Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 30,341–30,360 of 34,671 words

    အ

    အည်းကို

    [ʔɛ́kÒ]
    ညီအစ်ကို မောင်နှမမာ အကြီးဆုံးဖြစ်ရေ ယောက်ျား
    ညီအစ်ကို မောင်နှမတွင် အကြီးဆုံးဖြစ်သော ယောက်ျား
    elder brother
    နာမ်

    အည်းမ

    [ʔɛ́m]
    ညီအစ်ကို မောင်နှမမာ အကြီးဆုံး ဖြစ်ရေ မမာ့
    ညီအစ်ကို မောင်နှမတွင် အကြီးဆုံး ဖြစ်သော မိန်းမ
    elder sister
    နာမ်

    အညွတ်အလွတ်

    [ʔɲwaʔʔlwaʔ]
    တခုတရီ အငြိအတွက် အချုပ်အချယ်၊ အနှောင်အဖွဲ့၊ အနှောင့်အယှက် မဟိသော။ ထိတွိဆက်စပ် သက်ဆိုင်ခြင်း မဟိသော
    တစ်စုံတစ်ရာ အငြိအတွက် အချုပ်အချယ်၊ အနှောင်အဖွဲ့၊ အနှောင့်အယှက် မယှိသော။ ထိတွေ့ဆက်စပ် သက်ဆိုင်ခြင်း မယှိသော
    free
    နာမဝိသေသန

    အညွန့်

    [ʔɲʊ̀ɴ့]
    အရပ်ထဲမာ ရုပ်အဆင်း လှသော မမာ့ငယ်
    အရပ်ထဲတွင် ရုပ်အဆင်း လှသော မိန်းမငယ်
    virgin
    နာမ်

    အညွန့်၂

    [ʔɲʊ̀ɴ့၂]
    အပင် အခက်အလက်၏ နုသော အဖျားပိုင်း
    သစ်ပင် အခက်အလက်၏ နုသော အဖျားပိုင်း
    sprout - tendril [as in ဘူး~] - tendron [as in သပြေ~]
    နာမ်

    အညွန့်ကျိုး

    [ʔɲʊ̀ɴ့t͡ɕó]
    လင် (တနည်း) မယား သီဆုံးသော သူကို သုံးနှုန်းသော စကားလုံး။ မလှစိန်က အညွန့်ကျိုးရာ၊ မင်္ဂလာဆောင်မာ အညွန့်အုပ်ကို မထမ်းရ။ မောင်သာဖြူက အညွန့်ကျိုးရာ မင်္ဂလာဆောင်မာ မင်္ဂလာတောင်း မထမ်းရ စရေ။ (လင်သေ မယားသေ ရို့စွာ စုံဖက် မင်္ဂလာဆောင်ရာမာ မင်္ဂလာ အခမ်းအနားမာ မပါ
    လင် (သို့မဟုတ်) မယား သေဆုံးသော သူကို သုံးနှုန်းသော စကားလုံး။ မလှစိန်က အညွန့်ကျိုးရာ၊ သမက်တက်မှာ အညွန့်အုပ်ကို မထမ်းရ။ မောင်သာဖြူက အညွန့်ကျိုးရာ သမက်တက်မှာ မင်္ဂလာတောင်း မထမ်းရ စသည်။ (လင်သေ မယားသေ တို့သည် ထိမ်းမြား မင်္ဂလာဆောင်ရာ၌ မင်္ဂလာ အခမ်းအနားတွင် မပါ
    widow
    နာမ်

    အညွန့်ခူး

    [ʔɲʊ̀ɴ့kʰùး]
    လူများ အားထုတ်မှုကြောင့်ရရေ ဥစ္စာဝန်ကို မတရားသီာ နည်းနန့် ဖြတ်စားလျပ်စား လုပ်ရေ။ ကောင်းနိုးရာရာကို ခွဲထုတ်ယူရေ
    သူတစ်ပါး အားထုတ်မှုကြောင့်ရသော ဥစ္စာပစ္စည်းကို မတရားသော နည်းဖြင့် ဖြတ်စားလျပ်စား လုပ်သည်။ ကောင်းနိုးရာရာကို ခွဲထုတ်ယူသည်
    unlawful act
    ကြိယာ

    အညွန့်ချိုး

    [ʔɲʊ̀ɴ့ɕó]
    လူများ တိုးတက်ကြီးပွားမှုကို ဟန်တား ဖျက်ဆီးသည်
    သူတစ်ပါး တိုးတက်ကြီးပွားမှုကို ဟန်တား ဖျက်ဆီးသည်
    [fig.] destroy someone’s potential
    ကြိယာ

    အညွန့်တဝီဝီ

    [ʔɲʊ̀ɴ့twíwí]
    (အပင်များ) အခက်အလက် စည်ပင်၍ အထက်ကို တက်ကာ။ တိုးတက်ဖို့့ အနိန်အထား အရည်အခြင်း စည်ပင် ဖွံ့ဖြိုးဗျာယ်
    (အပင်များ) အခက်အလက် စည်ပင်၍ အထက်သို့ တက်ကာ။ တိုးတက်မည့် အနေအထား အရည်အချင်း စည်ပင် ဖွံ့ဖြိုးလျက်
    (of plants) luxuriantly [ fig ] with great promise or potential
    ကြိယာဝိသေသန

    အညွန့်တုံး

    [ʔɲʊ̀ɴ့tóʊɴ]
    သား၊ သမီး မဟိသူ၊ သား၊ မယား မဟိသူကို နှိမ့်ချလိုရေ စိတ်ဖြင့် ခေါ်သော စကားလုံး။ အသိတရား ခေါင်းပါးသူ၊ ဘုန်းဒါးသူကို ခေါ်သော စကားလုံး
    သား၊ သမီး မယှိသူ၊ သား၊ မယား မယှိသူကို နှိမ့်ချလိုသော စိတ်ဖြင့် ခေါ်သော စကားလုံး။ အသိတရား ခေါင်းပါးသူ၊ ဉာဏ်နည်းသူကို ခေါ်သော စကားလုံး
    none
    နာမ်

    အညွန့်တုံး၂

    [ʔɲʊ̀ɴ့tóʊɴ၂]
    တိုးတက် ကြီးပွားမည့် အနိန်အထား အရည်အခြင်း အစဟိစွာ ယွင်းရွေ့ ဆုံးယှုံးမှု
    တိုးတက် ကြီးပွားမည့် အနေအထား အရည်အချင်း စသည် ယွင်းရွေ့ ဆုံးရှုံးမှု
    lose
    နာမ်

    အညွန့်ထောင်

    [ʔɲʊ̀ɴ့tʰàʊɴ]
    တိုးတက် ကြီးပွားစ ပြုသည်
    တိုးတက် ကြီးပွားစ ပြုသည်
    developed
    ကြိယာ

    အညွန့်ပေါင်း

    [ʔɲʊ̀ɴ့pèàɪ́ɴ]
    ကောင်းနိုးရာရာ ရို့ကို စုထားခြင်း။ အရာဝတ္တု အမျိုးမျိုး၊ အဖွဲ့အစည်း အမျိုးမျိုးကို စုစည်းထားခြင်း
    ကောင်းနိုးရာရာ တို့ကို စုထားခြင်း။ အရာဝတ္တု အမျိုးမျိုး၊ အဖွဲ့အစည်း အမျိုးမျိုးကို စုစည်းထားခြင်း
    good collection
    နာမ်

    အညွန့်ဝီ

    [ʔɲʊ̀ɴ့wí]
    ပင်မကြီး အညွန့်များ နောက်ထပ် ရှင်သန်ပနာ အထက်ကို ထိုးတက်လာရေ။ တိုးတက်ကြီးပွားမည့် အနိန်အထား ပြန်ပနာစည်ပင် ကြီးထွားလာရေ
    ပင်စည် အညွန့်များ တဖန် ရှင်သန်၍ အပေါ်သို့ ထိုးတက်လာသည်။ တိုးတက်ကြီးပွားမည့် အနေအထား ပြန်လည်စည်ပင် ကြီးထွားလာသည်
    grow
    ကြိယာ

    အညွန့်အညှောက်

    [ʔɲʊ̀ɴ့ʔɲ̯ɔ́ɛʔ]
    နောင်တချိန်မာ ကောင်းစားဖို့ အခြီအရဲဟိသူ။ ကောင်းဘီယက် ဖြစ်ရေ အမြင့်အမြတ်ဆုံး ဖြစ်ရေ အရာ
    နောင်တစ်ချိန်တွင် ကြီးပွားတိုးတက်မည့် အခြေအနေယှိသူ။ အကောင်းဆုံး ဖြစ်သော အမြင့်အမြတ်ဆုံး ဖြစ်သော အရာ
    rises
    နာမ်

    အညွန့်အတက်

    [ʔɲʊ̀ɴ့ʔtɛʔ]
    မူလပင်မ၏ ပင်မကြီး အကိုင်းအခက်
    မူလပင်မ၏ ပင်စည် အကိုင်းအခက်
    branch
    နာမ်

    အညွန့်အုပ်

    [ʔɲʊ̀ɴ့ʔoʊʔ]
    မင်္ဂလာဆောင် (မင်္ဂလာဆောင်) ရာမာ သမီးသျှင်အား ပန်ဆင်ရန် ပန်းအမျိုးမျိုး ထည့်ပနာ ယူလားရရေ အုပ်
    သမက်တက် (မင်္ဂလာဆောင်) ရာတွင် သတို့သမီးအား ပန်ဆင်ရန် ပန်းအမျိုးမျိုး ထည့်၍ ယူသွားရသော အုပ်
    none
    နာမ်

    အညွန့်အုပ်ထမ်း

    [ʔɲʊ̀ɴ့ʔoʊʔtʰáɴ]
    ယင်းအညွန့်အုပ်ကို ထမ်းယူပနာ ရှေ့ဆုံးလားနှင့်သူ။ ယင်း အညွန့်အုပ်ကို ထမ်းသော အမျိုးသမီးသည် အိမ်ထောင် အပျက်အစီး မဟိသည့် အမျိုးသမီး ဖြစ်ရဖို့။ (အိမ်ထောင် ပျက်စီးသော အမျိုးသမီး မထမ်းဆောင်ရ။
    ၎င်းအညွန့်အုပ်ကို ထမ်းယူ၍ ရှေ့ဆုံးသွားနှင့်သူ။ ၎င်း အညွန့်အုပ်ကို ထမ်းသော အမျိုးသမီးသည် အိမ်ထောင် အပျက်အစီး မယှိသည့် အမျိုးသမီး ဖြစ်ရမည်။ (အိမ်ထောင် ပျက်စီးသော အမျိုးသမီး မထမ်းဆောင်ရ။
    none
    နာမ်

    အညွှန်

    [ʔɲW̯àɴ]
    တခုတရီကို လိုက်နာ ဆောင်ရွက်ရန် ဖော်ထုတ်ပြရေ
    တစ်စုံတစ်ခုကို လိုက်နာ ဆောင်ရွက်ရန် ထုတ်ဖော်ပြသည်
    direct
    ကြိယာ

    အညွှန်း

    [ʔɲW̯áɴ]
    ကိုးကား ဖော်ပြရေ
    ကိုးကား ဖော်ပြသည်
    quote
    ကြိယာ