Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,421–1,440 of 34,671 words

    က

    ကောင်းစား

    [káʊɴsá]
    ကြီးပွား တိုးတက်ရေ။ ကြွယ်ဝ ချမ်းသာရေ
    ကြီးပွား တိုးတက်သည်။ ကြွယ်ဝ ချမ်းသာသည်
    proper - do well - wealthy
    ကြိယာ

    ကောင်စိ.ကောင်စဉ်

    [kàʊɴsì.kàʊɴsɪ̀ɴ]
    တယာက်တလေ။ တကောင်တလေ။ တကောင်တမြီးလောင်းာက်ရာ။ (ငါးခူသတ်သတ်မဟုတ်၊ ငါးတန်လည်း ကောင်စိ.ကောင်စဉ်ပါရေ။
    တစ်ယာက်တစ်လေ။ တစ်ကောင်တစ်လေ။ တစ်ကောင်တစ်မြီးမျှသာ။ (ငါးခူသက်သက်မဟုတ်၊ ငါးတန်လည်း ကောင်စိ.ကောင်စဉ်ပါရေ။
    a
    ကြိယာဝိသေသန

    ကောင်စီ

    [kàʊɴsí]
    တကောင်ကျစီ။ တဦးကျစီ၊ တကောင်ကျစီအစဟိစွာ
    တစ်ကောင်ကျစီ။ တစ်ဦးကျစီ၊ တစ်ကောင်ကျစီစသည်
    each
    နာမ်

    ကောင်းစွာ

    [káʊɴswà]
    ကောင်းမွန် မြင့်မြတ်သော။ ကောင်းမြတ်သော။ ၂၊ သင့်လျော် လျောက်ပတ်သော။ ကောင်းမွန်သော။ ကောင်းစွာအမြောက်၊ ဗုံးနှင့်စိန်ကို၊ သုံးကတ်ိမ်ဖေါက်လို့ (ကော်)
    ကောင်းမွန် မြင့်မြတ်သော။ ကောင်းမြတ်သော။ ၂၊ သင့်လျော် လျောက်ပတ်သော။ ကောင်းမွန်သော။ ကောင်းစွာအမြောက်၊ ဗုံးနှင့်စိန်ကို၊ သုံးကြိမ်ဖေါက်လို့ (ကော်)
    etiquette
    နာမဝိသေသန

    ကောင်းစွာ့

    [káʊɴswa̰]
    ချီးမွမ်းလိုရေအခါ၊ ဝန်ခံလိုရေအခါရို့မာ သုံးသောစကား။ ကောင်းစွာ့အသင့်၊ ဟိနှင့်ပြီဟု (ထာနု)
    ချီးမွမ်းလိုသောအခါ၊ ဝန်ခံလိုသောအခါတို့၌ သုံးသောစကား။ ကောင်းစွာ့အသင့်၊ ရှိနှင့်ပြီဟု (ထာနု)
    amply
    နာမ်

    ကောင်းစွာ၂

    [káʊɴswà၂]
    ကောင်းရေ့အရာ။ ကောင်းနိုးရာရာ
    ကောင်းသည့်အရာ။ ကောင်းနိုးရာရာ
    good
    နာမ်

    ကောင်ထီး

    [kàʊɴtʰï]
    လုံးချင်းတည်း။ တကိုယ်တည်း။ အထီးတည်း။ တဦးတည်း
    တစ်ယောက်တည်း။ တစ်ကိုယ်တည်း။ အထီးတည်း။ တစ်ဦးတည်း
    individual
    ကြိယာဝိသေသန

    ကောင်ထီး၂

    [kàʊɴtʰï၂]
    တဦး တယောက်။ တကိုယ်တော်တည်း ဖြစ်တေ
    တစ်ဦး တစ်ယောက်။ တစ်ကိုယ်တော်တည်း ဖြစ်သည်
    individual
    ကြိယာ

    ကောင်ထီး၃

    [kàʊɴtʰï၃]
    တကိုယ်ရေတိုင်းယ။ တယောက်ထီးတည်း။ အထီးတည်းကျန်သူ
    တစ်ကိုယ်ရေတစ်ကာယ။ တစ်ယောက်ထီးတည်း။ အထီးတည်းကျန်သူ
    individual
    နာမ်

    ကောင်ဒလ

    [kàʊɴdl]
    ပေါက်တူးအလုပ်နန့် အသက်မွီးသူ။ သင်ချိုင်း၌ လူသီကောင်ရို့ကို မြေမားတူး၍ မြုပ်နှံသူ။ အမျိုးယုတ်ညံ့သောသူ။ (ကုဒ္ဒလ-ကေလည်း)
    ပေါက်တူးအလုပ်ဖြင့် အသက်မွေးသူ။ သင်ချိုင်း၌ လူသေကောင်တို့ကို မြေတွင်းတူး၍ မြုပ်နှံသူ။ အမျိုးယုတ်ညံ့သောသူ။ (ကုဒ္ဒလ-ပါလျက်)
    mortician
    နာမ်

    ကောင်းနိုးနိုး

    [káʊɴnónó]
    ကောင်းဟန် လက္ခဏာ ဟိကြောင်း၊ မျှော်ကြောင်းကို ပြရေ့ စကားလုံး
    ကောင်းဟန် လက္ခဏာ ရှိကြောင်း၊ မျှော်ကြောင်းကို ပြသည့် စကားလုံး
    good
    ပစ္စည်း

    ကောင်းနိုးရာရာ

    [káʊɴnóɹàɹà]
    သင့်လျော်အံ့ရေလို့ ထင်အပ်ရေ။ သင့်လျော် လျောက်ပတ်သော။ ကောင်းရေဟု ထင်အပ်ရေ။ သစ်သီးဖလာ၊ ကောင်းနိုးရာရာ၊ ရွီးကာကောက်ယူ(ထွန်းတိ)
    သင့်လျော်အံ့သည်ဟု ထင်အပ်သော။ သင့်လျော် လျောက်ပတ်သော။ ကောင်းသည်ဟု ထင်အပ်သော။ သစ်သီးဖလာ၊ ကောင်းနိုးရာရာ၊ ရွီးကာကောက်ယူ(ထွန်းတိ)
    good
    နာမဝိသေသန

    ကောင်းနှင်း

    [káʊɴn̥ɪ́ɴ]
    နှစ်သက်ဖွယ်သောအကြောင်း
    နှစ်သက်ဖွယ်သောအကြောင်း
    enjoy
    နာမ်

    ကောင်းပါယင့်

    [káʊɴpàjɪ̰ɴ]
    ရိုသေမှုပြုပနာ သဘောတူကြောင်းကို ပြသောစကား။ ကောင်းယာ ဟု ဝန်ခံသောစကား။ အရပ်သုံး
    ရိုသေမှုပြု၍ သဘောတူကြောင်းကို ပြသောစကား။ ကောင်းပြီ ဟု ဝန်ခံသောစကား။ အရပ်သုံး
    respect
    နာမ်

    ကောင်းပါယင့်၂

    [káʊɴpàjɪ̰ɴ၂]
    ကောင်းယာ ဟု သဘောတူကြောင်း၊ ဝန်ခံကြောင်းကို ပြောရေ။(အရပ်သုံး
    ကောင်းပြီ ဟု သဘောတူကြောင်း၊ ဝန်ခံကြောင်းကို ပြောသည်။(အရပ်သုံး
    okay
    ကြိယာ

    ကောင်းပါယင့်လား

    [káʊɴpàjɪ̀ɴ့lá]
    တခုတရီသော အကြောင်းအရာနှင့် ပတ်သက်ပြီးကေ ကောင်းမကောင်းစစွာကို မီးရေအမီးစကားလုံး။ ပုဇွန်စိတ်ကေ-ခြီ နှစ်ချောင်းမှင့်ကျိုးသီးနန့်ထောင်း၊ ကောင်းပါယင့်လား-အောင်ကျော်ဇံ၊ အုံးအာမခံ(တေး)။(အရပ်သုံး
    တစ်စုံတစ်ခုသော အကြောင်းအရာနှင့် ပတ်သက်၍ ကောင်းမကောင်းစသည်ကို မေးသော အမေးစကားလုံး။ ပုဇွန်စိတ်ကေ-ခြီ နှစ်ချောင်းမှင့်ကျိုးသီးနန့်ထောင်း၊ ကောင်းပါယင့်လား-အောင်ကျော်ဇံ၊ အုံးအာမခံ(တေး)။(အရပ်သုံး
    asking word of good or bad
    နာမ်

    ကောင်းပါယင့်လား၂

    [káʊɴpàjɪ̀ɴ့lá၂]
    ယင်းပိုင် ကောင်းမကောင်း စစွာကို မိန်းရေ။ (အရပ်သုံး
    ယင်းကဲ့သို့ ကောင်းမကောင်း စသည်ကို မေးသည်။ (အရပ်သုံး
    consult
    ကြိယာ

    ကောင်းပါရေဝါ

    [káʊɴpàɹèwà]
    တခုတရီသော အကြောင်းအရာနှင့် ပတ်သက်ပြီးကေ ကောင်းမကောင်း စစွာကို မီးရေခါ ကောင်းကြောင်း၊ ဝန်ခံကြောင်းကို ပြောသောစကား။ (သာဓက။ ကောင်းပါရီလား? ကောင်းရေဝါ။)(အရပ်သုံး
    တစ်စုံတစ်ခုသော အကြောင်းအရာနှင့် ပတ်သက်၍ ကောင်းမကောင်း စသည်ကို မေးရာ၌ ကောင်းကြောင်း၊ ဝန်ခံကြောင်းကို ပြောသောစကား။ (သာဓက။ ကောင်းပါရေလား? ကောင်းရေဝါ။)(အရပ်သုံး
    advice
    ပစ္စည်း

    ကောင်းပြီးသား

    [káʊɴpɹïθá]
    ကောင်းရေခြီအနိန်။ ကောင်းရေအဖြစ်။ အကောင်းသား။(အရပ်သုံး
    ကောင်းသောခြေအနေ။ ကောင်းသောအဖြစ်။ အကောင်းသား။(အရပ်သုံး
    good
    နာမ်

    ကောင်းဖို့ရာ

    [káʊɴpʰo̰ɹà]
    ကောင်းဖို့လို့ ထင်မှတ်ယူဆရေ။ စိတ်မာမှတ်သား သဖောထားရေ။ (အရပ်သုံး
    ကောင်းမည်ဟု ထင်မှတ်ယူဆသည်။ စိတ်တွင်မှတ်သား သဘောထားသည်။ (အရပ်သုံး
    deem
    ကြိယာ