Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 161–180 of 34,671 words

    က

    ကစိုင်ကစိုင်၂

    [ksàɪɴksàɪɴ၂]
    ကမန်းကတန်းမဟိ။ အချိန်ယူဗျာယ်။ တဆတ်ဆတ်နှေးနှေး
    အလျင်စလိုမရှိ။ အချိန်ယူလျက်။ ဖြည်းဖြည်းနှေးနှေး
    slowly
    ကြိယာဝိသေသန

    ကစိုင်ကရောက်

    [ksàɪɴkɹɔ́ɛʔ]
    တနီရာမှ တနီရာ။ တရပ်မှ တရပ်။ တရွာမှ တရွာ (သို့ဆိုက်ရောက်ဗျာယ်)
    တစ်နေရာမှ တစ်နေရာ။ တစ်ရပ်မှ တစ်ရပ်။ တစ်ရွာမှ တစ်ရွာ (သို့ဆိုက်ရောက်လျက်)
    arrival
    ကြိယာဝိသေသန

    ကစော်ကရား

    [ksɔ̀kɹá]
    အကွဲကွဲ အပြားပြား။ ကရားကထား
    အကွဲကွဲ အပြားပြား။ ဖရိုဖရဲ
    in disorder - helter-skelter - derange
    ကြိယာဝိသေသန

    ကစော်ကရဲ

    [ksɔ̀kɹɛ]
    အကွဲကွဲ အပြားပြား။ ကရားကထား
    အကွဲကွဲ အပြားပြား။ ဖရိုဖရဲ
    in disorder - helter-skelter - derange
    ကြိယာဝိသေသန

    ကစော်လယား

    [ksɔ̀ljá]
    အကွဲကွဲ အပြားပြား။ သီသပ်ခြင်း မဟိဘဲ။ စည်းကမ်း မဟိဘဲ။ ပရမ်းပတာ
    အကွဲကွဲ အပြားပြား။ သေသပ်ခြင်း မရှိဘဲ။ စည်းကမ်း မရှိဘဲ။ ပရမ်းပတာ
    without order - chaos
    ကြိယာဝိသေသန

    ကံဆိုး

    [kံsʰó]
    အကုသိုလ်ကံ နှိပ်စက်ဖိစီးခြင်းကို ခံရရေ
    အကုသိုလ်ကံ နှိပ်စက်ဖိစီးခြင်းကို ခံရသည်
    be unfortunate
    ကြိယာ

    ကံဆိုက်

    [kံsʰaɪʔ]
    အကုသိုလ်ကံ နှိပ်စက်ဖိစီးသည်
    အကုသိုလ်ကံ နှိပ်စက်ဖိစီးသည်
    haplessness
    ကြိယာ

    ကဆုန်

    [ksʰòʊɴ]
    ရခိုင် တဆယ့်နှစ်လမာ နှစ်လမြောက် ဖြစ်ရေ လ၏ အမည်
    ရခိုင် တစ်ဆယ့်နှစ်လတွင် နှစ်လမြောက် ဖြစ်သော လ၏ အမည်
    Kasone (the second month of ‌Arakan’s twelve months) - Kahson : second month of the year containing thirty days
    နာမ်

    ကံဆောင်

    [kံsʰàʊɴ]
    ရဟန်းသံဃာတော်ရို့ ဥတ်ကမ္မဝါစာနန့် ဝိနည်းဒေသနာတော်လာရေ့အတိုင်း ကံကိုဆောင်ရွက်သည်
    ရဟန်းသံဃာတော်တို့ ဥတ်ကမ္မဝါစာဖြင့် ဝိနည်းဒေသနာတော်လာသည့်အတိုင်း ကံကိုဆောင်ရွက်သည်
    none
    ကြိယာ

    ကံဆော်

    [kံsʰɔ̀]
    အတိတ်ကံ အကျိုးပီးရေ။ သားငယ်ပဲပျု၊ ကြက်ချီးတန်း၍၊ သုံးယောက်တွေ့သော်၊ ရှေးကံဆော်၍ (ရှီးထုံး)
    အတိတ်ကံ အကျိုးပေးသည်။ သားငယ်ပဲပျု၊ သူငယ်တန်း၍၊ သုံးယောက်တွေ့သော်၊ ရှေးကံဆော်၍ (ရှေးထုံး)
    destiny
    ကြိယာ

    ကဆွဲကငင်

    [ksʰwɛkŋɪ̀ɴ]
    စိတ်မဟိဘဲလိုက်ပါလားရ၊ လုပ်ဆောင်ရရေအနိန်နန့်
    စိတ်မရှိပဲလိုက်ပါသွားရ၊ လုပ်ဆောင်ရသောအားဖြင့်
    in no mood
    ကြိယာဝိသေသန

    ကံဇာတာ

    [kံzàtà]
    ကံအကြောင်းတရား။ ပြုဘူးသော အမှုရို့၏ အကျိုး
    ကံအကြောင်းတရား။ ပြုဘူးသော အမှုတို့၏ အကျိုး
    one's deed word or thought which predetermines one's future luck fortune lot [gram] object [Pali ကမ္မ ]
    နာမ်

    ကညင်သိန်ပင်

    [kɲɪ̀ɴθèɪɴpɪ̀ɴ]
    ဆီးပင်တမျိုး
    ဆေးပင်တမျိုး
    a tree
    နာမ်

    ကညစ်

    [kɲɪʔ]
    ပီရွက်၊ ထန်းရွက်မာ စာရီးရေ့ သံချွန်
    ပေရွက်၊ ထန်းရွက်တွင် စာရေးသည့် သံချွန်
    kind of write material
    နာမ်

    ကညာပျို

    [kɲàprÒ]
    အပျိုစင်။ အပျို
    အပျိုစင်။ အပျို
    maiden young unmarried woman - virgin
    နာမ်

    ကညုကည

    [kɲoʊkɲ]
    ကြင်ကြင်နာနာ။ ဂုံးကောင်ကယင်။ ချစ်ခင် ကြင်နာစွာ။ ဂရုတစိုက်
    ကြင်ကြင်နာနာ။ ယုယုယယ။ ချစ်ခင် ကြင်နာစွာ။ ဂရုတစိုက်
    tenderly
    ကြိယာဝိသေသန

    ကံညှက်

    [kံɲ̯ɛʔ]
    အလွန် ညံ့ဖျင်းဆိုးရွားသော ကြမ္မာ
    အလွန် ညံ့ဖျင်းဆိုးရွားသော ကံကြမ္မာ
    tragedy
    ကြိယာ

    ကတက်

    [ktɛʔ]
    သစ်တုံးကို အခေါင်း ထွင်းထားရေ စည်တမျိုး။ ကတက်။ အုန်းမောင်း။ ကုလားတက်။ ဘုန်းကြီး ကျောင်း၌ ဆွမ်းချက်ချိန်၊ ဆွမ်းစားချိန် ရို့မာ အချက်ပီး တီးခေါက်သော စည်တမျိုး
    သစ်တုံးကို အခေါင်း ထွင်းထားသော စည်တစ်မျိုး။ တုံးမောင်း။ အုန်းမောင်း။ ကုလားတက်။ ဘုန်းကြီး ကျောင်း၌ ဆွမ်းချက်ချိန်၊ ဆွမ်းစားချိန် တို့၌ အချက်ပေး တီးခေါက်သော စည်တစ်မျိုး
    drum made form a hollowed log
    နာမ်

    ကတက်ချဉ်

    [ktɛʔɕɪ̀ɴ]
    အရွက်နုနုကို (တမာချိုင်ပိုင်) ခြည်တည်ပြီးကေ ပင်ဖြစ်ဖြစ်၊ ရေနန့်ပြုတ်ပနာ ပင်ဖြစ်ဖြစ် တိုစားရရေ အပင်ငယ် တမျိုး
    အရွက်နုနုကို (တမာချဉ်ကဲ့သို့) ချည်တည်၍ လည်းကောင်း၊ ရေဖြင့်ပြုတ်၍ လည်းကောင်း တိုစားရသော အပင်ငယ် တစ်မျိုး
    plant
    နာမ်

    ကတင်

    [ktɪ̀ɴ]
    အခြီလေးချောင်း အစဟိစွာ တပ်ထားရေ အိပ်စရာ ညောင်စောင်း။ အိပ်စင်။ ကတင်ထက်မာ၊ လူထိုင်စရာ ခုံ
    အခြေလေးချောင်း စသည် တပ်ထားသော အိပ်စရာ ညောင်စောင်း။ အိပ်စင်။ ကတင်ထက်မှာ၊ လူထိုင်စရာ ခုံ
    beds
    နာမ်