဝေး၊ ချီးကြွေးညံညံ၊ ကောင်းကြီးသံဖြင့်(ရခိုင်ကာ)
    eulogize
    နာမ်

    ကောင်းခြင်း

    [káʊɴkʰɹɪ́ɴ]
    ကျမ္မာကြောင်း။ အနာရောဂါကင်းရှင်းကြောင်း။ အီသာခန်းကျန်းကြောင်း(စနည်းနာရေ)။ အရီးအရာ။ အမှုကိစ္စ။ ချစ်မေတ္တာနှင့်၊ မာဆာကောင်းခြင်း၊ သတင်းမိန်းဗျာယ်(မိုး)။ နှစ်သက်မှုဖြစ်ခြင်း။ ကောင်းခြင်းရှုပကာ၊ ကေသာနက်ပြောင်၊ မျက်မိုက်မျက်ခုံး၊ ပန်းကိုကုံးသို့(ကော်)။ ဆံ၊ သ
    ကျန်းမာကြောင်း။ အနာရောဂါကင်းရှင်းကြောင်း။ အီသာခန်းကျန်းကြောင်း(စုံစမ်းသည်)။ အရေးအရာ။ အမှုကိစ္စ။ ချစ်မေတ္တာနှင့်၊ မာဆာကောင်းခြင်း၊ သတင်းမိန်းလျက်(မိုး)။ နှစ်သက်မှုဖြစ်ခြင်း။ ကောင်းခြင်းရှုပကာ၊ ကေသာနက်ပြောင်၊ မျက်မှောင်မျက်ခုံး၊ ပန်းကိုကုံးသို့(ကော်)။ ဆံ၊ သ
    good things
    နာမ်

    ကောင်စဉ်

    [kàʊɴsɪ̀ɴ]
    အစိုင်အတိုင်း စီတန်းဗျာယ် တဦးကျစီ။ တကောင်ကျစီ။ တကောင်စီ အစဟိစွာ
    အစဉ်အတိုင်း စီတန်းလျက် တစ်ဦးကျစီ။ တစ်ကောင်ကျစီ။ တစ်ကောင်စီ စသည်
    each
    နာမ်