Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 141–160 of 34,671 words

    က

    ကစပ်ကတမ်း

    [ksaʔktáɴ]
    ထိုဟင့် ဒေဟင့်ရယ်လို့ မသိပဲ။ အယောင်ယောင် အမားလေ့ား။ စိသားကိုက် စစိနနံ မဟုတ်ဘဲ။ စမ်းဖိစမ်းဖန်း
    ဘာဘာ ညာညာရယ်လို့ မသိပဲ။ အယောင်ယောင် အမှားမှား။ တိတိကျကျ သေသေချာချာ မဟုတ်ပဲ။ စမ်းတဝါးဝါး
    not exactly
    ကြိယာဝိသေသန

    ကစပ်ကတ်တေ

    [ksaʔkaʔtè]
    ကိုယ်လက် လှုပ်ယှားမှုကို ဖော်ပြရေ။ မြူးတူး ပျော်ပါး ကတ်တေ
    ကိုယ်လက် လှုပ်ရှားမှုကို ဖော်ပြသည်။ မြူးတူး ပျော်ပါး ကြသည်
    shown to shake hands
    ကြိယာ

    ကစပ်တမ်း

    [ksaʔtáɴ]
    အမူအရာ။ ဟန်အနိန်အထား
    အမူအရာ။ ဟန်အနေအထား
    game how a game is played - style
    နာမ်

    ကစပ်တေ

    [ksaʔtè]
    ကိုယ်လက်လှုပ်ယှားမှုကိုဖော်ပြရေ။ မြူးတူးပျော်ပါးကတ်တေ
    ကိုယ်လက်လှုပ်ရှားမှုကိုဖော်ပြသည်။ မြူးတူးပျော်ပါးကြသည်
    shown to shake hands
    ကြိယာ

    ကစပ်ဖော်

    [ksaʔpʰɔ̀]
    တတူတကွ ပေါင်းသင်း နီထိုင်လာ သူ။ အပေါင်းအဖော်။ အပေါင်းအသင်း
    အတူတကွ ပေါင်းသင်း နေထိုင်လာ သူ။ အပေါင်းအဖော်။ အပေါင်းအသင်း
    playmate
    နာမ်

    ကစပ်ရုပ်

    [ksaʔɹoʊʔ]
    အချေရို့၏ ပျော်ရွှင်မှု အတွက် ပြုလုပ် ထားရေ ကျွဲရုပ်၊ နွားရုပ်အစဟိရေ ဝန်
    ကလေးတို့၏ ပျော်ရွှင်မှု အတွက် ပြုလုပ် ထားသော ကျွဲရုပ်၊ နွားရုပ်စသော ပစ္စည်း
    toy - plaything - creation toy buffalo calf for children
    နာမ်

    ကစပ်ဝိုင်း

    [ksaʔwáɪɴ]
    ကစပ်နိန်ရေ နီရာ အရပ်။ အအလောင်းအစား ကစပ်နိန်ရေ လူစု၊ လူဝီး
    ကစားနေသော နေရာ အရပ်။ အလောင်းကစား ကစားနေသော လူစု၊ လူဝေး
    gambling party - gambling table - playable place
    နာမ်

    ကံစမ်း

    [kံsáɴ]
    ကံကောင်းရေ မကောင်းရေကို မဲထွတ်ခြင်းတိုနန့် စမ်းသပ်ကြည့်သည်
    ကံကောင်းသည် မကောင်းသည်ကို မဲနှိုက်ခြင်းတိုဖြင့် စမ်းသပ်ကြည့်သည်
    lucky dip - try one's luck
    ကြိယာ

    ကစမ်းကရမ်း

    [ksáɴkɹáɴ]
    မစဉ်းမစား၊ မဆင်မခြင်။ မတိမကျ
    မစဉ်းမစား၊ မဆင်မခြင်။ မတိမကျ
    not exactly
    ကြိယာဝိသေသန

    ကစမ်းကဝါး

    [ksáɴkwàး]
    မတိမကျ၊ မပီကလာ၊ မသေမချာ၊ မပိုင်မနိုင်။ စမ်းဖိစမ်းဖန်း
    မတိမကျ၊ မပီမသ၊ မသေမချာ၊ မပိုင်မနိုင်။ စမ်းတဝါးဝါး
    not exactly
    ကြိယာဝိသေသန

    ကံစမ်းထုပ်

    [kံsáɴtʰoʊʔ]
    ကစပ်စရာ အရုပ်အချေပါရေ ဇီးယိုထုပ်
    ကစားစရာ အရုပ်ကလေးပါသော ဇီးယိုထုပ်
    lucky dip - raffle
    နာမ်

    ကစိကစပ်

    [ksìksaʔ]
    အကွဲကွဲ အပြားပြား ဖြစ်တေ။ ရန်၊ စစ်ဖြစ်တေ။ ကြီညက် ပျက်စီးရေ
    အကွဲကွဲ အပြားပြား ဖြစ်သည်။ ရန်၊ စစ်ဖြစ်သည်။ ကြေညက် ပျက်စီးသည်
    war
    ကြိယာ

    ကစိကစိုင်

    [ksìksàɪɴ]
    ရောက်တတ် ရာရာ။ တောင်တောင် မြောက်မြောက်။ ရည်ရွယ်ချက် မဟိဘဲ။ ဆားမရရီမရ လားလာဗျာယ်။ တရွာပြီး တရွာ လားလာဗျာယ်
    ရောက်တတ် ရာရာ။ တောင်တောင် မြောက်မြောက်။ ရည်ရွယ်ချက် မရှိပဲ။ ပေါက်ကရ သွားလာလျက်။ တစ်ရွာပြီး တစ်ရွာ သွားလာလျက်
    in disorder - helter-skelter - without purpose
    ကြိယာဝိသေသန

    ကစိကြို

    [ksìt͡ɕÒ]
    ကော်ရည်ပိုင် ပျစ်ချွဲအောင်ကြိုချက် ထားရေ အရည်။ ကော်ရည်ပိုင် ပျစ်ချွဲအောင် ကြိုချက် ထားရေ စားဖွယ် သောက်ဖွယ်
    ကော်ရည်ကဲ့သို့ ပျစ်ချွဲအောင်ကျိုချက် ထားသော အရည်။ ကော်ရည်ကဲ့သို့ ပျစ်ချွဲအောင် ကျိုချက် ထားသော စားဖွယ် သောက်ဖွယ်
    liquid that boiled like glue viscous
    နာမ်

    ကစိတိုက်

    [ksìtaɪʔ]
    လူကို ရယ်ချင်ရောင် လက်ကတီး၊ ခါးကြား အစဟိစွာရို့ကို ထိုးဆွပီးရေ
    လူကို ရယ်မောအောင် ချိုင်းကြား၊ ခါးကြား စသည်တို့ကို ထိုးဆွပေးသည်
    tickle ( a person ) - grave bitter laugh - gives probe
    ကြိယာ

    ကစိထိုး

    [ksìtʰó]
    လူကို ရယ်ချင်ရောင် လက်ကတီး၊ ခါးကြား အစဟိစွာရို့ကို ထိုးဆွပီးရေ
    လူကို ရယ်မောအောင် ချိုင်းကြား၊ ခါးကြား စသည်တို့ကို ထိုးဆွပေးသည်
    tickle ( a person ) - grave bitter laugh - gives probe
    ကြိယာ

    ကစိုးကရား

    [ksókɹá]
    အကွဲကွဲ အပြားပြား၊ ကစဉ့်ကရဲ၊ ကရားကထား၊ အစီစိုင်မကျ ဖွာကြဲဗျာယ်
    အကွဲကွဲ အပြားပြား၊ ကစဉ့်ကရဲ၊ ဖရိုဖရဲ၊ အစီစဉ်မကျ ပြန့်ကြဲလျက်
    in disorder- helter-skelter - chaos
    ကြိယာဝိသေသန

    ကစိုကရော

    [ksÒkɹɔ́]
    အကွဲကွဲ အပြားပြား။ အစီစိုင်မကျ ဖွာကြဲဗျာယ်
    အကွဲကွဲ အပြားပြား။ အစီစဉ်မကျ ပြန့်ကြဲလျက်
    in disorder - helter-skelter - chaos
    ကြိယာဝိသေသန

    ကစိုကရဲ

    [ksÒkɹɛ]
    အကွဲကွဲ အပြားပြား။ အစီစိုင်မကျ ဖွာကြဲဗျာယ်
    အကွဲကွဲ အပြားပြား။ အစီစဉ်မကျ ပြန့်ကြဲလျက်
    in disorder - helter-skelter - chaos
    ကြိယာဝိသေသန

    ကစိုင်ကစိုင်

    [ksàɪɴksàɪɴ]
    တနီရာမှ တနီရာ။ တရပ်မှ တရပ်။ တရွာမှ တရွာ (သို့ဆိုက်ရောက်ခြင်း)
    တစ်နေရာမှ တစ်နေရာ။ တစ်ရပ်မှ တစ်ရပ်။ တစ်ရွာမှ တစ်ရွာ (သို့ဆိုက်ရောက်ခြင်း)
    arrival
    ဝိသေသန