Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 30,321–30,340 of 34,671 words

    အ

    အညီးတောက်တောက်၂

    [ʔɲïtɔ́ɛʔtɔ́ɛʔ၂]
    ဆိုးဝါးသော အနံ့အသက်။ ပြင်းပြသော အနံဟိရေ အနံတမျိုး
    ဆိုးဝါးသော အနံ့အသက်။ ပြင်းပြသော အနံရှိသော အနံတစ်မျိုး
    foul smell
    နာမ်

    အညီးပြောင်ပြောင်

    [ʔɲïpɹàʊɴpɹàʊɴ]
    အလွန်ထွန်းလင်း တောက်ပသော
    အလွန်ထွန်းလင်း တောက်ပသော
    bright
    နာမဝိသေသန

    အညီအညွတ်

    [ʔɲíʔɲwaʔ]
    လျော်ညီစွာ။ တတူတကွ
    လျော်ညီစွာ။ အတူတကွ
    equally [as in ပိုင်ရှင်နှင့်အငှါး ~ ပေးစေ] in line with - in accordance with - in conformity with [as in ကျမ်းဂန်နှင့်~] [as in တရားနှင့်~နေထိုင်ကြ-] - collectively - unitedly [as in အစည်းအဝေးက~ဆုံးဖြတ်ကြ]
    ကြိယာဝိသေသန

    အညီအမျှ

    [ʔɲíʔmr̯]
    အရွီအတွက် မပိုမလို။ တူမျှစွာ
    အရေအတွက် မပိုမလို။ တူမျှစွာ
    equally
    ကြိယာဝိသေသန

    အညေ

    [ʔɲè]
    နိူင်းဘက် တစုံတရာထက် အရွယ်ပမာဏသိမ့်ရေ မကြီးရေအရာ။ နုသော နိမ့်သော အရွယ်၊ အသက်၊ ဝါ၊ ဂုဏ်အစဟိစွာ ငယ်သောအရာ
    ယှဉ်ဘက် တစ်စုံတရာထက် အရွယ်ပမာဏသေးသော မကြီးသောအရာ။ နုသော နိမ့်သော အရွယ်၊ အသက်၊ ဝါ၊ ဂုဏ်စသည် ငယ်သောအရာ
    small
    နာမ်

    အညေစား

    [ʔɲèsá]
    ငယ်သော အရာမျိုး
    ငယ်သော အရာမျိုး
    small
    နာမ်

    အညေသျှေ

    [ʔɲèʃè]
    ငယ်သော အရာဝတ္တု
    ငယ်သော အရာဝတ္တု
    small thing
    နာမ်

    အညေသျှေ၂

    [ʔɲèʃè၂]
    ငယ်သည်အောက် အထူးအနိန်နန့် ငယ်သော
    ငယ်သည်အောက် အထူးသဖြင့် ငယ်သော
    extra small
    နာမဝိသေသန

    အညောခြင်ခြင်

    [ʔɲɔ́kʰɹɪ̀ɴkʰɹɪ̀ɴ]
    ပင်ပန်း နွမ်းရိရေ။ ကိုယ်လက် ကိုက်ခဲ တောင့်တင်းသည်
    ပင်ပန်း နွမ်းရိသည်။ ကိုယ်လက် ကိုက်ခဲ တောင့်တင်းသည်
    tired
    ကြိယာ

    အညောင်းကျ

    [ʔɲáʊɴt͡ɕ]
    အလုပ်အကိုင် အလှုပ်အရှား များသနန့် အားအင် ခြည့်နန့်ပြီး ခြေ၊ လက် မလှုပ်နိုင် မသယ်နိုင် ဖြစ်တေ
    အလုပ်အကိုင် အလှုပ်အရှား များသဖြင့် အားအင် ချည့်နဲ့ပြီး ခြေ၊ လက် မလှုပ်နိုင် မသယ်နိုင် ဖြစ်သည်
    tired
    ကြိယာ

    အညောင်းခံ

    [ʔɲáʊɴkʰံ]
    အပင် တပန်း အနွံအတာ ခံသည်
    အပင် တပန်း အနွံအတာ ခံသည်
    forbear
    ကြိယာ

    အညောင်းဆန့်

    [ʔɲáʊɴsʰàɴ့]
    အညောင်းပြေ ပျောက်စီရန် ကိုယ်လက် အင်္ဂါကို လှုပ်ရှားခြင်း၊ ဆန်တန်းခြင်း၊ လားလာခြင်းကို ပြုသည်
    အညောင်းပြေ ပျောက်စေရန် ကိုယ်လက် အင်္ဂါကို လှုပ်ရှားခြင်း၊ ဆန်တန်းခြင်း၊ သွားလာခြင်းကို ပြုသည်
    stretch to relieve body stiffness [fig] (of royally) go on a journey or a campaign
    ကြိယာ

    အညောင်းထိ

    [ʔɲáʊɴtʰì]
    အလှုပ်အရှား နည်းပါးမှုကြောင့် ကိုယ်လက် တောင့်တင်း ကိုက်ခဲမှု ဖြစ်ပေါ်လှာရေ
    အလှုပ်အရှား နည်းပါးမှုကြောင့် ကိုယ်လက် တောင့်တင်း ကိုက်ခဲမှု ဖြစ်ပေါ်လာသည်
    get muscular stiffness due to inactivity
    ကြိယာ

    အညောင်းထိုင်

    [ʔɲáʊɴtʰàɪɴ]
    ကိုယ်လက်အင်္ဂါ လှုပ်ယှားမှု မဟိသနန့် တောင့်တင်း ကိုက်ခဲသော ဝေဒနာ ကပ်ရောက်ရေ
    ကိုယ်လက်အင်္ဂါ လှုပ်ရှားမှု မယှိသဖြင့် တောင့်တင်း ကိုက်ခဲသော ဝေဒနာ ကပ်ရောက်သည်
    suffer muscular stiffness from sedentary work or living
    ကြိယာ

    အညောင်းပြီအညာပြီ

    [ʔɲáʊɴpɹìʔɲàpɹì]
    အညောင်းအဖျား ပြေပျောက်စီရန်
    အညောင်းအညာ ပြေပျောက်စေရန်
    in order to ease stiffness
    ကြိယာဝိသေသန

    အညောင်းဖြီ

    [ʔɲáʊɴpʰɹì]
    လှုပ်ရှားခြင်းမပြုပဲ သက်သာစွာ နိန်ရေ
    လှုပ်ရှားခြင်းမပြုပဲ သက်သာစွာ နေသည်
    stretch to relieve body stiffness
    ကြိယာ

    အညောင်းအညာ

    [ʔɲáʊɴʔɲà]
    ကိုယ် လက် လှုပ်ယှားမှု၊ လားလာမှု အစဟိစွာ
    ကိုယ် လက် လှုပ်ရှားမှု၊ သွားလာမှု စသည်
    stiffness
    နာမ်

    အညောင်းအညာ၂

    [ʔɲáʊɴʔɲà၂]
    ညောတရိညာတရာမှု ပြေပျောက်အောင်
    ညောင်းညာမှု ပြေပျောက်အောင်
    in order to ease stiffness
    ကြိယာဝိသေသန

    အညောအညင်

    [ʔɲɔ́ʔɲɪ̀ɴ]
    ခွန်အားကုန်ခမ်း ပင်ပန်းနွမ်း နယ်ဗျာယ် ခြေလက်ရို့ကို မသယ်ချင် မ မချင် ဖြစ်တေ
    ခွန်အားကုန်ခမ်း ပင်ပန်းနွမ်း နယ်လျက် ခြေလက်တို့ကို မသယ်ချင် မ မချင် ဖြစ်သည်
    tired
    ကြိယာ

    အည်း

    [ʔɛ́]
    ပြင်းစွာသော ဝေဒနာကို ခံစားရရေ အခိုက်မာ ကြိုင်းလေ့ ဟိသော အသံ
    ပြင်းစွာသော ဝေဒနာကို ခံစားရသော အခိုက်တွင် ညည်းတွားလေ့ ယှိသော အသံ
    plaintive song
    အာလုပ်