Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 29,861–29,880 of 34,671 words

    အ

    အစိမျှင်

    [ʔsìmɹ̯ɪ̀ɴ]
    သစ်စေ့အပြင်မာ လွှမ်းခြုံနီရေ ညက်ညောပါးလွှာသည့် အခွံ
    သစ်စေ့အပြင်တွင် လွှမ်းခြုံနေသော ညက်ညောပါးလွှာသည့် အခွံ
    skin
    နာမ်

    အစိမှာအဆန်ထွက်

    [ʔsìm̥àʔsʰàɴtʰwɛʔ]
    အမိညောင်းအကျိုးကို ဖော်ပြ၍ အခြီအတင် ကတောက်ကဆ ပြောဆို ဆွီးနွီးရေ။ ဆင်ခြီတက်ရေ။ ဆင်ခြီဝင်ရေ
    အကြောင်းအကျိုးကို ဖော်ပြ၍ အခြေအတင် အငြင်းအခုံ ပြောဆို ဆွေးနွေးသည်။ ဆင်ခြေတက်သည်။ ဆင်ခြေဝင်သည်
    discuss
    ကြိယာ

    အစိအငှ

    [ʔsìʔŋ̊]
    ပြည့်စုံရေ။ လုံလောင်းာက်ရေ။ နှံ့စပ်ရေ
    ပြည့်စုံသည်။ လုံလောက်သည်။ နှံ့စပ်သည်
    closely - tightly - without a gap - without leaving a gap in full [as in အသင်းသား~အစုံ ရောက်ဗျာယ်လာ] - without leaving anyone or anything out [as in လက်ဆောင်များကို လူ~အစုံဝေငှ] - be sufficient
    ကြိယာ

    အစိအစပ်

    [ʔsìʔsaʔ]
    နှစ်ဦး နှစ်ဘက် သဖောချင်း တိုက်ဆိုင် ပြေလည်စွာ။ တိကျ သေချာ ကျနစွာ
    နှစ်ဦး နှစ်ဘက် သဘောချင်း တိုက်ဆိုင် ပြေလည်စွာ။ တိကျ သေချာ ကျနစွာ
    comprehen sively - leaving nothing out
    ကြိယာဝိသေသန

    အစိအစုံ

    [ʔsìʔsòʊɴ]
    အကပ်အသပ် မဟိပဲ လောက် စေ့ငစွာ
    အကြွင်းအကျန် မယှိပဲ ပြည့်ဝ စေ့ငစွာ
    perfectly
    ကြိယာဝိသေသန

    အစိအဆန်

    [ʔsìʔsʰàɴ]
    သစ်စေ့၏ အမားမာ ဟိသော မျိုးလောင်း
    သစ်စေ့၏ အတွင်း၌ ယှိသော မျိုးလောင်း
    seed
    နာမ်

    အစိအဆန်

    [ʔsìʔsʰàɴ]
    သစ်စေ့၏ အမားမာ ဟိသော မျိုးလောင်း
    သစ်စေ့၏ အတွင်း၌ ယှိသော မျိုးလောင်း
    seed
    နာမ်

    အစိအညှောင့်

    [ʔsìʔɲ̯a̰ʊɴ]
    သစ်စေ့မှ ထွက်ပြူလာစ ဖြစ်ရေ အပင်လောင်း (သို့မဟုတ်) အမြစ်လောင်း
    သစ်စေ့မှ ထွက်ပြူလာစ ဖြစ်သော အပင်လောင်း (သို့မဟုတ်) အမြစ်လောင်း
    sprout - radicle
    နာမ်

    အစိအိမ်

    [ʔsìʔèɪɴ]
    သစ်စေ့၏ အမားမာ ဟိသော မျိုးလောင်း။ မျိုးစေ့၏ တည်ဟိရာ နီရာ
    သစ်စေ့၏ အတွင်း၌ ယှိသော မျိုးလောင်း။ မျိုးစေ့၏ တည်ယှိရာ နေရာ
    ovary (of flowers)
    နာမ်

    အစို

    [ʔsÒ]
    မကောင်းရေ အနံ့အသက်
    မကောင်းသော အနံ့အသက်
    bad smell
    နာမ်

    အစို့

    [ʔso̰]
    လုပ်ငန်းအလိုက် တသီးတသန့်စီ ပိုင်းကန့် စုစည်းထားရေ ဟိးရက္ခိုင်မင်းခေတ် မင်းမှုထမ်းအစို့
    လုပ်ငန်းအလိုက် တစ်သီးတစ်သန့်စီ ပိုင်းကန့် စုစည်းထားသော ရှေးရခိုင်မင်းခေတ် မင်းမှုထမ်းအစို့
    group of workmen of the same trade or occupation in the service of the king
    နာမ်

    အစို၂

    [ʔsÒ၂]
    ခြီာက်သွိ့ခြင်း မဟိသောအရာ။ လတ်ဆတ်ရေ သစ်သီးဖက်ရွက် စရေ။ ၂၊ တခုတရီမှ မပြုပျင်သိမ့်ရေ သားစိမ်း ငါးစိမ်း။ ၃၊ ရေ သို့မဟုတ် အရည် တခုခုဖြင့် စွတ်သောအရာ
    ခြောက်သွေ့ခြင်း မယှိသောအရာ။ လတ်ဆတ်သော သစ်သီးသစ်ရွက် စသည်။ ၂၊ တစ်စုံတစ်ခုမှ မပြုပြင်သေးသော သားစိမ်း ငါးစိမ်း။ ၃၊ ရေ သို့မဟုတ် အရည် တစ်ခုခုဖြင့် စွတ်သောအရာ
    wet
    နာမ်

    အစို့၂

    [ʔso̰၂]
    အစေ့မှ ထွက်ခါစ ဖြစ်ရေ အပင်လောင်း၊ အမြစ်လောင်း
    အစေ့မှ ထွက်ခါစ ဖြစ်သော အပင်လောင်း၊ အမြစ်လောင်း
    sprout
    နာမ်

    အစို့၃

    [ʔso̰၃]
    မကောင်းရေ အနံ့အသက် တမျိုး။ (နခေါင်းကို ရှုံ့၍ နခေါင်းမှ လေတအားမှုတ်ကာ) ဟုန်း-အစို့စိုနံရေ
    မကောင်းသော အနံ့အသက် တစ်မျိုး။ (နှာခေါင်းကို ရှုံ့၍ နှာခေါင်းမှ လေတအားမှုတ်ကာ) ဟုန်း-အစို့စိုနံရေ
    bad smell
    နာမ်

    အစိုက်စိုက်

    [ʔsaɪʔsaɪʔ]
    အသျှေတိအား လက်ခုပ်တီးရန် သင်ပြရေ အခြင်းအရာ
    ကလေးငယ်များအား လက်ခုပ်တီးရန် သင်ပြသော အခြင်းအရာ
    body language for baby
    နာမ်

    အစိုက်အစာ

    [ʔsaɪʔʔsà]
    ထိန်းသိမ်း ကွပ်ကဲမှု ဟိသည်၏ အဘာြစ်
    ထိန်းသိမ်း ကွပ်ကဲမှု ယှိသည်၏ အဖြစ်
    management
    နာမ်

    အစိုင်စိုင်

    [ʔsàɪɴsàɪɴ]
    အမျိုးအနွယ် မပြတ်ယောင် ပွားသည်
    အမျိုးအနွယ် မပြတ်အောင် ပွားသည်
    look after
    ကြိယာ

    အစိုင်စိုင်၂

    [ʔsàɪɴsàɪɴ၂]
    အစီအစိုင်အတိုင်း။ ဒရပြတ်။ သွီတန်းဗျာယ်
    အစီအစဉ်အတိုင်း။ အဆက်မပြတ်။ သွယ်တန်းလျက်
    continuously
    ကြိယာဝိသေသန

    အစိုင်စိုင်၃

    [ʔsàɪɴsàɪɴ၃]
    ဆွီမျိုးအစိုင်။ အစိုင်ဆက်ပြီးကေ ကျိုးပြုရေ အရာ
    ဆွေမျိုးအစဉ်။ အစဉ်ဆက်၍ ကျိုးပြုသော အရာ
    relative
    နာမ်

    အစိုင်လိုက်သင့်

    [ʔsàɪɴlaɪʔθɪ̰ɴ]
    အနိန်အထား မှန်ကန်စွာ။ နီသားတကျ
    အနေအထား မှန်ကန်စွာ။ နေသားတကျ
    acclimate
    ကြိယာဝိသေသန