Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 29,801–29,820 of 34,671 words

    အ

    အစာမွတ်

    [ʔsàmwaʔ]
    ဝမ်းညင် မွတ်ကကောင်းသည်
    ဆာလောင် မွတ်သိပ်သည်
    hungry
    ကြိယာ

    အစားမှား

    [ʔsám̥á]
    မိမိနှင့် မတည့်သည့် အစာကို စားမိတွက်နန့် အန္တရာယ် ဖြစ်တေ
    မိမိနှင့် မတည့်သည့် အစာကို စားမိသဖြင့် အန္တရာယ် ဖြစ်သည်
    happen to eat food harmful to one’s health
    ကြိယာ

    အစားမှားဆီး

    [ʔsám̥ásʰï]
    မတည့်သည့် အစာကို စားမိရေ် လည်းကောင်း၊ သဘို့းနာသော် လည်းကောင်း၊ စရေအခါရို့မာ သောက်သုံးရရေ ပါးသို့း
    မတည့်သည့် အစာကို စားမိသော် လည်းကောင်း၊ ဖျားနာသော် လည်းကောင်း၊ စသည့်အခါတို့၌ သောက်သုံးရသော ဆေး
    medicine
    နာမ်

    အစားယက်သန်

    [ʔsájɛʔθàɴ]
    လွန်လွန်ကဲကဲ။ နလဗိန်းတုံးကျွံ။ နလဗိန်းတုံးကျွံ (စားရေ)
    လွန်လွန်ကဲကဲ။ အလွန်အမင်း။ အလွန်အကျွံ (စားသည်)
    extremely
    ကြိယာဝိသေသန

    အစာယစ်

    [ʔsàjɪʔ]
    အခြီရေ အသီာက်ကောင်း တိကို စားရခြင်းအတွက်နန့် လှုပ်ယှားမှု ကြာ ယင်းင်းမှိုင်းရေ။ စည်းစိမ် ချမ်းသာ စစွာကို ခံစားမှုမာ သာယာသည်
    အစားကောင်း အသောက်ကောင်း များကို စားရခြင်းကြောင့် လှုပ်ရှားမှု နှေးကွေး ထိုင်းမှိုင်းသည်။ စည်းစိမ် ချမ်းသာ စသည်ကို ခံစားမှု၌ သာယာသည်
    wallow in the lap of luxury
    ကြိယာ

    အစာယာ

    [ʔsàjà]
    တခုတရီသော ပစ္စည်း ပစ္စယစစွာကို မိမိအတွက်ပဲဟု ပိုင်ပိုင်နိုင်နိုင် အတိကျ သိထားရာမာ သုံးသော စကားလုံး
    တစ်စုံတစ်ခုသော ပစ္စည်း ပစ္စယစသည်ကို မိမိအတွက်ပဲဟု ပိုင်ပိုင်နိုင်နိုင် အတိကျ သိထားရာ၌ သုံးသော စကားလုံး
    this is mine
    နာမ်

    အစာယာ၂

    [ʔsàjà၂]
    ငါ့စွာငါ့ဥစ္စာပဲဟု ပြောဆိုရေ စကားလုံး
    ငါ့ဟာငါ့ဥစ္စာပဲဟု ပြောဆိုသော စကားလုံး
    mine
    နာမ်

    အစာရီစာ

    [ʔsàɹísà]
    စားစရာ သောက်ဖိုတိ
    စားစရာ သောက်စရာများ
    food - means of sustenance
    နာမ်

    အစားရုတ်

    [ʔsáɹoʊʔ]
    အစားအစာကို လွန်လွန်ကဲကဲ စားလေ့ဟိသည်
    အစားအစာကို လွန်လွန်ကဲကဲ စားလေ့ယှိသည်
    overeat
    ကြိယာ

    အစားရုတ်၂

    [ʔsáɹoʊʔ၂]
    (ခွီး၊ မိညောင်အစဟိရေရို့) မိမိစားနီရေ အစားအစာကို တပါးသူက လုစားရီက် မည်အထင်နှင့် ရန်ဖြစ်ဖို့အတွက် အခွင့်ကို မျှော်ပဆိုး့ရေ
    (ခွေး၊ ကြောင်စသည်တို့) မိမိစားနေသော အစားအစာကို တစ်ပါးသူက လုစားသောက် မည်အထင်နှင့် ရန်ဖြစ်ရန်အတွက် အခွင့်ကို မျှော်စောင့်သည်
    (of cats dogs etc) snarl off others from one’s food
    ကြိယာဝိသေသန

    အစာရှာ

    [ʔsàʃà]
    စားရီက် ဖွီရာရို့ကို ရယောင်ကြိုးစား ဆောင်ရွက်သည်
    စားသောက် ဖွယ်ရာတို့ကို ရအောင်ကြိုးစား ဆောင်ရွက်သည်
    try out
    ကြိယာ

    အစာရှား

    [ʔsàʃá]
    အထူး ချိုမြိန် စူးရှသော အရသာ ဟိသော
    အထူး ချိုမြိန် စူးရှသော အရသာ ယှိသော
    tasty
    နာမဝိသေသန

    အစားလု

    [ʔsáloʊ]
    လူတိ၏ အခွင့်အရီး၊ အလုပ်ဂိုးချေင်၊ ရာထူးဌာနန္တရ အစဟိရေရို့ မရနှင့် အရ အထူးအားထုတ် ကြိုးစားရေ
    သူတစ်ပါး၏ အခွင့်အရေး၊ အလုပ်အကိုင်၊ ရာထူးဌာနန္တရ စသည်တို့ မရနှင့် အရ အထူးအားထုတ် ကြိုးစားသည်
    none
    ကြိယာ

    အစားသန်

    [ʔsáθàɴ]
    လွန်လွန်ကဲကဲ။ နလဗိန်းတုံးကျွံ။ နလဗိန်းတုံးကျွံ (စားရေ)
    လွန်လွန်ကဲကဲ။ အလွန်အမင်း။ အလွန်အကျွံ (စားသည်)
    extremely
    ကြိယာဝိသေသန

    အစာသိပ်

    [ʔsàθìaʔ]
    အစားအစာ စားရီက်ယပြီးနောက် ငြိမ်သက် အီးချမ်းစွာ တနားချေလောင်းာက် လှဲ အနားယူ ရေ။ အခိုက်အတန့် အိပ်ရေ
    အစားအစာ စားသောက်ပြီးနောက် ငြိမ်သက် အေးချမ်းစွာ ခဏမျှ လဲလျောင်း အနားယူ သည်။ အခိုက်အတန့် အိပ်သည်
    sleep
    ကြိယာ

    အစာသွပ်

    [ʔsàθwaʔ]
    ပိုပြီးကေ အရသာဟိအောင် မူလဖြစ်ရေ စားစရာတခု အမားကို စားစရာ တခုတရီ ဖြည့်သွင်းသည်
    ပိုမို အရသာယှိအောင် မူလဖြစ်သော စားစရာတစ်ခု အတွင်းသို့ စားစရာ တစ်စုံတစ်ရာ ဖြည့်သွင်းသည်
    fill
    ကြိယာ

    အစာဟောင်း

    [ʔsàháʊɴ]
    ဝမ်းမားထဲကို အစာအဝေးဟဲ့ဟိုက်ာင်းအိမ်မာ ဟိသော ချီး။ ချီး။ စားစရာ
    ဝမ်းတွင်းထဲသို့ အစာဟောင်းအိမ်၌ ယှိသော မစင်။ ကျင်ကြီး။ စားစရာ
    chime
    နာမ်

    အစားအစာ

    [ʔsáʔsà]
    သုံးဆောင် စားရီက်ရရေ အစာ။ စားစရာ
    သုံးဆောင် စားသောက်ရသော အစာ။ စားစရာ
    food Also အစာ
    နာမ်

    အစားအသောက်

    [ʔsáʔθɔ́ɛʔ]
    စားစရာ အစာတိကို သုံးဆောင်ခြင်း။ အစာစားခြင်း။ ၂၊ သုံးဆောင် စားရီက်ရရေ အစားအစာ
    စားစရာ အစာများကို သုံးဆောင်ခြင်း။ အစာစားခြင်း။ ၂၊ သုံးဆောင် စားသောက်ရသော အစားအစာ
    food Also အစာ appetite [as in ~ပျက်]
    နာမ်

    အစားအသောက်၂

    [ʔsáʔθɔ́ɛʔ၂]
    အစားအစာတိကို မှီဝဲသုံးဆောင်ရေ
    အစားအစာများကို မှီဝဲသုံးဆောင်သည်
    eat
    ကြိယာ