Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 201–220 of 34,671 words

    က

    ကတောက်ကချောက်

    [ktɔ́ɛʔkɕɔ́ɛʔ]
    အယောင်ယောင် အမားလေ့ား။ အကွဲကွဲ အပြားပြား။ တသီး တခြား ဖြစ်ဗျာယ်
    အယောင်ယောင် အမှားမှား။ အကွဲကွဲ အပြားပြား။ တစ်သီး တစ်ခြား ဖြစ်လျက်
    individually
    ကြိယာဝိသေသန

    ကတောက်ကစပ်

    [ktɔ́ɛʔksaʔ]
    မသင့်မတင့်၊ စိတ်သဖောထားချင်း မကိုက်ညီ။ ခိုက်ရန် ဖြစ်ပွားသောအနိန်နန့်
    မသင့်မတင့်၊ စိတ်သဘောထားချင်း မကိုက်ညီ။ ခိုက်ရန် ဖြစ်ပွားသော အားဖြင့်
    wrathfully
    ကြိယာဝိသေသန

    ကတောက်ကယှက်

    [ktɔ́ɛʔkʃɛʔ]
    မသင့်မတင့်၊ စိတ်သဖောထားချင်းမကိုက်ညီ။ ကတောက်ကဆ အနှက်အယှက် ဖြစ်ရေ အနိန်နန့်
    မသင့်မတင့်၊ စိတ်သဘောထားချင်းမကိုက်ညီ။ အငြင်းအခုံ အနှက်အယှက် ဖြစ်သော အားဖြင့်
    wrathfully
    ကြိယာဝိသေသန

    ကတောက်ကရက်

    [ktɔ́ɛʔkɹɛʔ]
    မငြိမ်မသက်သီာ။ မတည်မတံ့သော။ လွင့်ရွင့်ပါးပါး ဖြစ်ရေ
    မငြိမ်မသက်သော။ မတည်မတံ့သော။ လွင့်လွင့်ပါးပါး ဖြစ်သော
    turbulent
    နာမဝိသေသန

    ကတောင်း

    [ktáʊɴ]
    သောက်ရီထည့်သော လိုင်ဖင်းရှည်ရှည် အိုးငယ်တမျိုး။ ရီကဒေါင်း
    သောက်ရေထည့်သော လည်ပင်းရှည်ရှည် အိုးငယ်တစ်မျိုး။ ရေတကောင်း
    water pot
    နာမ်

    ကတောင်ကချောက်

    [ktàʊɴkɕɔ́ɛʔ]
    ဖောက်ပြန် တုန်လှုပ်ဗျာယ်။ အယောင်အမား
    ဖောက်ပြန် တုန်လှုပ်လျက်။ အယောင်အမှား
    error slightly wrong
    ကြိယာဝိသေသန

    ကတောင်ကချောက်ချား

    [ktàʊɴkɕɔ́ɛʔɕá]
    ဖောက်ပြန် တုန်လှုပ်ဗျာယ်။ အယောင်အမား
    ဖောက်ပြန် တုန်လှုပ်လျက်။ အယောင်အမှား
    error slightly wrong
    ကြိယာဝိသေသန

    ကတောင်ကတိုက်

    [ktàʊɴktaɪʔ]
    ကမန်းကတန်း။ ကမန်းကတန်း။ သရူးမရူး
    အလျင်စလို။ ကမန်းကတန်း။ အလောတကြီး
    hurried
    ကြိယာဝိသေသန

    ကတောင်ကယက်

    [ktàʊɴkjɛʔ]
    မငြိမ်မသက်။ မတည်မတံ့
    မငြိမ်မသက်။ မတည်မတံ့
    turbulent
    ကြိယာဝိသေသန

    ကတောင်ကယောင်

    [ktàʊɴkjàʊɴ]
    အယောင်ယောင် အမားလေ့ား။ (စိတ်) မတည်မတံ့။ မငြိမ်မသက်။ သတိ လစ်ဟင်းမှုကြောင့် ယွင်းချက်စွာ ပြုလုပ်မိအတွက်။ မပြုလုပ်မည့် အရာကို မတော်တဆ ပြုမိသော အနိန်နန့်
    အယောင်ယောင် အမှားမှား။ (စိတ်) မတည်မတံ့။ မငြိမ်မသက်။ သတိ လစ်ဟင်းမှုကြောင့် ယွင်းချက်စွာ ပြုလုပ်မိ၍။ မပြုလုပ်မည့် အရာကို မတော်တဆ ပြုမိသော အားဖြင့်
    accidentally
    ကြိယာဝိသေသန

    ကတ္တရံလီ

    [kt̪t̪a̰ɹံlí]
    အနောက်မြောက် ထောင့်မှ တိုက်ခတ် လာရေ လေ။ လောင်းလည်းလွင့်၊ မြစ်မပေါက်သော်၊ လီကတ္တရံ၊ ထတုံပြန်ပနာ။ တောင်ကခတိမ်း၊ မြောက်ခလိန်းနှင့် (ထွန်းတိ)
    အနောက်မြောက် ထောင့်မှ တိုက်ခတ် လာသော လေ။ လှေလည်းလွင့်၊ မြစ်မပေါက်သော်၊ လီကတ္တရံ၊ ထတုံပြန်၍။ တောင်ကခတိမ်း၊ မြောက်ခလိန်းနှင့် (ထွန်းတိ)
    wind
    နာမ်

    ကတ္တားခြား

    [kt̪t̪a̰ákʰɹá]
    တကန့်စီ တကန့်စီ ခြား၍ ထားရေ
    တစ်ကန့်စီ တစ်ကန့်စီ ခြား၍ ထားသည်
    draw the necessary distinctions between activities ideas etc. [Paliကဏ္ဍ - ကတ္တု + Arakan ခြား]
    ကြိယာ

    ကတ္တူ

    [kt̪t̪a̰ù]
    စက္ကူအထူစားမျိုး။ စက္ကူဇာလီဘုတ်ဖုံး။ ဇာလီဘုတ်စာအုပ်
    စက္ကူအထူစားမျိုး။ စက္ကူကတ္တူဖုံး။ ကတ္တူစာအုပ်
    cardboard
    နာမ်

    ကတ္တူ၂

    [kt̪t̪a̰ù၂]
    ပင်လယ် ရီကြောင်း တိုက်ပွဲမာ အသုံးပြူသော စစ်သုံး လောင်းကြီးတမျိုး
    ပင်လယ် ရေကြောင်း တိုက်ပွဲတွင် အသုံးပြူသော စစ်သုံး လှေကြီးတစ်မျိုး
    Battle-cruiser - ုking of sea-going sailing ship [Mon ကာတ်တူ]
    နာမ်

    ကတ္တော်

    [kt̪t̪a̰ɔ̀]
    နိုင်ငံတော်၏ ဝင်ငွီရသုံး ကြွီးငွီနှင့် ပတ်သက်ပြီးကေ လုပ်ငန်း တာဝန်ကို ယူရရေ) ဘဏ်ဋာရီး ဝန်ကြီး။ မင်းထံ တော်နေခစား၊ မှူးမတ်ကတ္တော်၊ သေနဂါကေ၊ ဗိုလ်ပါလူအများနှင့် (ကုသတု)
    နိုင်ငံတော်၏ ဝင်ငွေရသုံး ကြွေးငွေနှင့် ပတ်သက်၍ လုပ်ငန်း တာဝန်ကို ယူရသော) ဘဏ်ဋာရေး ဝန်ကြီး။ မင်းထံ တော်နေခစား၊ မှူးမတ်ကတ္တော်၊ သေနဂါကေ၊ ဗိုလ်ပါလူအများနှင့် (ကုသတု)
    treasurer
    နာမ်

    ကတ္တော်ကျီး

    [kt̪t̪a̰ɔ̀t͡ɕï]
    ကိုယ်ရောင် စိမ်းပြီး နုတ်သီး နီသော မောင်ညိုကြီး တမျိုး
    ကိုယ်ရောင် စိမ်းပြီး နုတ်သီး နီသော ကြက်တူရွေးကြီး တစ်မျိုး
    parrot
    နာမ်

    ကတ်

    [kaʔ]
    ခက်ခဲရေ။ ခဲယဉ်းရေ။ လူမမည်ကေ၊ သူငယ်အားကို၊ အစားကတ်မည်(ကော်)
    ခက်ခဲသည်။ ခဲယဉ်းသည်။ လူမမည်ကေ၊ သူငယ်အားကို၊ အစားကတ်မည်(ကော်)
    difficult
    ကြိယာ

    ကတ်၂

    [kaʔ၂]
    ဗဟုဝုစ်ကြိယာဝန်။ အများလူသျှင်၊ မြင်ချင်ကတ်တေ၊ လာလတ်ငြားလို့(ဒွေး) မလ္လာယုခေါ်၊ ထိုကျွန်းထက်မာ၊ ကျောက်ဂူ ဆောက်ရို့၊ ငါးရိုထားကတ်မေ(ဓမ္မက)
    ဗဟုဝုစ်ကြိယာပစ္စည်း။ အများလူသျှင်၊ မြင်ချင်ကတ်တေ၊ လာလတ်ငြားလို့(ဒွေး) မလ္လာယုခေါ်၊ ထိုကျွန်းပေါ်မှာ၊ ကျောက်ဂူ ဆောက်ရို့၊ ငါးရိုထားကတ်မေ(ဓမ္မက)
    none
    ပစ္စည်း

    ကတ်၃

    [kaʔ၃]
    တခုကျတခုဆင့်၍ စုစည်းဖွဲ့ထားရေ ဝန်စု။ (ခြည်၊(ခြည်) တကတ်။ ဆီမီးတိုင် တကတ်စရေ။
    တစ်ခုစီတစ်ခုဆင့်၍ စုစည်းဖွဲ့ထားသော ပစ္စည်းစု။ (ခြည်၊(ချည်) တစ်ကတ်။ ဖယောင်းတိုင် တစ်ကတ်စသည်။
    total
    နာမ်

    ကတ်၄

    [kaʔ၄]
    ခဲယဉ်းရေ။ ခက်ခဲရေ။ စားတုံခဲ့လည်း သဲနှင့်သျှပ်သျှပ်၊ ငါးကြင်းသားကို အစားကတ်လို့(ပန်း)။ မကြိုက်ဖွယ် ဖြစ်တေ။ နှလုံး၌ရွံမုန်းဖွယ်ဖြစ်တေ။ မကြည့်ချင် မမြင်ချင်ဖြစ်တေ။ ငြိုငြင်ဖွယ်ဖြစ်ယောင်၊ ခဲယဉ်းယောင်လုပ်ရေ။ စကားကတ်ရေ။ အလုပ်ကတ်သည်
    ခဲယဉ်းသည်။ ခက်ခဲသည်။ စားတုံခဲ့လည်း သဲနှင့်သျှပ်သျှပ်၊ ငါးကြင်းသားကို အစားကတ်လို့(ပန်း)။ မနှစ်သက်ဖွယ် ဖြစ်သည်။ နှလုံး၌ရွံမုန်းဖွယ်ဖြစ်သည်။ မကြည့်ချင် မမြင်ချင်ဖြစ်သည်။ ငြိုငြင်ဖွယ်ဖြစ်အောင်၊ ခဲယဉ်းအောင်လုပ်သည်။ စကားကတ်သည်။ အလုပ်ကတ်သည်
    disdain
    ကြိယာ