Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 30,201–30,220 of 34,671 words

    အ

    အဆုပ်ပြတ်

    [ʔsʰoʊʔpɹaʔ]
    ပန်းအစဟိရေ အစုလိုက် အပြုံလိုက် ပေါင်းစုပွင့်ဗျာယ် ဟိနီရေ၏ အဘာြစ်
    ပန်းစသည် အစုလိုက် အပြုံလိုက် ပေါင်းစုပွင့်လျက် ယှိနေသည်၏ အဖြစ်
    cluster bunch (of flowers)
    နာမ်

    အဆုံးဘဝ

    [ʔsʰóʊɴbʱw]
    သီရေ။ နောက်ထပ် တဖန် ပြန်လှာခြင်း မဟိ ဖြစ်တေ
    သေသည်။ နောက်ထပ် တစ်ဖန် ပြန်လာခြင်း မယှိ ဖြစ်သည်
    die
    ကြိယာ

    အဆုံးဘဝ၂

    [ʔsʰóʊɴbʱw၂]
    တုံ့ပြန် အကျိုး မမျှော်လင့်ပဲဗျာယ်။ ဖြစ်လိုရာ ဖြစ်စီ သဖောထားပြီးကေ
    တုံ့ပြန် အကျိုး မမျှော်လင့်ပဲလျက်။ ဖြစ်လိုရာ ဖြစ်စေ သဘောထားလျက်
    whatever life - Desire life
    ကြိယာဝိသေသန

    အဆုံးဘဝ၃

    [ʔsʰóʊɴbʱw၃]
    တခုတရီ ပစ္စည်းဥစ္စာအစဟိရေ ပြန်ပနာ ရယူရန် မျှော်လင့်ချက် နည်းပါးတွက်နန့် အဆုံးစွန့် လွှတ်ထားရရေ အရာ။ တုံ့ပြန် အကျိုး မမျှော်လင့်သော လုပ်စွာ
    တစ်စုံတစ်ခု ပစ္စည်းဥစ္စာစသည် ပြန်၍ ရယူရန် မျှော်လင့်ချက် နည်းပါးသဖြင့် အဆုံးစွန့် လွှတ်ထားရသည့် အရာ။ တုံ့ပြန် အကျိုး မမျှော်လင့်သော လုပ်ရပ်
    whatever life - Desire life
    နာမ်

    အဆုံးသတ်

    [ʔsʰóʊɴθaʔ]
    လက်စသတ်ရေ။ အပြီးသို့ ရောက်စီရေ။ ပြီးဆုံးစီရေ
    လက်စသတ်သည်။ အပြီးသို့ ရောက်စေသည်။ ပြီးဆုံးစေသည်
    terminate - end - complete
    ကြိယာ

    အဆုံးအတုံးခံ

    [ʔsʰóʊɴʔtóʊɴkʰံ]
    ကိုယ့် ကိုယ်ပိုင်ပစ္စည်းကို သုံးဆောင်ခြင်းမပြုပဲ စွန့်ရွှတ် လိုက်တေ
    မိမိ၏ ကိုယ်ပိုင်ပစ္စည်းကို သုံးဆောင်ခြင်းမပြုပဲ စွန့်လွှတ် လိုက်သည်
    suffer a lose
    ကြိယာ

    အဆုံးအဖြတ်

    [ʔsʰóʊɴʔpʰɹaʔ]
    မှုခင်း တခုခုကို မားရေ၊ မှန်ရေ အစဟိရေအနိန်နန့် ပိုင်းခြား စီရင်ချက်။ တခုတရီ ပြုလုပ်ဆောင်ရွက်ရန် စိတ်မာ ဓါတ်ရိုက်ကျ ပိုင်းခြား သတ်မှတ်ထားချက်
    မှုခင်း တစ်စုံတစ်ရာကို မှားသည်၊ မှန်သည် စသည်ဖြင့် ပိုင်းခြား စီရင်ချက်။ တစ်စုံတစ်ခု ပြုလုပ်ဆောင်ရွက်ရန် စိတ်တွင် အတိအကျ ပိုင်းခြား သတ်မှတ်ထားချက်
    decision - judgement - arbitration - resolution
    နာမ်

    အဆုံးအမ

    [ʔsʰóʊɴʔm]
    လိမ္မာ ယိုင်ကျေးမှု ဟိစီဖို့ သွန်သင် ပြသ ပြောဆိုခြင်း
    လိမ္မာ ယဉ်ကျေးမှု ယှိစေရန် သွန်သင် ပြသ ပြောဆိုခြင်း
    scold
    နာမ်

    အဆူဆူ

    [ʔsʰùsʰù]
    မြင့်မြတ်ရေ ပုဂ္ဂိုလ်ရို့ဧ့ မကန်မဝှန်ကို ရည်ညွှန်းပနာ ပြောရေ စကားလုံး
    မြင့်မြတ်သော ပုဂ္ဂိုလ်တို့၏ အများအပြားကို ရည်ညွှန်း၍ ပြောသော စကားလုံး
    noble
    ပစ္စည်း

    အဆူးတပ်

    [ʔsʰùးtaʔ]
    ချွန်ထက်သော စူးတိနန့် လုပ်ထားရေ ခံတပ်
    ချွန်ထက်သော ဆူးများဖြင့် လုပ်ထားသော ခံတပ်
    fort
    နာမ်

    အဆောက်

    [ʔsʰɔ́ɛʔ]
    ဓါး၊ လှံ အစဟိရေရို့၏ လက်ကိုင်ရိုး
    ဓါး၊ လှံ စသည်တို့၏ လက်ကိုင်ရိုး
    haft - handle of axe or knife
    နာမ်

    အဆောက်မရ

    [ʔsʰɔ́ɛʔmɹ]
    စိတ်နှလုံး ငြိမ်သက် တည်ကြီမှု မဟိရေ အရဲနန့်
    စိတ်နှလုံး ငြိမ်သက် တည်ကြည်မှု မရှိသော အားဖြင့်
    nervous
    ကြိယာဝိသေသန

    အဆောင်

    [ʔsʰàʊɴ]
    အိမ်၊ ကျောင်း နန်းတော် အစဟိရေရို့မာ တွဲပြီးကေ အမိုး သပ်သပ်ဟိသော အဆောက်အအုံ။ ဖီးအန္တရာယ် ကင်းယှင်း၍ အလိုဆန္ဒလောက်စီဖို့ ကိုယ်နှင့်မကွာ တတူဆောင်ယူရေ အင်း၊ အိုင်၊ လက်ဖွဲ့ အစဟိရေ
    အိမ်၊ ကျောင်း နန်းတော် စသည်တို့တွင် တွဲလျက် အမိုး သီးခြားယှိသော အဆောက်အအုံ။ ဘေးအန္တရာယ် ကင်းရှင်း၍ အလိုဆန္ဒပြည့်ဝစေရန် ကိုယ်နှင့်မကွာ အတူဆောင်ယူသော အင်း၊ အိုင်၊ လက်ဖွဲ့ စသည်
    sth one is wont to carry on ones person - insignia of office or accoutrements one is entitled to [as in အစီးအနင်း ~အရွက်] charm - amulet
    နာမ်

    အဆောင့်

    [ʔsʰa̰ʊɴ]
    မောက်မာရေ အမူအရာကို ပြုရေ
    မောက်မာသော အမူအရာကို ပြုသည်
    collide
    ကြိယာ

    အဆောင်း

    [ʔsʰáʊɴ]
    နီပူ၊ မိုဃ်းရွာဒဏ်ကို ကာကွယ်ဖို့ အဂေါင်းထက်မာ ဖုံးအုပ်ရရေ အရာ
    နေပူ၊ မိုဃ်းရွာဒဏ်ကို ကာကွယ်ရန် ဦးခေါင်းထက်တွင် ဖုံးအုပ်ရသော အရာ
    headgear - head-cover
    နာမ်

    အဆောင်း၂

    [ʔsʰáʊɴ၂]
    အပို သတ်သတ်လောင်းာက်ရာ ဖြစ်ရေ
    အပို သက်သက်မျှသာ ဖြစ်သော
    spare part
    နာမဝိသေသန

    အဆောင်းကျွတ်

    [ʔsʰáʊɴt͡ɕwaʔ]
    မိုဃ်းဥတု လွန်မြီာက်ရေ။ မိုဃ်းရာသီ ကုန်ဆုမ်းရေ
    မိုဃ်းဥတု လွန်မြောက်သည်။ မိုဃ်းရာသီ ကုန်ဆုံးသည်
    end
    ကြိယာ

    အဆောင့်ကြွား

    [ʔsʰa̰ʊɴt͡ɕWà]
    မောက်မာရေ အမူအရာ
    မောက်မာသော အမူအရာ
    haughty character
    နာမ်

    အဆောင်ငွီ

    [ʔsʰàʊɴŋwí]
    တခုတရီ အစိုးရ ကိစ္စ ဆောင်ရွက်ရာမာ သုံးစွဲဖို့အတွက် ကြိုတင်ထုတ်ပီးသော ငွေ
    တစ်စုံတစ်ခု အစိုးရ ကိစ္စ ဆောင်ရွက်ရာတွင် သုံးစွဲရန်အတွက် ကြိုတင်ထုတ်ပေးသော ငွေ
    advance money
    နာမ်

    အဆောင်းငွီ

    [ʔsʰáʊɴŋwí]
    အပိုသတ်သတ် ပီးရရေငွေ
    အပိုသက်သက် ပေးရသောငွေ
    extra cost
    နာမ်